လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

“သဘာဝကို_လြန္ဆန္၍”
++++++++++++++++++++++++++++++++++

အဲ့ဒီေန႕ကေပါ့…။

သူ႕ကိုကြ်န္မျပန္ေတြ႕ခဲ့တယ္။
သူ ဆိုတာ ကြ်န္မအရမ္းခ်စ္ခဲ့ရတဲ့ ကြ်န္မရဲ႕ ခ်စ္သူေပါ့…။
သူနဲ႕ကြ်န္မ ေဝးသြားခဲ့တာ တစ္ႏွစ္နီးပါးေလာက္ရွိျပီ။ေဖေဖက သ

သူနဲ႕ သေဘာမတူလို႕ ကြ်န္မကို သူနဲ႕ေဝးရာ ျပည္ပကို ပညာေတာ္သင္ေစလႊတ္ခဲ့တယ္…။
ကြ်န္မသူနဲ႕ခိုးရာလိုက္ဖို႕အထိ ႀကံစည္ခဲ့ပါတယ္။ဒါေပမယ့္မေအာင္ျမင္ခဲ့ပါဘူး။သူကလည္းခြင့္မျပဳဘူးေလ။ကြ်န္မဘဝ နစ္မြန္းသြားမွာကို သူမလိုလားဘူးတဲ့။
ဒီလိုနဲ႕ ကြ်န္မျပည္ပကို မသြားခ်င္ပဲ သြားခဲ့ရတယ္။
ဒါေပမယ့္ ကံေကာင္းတယ္ပဲေျပာရမလား ကံဆိုးတယ္ပဲေျပာရမလား…ကြ်န္မျပည္ပကိုထြက္သြားျပီး ၆လအၾကာမွာ ကြ်န္မေဖေဖဆံုးပါးသြားခဲ့တယ္။
ေဖေဖဆံုးသြားလို႕ ဝမ္းနည္းေနတဲ့ ကြ်န္မရဲ႕ မ်က္ရည္စေတြထဲမွာ သူနဲ႕ ျပန္ေတြ႕ရေတာ့မယ္ဆိုတဲ့ ေပ်ာ္ရႊင္မႈတခ်ိဳ႕ ေရာေႏွာေနေလရဲ႕……။
ေဖေဖဆံုးသြားျပီးေနာက္ပိုင္း

သူရွိရာ ျမန္မာျပည္ကို ကြ်န္မ ျပန္လာခဲ့ပါေတာ့တယ္။ကြ်န္မတို႕ႏွစ္ေယာက္ျပန္လည္ဆံုစည္းရေတာ့မွာမို႕ အေပ်ာ္ေတြတေပြ႕တပိုက္ႀကီးနဲ႕ေပါ့။
ဒါေပမယ့္ အဲ့ဒီအေပ်ာ္ေတြက သိပ္ၾကာၾကာမခံခဲ့ပါဘူး။ျမန္မာျပည္ျပန္ေရာက္ေရာက္ခ်င္း ကြ်န္မၾကားလိုက္ရတဲ့ သတင္းက ကြ်န္မရင္ဝကို ေဆာင့္ကန္လိုက္သလိုပဲ…ကြ်န္မအေမာေတြဆို႕ခဲ့ရပါေတာ့တယ္……။
သူ အိမ္ေထာင္က်သြားျပီတဲ့……………။
ကြ်န္မရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ခ်ိဳးဖဲ့ဖ်က္ဆီးခံလိုက္ရျပီေလ။သူကြ်န္မအေပၚသစၥာမရွိခဲ့ဘူး။
ဒါေပမယ့္ ကြ်န္မသူ႕အေပၚမွာထားတဲ့ အခ်စ္ေတြကမကုန္နိုင္ေသးေတာ့ ခက္ျပီေပါ့။
ကြ်န္မသူတစ္ပါး အိမ္ေထာင္ေရးကို ဖ်က္ဆီးခ်င္တဲ့စိတ္ တျပားမွမရွိခဲ့ပါဘူး။

ဒါေၾကာင့္ သူ႕အေပၚမွာ မကုန္နိုင္ေသးတဲ့ ကြ်န္မရဲ႕ ေမတၱာေတြကို ၁၅၀၀ ကေန ၅၂၈ သို႕ေလ်ာ့ခ်ခဲ့ပါေတာ့တယ္။
ကြ်န္မသူ႕ကို သူငယ္ခ်င္းတစ္ေယာက္လိုပဲ ခင္သြားေတာ့မယ္လို႕ဆံုးျဖတ္လိုက္တယ္ေလ……။
ကြ်န္မ facebook သံုးရင္း facebook ေပၚမွာသူနဲ႕ျပန္ေတြ႕ေတာ့ သူက “သြင္ခန္႕ညား”ဆိုတဲ့ ကေလာင္နာမည္နဲ႕ နာမည္ရစ စာေရးဆရာတစ္ေယာက္ေတာင္ျဖစ္ေနျပီေလ။

ကြ်န္မသူ႕အတြက္အရမ္းဝမ္းသာတာပဲ။
ဒါနဲ႕ကြ်န္မသူ႕ကို သူငယ္ခ်င္းတေယာက္အေနနဲ႕chat box ထဲမွာသြားႏႈတ္ဆက္ခဲ့ပါတယ္။
– hi
– hi pr
– ဟဲ့ နင္အရမ္းကို ေအာင္ျမင္ေနပါလား…ငါေက်ာင္းတုန္းက နင့္ကိုအဲ့ေလာက္ေတာ္လိမ့္မယ္လို႕မထင္ခဲ့မိဘူးဟ…နင္အရမ္းေတာ္တယ္သူငယ္ခ်င္း………
– ဟုတ္ကဲ့ အားေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္…ဒါနဲ႕friက ကြ်န္ေတာ့္ကိုသိလို႕လား…
သူ႕ဆီကျပန္လာတဲ့ reply တခုက ကြ်န္မေစတနာေတြ ေမတၱာေတြကိုေစာ္ကားလိုက္သလိုပဲ။ဒါေပမယ့္ ကြ်န္မက profile picture မတင္ထားလို႕ သူမမွတ္မိတာေနမွာပါလို႕ေျဖသိမ့္လိုက္ျပီး…
– ေအးေပါ့ဟာ နင္က နာမည္ႀကီးေနျပီဆိုေတာ့ ငါ့ကို ဘယ္မွတ္မိပါေတာ့မလဲ…
– မဟုတ္ပါဘူးဟ ငါတကယ္နင့္ကိုမသိတာ…နင္က ငါတို႕ေမဂ်ာကပဲလား
– ေအးေလ Physics ေမဂ်ာကပဲေလ

ငါ့နာမည္ “ခက္ဆစ္ခ်ိဳ”
– “ခက္ဆစ္ခ်ိဳ” ဟုတ္လား ငါ့သူငယ္ခ်င္းေတြထဲမွာ အဲ့နာမည္နဲ႕မရွိဘူးဟ
ကြ်န္မေဒါသထြက္ျပီေလ။သူကြ်န္မကို စေနတာလား တကယ္မမွတ္မိတာလားေတာ့မသိဘူး။ဒါေပမယ့္ မိန္းကေလးတေယာက္အေနနဲ႕ အဲ့လို အခ်ိဳးမ်ိဳး ခ်ိဳးခံလိုက္ရေတာ့ ေဒါသအရမ္းထြက္သြားတယ္…ရွက္လဲရွက္မိတယ္…။
– ဘာလဲနင္က ဘဝင္ျမင့္တာလား ငါတို႕ ဘြဲ႕အတူတူယူခဲ့တာေလဟာ…
– ဘာ…ဘယ္လို ဘြဲ႕အတူတူယူတယ္ ဟုတ္လား ငါက ခုထိ ဘဲြ႕မရေသးဘူးဟ…ခုမွ ဒုတိယႏွစ္
အို……ဘယ္လိုပါလိမ့္။သူနဲ႕ကြ်န္မနဲ႕ ဘဲြ႕အတူတူယူခဲ့တာကိုေတာင္သူက ေျဗာင္လိမ္ေနေသးတယ္။သူ႕ဘဝထဲကေန ကြ်န္မကို တကယ္ပဲ အျပီးအပိုင္ဆြဲထုတ္လိုက္ျပီလား။ကြ်န္မနဲ႕ ပတ္သက္သမွ် အမွတ္တရေတြအကုန္ သူ႕မွတ္ဥာဏ္ထဲမွာ မရွိေတာ့ျပီလား။
သူ႕မွတ္ဥာဏ္ထဲမွာ ကြ်န္မမရွိေတာ့ေပမယ့္ ကြ်န္မမွတ္ဥာဏ္ထဲမွာသူရွိေနေသးတယ္ေလ…ဒါေၾကာင့္…ကြ်န္မေဒါသေတြကိုမ်ိဳသိပ္ျပီး သူ႕ကို ဆက္ေမးလိုက္တယ္…
– နင့္တို႕လင္မယား အဆင္ေျပၾကရဲ႕လား
– အမ္! ေပါက္ကရေတြ…ဘယ္ကလင္မယားလဲ ငါ့မွာ မိန္းမ မေျပာနဲ႕ ေစာ္ေတာင္မွ ခုမွပူပူေႏြးေႏြးျပတ္ထားတာဟ
ဘယ္လို??? သူကြ်န္မကို လိမ္ေနတာလား…ဒါမွမဟုတ္သူတကယ္ပဲ ဆက္မင္းေနာင္ မဟုတ္ဘူးလား…
– ဟင္! နင္…နင္ ဆက္မင္းေနာင္ မဟုတ္ဘူးလား
-နင္လူမွားေနတာပဲ

