ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ၾသဂုတ္ ၅ ရက္ကၿဗိတိန္ႏုိင္ငံ လန္ဒန္ၿမိဳ႕တြင္ က်င္းပခဲ့ ေသာ World Championship  မီတာ ၁၀၀ တစ္ဦးခ်င္းအေျပးၿပိဳင္ပဲြ၌ ဂ်ေမကာႏုိင္ငံသား တာတို ဘုရင္ အူစိန္ေဘာ့သည္ အေမရိ ကန္ ႏိုင္ငံသားႏွစ္ဦးျဖစ္သည့္ ဂ်က္စတင္ဂတ္လင္းႏွင့္ ခရစ္ ကိုးလ္မန္းတို႔ကို ႐ႈံးနိမ့္ၿပီးေၾကးတံဆိပ္ျဖင့္သာ ေက်နပ္ခဲ့ရသည္။

အေျပးသမားဘ၀ ေနာက္ ဆံုးႏႈတ္ဆက္ပဲြအျဖစ္ ၀င္ေရာက္ ယွဥ္ၿပိဳင္ေသာ အူစိန္ေဘာ့ (၃၀) ႏွစ္သည္ ေဆးက်မႈေၾကာင့္ကစားခြင့္ ႏွစ္ႀကိမ္တုိင္တိုင္ ပိတ္ပင္ခံရ ဖူးသည့္ ဂတ္လင္း (၃၅) ႏွစ္ကို မယွဥ္ႏုိင္ဘဲ ၉ ဒသမ ၉၅ စကၠန္႔ ျဖင့္သာ ပန္း၀င္ခဲ့သျဖင့္ ႐ႈံးနိမ့္ခဲ့ ျခင္းျဖစ္ကာ ၎၏ကစားသမား ဘ၀ကို အႏုိင္ျဖင့္ မပိုင္းႏုိင္ခဲ့ေပ။

အဆုိပါ မီတာ ၁၀၀ ဗုိလ္လု ပဲြတြင္ ဂတ္လင္းက ၉ ဒသမ ၉၂ စကၠန္႔ျဖင့္ ပထမ၊ ကိုးလ္မန္း(၂၁)ႏွစ္က ၉ ဒသမ ၉၄ စကၠန္႔ျဖင့္ ဒုတိယရရွိခဲ့သည္။

‘‘သူ (ဂတ္လင္း)ဟာ ၿပိဳင္ ဘက္ေကာင္းတစ္ဦးပါ။ သူနဲ႔ယွဥ္ ၿပိဳင္ဖို႔ဆုိရင္ ခင္ဗ်ားတို႔အေနနဲ႔ အ ေကာင္းဆံုးအေနအထားမွာရွိရပါ မယ္။ သူနဲ႔ယွဥ္ၿပိဳင္ရတာ ကၽြန္ ေတာ္တကယ္ပဲ ႏွစ္သက္မိပါ တယ္။ ၿပီးေတာ့ သူက လူေကာင္း တစ္ေယာက္ပါ’’ဟု အူစိန္ေဘာ့ က ေျပာၾကားသည္။

ေနာက္ဆံုးယွဥ္ၿပိဳင္ခဲ့သည့္ ကမၻာ့ခ်န္ပီယံၿပိဳင္ပဲြမ်ားတြင္ အူ စိန္ေဘာ့ေနာက္ ဒုတိယေငြတံ ဆိပ္ျဖင့္သာ ေက်နပ္ခဲ့ရသူ ဂတ္ လင္းကလည္း ႐ႈံးနိမ့္အၿပီး အူစိန္ ေဘာ့ ပထမဆံုးျပဳလုပ္သည့္အရာ မွာ ၎ကုိ ဂုဏ္ျပဳျခင္းျဖစ္သည္ဟု ဆုိသည္။ သို႔ေသာ္ ၎၏ တား ျမစ္ေဆးသံုးစဲြမႈ ရာဇ၀င္ေၾကာင့္ ဂက္လင္းကို ပရိသတ္မ်ားက ၿပိဳင္ပဲြတစ္ေလွ်ာက္ ေလွာင္ေျပာင္ ခဲ့ၾကသည္။ ဗုိလ္လုပဲြၿပီးဆံုးခ်ိန္ တြင္လည္း ပရိသတ္မ်ားက အူ စိန္ေဘာ့၏ အမည္ကိုသာ သံၿပိဳင္ ေအာ္ဟစ္ခဲ့ၾကသည္။

