ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

First date တုိင္းက သက္ေတာင့္သက္သာ မရွိဘူးဆုိတာ ခ်ိန္းေတြ႔ၾကတဲ့စံုတြဲတုိင္းနီးပါး ႀကံဳေတြ႔ရ ေလ့ရွိပါတယ္။ ဒါေပမယ့္ အေမရိကန္ျပည္ေထာင္စုက အမ်ိဳးသမီးတစ္ဦးကေတာ့ ပထမဆံုးဒိတ္မွာ သူမရဲ႕က်င့္ဝတ္လံုးဝမရွိတဲ့အမူအရာေၾကာင့္ တစ္ဖက္အမ်ိဳးသားက စိတ္ပ်က္ၿပီး တရားစြဲဆုိရ ေလာက္ေအာင္တဲ့အထိ ျဖစ္ခဲ့ပါတယ္။

တကၠဆက္ျပည္နယ္က အသက္ ၃၇ ႏွစ္အရြယ္အမ်ိဳးသား ဘရန္ဒြန္ဗက္ဇ္မားဆုိသူက သူနဲ႔ပထမဆံုး ခ်ိန္းေတြ႔တဲ့အမ်ိဳးသမီးကုိ လူက်င့္ဝတ္မလုိက္နာမႈနဲ႔ တရားစြဲဆုိမွာျဖစ္ပါတယ္။ သက္ရြယ္တူ မိန္းက ေလးနဲ႔သူက ႏွစ္ဦးသားခ်ိန္းေတြ႕စဥ္မွာ အဆုိပါမိန္းကေလးက သူမရဲ႕ ဖုန္းတစ္လံုးနဲ႔ အလုပ္ရႈပ္ေနခဲ့ ကာ စာရုိက္ျခင္း၊ မက္ေဆ့ပုိ႔ျခင္းေတြကုိ ျပဳလုပ္ေနခဲ့တာျဖစ္တယ္လုိ႔ ဆုိပါတယ္။

ႏွစ္ဦးသားခ်ိန္းေတြ႕ၾကခ်ိန္ တစ္ခဏတာေလးအတြင္းမွာ သူ႔ရဲ႕အေဖာ္အဆုိပါ မိ္န္းကေလးက ၁၀ မိနစ္ကေန မိနစ္ ၂၀ ၾကာျမင့္တဲ့အထိ ဖုန္းေတြအသံုးျပဳေနခဲ့ျခင္းေၾကာင့္ စိတ္မေက်နပ္စရာေကာင္း ေလာက္တဲ့ ခံစားမႈျဖစ္ေပၚလာခဲ့လုိ႔ သူ႔ရဲ႕ ခ်ိန္းေတြ႔စဥ္ေလွ်ာ္ေၾကးနဲ႔ နစ္နာေၾကးေတြ ေပးေဆာင္ဖုိ႔ တရားရံုးေတာ္ ေလွ်ာက္ထားခဲ့တာျဖစ္ပါတယ္။

ခ်ိန္းေတြ႕စဥ္ ၾကည့္ရႈခဲ့ၾကတဲ့ ရုပ္ရွင္လက္မွတ္ေၾကး ၁၇ ေဒၚလာကုိလည္း ေပးေဆာင္ဖုိ႔ အမ်ိဳးသမီး ေတာင္းဆုိထားေပမယ့္ အမ်ိဳးသမီးကေတာ့ ျငင္းပယ္ခဲ့တယ္လုိ႔ သိရပါတယ္။ အမ်ိဳးသမီးအေနနဲ႔က သူမကုိ တရားစြဲဆုိျခင္းနဲ႔ပတ္သက္ၿပီး သူမအေနနဲ႔ ကုိယ္ပုိင္ဖုန္းကုိ အာရံုစုိက္ စိတ္ဝင္တစားသံုးစြဲေနကာ ယင္းအမ်ိဳးသားအေပၚ တစ္စံုတစ္ရာအေႏွာင့္အယွက္ျပဳခဲ့ျခင္းမရွိေၾကာင္းနဲ႔ စတင္ခ်ိန္းဆုိခဲ့တဲ့ သူက အဆုိပါအမ်ိဳးသားသာျဖစ္ေၾကာင္း ျပန္လည္ျငင္းဆုိေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သဒၵါခ်ိဳ(ေရႊအင္းေလး)

#Unicode Version#
First date တိုင်းက သက်တောင့်သက်သာ မရှိဘူးဆိုတာ ချိန်းတွေ့ကြတဲ့စုံတွဲတိုင်းနီးပါး ကြုံတွေ့ရ လေ့ရှိပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုက အမျိုးသမီးတစ်ဦးကတော့ ပထမဆုံးဒိတ်မှာ သူမရဲ့ကျင့်ဝတ်လုံးဝမရှိတဲ့အမူအရာကြောင့် တစ်ဖက်အမျိုးသားက စိတ်ပျက်ပြီး တရားစွဲဆိုရ လောက်အောင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

တက္ကဆက်ပြည်နယ်က အသက် ၃၇ နှစ်အရွယ်အမျိုးသား ဘရန်ဒွန်ဗက်ဇ်မားဆိုသူက သူနဲ့ပထမဆုံး ချိန်းတွေ့တဲ့အမျိုးသမီးကို လူကျင့်ဝတ်မလိုက်နာမှုနဲ့ တရားစွဲဆိုမှာဖြစ်ပါတယ်။ သက်ရွယ်တူ မိန်းက လေးနဲ့သူက နှစ်ဦးသားချိန်းတွေ့စဉ်မှာ အဆိုပါမိန်းကလေးက သူမရဲ့ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေခဲ့ ကာ စာရိုက်ခြင်း၊ မက်ဆေ့ပို့ခြင်းတွေကို ပြုလုပ်နေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်ဦးသားချိန်းတွေ့ကြချိန် တစ်ခဏတာလေးအတွင်းမှာ သူ့ရဲ့အဖော်အဆိုပါ မိန်းကလေးက ၁၀ မိနစ်ကနေ မိနစ် ၂၀ ကြာမြင့်တဲ့အထိ ဖုန်းတွေအသုံးပြုနေခဲ့ခြင်းကြောင့် စိတ်မကျေနပ်စရာကောင်း လောက်တဲ့ ခံစားမှုဖြစ်ပေါ်လာခဲ့လို့ သူ့ရဲ့ ချိန်းတွေ့စဉ်လျှော်ကြေးနဲ့ နစ်နာကြေးတွေ ပေးဆောင်ဖို့ တရားရုံးတော် လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ချိန်းတွေ့စဉ် ကြည့်ရှုခဲ့ကြတဲ့ ရုပ်ရှင်လက်မှတ်ကြေး ၁၇ ဒေါ်လာကိုလည်း ပေးဆောင်ဖို့ အမျိုးသမီး တောင်းဆိုထားပေမယ့် အမျိုးသမီးကတော့ ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ အမျိုးသမီးအနေနဲ့က သူမကို တရားစွဲဆိုခြင်းနဲ့ပတ်သက်ပြီး သူမအနေနဲ့ ကိုယ်ပိုင်ဖုန်းကို အာရုံစိုက် စိတ်ဝင်တစားသုံးစွဲနေကာ ယင်းအမျိုးသားအပေါ် တစ်စုံတစ်ရာအနှောင့်အယှက်ပြုခဲ့ခြင်းမရှိကြောင်းနဲ့ စတင်ချိန်းဆိုခဲ့တဲ့ သူက အဆိုပါအမျိုးသားသာဖြစ်ကြောင်း ပြန်လည်ငြင်းဆိုပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သဒ္ဒါချို(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top