ငါ ဆက္မင္းေနာင္ မဟုတ္ဘူးဟ…ငါ့နာမည္ သြင္ခန္႕ညား
ဟင္!သူက သြင္ခန္႕ညားတဲ့။ကြ်န္မက သြင္ခန္႕ညားဆိုတာ သူ႕ကေလာင္နာမည္ထင္ေနတာ။ အံ့ၾသဖို႕အရမ္းေကာင္းတာက ကြ်န္မရဲ႕ တခ်ိန္ကခ်စ္သူ ဆက္မင္းေနာင္ နဲ႕သူနဲ႕ ရုပ္ခ်င္းခြ်တ္စြပ္တူေနတာပဲ။
– ငါမယံုဘူးဟာ နင္ လိမ္ေနတာပဲျဖစ္ရမယ္ ငါနင့္ဆီအခုဖုန္းေခၚမယ္ နင္ကိုင္မလား
-ေခၚေလ ရပါတယ္ ဒါငါ့ဖုန္း 09…………………
သူေပးတဲ့ဖုန္းနံပါတ္ကိုကြ်န္မၾကည့္လိုက္ေတာ့ ဆက္မင္းေနာင္ ရဲ႕ဖုန္းနံပါတ္မဟုတ္ပါဘူး။ဖုန္းဆင္းကတ္ေတြ ေပါေနတဲ့ေခတ္ႀကီးမွာ သူဖုန္းနံပါတ္ေျပာင္းသြားတာလဲ ျဖစ္နိုင္တာပဲေလ။ဘာပဲျဖစ္ျဖစ္ ဖုန္းဆက္ၾကည့္ရင္ေတာ့ ပိုေသခ်ာတယ္။ဒါေၾကာင့္ သူ႕ဖုန္းနံပါတ္ကို ကြ်န္မေခၚလိုက္တယ္…
“တူ………………တူ……………”
“ဟဲလို…”
“ဟဲ့ ဆက္မင္းေနာင္…ငါပါ ခက္ဆစ္ခ်ိဳ ေလ…”
“ဟင္! အသံ……”
ကြ်န္မအသံၾကားေတာ့ သူလန္႕သြားတယ္…။
“ဟဲ့…ဘာျဖစ္တာလဲဟ…ငါပါ… နင္ပဲဖုန္းနံပါတ္ေပးပီးေတာ့”
“ေအာ္ ေအး…ေအး…သိျပီ”
ဒါေပမယ့္သူနဲ႕ဖုန္းစေျပာေျပာျခင္းပဲ ကြ်န္မ ကြဲကြဲျပားျပားသိသြားခဲ့ပါျပီ။သူဟာ တခ်ိန္က ကြ်န္မခ်စ္သူ ဆက္မင္းေနာင္ မဟုတ္ဘူးဆိုတာကိုေပါ့။ဘာေၾကာင့္လဲဆိုေတာ့……ဖုန္းထဲက သူ႕အသံက ဆက္မင္းေနာင္ မဟုတ္ေၾကာင္းသက္ေသျပေနတယ္ေလ။
ဒါေပမယ့္ ဘာ့ေၾကာင့္ရယ္ေတာ့မသိဘူး။ကြ်န္မသူနဲ႕ စကားဆက္ေျပာခ်င္ေနမိတယ္။
“ဟို…ဟိုေလ ေဆာရီးေနာ္ ငါလူမွားသြားလို႕”
“ရပါတယ္…ဒါနဲ႕နင္လူမွားတဲ့တေယာက္က ငါနဲ႕ေတာ္ေတာ္တူလို႕လားဟင္”
“တူတယ္ဟ ခြ်တ္စြတ္ပဲ…အသံပဲမတူတာ…”
“ဟုတ္လား ဒါဆို လြန္ခဲ့တဲ့ ၆ လေလာက္ကစျပီး ငါအျမဲလိုလို မက္တတ္တဲ့အိပ္မက္နဲ႕ သက္ဆိုင္ေနမလားပဲ”
“ဟင္…ဟုတ္လား……… ဘာအိပ္မက္လဲ ငါ့ကိုေျပာျပလို႕ရမလား”
အရမ္းကိုစပ္စုတတ္တဲ့ ကြ်န္မအက်င့္ေၾကာင့္ သူေျပာေျပာမေျပာေျပာ ကြ်န္မေမးျပီေလ…။
“အင္း…ရပါတယ္…ငါလဲ အဲ့ဒီထူးဆန္းတဲ့ အိပ္မက္ ကို အျမဲလိုလို မက္ေနေတာ့ အလြတ္ေတာင္ရေနျပီ”
“ဟုတ္လား…ဘယ္လိုလဲဟင္ ေျပာျပပါလား”
“ဒီလိုဟ……
ငါ့အိပ္မက္ထဲမွာ ငါကေကာင္မေလးတေယာက္နဲ႕တြဲေနတာ…အဲ့ဒီေကာင္မေလးနဲ႕ ငါနဲ႕အရမ္းခ်စ္ၾကတာတဲ့…ဒါေပမယ့္ အဲ့ေကာင္မေလးနဲ႕ ငါ့ကို သူ႕မိဘက သေဘာမတူဘူး…ျပီးေတာ့ ငါကလည္း အိမ္ကအတင္းေပးစားတဲ့လူနဲ႕ လက္ထပ္လိုက္ရတယ္တဲ့…အဲ့ေကာင္မေလး ကေတာ့ ဘယ္ေရာက္သြားလဲမသိဘူး…
အိပ္မက္ဆိုေတာ့ အစီအစဥ္မက်ဘူးဟ…ေျဗာက္ေသာက္ပဲ…ဒါေပမယ့္ အိပ္မက္ မက္တိုင္း အဲ့ဒီအေၾကာင္းအျမဲလိုလို မက္ေနတာဆိုေတာ့သာမန္အိပ္မက္ေတာ့ မဟုတ္ဘူးထင္တာပဲ”
အို……သူေျပာျပတဲ့ သူ႕ရဲ႕ အိပ္မက္က ကြ်န္မတို႕ခ်စ္သူ ႏွစ္ဦးရဲ႕ အျဖစ္အပ်က္နဲ႕တိုက္ဆိုင္ေနပါလား…။
“အဲ့ အိပ္မက္ထဲက ေကာင္မေလးကိုေရာနင္အျပင္မွာလိုက္မရွာဘူးလား”
“ဟင့္အင္း မရွာပါဘူး…ဘာလို႕လဲဆိုေတာ့ ငါမွသူ႕မ်က္ႏွာကိုမမွတ္မိတာဟ…အိပ္မက္ထဲမွာ မွတ္မိေပမယ့္ နိုးလာရင္ မမွတ္မိေတာ့ဘူး…ဒါေပမယ့္ ငါမွတ္မိတာတခုေတာ့ရွိတယ္ဟ”
“ဟုတ္လား ဘာကိုမွတ္မိတာလဲ…”
ကြ်န္မတို႔ႏွစ္ေယာက္ရဲ႕ အျဖစ္အပ်က္နဲ႕တိုက္ဆိုင္ေနတာေၾကာင့္ သိခ်င္ေဇာနဲ႕ ကြ်န္မေမးလိုက္မိတယ္။
“အသံ………သူ႕ရဲ႕အသံပဲ”
“အသံဟုတ္လား…???နင္သူ႕အသံကိုမွတ္မိရံုနဲ႕ ဘယ္လိုလုပ္လိုက္ရွာလို႕ရမလဲဟ”
“ေအး…အသံၾကားရံုနဲ႕ေတာ့ရွာလို႕မရဘူး ဒါေပမယ့္………”
“ဒါေပမယ့္ ဘာျဖစ္လဲ”
“အသံၾကားရင္ေတာ့ ငါမွတ္မိတယ္”
“အသံၾကားရင္မွတ္မိတယ္ ဟုတ္လား”
“ေအးဟုတ္တယ္…အရမ္းအံ့ၾသဖို႕ေကာင္းတာတခုက အဲ့ေကာင္မေလးရဲ႕ အသံက………… နင့္အသံနဲ႕ တူေနတာပဲ…”
ဘယ္လို…။ကြ်န္မရင္ေတြ အရမ္းခုန္သြားတယ္။။သူ႕အိပ္မက္ထဲက ေကာင္မေလးအသံက ကြ်န္မအသံနဲ႕တူတယ္တဲ့…။သူအဲ့လိုေျပာလိုက္ရံုနဲ႕ကြ်န္မဘာလို႕ရင္ေတြ အဲ့ေလာက္ခုန္သြားရတာလဲကြ်န္မကိုယ္ကြ်န္မ မစဥ္းစားတတ္ေတာ့ဘူး။
“တကယ္ေျပာတာ ငါမလိမ္ဘူး…နင့္ငါ့ဆီဖုန္းစဆက္ေတာ့ေလ…

“ဟဲ့ ဆက္မင္းေနာင္…ငါပါ ခက္ဆစ္ခ်ိဳေလ…” ဆိုတဲ့အသံကို ငါၾကားၾကားခ်င္း ငါအရမ္းအံ့ၾသသြားတာဟ”
“ေအာ္ ဒါေၾကာင့္ ငါဖုန္းဆက္တုန္းက “ဟင္! အသံ” ဆိုျပီး နင္ အလန္႕တၾကားျဖစ္သြားတာကိုး”
“အင္းဟုတ္တယ္…ဒါဆိုငါမက္ေနတဲ့ အိပ္မက္ထဲက ငါ့ခ်စ္သူက…နင္မ်ားလား ခက္ဆစ္ခ်ိဳ”
သူအဲ့လိုေမးလိုက္ေတာ့ ကြ်န္မ စိတ္ထဲ မွာေလ ေလဟာနယ္ထဲကို ေရာက္သြားသလိုပဲ…ဟာတာတာႀကီးနဲ႕။ဘယ္လိုခံစားမႈမွန္းကိုမသိတာ။
ဒါေပမယ့္ ကြ်န္မသိေနတာ တခုေတာ့ရွိတယ္။အဲ့ဒါက ………ကြ်န္မသူ႕ကို …။
“နင့္ကိုငါတခုေျပာျပမယ္ဟာ…ငါေျပာျပတာကို ခဏေလာက္နားေထာင္ေပး”
“ေျပာေလ ခက္ဆစ္ခ်ိဳ”
“နင္မက္ေနတဲ့ အိပ္မက္ထဲက အျဖစ္အပ်က္ဟာ အျပင္မွာတကယ္ျဖစ္ခဲ့တယ္ဆို နင္ဘာေျပာမလဲ”
“ဘာ…ဘယ္လို…နင္ဘာေျပာလိုက္တယ္”
“ဟုတ္တယ္…အဲ့ဒီအျဖစ္အပ်က္ဟာ ငါနဲ႕ငါ့ခ်စ္သူရဲ႕ အျဖစ္အပ်က္ပဲ…အားလံုးတထပ္ထဲ တူညီေနတယ္…ခုေတာ့နင့္အိပ္မက္ထဲကအတိုင္း သူလည္းအိမ္ေထာင္က်သြားျပီ”
“ဟင္! ဒါ…ဒါဆို နင့္ခ်စ္သူက ငါနဲ႕တူတဲ့ လူလား”
“အင္း…ဟုတ္တယ္…”
“ဒါဆိုသူ႕ရဲ႕ အျဖစ္အပ်က္က ဘာလို႕ ငါ့အိပ္မက္မွာ လာေပၚေနတာလဲဟ…ငါနဲ႕သူနဲ႕လဲ ဘာမွမပတ္သက္ပဲနဲ႕”
“အင္း…ငါလဲမေျပာတတ္ေတာ့ဘူး…ငါကေတာ့ သဘာဝလြန္ျဖစ္ရပ္တခုလို႕ပဲ သတ္မွတ္ခ်င္တယ္ သြင္ခန္႕ညား”
“ဘယ္လို……သဘာဝလြန္ ဟုတ္လား”
“ဟုတ္တယ္ေလ သဘာဝအတိုင္းမဟုတ္ပဲ သဘာဝကိုဆန္႕က်င္ေနရင္ေတာ့ သဘာဝလြန္ပဲေပါ့…”
ဖုန္းထဲက သြင္ခန္႕ညားရဲ႕ အသံ ခဏတိတ္သြားတယ္။ျပီးမွ………
“ဘာပဲျဖစ္ျဖစ္ဟာ …………ငါ့အိပ္မက္ထဲက အသံပိုင္ရွင္ကိုငါေတြ႕ခ်င္ေနခဲ့တာၾကာျပီ…အခုမွပဲေတြ႕ရေတာ့တယ္ဟာ…ျပီးေတာ့