‘‘သူ (အူစိန္ေဘာ့)ကို ၾကည့္ ၿပီး ကၽြန္ေတာ္ႀကီးျပင္းလာခဲ့တာ ပါ။ အူစိန္ေဘာ့ကို အႏုိင္ရခဲ့တာ ကေတာ့ ကၽြန္ေတာ့္အတြက္ေတာ့ သမိုင္း၀င္အခုိက္အတန္႔ပါပဲ’’ဟု ဒုတိယဆုရွင္ ကိုးလ္မန္းက ေျပာသည္။      
-Ref:bbc/afp

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
 သြဂုတ် ၅ ရက်ကဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပခဲ့ သော World Championship  မီတာ ၁၀၀ တစ်ဦးချင်းအပြေးပြိုင်ပွဲ၌ ဂျမေကာနိုင်ငံသား တာတို ဘုရင် အူစိန်ဘော့သည် အမေရိ ကန် နိုင်ငံသားနှစ်ဦးဖြစ်သည့် ဂျက်စတင်ဂတ်လင်းနှင့် ခရစ် ကိုးလ်မန်းတို့ကို ရှုံးနိမ့်ပြီးကြေးတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။


အပြေးသမားဘ၀ နောက် ဆုံးနှုတ်ဆက်ပွဲအဖြစ် ဝင်ရောက် ယှဉ်ပြိုင်သော အူစိန်ဘော့ (၃၀) နှစ်သည် ဆေးကျမှုကြောင့်ကစားခွင့် နှစ်ကြိမ်တိုင်တိုင် ပိတ်ပင်ခံရ ဖူးသည့် ဂတ်လင်း (၃၅) နှစ်ကို မယှဉ်နိုင်ဘဲ ၉ ဒသမ ၉၅ စက္ကန့် ဖြင့်သာ ပန်းဝင်ခဲ့သဖြင့် ရှုံးနိမ့်ခဲ့ ခြင်းဖြစ်ကာ ၎င်း၏ကစားသမား ဘဝကို အနိုင်ဖြင့် မပိုင်းနိုင်ခဲ့ပေ။

အဆိုပါ မီတာ ၁၀၀ ဗိုလ်လု ပွဲတွင် ဂတ်လင်းက ၉ ဒသမ ၉၂ စက္ကန့်ဖြင့် ပထမ၊ ကိုးလ်မန်း(၂၁)နှစ်က ၉ ဒသမ ၉၄ စက္ကန့်ဖြင့် ဒုတိယရရှိခဲ့သည်။

‘‘သူ (ဂတ်လင်း)ဟာ ပြိုင် ဘက်ကောင်းတစ်ဦးပါ။ သူနဲ့ယှဉ် ပြိုင်ဖို့ဆိုရင် ခင်ဗျားတို့အနေနဲ့ အ ကောင်းဆုံးအနေအထားမှာရှိရပါ မယ်။ သူနဲ့ယှဉ်ပြိုင်ရတာ ကျွန် တော်တကယ်ပဲ နှစ်သက်မိပါ တယ်။ ပြီးတော့ သူက လူကောင်း တစ်ယောက်ပါ’’ဟု အူစိန်ဘော့ က ပြောကြားသည်။

နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲများတွင် အူ စိန်ဘော့နောက် ဒုတိယငွေတံ ဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသူ ဂတ် လင်းကလည်း ရှုံးနိမ့်အပြီး အူစိန် ဘော့ ပထမဆုံးပြုလုပ်သည့်အရာ မှာ ၎င်းကို ဂုဏ်ပြုခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် ၎င်း၏ တား မြစ်ဆေးသုံးစွဲမှု ရာဇဝင်ကြောင့် ဂက်လင်းကို ပရိသတ်များက ပြိုင်ပွဲတစ်လျှောက် လှောင်ပြောင် ခဲ့ကြသည်။ ဗိုလ်လုပွဲပြီးဆုံးချိန် တွင်လည်း ပရိသတ်များက အူ စိန်ဘော့၏ အမည်ကိုသာ သံပြိုင် အော်ဟစ်ခဲ့ကြသည်။

‘‘သူ (အူစိန်ဘော့)ကို ကြည့် ပြီး ကျွန်တော်ကြီးပြင်းလာခဲ့တာ ပါ။ အူစိန်ဘော့ကို အနိုင်ရခဲ့တာ ကတော့ ကျွန်တော့်အတွက်တော့ သမိုင်းဝင်အခိုက်အတန့်ပါပဲ’’ဟု ဒုတိယဆုရှင် ကိုးလ်မန်းက ပြောသည်။      

-Ref:bbc/afp

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top