ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

အသက္ ၇ လအရြယ္ ကေလးငယ္ေလးကုိ ေရခဲေသတၱာထဲ ထည့္ပစ္ခဲ့တဲ့ ရုပ္သံဗီြဒီယုိဖုိင္ရုိက္ကူးၿပီး ဆုိရွယ္မီဒီယာတစ္ခုကေန ပုိ႔စ္တင္ခဲ့တဲ့ ဆယ္ေက်ာ္သက္မိန္းကေလးႏွစ္ဦးကုိ ကေလးသူငယ္ညွင္း ပန္းႏွိပ္ စက္မႈနဲ႔ အသက္အႏၱရာယ္စိုးရိမ္ရေလာက္တဲ့အထိ ျပစ္မႈက်ဴးလြန္မႈနဲ႔ ဖမ္းဆီးထိန္းသိမ္းလုိက္ တယ္လုိ႔ သိရပါတယ္။

ကေလးႏွစ္ေယာက္မိခင္ဘြန္နီက သူမရဲ႕ တူမနဲ႔ သူငယ္ခ်င္းျဖစ္သူႏွစ္ဦးတုိ႔ကုိ အသက္ ၇ လအရြယ္ သမီးငယ္ေလးအား ေခတၱမွွ်ၾကည့္ရႈေပးထားဖုိ႔ေျပာခဲ့တယ္လုိ႔ ဆုိပါတယ္။ သူမေရခ်ိဳးခန္းဝင္တဲ့ အခ်ိန္မွာပဲ သူမရဲ႕ သမီးငယ္ကုိ တူမျဖစ္သူနဲ႔ သူငယ္ခ်င္းတုိ႔ႏွစ္ဦးသားက ေရခဲေသတၱာထဲ ထည့္ပစ္ခဲ့ တာမ်ိဳး ျပဳလုပ္ခဲ့ၿပီး တံခါးပိတ္ကာ၊ ရယ္ေမာခဲ့ၾကေၾကာင္း ရုပ္သံဗီြဒီယုိဖုိင္မွတ္တမ္းမွာ ေတြ႔ရွိခဲ့ရ တယ္လုိ႔ ကေလးမိခင္က ဆုိပါတယ္။

ေရခဲေသတၱာအတြင္းခန္းထဲက ကေလးငယ္ငုိသံၾကားရတဲ့အထိ ဗြီဒီယိုဖုိင္မွာ ေတြ႕ရွိခဲ့ရၿပီးေတာ့ ကံေကာင္းေထာက္မစြာပဲ ကေလးငယ္မွာအသက္အႏၱရာယ္ကင္းလြတ္ခဲ့ေၾကာင္း သိရပါတယ္။

မိခင္ျဖစ္သူက သူမအေနနဲ႔ ထိတ္လန္႔တုန္လႈပ္ခဲ့ရေၾကာင္း၊ စုိးရိမ္ထိတ္လန္႔မႈနဲ႔ စိတ္ပ်က္မႈေတြလည္း ျဖစ္ရေၾကာင္း၊ ေနာက္ၿပီး သူမရဲ႕ကေလးငယ္ရဲ႕အနား မည္သူ႕ကုိမွလည္း ထားဖုိ႔မယံုၾကည္ေတာ့ ေၾကာင္းဆုိပါတယ္။

ရဲတပ္ဖြဲ႕ကေတာ့ ျပစ္မႈက်ဴးလြန္တဲ့ လူငယ္ႏွစ္ဦးကုိ ဖမ္းဆီးထိန္းသိမ္းထားၿပီးေတာ့ ျပစ္မႈနဲ႔ ဆက္စပ္တဲ့ ျပစ္ဒဏ္ခ်မွတ္ျခင္းေတြလည္း လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ေျပာၾကားထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သဒၵါခ်ဳိ(ေရႊအင္းေလး)

#Unicode Version#
အသက် ၇ လအရွယ် ကလေးငယ်လေးကို ရေခဲသေတ္တာထဲ ထည့်ပစ်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ရိုက်ကူးပြီး ဆိုရှယ်မီဒီယာတစ်ခုကနေ ပို့စ်တင်ခဲ့တဲ့ ဆယ်ကျော်သက်မိန်းကလေးနှစ်ဦးကို ကလေးသူငယ်ညှင်း ပန်းနှိပ် စက်မှုနဲ့ အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့အထိ ပြစ်မှုကျူးလွန်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းလိုက် တယ်လို့ သိရပါတယ်။

ကလေးနှစ်ယောက်မိခင်ဘွန်နီက သူမရဲ့ တူမနဲ့ သူငယ်ချင်းဖြစ်သူနှစ်ဦးတို့ကို အသက် ၇ လအရွယ် သမီးငယ်လေးအား ခေတ္တမှျှကြည့်ရှုပေးထားဖို့ပြောခဲ့တယ်လို့ ဆိုပါတယ်။ သူမရေချိုးခန်းဝင်တဲ့ အချိန်မှာပဲ သူမရဲ့ သမီးငယ်ကို တူမဖြစ်သူနဲ့ သူငယ်ချင်းတို့နှစ်ဦးသားက ရေခဲသေတ္တာထဲ ထည့်ပစ်ခဲ့ တာမျိုး ပြုလုပ်ခဲ့ပြီး တံခါးပိတ်ကာ၊ ရယ်မောခဲ့ကြကြောင်း ရုပ်သံဗွီဒီယိုဖိုင်မှတ်တမ်းမှာ တွေ့ရှိခဲ့ရ တယ်လို့ ကလေးမိခင်က ဆိုပါတယ်။

ရေခဲသေတ္တာအတွင်းခန်းထဲက ကလေးငယ်ငိုသံကြားရတဲ့အထိ ဗွီဒီယိုဖိုင်မှာ တွေ့ရှိခဲ့ရပြီးတော့ ကံကောင်းထောက်မစွာပဲ ကလေးငယ်မှာအသက်အန္တရာယ်ကင်းလွတ်ခဲ့ကြောင်း သိရပါတယ်။

မိခင်ဖြစ်သူက သူမအနေနဲ့ ထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်း၊ စိုးရိမ်ထိတ်လန့်မှုနဲ့ စိတ်ပျက်မှုတွေလည်း ဖြစ်ရကြောင်း၊ နောက်ပြီး သူမရဲ့ကလေးငယ်ရဲ့အနား မည်သူ့ကိုမှလည်း ထားဖို့မယုံကြည်တော့ ကြောင်းဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ ပြစ်မှုကျူးလွန်တဲ့ လူငယ်နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီးတော့ ပြစ်မှုနဲ့ ဆက်စပ်တဲ့ ပြစ်ဒဏ်ချမှတ်ခြင်းတွေလည်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သဒ္ဒါချို(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top