ငါတစ္ခုေျပာမယ္ ခက္ဆစ္ခ်ိဳ…”
“အင္း…ေျပာေလ”
“ငါ…အဲ့ဒီအသံပိုင္ရွင္ကို စြဲလန္းေနမိျပီ………”
“………………………”
ဟင္!!!! သြင္ခန္႕ညားရဲ႕ရည္ရြယ္ခ်က္ရွိရွိ စကားတခြန္းေၾကာင့္ ကြ်န္မႏွလံုးခုန္သံတို႕ ေခတၱရပ္တန္႕သြားသလို ခံစားလိုက္ရသည္။
“တကယ္ပါ ငါေလ…အိပ္မက္ထဲကအသံပိုင္ရွင္ကိုေတြ႕ခဲ့ရင္…ငါ့ရဲ႕အခ်စ္ေတြအားလံုးသူ႕ကိုပဲ ပံုေပးပစ္မယ္လို႕ ဆံုးျဖတ္ထားျပီးသား…အခုနင္က အသံပိုင္ရွင္လည္း ဟုတ္တယ္…ငါ့အိပ္မက္ဇာတ္လမ္းထဲက မင္းသမီးေလးကလည္း နင္ကိုယ္တိုင္ပဲ ဆိုေတာ့……”
“အဲ့ေတာ့ ဘာျဖစ္လဲ”
“အဲ့ေတာ့ ငါ……ငါ…နင့္ကို…ခ်စ္ပါရေစ…ခက္ဆစ္ခ်ိဳ”
“ရွင္!! ”
သြင္ခန္႕ညားက ကြ်န္မကို ခ်စ္တယ္တဲ့။
ေလာကႀကီးက ကြ်န္မအတြက္ ဆက္မင္းေနာင္ ေနာက္တဦးကို ဖန္ဆင္းေပးခဲ့ျပန္ပါျပီ။
ကြ်န္မခ်စ္သူ ဆက္မင္းေနာင္ရဲ႕ ကြ်န္မအေပၚထားရွိတဲ့အခ်စ္စိတ္ေတြ ကိန္းဝပ္ေနတဲ့ သြင္ခန္႕ညားကို ကြ်န္မ လက္မခံႏိုင္စရာ အေၾကာင္းမရွိပါဘူး…
ကြ်န္မပါးေပၚကိုမ်က္ရည္ေတြအလိုလိုလိမ့္ဆင္းက်လာတယ္……ဝမ္းနည္းတာလား ဝမ္းသာတာလား ကြ်န္မမေဝခြဲတတ္ဘူး။
အဲ့ဒီလိုပဲ ကြ်န္မသူု႕ကို ဆက္မင္းေနာင္ရဲ႕ ေနရာမွာ အစားထိုးခဲ့တာလား ……

ဆက္မင္းေနာင္နဲ႕ ရုပ္ခ်င္းဆင္ျပီး ဆက္မင္းေနာင္နဲ႕စိတ္ခ်င္းဆက္ေနလို႕ ခ်စ္မိတာလားဆိုတာလည္း မသိျပန္ဘူး။
ေၾသာ္ ဖူးစာရယ္…ဆံုမွဆံုတတ္လိုက္တာ သဘာဝကို လြန္ဆန္ျပီးေတာ့ကို ဆံုေတြ႕ေစခဲ့တဲ့ ကံၾကမၼာကိုလည္း ကြ်န္မေက်းဇူးတင္မိတယ္။
ကြ်န္မဘဝမွာ ဆက္မင္းေနာင္နဲ႕ မဆံုဆည္းခဲ့ရေပမယ့္ ဆက္မင္းေနာင္နဲ႕ ထပ္တူ ကြ်န္မကိုခ်စ္ေပးမယ့္ ခ်စ္သူတေယာက္ရလိုက္တဲ့ အတြက္ အရမ္းကို ေပ်ာ္မိတယ္…
ငါလည္းနင့့္္ကိုခ်စ္ပါတယ္…သြင္ခန္႕ညား ရယ္…။
“ခက္ဆစ္ခ်ိဳ…နင္ငါ့ကို လက္ခံမွာလားဟင္ !!! …”
ကြ်န္မတစ္ေယာက္ထဲ အေတြးနယ္ခ်ဲ႕ေနမိတာ သြင္ခန္႕ညား အသံၾကားမွ သတိျပန္ဝင္လာတယ္။
“ဟဲလို…ခက္ဆစ္ခ်ိဳ…နင္ငါ့ကို လက္ခံေပးမယ့္မို႕လားဟင္…”
ကြ်န္မျပန္မေျဖျဖစ္ခဲ့ပါဘူး။ဆိတ္ဆိတ္ေနျခင္းဟာလည္း ဝန္ခံျခင္း တမ်ိဳးပဲ မဟုတ္ပါလားရွင္…။
* * * * * * * * * *

ဒီလိုနဲ႕ ေမာင္ နဲ႕ ကြ်န္မ ခ်စ္သူေတြျဖစ္ခဲ့ၾကတယ္။

ခ်စ္သူသက္တမ္းအတြင္းမွာေတာ့ ဆက္မင္းေနာင္နဲ႕မတူညီတဲ့ အခ်က္တခုကို ကြ်န္မသူ႕ဆီမွာ ေတြ႕ခဲ့ရပါတယ္။
ဘာလဲဆိုေတာ့ သူနဲ႕ကြ်န္မ ခ်စ္သူသက္တမ္းအတြင္းမွာတခါမွ ရန္မျဖစ္ခဲ့တာပါပဲ။ေမာင္ က ကြ်န္မအေပၚအရမ္းကို အေလ်ာ့ေပးပါတယ္။အရာရာ ကြ်န္မစိတ္တိုင္းက်ပါပဲ။
အဲ့ဒီေလာက္ထိေပ်ာ္ရႊင္မႈအတိနဲ႕ သာယာေနတဲ့ ကြ်န္မတို႕ႏွစ္ေယာက္ရဲ႕အခ်စ္ေရးဟာ မုန္တိုင္းမလာခင္ ေရာက္လာတဲ့ ေလေျပေလညင္းတခုလို႕သာ ကြ်န္မႀကိဳသိခဲ့မယ္ဆိုရင္…………
* * * * * * * * * *

အဲ့ဒီေန႕ကေပါ့ ……… ေမာင္နဲ႕ ေမာင္႕မိဘေတြ လူႀကီးစံုရာနဲ႕မိသားဖသားပီပီ ကြ်န္မကို လာေတာင္းရမ္းၾကတယ္။
ကြ်န္မ ေမေမ့ကိုအသိမေပးထားေပမယ့္ ေမေမက အလိုက္အထိုက္ဧည့္ခံပါတယ္။
ဒါေပမယ့္ ေမာင္ နဲ႕ ေမာင့္မိဘေတြရဲ႕အလုပ္အကိုင္ကို ေမေမသိသြားတဲ့အခါမွာေတာ့…
“ေမေမ လံုးဝသေဘာမတူဘူးသမီး…သမီးအခု သူနဲ႕ အဆက္ျဖတ္လိုက္္ပါ”
“ဘာျဖစ္လို႕လဲ ေမေမ…သူ႕မွာ ဘာအျပစ္ေျပာစရာရွိလို႕လဲ”
“ဒီမွာသမီး စာေရးဆရာတစ္ေယာက္က သမီးကို ေမေမတို႕ထားသလို တင့္ေတာင္းတင့္တယ္ထားနိုင္မယ္ထင္လို႕လား…အလကား…ငါ့သမီးထမင္းနပ္မွန္စားရရင္ေတာင္ကံေကာင္း”
“အဲ့လိုလည္းမဟုတ္ေသးဘူးေလေမေမရဲ႕…”
ကြ်န္မစကားမဆံုးေသးခင္ ေမာင့္ေမေမက ထေျပာသည္။
“ဒီမွာရွင့္ …ရွင္တို႕ဘယ္ေလာက္ခ်မ္းသာေနလဲေတာ့ ကြ်န္မမသိဘူး…ကြ်န္မတို႕က ဝန္ထမ္းေတြဆိုေပမယ့္ ဒီသားတစ္ေယာက္နဲ႕ ဒီေခြ်းမေလာက္ကေတာ့ ေအးေအးေဆးေဆး တင္ေကြ်းထားနိုင္ပါတယ္…ျပီးေတာ့ကြ်န္မသားက ရိုးရိုးသားသား စာေရးဆရာ လုပ္စားေနတာ…သူခိုးဓားျပလဲ မဟုတ္ဘူး ဒါကိုရွင္က ဘာလို႕ ဒီေလာက္ဆပ္ဆပ္ထိမခံျဖစ္ေနရတာလဲ…ေျပာပါဦး”
“အမေလးအရပ္ကတို႕ေရ ၾကားလို႕မွေကာင္းၾကေသးရဲ႕လား အိမ္ေပၚကို ေခြးတက္ေဟာင္ေနတယ္ေတာ့…”
ေမေမ့ရဲ႕ စကားေၾကာင့္ ေမာင့္ မိဘေတြ ေတာ္ေတာ္ေဒါသထြက္သြားၾကတယ္။ေမာင့္ ေဖေဖကလည္း
“ဒီမွာ… ခင္ဗ်ားလူႀကီးလူေကာင္းဆိုရင္ ယဥ္ယဥ္ေက်းေက်းေျပာပါ”
“အမေလး ရွင္တို႕လို လူေတြကို ယဥ္ယဥ္က်းေက်းေျပာေနစရာ အေၾကာင္းကိုမရွိတာ…ရွင္တို႕ကိုလည္း ဘယ္သူမွဖိတ္ထားတာမဟုတ္ဘူး…ကြ်န္မအိမ္ေပၚတက္ျပီးကြ်န္မကို လာမေစာ္ကားနဲ႕…ပိုင္နက္က်ဴးလြန္မႈနဲ႕ တရားစြဲလိုက္မယ္ သေဘာေပါက္လား”
အေျခအေနက တျဖည္းျဖည္းတင္းမာသည္ထက္တင္းမာလာသည္။ေမာင့္မ်က္ႏွာကို လွမ္းၾကည့္ေတာ့ ေမေမ့ကို ေတာ္ေတာ္ေဒါသထြက္ေနပံုရသည္။
“ဒီမွာ ကြ်န္မကလည္းရွင့္လို ယဥ္ေက်းမႈမရွိ ေငြဂုဏ္ေမာက္ေနတဲ့လူရဲ႕သမီးမ်ိဳးနဲ႕ ေသေတာင္မေပးစားဘူး…ကြ်န္မသားကို ရွင့္သမီးထက္ သာတဲ့လူနဲ႕ေပးစားျပမယ္ ေစာင့္ၾကည့္လိုက္”
ေမာင့္ေမေမ ထို႕သို႕ေျပာျပီးေနာက္ ေမာင္တို႕အားလံုးထြက္သြားၾကသည္။
“အမေလး ေခြးပါးစပ္က နတ္စကားထြက္လို႕ ရာရာစစေအ”
“ကဲေတာ္ပါေတာ့ ေမေမရယ္…သမီးေတာင္းပန္ပါတယ္”
“အခုမွ လာေတာင္းပန္မေနနဲ႕ ညည္းေၾကာင့္ ငါအခုလို အိမ္ေပၚတက္ျပီးအေစာ္ကားခံရတာ…အဲ့ဒါညည္းသိလား”
ေမေမကထိုသို႕ေျပာျပီး အိမ္ေပၚထပ္သို႕တက္သြားသည္။
ရက္စက္လိုက္တာ ကံၾကမၼာရယ္…ကြ်န္မကိုမွ အျငိဳးထားျပီးကံဆိုးေစခဲ့တာလား………။
* * * * * * * * * *

အဲ့ဒီျပႆနာေတြျဖစ္ျပီး တစ္လေလာက္အၾကာမွာပဲ ေမာင္ လက္ထပ္ေတာ့မယ္ဆိုတဲ့ သတင္းကိုၾကားလိုက္ရတယ္။
ေမာင္ ကြ်န္မကို မုန္းတီးသြားျပီထင္တယ္။ကြ်န္မဆီကိုလည္းအဆက္အသြယ္မလုပ္ေတာ့ဘူး။
ခ်ိဳ႕ ကို တစ္ေယာက္ထဲထားခဲ့ေတာ့မွာလား ေမာင္ ရယ္…………
ခ်ိဳ႕ ကိုရွင္းျပခြင့္ေပးပါေမာင္…
ကြ်န္မ ေမာင့္ facebook timeline ထဲဝင္ၾကည့္လိုက္ေတာ့ ေမာင့္ လက္ထပ္ဖိတ္စာေလးတင္ထားတာကိုေတြ႕လိုက္ရတယ္။
ေမာင္သြင္ခန္႕ညား(Second years Physics) ႏွင့္ မေနညိဳရိပ္ (Shwe Myanmar-Myanmar Traditional Dressing co.,ltd )
ေမာင့္ေမေမ က သူေျပာခဲ့သလိုပဲ ေမာင့္ကို ကြ်န္မထက္သာတဲ့ မိန္းကေလးနဲ႕ရေအာင္ေပးစားခဲ့ပါတယ္။မိဘေတြရဲ႕ အတၱေလာင္းရိပ္ေၾကာင့္ ကြ်န္မတို႕ႏွစ္ေယာက္ရဲ႕ အခ်စ္ပန္းေလး ႏြမ္းေၾကြခဲ့ရေတာ့တယ္။
တကယ္ေတာ့ ကြ်န္မကိုကအခ်စ္ကံေခခဲ့တာပါ။
“ေဖာက္!…”
chat box က noti တက္လာသံၾကားလို႕ကြ်န္မၾကည့္လိုက္ေတာ့ ေမာင့္ဆီက ျဖစ္ေနတယ္။
ေမာင္ကြ်န္မကိုျပန္ဆက္သြယ္ျပီေလ။ကြ်န္မေပ်ာ္လိုက္တာ…။ေမာင္ ကြ်န္မကို ဘာေျပာထားပါလိမ့္? ကြ်န္မခ်က္ခ်င္းပဲ chat box ထဲဝင္ၾကည့္လိုက္တယ္။
– ငါ့ရဲ႕ မဂၤလာပြဲကို ဆက္ဆက္လာေစခ်င္တယ္ ခက္ဆစ္ခ်ိဳ……
ေမာင္ကသူ႕မဂၤလာပြဲကိုလာခဲ့ဖို႕ကြ်န္မကို ေတာင္းဆိုထားတဲ့ message ျဖစ္ေနတယ္။
ကြ်န္မ ဘာလုပ္ရမလဲ?ေမာင့္ဆႏၵကိုေမာင္နဲ႕မသက္ဆိုင္ေတာ့တဲ့ အခ်ိန္ထိ ကြ်န္မျဖည့္ဆည္းေပးခ်င္တယ္…
ဒါေပမယ့္ ကြ်န္မ သြားသင့္သလားျပန္စဥ္းစားတယ္။






ေနာက္ဆံုးေတာ့ ကြ်န္မဆံုးျဖတ္ခ်က္တခုကို မ်က္စိစံုမိွတ္ျပီး ခ်လိုက္ပါေတာ့တယ္။
ကြ်န္မေမာင့္မဂၤလာပြဲကို တက္မယ္…
* * * * * * * * * *

ခက္ဆစ္ခ်ိဳကို ကြ်န္ေတာ့္မဂၤလာပြဲတက္ဖို႕ ေတာင္းဆိုခဲ့တာ ကြ်န္ေတာ္မွားလား မွန္လား မခြဲျခားတတ္ဘူး။
ဒါေပမယ့္ကြ်န္ေတာ့္ဘဝ အခ်ဳပ္အေႏွာင္ထဲမေရာက္ခင္ေလးမွာ ကြ်န္ေတာ္သူ႕ကို ေတြ႕ခ်င္တဲ့စိတ္က ႀကီးစိုးေနတယ္ေလ။
ခ်ိဳ ကေတာ့ ကြ်န္ေတာ္သူ႕ကို ခ်ိဳးခ်င္လို႕ ကြ်န္ေတာ့္မဂၤလာပြဲကို တက္ခိုင္းတယ္လို႕ထင္သြားလားေတာ့မသိဘူး။
မဂၤလာပြဲစကတည္းက ကြ်န္ေတာ္သူ႕ကိုဧည့္သည္ေတြၾကားထဲမွာ လိုက္ရွာေနခဲ့တာ ခုခ်ိန္ထိပဲ။သူမလာေတာ့ဘူးထင္တယ္။
ဒါေပမယ့္ ကြ်န္ေတာ့္စိတ္ထဲမွာ အလိုလိုသိေနတယ္။သူကြ်န္ေတာ့္ဆီကို မျဖစ္ျဖစ္တဲ့ နည္းနဲ႕ အေရာက္လာလိမ့္မယ္။
* * * * * * * * * *

“ဟင္! ခက္ဆစ္ခ်ိဳ”
ဧည့္သည္ေတြကို လိုက္လံဧည့္ခံေနရင္းက ကြ်န္ေတာ္သူ႕ကိုေတြ႕လိုက္ရတယ္။

ကြ်န္ေတာ္ထင္ထားတဲ့ အတိုင္းပဲ သူကြ်န္ေတာ့္မဂၤလာပြဲကို လာခဲ့ပါတယ္။
သူ႔မ်က္ႏွာက ျပံဳးေနေပမယ့္ သူ႕မ်က္ဝန္းက မ်က္ရည္စေတြကိုေတာ့ သူထိန္းခ်ဳပ္နိုင္စြမ္းမရွိပါဘူး။
ခ်ိဳ ထိုင္ေနတဲ့ဝိုင္းကို သြားဖို႕အတြက္ ကြ်န္ေတာ္ေျခလွမ္းျပင္လိုက္စဥ္မွာပဲ ကြ်န္ေတာ့္ေဘာင္းဘီအိတ္ကပ္ထဲမွာထည့္ထားတဲ့ ဖုန္းက vibrate တုန္လာတယ္။
ဖုန္းကိုထုတ္ၾကည့္လိုက္ေတာ့ message တစ္ေစာင္ေရာက္ေနတယ္။
“ဟင္! ခ်ိဳ႕ဆီကပဲ…”
သူထိုင္ေနတဲ့ဝိုင္းကို မလာဖို႕ စာလွမ္းပို႕တာထင္တယ္…ကြ်န္ေတာ္ေတြးမိေတြးရာေတြးလိုက္ျပီး message ဝင္ဖတ္လိုက္တယ္…
_ ေမာင္…ခ်ိဳ ေလ ေမာင့္မဂၤလာပြဲကို မေရာက္ေရာက္ေအာင္လာခဲ့မယ္သိလား…ခ်ိဳအရမ္းခ်စ္ရတဲ့ ေမာင့္ရဲ႕ဆႏၵကို ခ်ိဳနဲ႕မသက္ဆိုင္ေတာ့တဲ့အခ်ိန္ထိ ခ်ိဳ ျဖည့္ဆည္းေပးခ်င္လို႕ပါ…ဒါေပမယ့္ ခ်ိဳအခုအသက္ရွဴလို႕မဝေတာ့ဘူး ေမာင္ရယ္…………

ခ်ိဳေသရေတာ့မယ္ထင္တယ္ေမာင္……

ဒါေပမယ့္ခ်ိဳမေၾကာက္ပါဘူး……ခ်ိဳ တစ္ခုပဲ ေတာင္းဆိုပါရေစ…ခ်ိဳေသသြားခဲ့ရင္ေလ ေမာင့္အနားမွာ ဝိဥာဥ္အျဖစ္နဲ႕ ခ်ိဳ႕ ကိုေနခြင့္ျပဳပါေနာ္……ေမာင့္ကိုခ်စ္………………………………………
တပိုင္းတစ message ကို ဖတ္ျပီးတဲ့ အခါမွာေတာ့ ခ်ိဳထိုင္ေနတဲ့ ဝိုင္းကို ကြ်န္ေတာ္လွမ္းၾကည့္လိုက္တယ္။
“ဟာ!! ”
ခုနက ဝိုင္းမွာ ခ်ိဳမရွိေတာ့ဘူး…

ကြ်န္ေတာ္မ်က္စိအျမင္မွားခဲ့တာလား…မဟုတ္ဘူး…ကြ်န္ေတာ္ေသခ်ာျမင္လိုက္တာပါ…
ဟင္! ဒါဆို ခ်ိဳ…ခ်ိဳ…အခု…………
ကြ်န္ေတာ္ ဘာကိုမွဂရုမစိုက္ေတာ့ပါဘူး…အားလံုးကို လ်စ္လ်ဴရႈျပီး မဂၤလာပြဲကေနကြ်န္ေတာ္ ေျပးထြက္လာခဲ့ပါေတာ့တယ္…။
“ဟယ္…သတို႕သား ထြက္ေျပးသြားျပီေဟ့”
“ဟဲ့ဟဲ့ လုပ္ၾကပါဦး သတို႕သားရူးသြားျပီထင္တယ္”
တေယာက္တေပါက္ေအာ္ဟစ္သံတို႕က တျဖည္းျဖည္း ကြ်န္ေတာ့္ေနာက္မွာက်န္ရစ္ခဲ့ျပီးေနာက္မွာေတာ့…
* * * * * * * * * *

(…………)မီးပိြဳင့္။

လူေတြအမ်ားႀကီး ဝိုင္းအံုေနၾကသည္။

ရဲေတြေရာ။ယာဥ္ထိန္းေတြေရာ။ အမ်ားႀကီးပဲ။
လူအုပ္ႀကီးထဲကို ကြ်န္ေတာ္တိုးဝင္လိုက္ေတာ့ ကားသံုးစီးဆင့္တိုက္ထားသည့္ ျမင္ကြင္းက ျမင္ရက္စရာေတာင္မရွိ။
အလယ္ကကားမွာ စိစိညက္ညက္ေက်ေနသည္။
ကားအနားကို ကြ်န္ေတာ္သြားဖို႕လုပ္ေတာ့ ရဲေတြက ကြ်န္ေတာ့္ကို ဝိုင္းဆြဲထားၾကတယ္။

ကြ်န္ေတာ့္ကိုသြားခြင့္မျပဳၾကဘူး။
တေအာင့္ေလာက္ၾကာေတာ့ ကားထဲက လူေတြကို ဆြဲထုတ္ၾကျပီး လူနာတင္ယာဥ္ေပၚကို တင္္ၾကတယ္။အလယ္ကကားထဲက ေကာင္မေလးတစ္ေယာက္ကို ဆြဲထုတ္လိုက္တဲ့အခါမွာေတာ့ ေတာ္ေတာ္ေလးကို ရုပ္ပ်က္ဆင္းပ်က္ျဖစ္ေနျပီ။
ဒါေပမယ့္ အဲ့ဒီ ေကာင္မေလးရဲ႕ လက္ထဲမွာ ဖုန္းတလံုးနဲ႕ ဓါတ္ပံုတပံုကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားတာ ကြ်န္ေတာ္ေတြ႕လိုက္ရတယ္။
ဟင္!ဒါ ခ်ိဳ႕ဖုန္းပဲ…ဒါဆို ဒါ…ခ်ိဳ………ခ်ိဳ ျဖစ္မယ္ထင္တယ္………
“ခ်ိဳရယ္ …ေမာင့္ကို အဲ့ေလာက္ေတာင္ ခ်စ္သတဲ့လား ”
ေနပူရွိန္ျပင္းျပင္းေအာက္မွာ ရုတ္ခ်ည္းဆိုသလိုပဲ မိုးေတြရြာခ်လာတယ္။ကြ်န္ေတာ့္မ်က္ရည္ေတြ နဲ႕ မိုးေရစက္ေတြ ေရာေထြးကုန္ၾကတယ္…ျပီးေတာ့ ကြ်န္ေတာ့္နားထဲမွာ စကားသံ တခ်ိဳ႕ကို ျပန္ၾကားေယာင္လာတယ္………
” ငါ့အိပ္မက္ထဲမွာ ငါကေကာင္မေလးတေယာက္နဲ႕တြဲေနတာ…အဲ့ဒီေကာင္မေလးနဲ႕ ငါနဲ႕အရမ္းခ်စ္ၾကတာတဲ့…ဒါေပမယ့္ အဲ့ေကာင္မေလးနဲ႕ ငါ့ကို သူ႕မိဘက သေဘာမတူဘူး…ျပီးေတာ့ ငါကလည္း အိမ္ကအတင္းေပးစားတဲ့လူနဲ႕ လက္ထပ္လိုက္ရတယ္တဲ့…အဲ့ေကာင္မေလး ကေတာ့ ဘယ္ေရာက္သြားလဲမသိဘူး…”
ကြ်န္ေတာ္ ခ်ိဳ႕ကိုေျပာျပခဲ့တဲ့ ကြ်န္ေတာ့္ရဲ႕ အိပ္မက္…။

ကြ်န္ေတာ္ သိလိုက္ပါျပီ…

ေနာက္ဆံုးေတာ့ ကြ်န္ေတာ္သိလိုက္ရျပီ…

…………

…………………

တကယ္ေတာ့……… ကြ်န္ေတာ္မက္ခဲ့တဲ့ အဲ့ဒီ သဘာဝလြန္အိပ္မက္က ခ်ိဳေျပာခဲ့သလို ဆက္မင္းေနာင္နဲ႕ခက္ဆစ္ခ်ိဳတို႕ရဲ႕ အျဖစ္အပ်က္မွ မဟုတ္ခဲ့တာ…………………………။
+++++++++++++++++++++++++++++++++
ဆက္မင္းေနာင္(ရူပ) ေရးသားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဆက္မင္းေနာင္(ရူပ)

#Unicode Version#
“သဘာဝကို_လွန်ဆန်၍”
++++++++++++++++++++++++++++++++++

အဲ့ဒီနေ့ကပေါ့…။

သူ့ကိုကျွန်မပြန်တွေ့ခဲ့တယ်။
သူ ဆိုတာ ကျွန်မအရမ်းချစ်ခဲ့ရတဲ့ ကျွန်မရဲ့ ချစ်သူပေါ့…။
သူနဲ့ကျွန်မ ဝေးသွားခဲ့တာ တစ်နှစ်နီးပါးလောက်ရှိပြီ။ဖေဖေက သ

သူနဲ့ သဘောမတူလို့ ကျွန်မကို သူနဲ့ဝေးရာ ပြည်ပကို ပညာတော်သင်စေလွှတ်ခဲ့တယ်…။
ကျွန်မသူနဲ့ခိုးရာလိုက်ဖို့အထိ ကြံစည်ခဲ့ပါတယ်။ဒါပေမယ့်မအောင်မြင်ခဲ့ပါဘူး။သူကလည်းခွင့်မပြုဘူးလေ။ကျွန်မဘဝ နစ်မွန်းသွားမှာကို သူမလိုလားဘူးတဲ့။
ဒီလိုနဲ့ ကျွန်မပြည်ပကို မသွားချင်ပဲ သွားခဲ့ရတယ်။
ဒါပေမယ့် ကံကောင်းတယ်ပဲပြောရမလား ကံဆိုးတယ်ပဲပြောရမလား…ကျွန်မပြည်ပကိုထွက်သွားပြီး ၆လအကြာမှာ ကျွန်မဖေဖေဆုံးပါးသွားခဲ့တယ်။
ဖေဖေဆုံးသွားလို့ ဝမ်းနည်းနေတဲ့ ကျွန်မရဲ့ မျက်ရည်စတွေထဲမှာ သူနဲ့ ပြန်တွေ့ရတော့မယ်ဆိုတဲ့ ပျော်ရွှင်မှုတချို့ ရောနှောနေလေရဲ့……။
ဖေဖေဆုံးသွားပြီးနောက်ပိုင်း

သူရှိရာ မြန်မာပြည်ကို ကျွန်မ ပြန်လာခဲ့ပါတော့တယ်။ကျွန်မတို့နှစ်ယောက်ပြန်လည်ဆုံစည်းရတော့မှာမို့ အပျော်တွေတပွေ့တပိုက်ကြီးနဲ့ပေါ့။
ဒါပေမယ့် အဲ့ဒီအပျော်တွေက သိပ်ကြာကြာမခံခဲ့ပါဘူး။မြန်မာပြည်ပြန်ရောက်ရောက်ချင်း ကျွန်မကြားလိုက်ရတဲ့ သတင်းက ကျွန်မရင်ဝကို ဆောင့်ကန်လိုက်သလိုပဲ…ကျွန်မအမောတွေဆို့ခဲ့ရပါတော့တယ်……။
သူ အိမ်ထောင်ကျသွားပြီတဲ့……………။
ကျွန်မရဲ့ မျှော်လင့်ချက်တွေကို ချိုးဖဲ့ဖျက်ဆီးခံလိုက်ရပြီလေ။သူကျွန်မအပေါ်သစ္စာမရှိခဲ့ဘူး။
ဒါပေမယ့် ကျွန်မသူ့အပေါ်မှာထားတဲ့ အချစ်တွေကမကုန်နိုင်သေးတော့ ခက်ပြီပေါ့။
ကျွန်မသူတစ်ပါး အိမ်ထောင်ရေးကို ဖျက်ဆီးချင်တဲ့စိတ် တပြားမှမရှိခဲ့ပါဘူး။

ဒါကြောင့် သူ့အပေါ်မှာ မကုန်နိုင်သေးတဲ့ ကျွန်မရဲ့ မေတ္တာတွေကို ၁၅၀၀ ကနေ ၅၂၈ သို့လျော့ချခဲ့ပါတော့တယ်။
ကျွန်မသူ့ကို သူငယ်ချင်းတစ်ယောက်လိုပဲ ခင်သွားတော့မယ်လို့ဆုံးဖြတ်လိုက်တယ်လေ……။
ကျွန်မ facebook သုံးရင်း facebook ပေါ်မှာသူနဲ့ပြန်တွေ့တော့ သူက “သွင်ခန့်ညား”ဆိုတဲ့ ကလောင်နာမည်နဲ့ နာမည်ရစ စာရေးဆရာတစ်ယောက်တောင်ဖြစ်နေပြီလေ။

ကျွန်မသူ့အတွက်အရမ်းဝမ်းသာတာပဲ။
ဒါနဲ့ကျွန်မသူ့ကို သူငယ်ချင်းတယောက်အနေနဲ့chat box ထဲမှာသွားနှုတ်ဆက်ခဲ့ပါတယ်။
– hi
– hi pr
– ဟဲ့ နင်အရမ်းကို အောင်မြင်နေပါလား…ငါကျောင်းတုန်းက နင့်ကိုအဲ့လောက်တော်လိမ့်မယ်လို့မထင်ခဲ့မိဘူးဟ…နင်အရမ်းတော်တယ်သူငယ်ချင်း………
– ဟုတ်ကဲ့ အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်…ဒါနဲ့friက ကျွန်တော့်ကိုသိလို့လား…
သူ့ဆီကပြန်လာတဲ့ reply တခုက ကျွန်မစေတနာတွေ မေတ္တာတွေကိုစော်ကားလိုက်သလိုပဲ။ဒါပေမယ့် ကျွန်မက profile picture မတင်ထားလို့ သူမမှတ်မိတာနေမှာပါလို့ဖြေသိမ့်လိုက်ပြီး…
– အေးပေါ့ဟာ နင်က နာမည်ကြီးနေပြီဆိုတော့ ငါ့ကို ဘယ်မှတ်မိပါတော့မလဲ…
– မဟုတ်ပါဘူးဟ ငါတကယ်နင့်ကိုမသိတာ…နင်က ငါတို့မေဂျာကပဲလား
– အေးလေ Physics မေဂျာကပဲလေ

ငါ့နာမည် “ခက်ဆစ်ချို”
– “ခက်ဆစ်ချို” ဟုတ်လား ငါ့သူငယ်ချင်းတွေထဲမှာ အဲ့နာမည်နဲ့မရှိဘူးဟ
ကျွန်မဒေါသထွက်ပြီလေ။သူကျွန်မကို စနေတာလား တကယ်မမှတ်မိတာလားတော့မသိဘူး။ဒါပေမယ့် မိန်းကလေးတယောက်အနေနဲ့ အဲ့လို အချိုးမျိုး ချိုးခံလိုက်ရတော့ ဒေါသအရမ်းထွက်သွားတယ်…ရှက်လဲရှက်မိတယ်…။
– ဘာလဲနင်က ဘဝင်မြင့်တာလား ငါတို့ ဘွဲ့အတူတူယူခဲ့တာလေဟာ…
– ဘာ…ဘယ်လို ဘွဲ့အတူတူယူတယ် ဟုတ်လား ငါက ခုထိ ဘွဲ့မရသေးဘူးဟ…ခုမှ ဒုတိယနှစ်
အို……ဘယ်လိုပါလိမ့်။သူနဲ့ကျွန်မနဲ့ ဘွဲ့အတူတူယူခဲ့တာကိုတောင်သူက ဗြောင်လိမ်နေသေးတယ်။သူ့ဘဝထဲကနေ ကျွန်မကို တကယ်ပဲ အပြီးအပိုင်ဆွဲထုတ်လိုက်ပြီလား။ကျွန်မနဲ့ ပတ်သက်သမျှ အမှတ်တရတွေအကုန် သူ့မှတ်ဉာဏ်ထဲမှာ မရှိတော့ပြီလား။
သူ့မှတ်ဉာဏ်ထဲမှာ ကျွန်မမရှိတော့ပေမယ့် ကျွန်မမှတ်ဉာဏ်ထဲမှာသူရှိနေသေးတယ်လေ…ဒါကြောင့်…ကျွန်မဒေါသတွေကိုမျိုသိပ်ပြီး သူ့ကို ဆက်မေးလိုက်တယ်…
– နင့်တို့လင်မယား အဆင်ပြေကြရဲ့လား
– အမ်! ပေါက်ကရတွေ…ဘယ်ကလင်မယားလဲ ငါ့မှာ မိန်းမ မပြောနဲ့ စော်တောင်မှ ခုမှပူပူနွေးနွေးပြတ်ထားတာဟ
ဘယ်လို??? သူကျွန်မကို လိမ်နေတာလား…ဒါမှမဟုတ်သူတကယ်ပဲ ဆက်မင်းနောင် မဟုတ်ဘူးလား…
– ဟင်! နင်…နင် ဆက်မင်းနောင် မဟုတ်ဘူးလား
-နင်လူမှားနေတာပဲ

ငါ ဆက်မင်းနောင် မဟုတ်ဘူးဟ…ငါ့နာမည် သွင်ခန့်ညား
ဟင်!သူက သွင်ခန့်ညားတဲ့။ကျွန်မက သွင်ခန့်ညားဆိုတာ သူ့ကလောင်နာမည်ထင်နေတာ။ အံ့သြဖို့အရမ်းကောင်းတာက ကျွန်မရဲ့ တချိန်ကချစ်သူ ဆက်မင်းနောင် နဲ့သူနဲ့ ရုပ်ချင်းချွတ်စွပ်တူနေတာပဲ။
– ငါမယုံဘူးဟာ နင် လိမ်နေတာပဲဖြစ်ရမယ် ငါနင့်ဆီအခုဖုန်းခေါ်မယ် နင်ကိုင်မလား
-ခေါ်လေ ရပါတယ် ဒါငါ့ဖုန်း 09…………………
သူပေးတဲ့ဖုန်းနံပါတ်ကိုကျွန်မကြည့်လိုက်တော့ ဆက်မင်းနောင် ရဲ့ဖုန်းနံပါတ်မဟုတ်ပါဘူး။ဖုန်းဆင်းကတ်တွေ ပေါနေတဲ့ခေတ်ကြီးမှာ သူဖုန်းနံပါတ်ပြောင်းသွားတာလဲ ဖြစ်နိုင်တာပဲလေ။ဘာပဲဖြစ်ဖြစ် ဖုန်းဆက်ကြည့်ရင်တော့ ပိုသေချာတယ်။ဒါကြောင့် သူ့ဖုန်းနံပါတ်ကို ကျွန်မခေါ်လိုက်တယ်…
“တူ………………တူ……………”
“ဟဲလို…”
“ဟဲ့ ဆက်မင်းနောင်…ငါပါ ခက်ဆစ်ချို လေ…”
“ဟင်! အသံ……”
ကျွန်မအသံကြားတော့ သူလန့်သွားတယ်…။
“ဟဲ့…ဘာဖြစ်တာလဲဟ…ငါပါ… နင်ပဲဖုန်းနံပါတ်ပေးပီးတော့”
“အော် အေး…အေး…သိပြီ”
ဒါပေမယ့်သူနဲ့ဖုန်းစပြောပြောခြင်းပဲ ကျွန်မ ကွဲကွဲပြားပြားသိသွားခဲ့ပါပြီ။သူဟာ တချိန်က ကျွန်မချစ်သူ ဆက်မင်းနောင် မဟုတ်ဘူးဆိုတာကိုပေါ့။ဘာကြောင့်လဲဆိုတော့……ဖုန်းထဲက သူ့အသံက ဆက်မင်းနောင် မဟုတ်ကြောင်းသက်သေပြနေတယ်လေ။
ဒါပေမယ့် ဘာ့ကြောင့်ရယ်တော့မသိဘူး။ကျွန်မသူနဲ့ စကားဆက်ပြောချင်နေမိတယ်။
“ဟို…ဟိုလေ ဆောရီးနော် ငါလူမှားသွားလို့”
“ရပါတယ်…ဒါနဲ့နင်လူမှားတဲ့တယောက်က ငါနဲ့တော်တော်တူလို့လားဟင်”
“တူတယ်ဟ ချွတ်စွတ်ပဲ…အသံပဲမတူတာ…”
“ဟုတ်လား ဒါဆို လွန်ခဲ့တဲ့ ၆ လလောက်ကစပြီး ငါအမြဲလိုလို မက်တတ်တဲ့အိပ်မက်နဲ့ သက်ဆိုင်နေမလားပဲ”
“ဟင်…ဟုတ်လား……… ဘာအိပ်မက်လဲ ငါ့ကိုပြောပြလို့ရမလား”
အရမ်းကိုစပ်စုတတ်တဲ့ ကျွန်မအကျင့်ကြောင့် သူပြောပြောမပြောပြော ကျွန်မမေးပြီလေ…။
“အင်း…ရပါတယ်…ငါလဲ အဲ့ဒီထူးဆန်းတဲ့ အိပ်မက် ကို အမြဲလိုလို မက်နေတော့ အလွတ်တောင်ရနေပြီ”
“ဟုတ်လား…ဘယ်လိုလဲဟင် ပြောပြပါလား”
“ဒီလိုဟ……
ငါ့အိပ်မက်ထဲမှာ ငါကကောင်မလေးတယောက်နဲ့တွဲနေတာ…အဲ့ဒီကောင်မလေးနဲ့ ငါနဲ့အရမ်းချစ်ကြတာတဲ့…ဒါပေမယ့် အဲ့ကောင်မလေးနဲ့ ငါ့ကို သူ့မိဘက သဘောမတူဘူး…ပြီးတော့ ငါကလည်း အိမ်ကအတင်းပေးစားတဲ့လူနဲ့ လက်ထပ်လိုက်ရတယ်တဲ့…အဲ့ကောင်မလေး ကတော့ ဘယ်ရောက်သွားလဲမသိဘူး…
အိပ်မက်ဆိုတော့ အစီအစဉ်မကျဘူးဟ…ဗြောက်သောက်ပဲ…ဒါပေမယ့် အိပ်မက် မက်တိုင်း အဲ့ဒီအကြောင်းအမြဲလိုလို မက်နေတာဆိုတော့သာမန်အိပ်မက်တော့ မဟုတ်ဘူးထင်တာပဲ”
အို……သူပြောပြတဲ့ သူ့ရဲ့ အိပ်မက်က ကျွန်မတို့ချစ်သူ နှစ်ဦးရဲ့ အဖြစ်အပျက်နဲ့တိုက်ဆိုင်နေပါလား…။
“အဲ့ အိပ်မက်ထဲက ကောင်မလေးကိုရောနင်အပြင်မှာလိုက်မရှာဘူးလား”
“ဟင့်အင်း မရှာပါဘူး…ဘာလို့လဲဆိုတော့ ငါမှသူ့မျက်နှာကိုမမှတ်မိတာဟ…အိပ်မက်ထဲမှာ မှတ်မိပေမယ့် နိုးလာရင် မမှတ်မိတော့ဘူး…ဒါပေမယ့် ငါမှတ်မိတာတခုတော့ရှိတယ်ဟ”
“ဟုတ်လား ဘာကိုမှတ်မိတာလဲ…”
ကျွန်မတို့နှစ်ယောက်ရဲ့ အဖြစ်အပျက်နဲ့တိုက်ဆိုင်နေတာကြောင့် သိချင်ဇောနဲ့ ကျွန်မမေးလိုက်မိတယ်။
“အသံ………သူ့ရဲ့အသံပဲ”
“အသံဟုတ်လား…???နင်သူ့အသံကိုမှတ်မိရုံနဲ့ ဘယ်လိုလုပ်လိုက်ရှာလို့ရမလဲဟ”
“အေး…အသံကြားရုံနဲ့တော့ရှာလို့မရဘူး ဒါပေမယ့်………”
“ဒါပေမယ့် ဘာဖြစ်လဲ”
“အသံကြားရင်တော့ ငါမှတ်မိတယ်”
“အသံကြားရင်မှတ်မိတယ် ဟုတ်လား”
“အေးဟုတ်တယ်…အရမ်းအံ့သြဖို့ကောင်းတာတခုက အဲ့ကောင်မလေးရဲ့ အသံက………… နင့်အသံနဲ့ တူနေတာပဲ…”
ဘယ်လို…။ကျွန်မရင်တွေ အရမ်းခုန်သွားတယ်။။သူ့အိပ်မက်ထဲက ကောင်မလေးအသံက ကျွန်မအသံနဲ့တူတယ်တဲ့…။သူအဲ့လိုပြောလိုက်ရုံနဲ့ကျွန်မဘာလို့ရင်တွေ အဲ့လောက်ခုန်သွားရတာလဲကျွန်မကိုယ်ကျွန်မ မစဉ်းစားတတ်တော့ဘူး။
“တကယ်ပြောတာ ငါမလိမ်ဘူး…နင့်ငါ့ဆီဖုန်းစဆက်တော့လေ…

“ဟဲ့ ဆက်မင်းနောင်…ငါပါ ခက်ဆစ်ချိုလေ…” ဆိုတဲ့အသံကို ငါကြားကြားချင်း ငါအရမ်းအံ့သြသွားတာဟ”
“အော် ဒါကြောင့် ငါဖုန်းဆက်တုန်းက “ဟင်! အသံ” ဆိုပြီး နင် အလန့်တကြားဖြစ်သွားတာကိုး”
“အင်းဟုတ်တယ်…ဒါဆိုငါမက်နေတဲ့ အိပ်မက်ထဲက ငါ့ချစ်သူက…နင်များလား ခက်ဆစ်ချို”
သူအဲ့လိုမေးလိုက်တော့ ကျွန်မ စိတ်ထဲ မှာလေ လေဟာနယ်ထဲကို ရောက်သွားသလိုပဲ…ဟာတာတာကြီးနဲ့။ဘယ်လိုခံစားမှုမှန်းကိုမသိတာ။
ဒါပေမယ့် ကျွန်မသိနေတာ တခုတော့ရှိတယ်။အဲ့ဒါက ………ကျွန်မသူ့ကို …။
“နင့်ကိုငါတခုပြောပြမယ်ဟာ…ငါပြောပြတာကို ခဏလောက်နားထောင်ပေး”
“ပြောလေ ခက်ဆစ်ချို”
“နင်မက်နေတဲ့ အိပ်မက်ထဲက အဖြစ်အပျက်ဟာ အပြင်မှာတကယ်ဖြစ်ခဲ့တယ်ဆို နင်ဘာပြောမလဲ”
“ဘာ…ဘယ်လို…နင်ဘာပြောလိုက်တယ်”
“ဟုတ်တယ်…အဲ့ဒီအဖြစ်အပျက်ဟာ ငါနဲ့ငါ့ချစ်သူရဲ့ အဖြစ်အပျက်ပဲ…အားလုံးတထပ်ထဲ တူညီနေတယ်…ခုတော့နင့်အိပ်မက်ထဲကအတိုင်း သူလည်းအိမ်ထောင်ကျသွားပြီ”
“ဟင်! ဒါ…ဒါဆို နင့်ချစ်သူက ငါနဲ့တူတဲ့ လူလား”
“အင်း…ဟုတ်တယ်…”
“ဒါဆိုသူ့ရဲ့ အဖြစ်အပျက်က ဘာလို့ ငါ့အိပ်မက်မှာ လာပေါ်နေတာလဲဟ…ငါနဲ့သူနဲ့လဲ ဘာမှမပတ်သက်ပဲနဲ့”
“အင်း…ငါလဲမပြောတတ်တော့ဘူး…ငါကတော့ သဘာဝလွန်ဖြစ်ရပ်တခုလို့ပဲ သတ်မှတ်ချင်တယ် သွင်ခန့်ညား”
“ဘယ်လို……သဘာဝလွန် ဟုတ်လား”
“ဟုတ်တယ်လေ သဘာဝအတိုင်းမဟုတ်ပဲ သဘာဝကိုဆန့်ကျင်နေရင်တော့ သဘာဝလွန်ပဲပေါ့…”
ဖုန်းထဲက သွင်ခန့်ညားရဲ့ အသံ ခဏတိတ်သွားတယ်။ပြီးမှ………
“ဘာပဲဖြစ်ဖြစ်ဟာ …………ငါ့အိပ်မက်ထဲက အသံပိုင်ရှင်ကိုငါတွေ့ချင်နေခဲ့တာကြာပြီ…အခုမှပဲတွေ့ရတော့တယ်ဟာ…ပြီးတော့

ငါတစ်ခုပြောမယ် ခက်ဆစ်ချို…”
“အင်း…ပြောလေ”
“ငါ…အဲ့ဒီအသံပိုင်ရှင်ကို စွဲလန်းနေမိပြီ………”
“………………………”
ဟင်!!!! သွင်ခန့်ညားရဲ့ရည်ရွယ်ချက်ရှိရှိ စကားတခွန်းကြောင့် ကျွန်မနှလုံးခုန်သံတို့ ခေတ္တရပ်တန့်သွားသလို ခံစားလိုက်ရသည်။
“တကယ်ပါ ငါလေ…အိပ်မက်ထဲကအသံပိုင်ရှင်ကိုတွေ့ခဲ့ရင်…ငါ့ရဲ့အချစ်တွေအားလုံးသူ့ကိုပဲ ပုံပေးပစ်မယ်လို့ ဆုံးဖြတ်ထားပြီးသား…အခုနင်က အသံပိုင်ရှင်လည်း ဟုတ်တယ်…ငါ့အိပ်မက်ဇာတ်လမ်းထဲက မင်းသမီးလေးကလည်း နင်ကိုယ်တိုင်ပဲ ဆိုတော့……”
“အဲ့တော့ ဘာဖြစ်လဲ”
“အဲ့တော့ ငါ……ငါ…နင့်ကို…ချစ်ပါရစေ…ခက်ဆစ်ချို”
“ရှင်!! ”
သွင်ခန့်ညားက ကျွန်မကို ချစ်တယ်တဲ့။
လောကကြီးက ကျွန်မအတွက် ဆက်မင်းနောင် နောက်တဦးကို ဖန်ဆင်းပေးခဲ့ပြန်ပါပြီ။
ကျွန်မချစ်သူ ဆက်မင်းနောင်ရဲ့ ကျွန်မအပေါ်ထားရှိတဲ့အချစ်စိတ်တွေ ကိန်းဝပ်နေတဲ့ သွင်ခန့်ညားကို ကျွန်မ လက်မခံနိုင်စရာ အကြောင်းမရှိပါဘူး…
ကျွန်မပါးပေါ်ကိုမျက်ရည်တွေအလိုလိုလိမ့်ဆင်းကျလာတယ်……ဝမ်းနည်းတာလား ဝမ်းသာတာလား ကျွန်မမဝေခွဲတတ်ဘူး။
အဲ့ဒီလိုပဲ ကျွန်မသူု့ကို ဆက်မင်းနောင်ရဲ့ နေရာမှာ အစားထိုးခဲ့တာလား ……

ဆက်မင်းနောင်နဲ့ ရုပ်ချင်းဆင်ပြီး ဆက်မင်းနောင်နဲ့စိတ်ချင်းဆက်နေလို့ ချစ်မိတာလားဆိုတာလည်း မသိပြန်ဘူး။
သြော် ဖူးစာရယ်…ဆုံမှဆုံတတ်လိုက်တာ သဘာဝကို လွန်ဆန်ပြီးတော့ကို ဆုံတွေ့စေခဲ့တဲ့ ကံကြမ္မာကိုလည်း ကျွန်မကျေးဇူးတင်မိတယ်။
ကျွန်မဘဝမှာ ဆက်မင်းနောင်နဲ့ မဆုံဆည်းခဲ့ရပေမယ့် ဆက်မင်းနောင်နဲ့ ထပ်တူ ကျွန်မကိုချစ်ပေးမယ့် ချစ်သူတယောက်ရလိုက်တဲ့ အတွက် အရမ်းကို ပျော်မိတယ်…
ငါလည်းနင့့််ကိုချစ်ပါတယ်…သွင်ခန့်ညား ရယ်…။
“ခက်ဆစ်ချို…နင်ငါ့ကို လက်ခံမှာလားဟင် !!! …”
ကျွန်မတစ်ယောက်ထဲ အတွေးနယ်ချဲ့နေမိတာ သွင်ခန့်ညား အသံကြားမှ သတိပြန်ဝင်လာတယ်။
“ဟဲလို…ခက်ဆစ်ချို…နင်ငါ့ကို လက်ခံပေးမယ့်မို့လားဟင်…”
ကျွန်မပြန်မဖြေဖြစ်ခဲ့ပါဘူး။ဆိတ်ဆိတ်နေခြင်းဟာလည်း ဝန်ခံခြင်း တမျိုးပဲ မဟုတ်ပါလားရှင်…။
* * * * * * * * * *

ဒီလိုနဲ့ မောင် နဲ့ ကျွန်မ ချစ်သူတွေဖြစ်ခဲ့ကြတယ်။

ချစ်သူသက်တမ်းအတွင်းမှာတော့ ဆက်မင်းနောင်နဲ့မတူညီတဲ့ အချက်တခုကို ကျွန်မသူ့ဆီမှာ တွေ့ခဲ့ရပါတယ်။
ဘာလဲဆိုတော့ သူနဲ့ကျွန်မ ချစ်သူသက်တမ်းအတွင်းမှာတခါမှ ရန်မဖြစ်ခဲ့တာပါပဲ။မောင် က ကျွန်မအပေါ်အရမ်းကို အလျော့ပေးပါတယ်။အရာရာ ကျွန်မစိတ်တိုင်းကျပါပဲ။
အဲ့ဒီလောက်ထိပျော်ရွှင်မှုအတိနဲ့ သာယာနေတဲ့ ကျွန်မတို့နှစ်ယောက်ရဲ့အချစ်ရေးဟာ မုန်တိုင်းမလာခင် ရောက်လာတဲ့ လေပြေလေညင်းတခုလို့သာ ကျွန်မကြိုသိခဲ့မယ်ဆိုရင်…………
* * * * * * * * * *

အဲ့ဒီနေ့ကပေါ့ ……… မောင်နဲ့ မောင့်မိဘတွေ လူကြီးစုံရာနဲ့မိသားဖသားပီပီ ကျွန်မကို လာတောင်းရမ်းကြတယ်။
ကျွန်မ မေမေ့ကိုအသိမပေးထားပေမယ့် မေမေက အလိုက်အထိုက်ဧည့်ခံပါတယ်။
ဒါပေမယ့် မောင် နဲ့ မောင့်မိဘတွေရဲ့အလုပ်အကိုင်ကို မေမေသိသွားတဲ့အခါမှာတော့…
“မေမေ လုံးဝသဘောမတူဘူးသမီး…သမီးအခု သူနဲ့ အဆက်ဖြတ်လိုက်ပါ”
“ဘာဖြစ်လို့လဲ မေမေ…သူ့မှာ ဘာအပြစ်ပြောစရာရှိလို့လဲ”
“ဒီမှာသမီး စာရေးဆရာတစ်ယောက်က သမီးကို မေမေတို့ထားသလို တင့်တောင်းတင့်တယ်ထားနိုင်မယ်ထင်လို့လား…အလကား…ငါ့သမီးထမင်းနပ်မှန်စားရရင်တောင်ကံကောင်း”
“အဲ့လိုလည်းမဟုတ်သေးဘူးလေမေမေရဲ့…”
ကျွန်မစကားမဆုံးသေးခင် မောင့်မေမေက ထပြောသည်။
“ဒီမှာရှင့် …ရှင်တို့ဘယ်လောက်ချမ်းသာနေလဲတော့ ကျွန်မမသိဘူး…ကျွန်မတို့က ဝန်ထမ်းတွေဆိုပေမယ့် ဒီသားတစ်ယောက်နဲ့ ဒီချွေးမလောက်ကတော့ အေးအေးဆေးဆေး တင်ကျွေးထားနိုင်ပါတယ်…ပြီးတော့ကျွန်မသားက ရိုးရိုးသားသား စာရေးဆရာ လုပ်စားနေတာ…သူခိုးဓားပြလဲ မဟုတ်ဘူး ဒါကိုရှင်က ဘာလို့ ဒီလောက်ဆပ်ဆပ်ထိမခံဖြစ်နေရတာလဲ…ပြောပါဦး”
“အမလေးအရပ်ကတို့ရေ ကြားလို့မှကောင်းကြသေးရဲ့လား အိမ်ပေါ်ကို ခွေးတက်ဟောင်နေတယ်တော့…”
မေမေ့ရဲ့ စကားကြောင့် မောင့် မိဘတွေ တော်တော်ဒေါသထွက်သွားကြတယ်။မောင့် ဖေဖေကလည်း
“ဒီမှာ… ခင်ဗျားလူကြီးလူကောင်းဆိုရင် ယဉ်ယဉ်ကျေးကျေးပြောပါ”
“အမလေး ရှင်တို့လို လူတွေကို ယဉ်ယဉ်ကျးကျေးပြောနေစရာ အကြောင်းကိုမရှိတာ…ရှင်တို့ကိုလည်း ဘယ်သူမှဖိတ်ထားတာမဟုတ်ဘူး…ကျွန်မအိမ်ပေါ်တက်ပြီးကျွန်မကို လာမစော်ကားနဲ့…ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲလိုက်မယ် သဘောပေါက်လား”
အခြေအနေက တဖြည်းဖြည်းတင်းမာသည်ထက်တင်းမာလာသည်။မောင့်မျက်နှာကို လှမ်းကြည့်တော့ မေမေ့ကို တော်တော်ဒေါသထွက်နေပုံရသည်။
“ဒီမှာ ကျွန်မကလည်းရှင့်လို ယဉ်ကျေးမှုမရှိ ငွေဂုဏ်မောက်နေတဲ့လူရဲ့သမီးမျိုးနဲ့ သေတောင်မပေးစားဘူး…ကျွန်မသားကို ရှင့်သမီးထက် သာတဲ့လူနဲ့ပေးစားပြမယ် စောင့်ကြည့်လိုက်”
မောင့်မေမေ ထို့သို့ပြောပြီးနောက် မောင်တို့အားလုံးထွက်သွားကြသည်။
“အမလေး ခွေးပါးစပ်က နတ်စကားထွက်လို့ ရာရာစစအေ”
“ကဲတော်ပါတော့ မေမေရယ်…သမီးတောင်းပန်ပါတယ်”
“အခုမှ လာတောင်းပန်မနေနဲ့ ညည်းကြောင့် ငါအခုလို အိမ်ပေါ်တက်ပြီးအစော်ကားခံရတာ…အဲ့ဒါညည်းသိလား”
မေမေကထိုသို့ပြောပြီး အိမ်ပေါ်ထပ်သို့တက်သွားသည်။
ရက်စက်လိုက်တာ ကံကြမ္မာရယ်…ကျွန်မကိုမှ အငြိုးထားပြီးကံဆိုးစေခဲ့တာလား………။
* * * * * * * * * *

အဲ့ဒီပြဿနာတွေဖြစ်ပြီး တစ်လလောက်အကြာမှာပဲ မောင် လက်ထပ်တော့မယ်ဆိုတဲ့ သတင်းကိုကြားလိုက်ရတယ်။
မောင် ကျွန်မကို မုန်းတီးသွားပြီထင်တယ်။ကျွန်မဆီကိုလည်းအဆက်အသွယ်မလုပ်တော့ဘူး။
ချို့ ကို တစ်ယောက်ထဲထားခဲ့တော့မှာလား မောင် ရယ်…………
ချို့ ကိုရှင်းပြခွင့်ပေးပါမောင်…
ကျွန်မ မောင့် facebook timeline ထဲဝင်ကြည့်လိုက်တော့ မောင့် လက်ထပ်ဖိတ်စာလေးတင်ထားတာကိုတွေ့လိုက်ရတယ်။
မောင်သွင်ခန့်ညား(Second years Physics) နှင့် မနေညိုရိပ် (Shwe Myanmar-Myanmar Traditional Dressing co.,ltd )
မောင့်မေမေ က သူပြောခဲ့သလိုပဲ မောင့်ကို ကျွန်မထက်သာတဲ့ မိန်းကလေးနဲ့ရအောင်ပေးစားခဲ့ပါတယ်။မိဘတွေရဲ့ အတ္တလောင်းရိပ်ကြောင့် ကျွန်မတို့နှစ်ယောက်ရဲ့ အချစ်ပန်းလေး နွမ်းကြွေခဲ့ရတော့တယ်။
တကယ်တော့ ကျွန်မကိုကအချစ်ကံခေခဲ့တာပါ။
“ဖောက်!…”
chat box က noti တက်လာသံကြားလို့ကျွန်မကြည့်လိုက်တော့ မောင့်ဆီက ဖြစ်နေတယ်။
မောင်ကျွန်မကိုပြန်ဆက်သွယ်ပြီလေ။ကျွန်မပျော်လိုက်တာ…။မောင် ကျွန်မကို ဘာပြောထားပါလိမ့်? ကျွန်မချက်ချင်းပဲ chat box ထဲဝင်ကြည့်လိုက်တယ်။
– ငါ့ရဲ့ မင်္ဂလာပွဲကို ဆက်ဆက်လာစေချင်တယ် ခက်ဆစ်ချို……
မောင်ကသူ့မင်္ဂလာပွဲကိုလာခဲ့ဖို့ကျွန်မကို တောင်းဆိုထားတဲ့ message ဖြစ်နေတယ်။
ကျွန်မ ဘာလုပ်ရမလဲ?မောင့်ဆန္ဒကိုမောင်နဲ့မသက်ဆိုင်တော့တဲ့ အချိန်ထိ ကျွန်မဖြည့်ဆည်းပေးချင်တယ်…
ဒါပေမယ့် ကျွန်မ သွားသင့်သလားပြန်စဉ်းစားတယ်။






နောက်ဆုံးတော့ ကျွန်မဆုံးဖြတ်ချက်တခုကို မျက်စိစုံမှိတ်ပြီး ချလိုက်ပါတော့တယ်။
ကျွန်မမောင့်မင်္ဂလာပွဲကို တက်မယ်…
* * * * * * * * * *

ခက်ဆစ်ချိုကို ကျွန်တော့်မင်္ဂလာပွဲတက်ဖို့ တောင်းဆိုခဲ့တာ ကျွန်တော်မှားလား မှန်လား မခွဲခြားတတ်ဘူး။
ဒါပေမယ့်ကျွန်တော့်ဘဝ အချုပ်အနှောင်ထဲမရောက်ခင်လေးမှာ ကျွန်တော်သူ့ကို တွေ့ချင်တဲ့စိတ်က ကြီးစိုးနေတယ်လေ။
ချို ကတော့ ကျွန်တော်သူ့ကို ချိုးချင်လို့ ကျွန်တော့်မင်္ဂလာပွဲကို တက်ခိုင်းတယ်လို့ထင်သွားလားတော့မသိဘူး။
မင်္ဂလာပွဲစကတည်းက ကျွန်တော်သူ့ကိုဧည့်သည်တွေကြားထဲမှာ လိုက်ရှာနေခဲ့တာ ခုချိန်ထိပဲ။သူမလာတော့ဘူးထင်တယ်။
ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ အလိုလိုသိနေတယ်။သူကျွန်တော့်ဆီကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ အရောက်လာလိမ့်မယ်။
* * * * * * * * * *

“ဟင်! ခက်ဆစ်ချို”
ဧည့်သည်တွေကို လိုက်လံဧည့်ခံနေရင်းက ကျွန်တော်သူ့ကိုတွေ့လိုက်ရတယ်။

ကျွန်တော်ထင်ထားတဲ့ အတိုင်းပဲ သူကျွန်တော့်မင်္ဂလာပွဲကို လာခဲ့ပါတယ်။
သူ့မျက်နှာက ပြုံးနေပေမယ့် သူ့မျက်ဝန်းက မျက်ရည်စတွေကိုတော့ သူထိန်းချုပ်နိုင်စွမ်းမရှိပါဘူး။
ချို ထိုင်နေတဲ့ဝိုင်းကို သွားဖို့အတွက် ကျွန်တော်ခြေလှမ်းပြင်လိုက်စဉ်မှာပဲ ကျွန်တော့်ဘောင်းဘီအိတ်ကပ်ထဲမှာထည့်ထားတဲ့ ဖုန်းက vibrate တုန်လာတယ်။
ဖုန်းကိုထုတ်ကြည့်လိုက်တော့ message တစ်စောင်ရောက်နေတယ်။
“ဟင်! ချို့ဆီကပဲ…”
သူထိုင်နေတဲ့ဝိုင်းကို မလာဖို့ စာလှမ်းပို့တာထင်တယ်…ကျွန်တော်တွေးမိတွေးရာတွေးလိုက်ပြီး message ဝင်ဖတ်လိုက်တယ်…
_ မောင်…ချို လေ မောင့်မင်္ဂလာပွဲကို မရောက်ရောက်အောင်လာခဲ့မယ်သိလား…ချိုအရမ်းချစ်ရတဲ့ မောင့်ရဲ့ဆန္ဒကို ချိုနဲ့မသက်ဆိုင်တော့တဲ့အချိန်ထိ ချို ဖြည့်ဆည်းပေးချင်လို့ပါ…ဒါပေမယ့် ချိုအခုအသက်ရှူလို့မဝတော့ဘူး မောင်ရယ်…………

ချိုသေရတော့မယ်ထင်တယ်မောင်……

ဒါပေမယ့်ချိုမကြောက်ပါဘူး……ချို တစ်ခုပဲ တောင်းဆိုပါရစေ…ချိုသေသွားခဲ့ရင်လေ မောင့်အနားမှာ ဝိဉာဉ်အဖြစ်နဲ့ ချို့ ကိုနေခွင့်ပြုပါနော်……မောင့်ကိုချစ်………………………………………
တပိုင်းတစ message ကို ဖတ်ပြီးတဲ့ အခါမှာတော့ ချိုထိုင်နေတဲ့ ဝိုင်းကို ကျွန်တော်လှမ်းကြည့်လိုက်တယ်။
“ဟာ!! ”
ခုနက ဝိုင်းမှာ ချိုမရှိတော့ဘူး…

ကျွန်တော်မျက်စိအမြင်မှားခဲ့တာလား…မဟုတ်ဘူး…ကျွန်တော်သေချာမြင်လိုက်တာပါ…
ဟင်! ဒါဆို ချို…ချို…အခု…………
ကျွန်တော် ဘာကိုမှဂရုမစိုက်တော့ပါဘူး…အားလုံးကို လျစ်လျူရှုပြီး မင်္ဂလာပွဲကနေကျွန်တော် ပြေးထွက်လာခဲ့ပါတော့တယ်…။
“ဟယ်…သတို့သား ထွက်ပြေးသွားပြီဟေ့”
“ဟဲ့ဟဲ့ လုပ်ကြပါဦး သတို့သားရူးသွားပြီထင်တယ်”
တယောက်တပေါက်အော်ဟစ်သံတို့က တဖြည်းဖြည်း ကျွန်တော့်နောက်မှာကျန်ရစ်ခဲ့ပြီးနောက်မှာတော့…
* * * * * * * * * *

(…………)မီးပွိုင့်။

လူတွေအများကြီး ဝိုင်းအုံနေကြသည်။

ရဲတွေရော။ယာဉ်ထိန်းတွေရော။ အများကြီးပဲ။
လူအုပ်ကြီးထဲကို ကျွန်တော်တိုးဝင်လိုက်တော့ ကားသုံးစီးဆင့်တိုက်ထားသည့် မြင်ကွင်းက မြင်ရက်စရာတောင်မရှိ။
အလယ်ကကားမှာ စိစိညက်ညက်ကျေနေသည်။
ကားအနားကို ကျွန်တော်သွားဖို့လုပ်တော့ ရဲတွေက ကျွန်တော့်ကို ဝိုင်းဆွဲထားကြတယ်။

ကျွန်တော့်ကိုသွားခွင့်မပြုကြဘူး။
တအောင့်လောက်ကြာတော့ ကားထဲက လူတွေကို ဆွဲထုတ်ကြပြီး လူနာတင်ယာဉ်ပေါ်ကို တင်ကြတယ်။အလယ်ကကားထဲက ကောင်မလေးတစ်ယောက်ကို ဆွဲထုတ်လိုက်တဲ့အခါမှာတော့ တော်တော်လေးကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ။
ဒါပေမယ့် အဲ့ဒီ ကောင်မလေးရဲ့ လက်ထဲမှာ ဖုန်းတလုံးနဲ့ ဓါတ်ပုံတပုံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတာ ကျွန်တော်တွေ့လိုက်ရတယ်။
ဟင်!ဒါ ချို့ဖုန်းပဲ…ဒါဆို ဒါ…ချို………ချို ဖြစ်မယ်ထင်တယ်………
“ချိုရယ် …မောင့်ကို အဲ့လောက်တောင် ချစ်သတဲ့လား ”
နေပူရှိန်ပြင်းပြင်းအောက်မှာ ရုတ်ချည်းဆိုသလိုပဲ မိုးတွေရွာချလာတယ်။ကျွန်တော့်မျက်ရည်တွေ နဲ့ မိုးရေစက်တွေ ရောထွေးကုန်ကြတယ်…ပြီးတော့ ကျွန်တော့်နားထဲမှာ စကားသံ တချို့ကို ပြန်ကြားယောင်လာတယ်………
” ငါ့အိပ်မက်ထဲမှာ ငါကကောင်မလေးတယောက်နဲ့တွဲနေတာ…အဲ့ဒီကောင်မလေးနဲ့ ငါနဲ့အရမ်းချစ်ကြတာတဲ့…ဒါပေမယ့် အဲ့ကောင်မလေးနဲ့ ငါ့ကို သူ့မိဘက သဘောမတူဘူး…ပြီးတော့ ငါကလည်း အိမ်ကအတင်းပေးစားတဲ့လူနဲ့ လက်ထပ်လိုက်ရတယ်တဲ့…အဲ့ကောင်မလေး ကတော့ ဘယ်ရောက်သွားလဲမသိဘူး…”
ကျွန်တော် ချို့ကိုပြောပြခဲ့တဲ့ ကျွန်တော့်ရဲ့ အိပ်မက်…။

ကျွန်တော် သိလိုက်ပါပြီ…

နောက်ဆုံးတော့ ကျွန်တော်သိလိုက်ရပြီ…

…………

…………………

တကယ်တော့……… ကျွန်တော်မက်ခဲ့တဲ့ အဲ့ဒီ သဘာဝလွန်အိပ်မက်က ချိုပြောခဲ့သလို ဆက်မင်းနောင်နဲ့ခက်ဆစ်ချိုတို့ရဲ့ အဖြစ်အပျက်မှ မဟုတ်ခဲ့တာ…………………………။
+++++++++++++++++++++++++++++++++
ဆက်မင်းနောင်(ရူပ) ရေးသားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဆက်မင်းနောင်(ရူပ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top