ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ေက်ာင္းေတာ္ရာ ဘုရားငါးေကြၽးဆိပ္သုိ႔ လာေရာက္သူမ်ား (ဓာတ္ပံု − မိုးေက်ာ္)
နံနက္အ႐ုဏ္ မလာမီ ေမွာင္ရီရီအခ်ိန္က စ၍ မေကြးၿမိဳ႕ ဧရာ၀တီ ျမစ္ျပင္က်ယ္ထဲတြင္ လူအျပည့္တင္ထားသည့္ ေမာ္ေတာ္မ်ား စတင္ထြက္ခြာေနၾကသည္။ ေမာ္ေတာ္ေပၚရွိ အသံခ်ဲ႕စက္ကလည္း တြံေတးသိန္းတန္သီခ်င္းကို ဖြင့္ထားသည္။ လူငယ္၊ လူရြယ္ကာလသားႏွင့္ အမ်ိဳးသမီးႀကီးငယ္တုိ႔အပါအ၀င္ တြံေတးသိန္းတန္သီခ်င္းေလးကုိ ညည္းရင္း ၾကည္ႏူးေပ်ာ္ရႊင္သည့္မ်က္ႏွာမ်ားျဖင့္ ခရီးႏွင္ေနၾကသည္။

ဧရာ၀တီျမစ္ႏွင့္ မုန္းေခ်ာင္း တို႔ဆုံစည္းရာမွ မုန္းေခ်ာင္းအ တြင္းထိခုတ္ေမာင္းကာ သူတို႔၏ ဦးတည္ရာက ၀ါတြင္းကာလတြင္ က်င္းပသည့္ ေက်ာင္းေတာ္ရာ ဘုရားပြဲသုိ႔ ဘုရားဖူးလာေသာ ငါးႀကီးမ်ားအား အစာေကြၽးမည့္ ခရီးစဥ္ျဖစ္သည္။

ယခင္က ငါးႀကီးမ်ားကို အစာေကြၽးေနစဥ္

 ေက်ာင္းေတာ္ရာ ဘုရား သည္ သမုိင္း၀င္ဘုရားတစ္ဆူ ျဖစ္သလုိ ၀ါတြင္းကာလပြဲေတာ္ ခ်ိန္ကစည္ကားလွၿပီး ပြဲေတာ္လာ ဘုရားဖူးမ်ားအေနႏွင့္ ေက်ာင္း ေတာ္ရာရွိထူးဆန္းသည့္ ဘုရား ဖူးငါးႀကီးမ်ားကုိ စိတ္၀င္စား၍ လည္းျဖစ္သည္။ အထက္ပါ ဘုရားဖူးမ်ား၏ ျမင္ကြင္းသည္ လြန္ခဲ့သည့္ ႏွစ္သုံးဆယ္ခန္႔က ေက်ာင္းေတာ္ရာ ဘုရားဖူးငါးစာ ေကြၽးၾကသူတုိ႔၏ ပုံရိပ္မ်ားသာ ျဖစ္သည္။

‘‘ေက်ာင္းေတာ္ရာဘုရားကုိ ေရွ႕ဆုံးကဦးေဆာင္လာတဲ့ ငါး ႀကီးက ေယာက်္ားႀကီးတစ္ ေယာက္အရြယ္အစားေလာက္ရွိ တယ္။ သူ႕ဦးေခါင္းမွာ ေရႊခ်ထား တယ္။ သူကဦးေဆာင္ငါးႀကီး ေပါ့’’ ဟု ေက်ာင္းေတာ္ရာဘုရား ပြဲကုိ လြန္ခဲ့သည့္ အႏွစ္သုံးဆယ္ ခန္႔က သြားခဲ့သည့္ မေကြးၿမိဳ႕ခံ အသက္ (၇၁)ႏွစ္အရြယ္ ေဒၚအ မာၾကည္ကေျပာသည္။

ၿပီးခဲ့သည့္ ဆယ္စုႏွစ္အတြင္းမွာေတာ့ ေက်ာင္းေတာ္ရာ ဘုရားပြဲေတာ္၏ အထင္ကရသေကၤတျဖစ္ေသာ ဘုရားငါးႀကီးမ်ား လာေရာက္မႈ နည္းပါးလာသည္။

၂၀၁၀ ျပည့္ႏွစ္တြင္ ဘုရားငါးႀကီးမ်ား လာေရာက္မႈက မရွိသေလာက္ျဖစ္ခဲ့ရသည္။ တစ္ေကာင္စ ႏွစ္ေကာင္စ ေတြ႕ျမင္လုိက္ရသည္ဟု ေဒသခံအခ်ိဳ႕ကေျပာၾကေသာ္လည္း ဘုရားဖူးငါးစာေကြၽးလာသည့္ ဧည့္သည္မ်ားတြက္ ငါးႀကီးမ်ားကုိ ေတြ႕ခြင့္မရေတာ့သလုိ ငါးစာေကြၽးခြင့္လည္း မရေတာ့။

ဘုရားပြဲေတာ္ခ်ိန္တြင္ ငါး ႀကီးမ်ားမလာေတာ့သည့္ အ ေၾကာင္းအခ်က္ထဲတြင္ ၎တို႔လာရာျမစ္ေၾကာင္းႏွင့္ မုန္း ေခ်ာင္းတို႔၌ ငါးဖမ္းပုိက္မ်ား သြယ္တန္းထားေသာေၾကာင့္ဟု ေဒသခံမ်ားက သုံးသပ္ေျပာဆုိၾက သည္။

‘‘ငါးႀကီးေတြက ပုိက္ေတြရွိ ရင္ သိတယ္။ ဘုရားပြဲခ်ိန္ဆုိရင္ ငါးဖမ္းပိုက္ေတြ ျဖဳတ္ေပးထားဖုိ႔ သတိေပးေလ့ရွိတယ္။ အရင္ တုန္းကေတာ့ လုိက္နာၾကေပမယ့္ အခုေခတ္က်ေတာ့ ခဏပဲျဖဳတ္ သလုိလုပ္ၿပီး ျပန္ေထာင္ထားခ်င္ လည္း ထားမွာေပါ့။ ငါးႀကီးေတြ က ပုိက္ေထာင္ထားရင္သိတယ္။ မလာေတာ့ဘူး’’ ဟု ေက်ာင္းေတာ္ရာ ေဒသခံဦးမ်ိဳးေက်ာ္က ဆုိေလသည္။

ဘုရားငါးႀကီးမ်ား မလာ ေတာ့သည္မွာ ေက်ာင္းေတာ္ရာ ေဒသခံတုိ႔အတြက္ အထူး၀မ္း နည္းေၾကကြဲဖြယ္ျဖစ္သလုိ ျမန္ မာႏုိင္ငံ၏ သဘာ၀အထင္ကရ မွတ္တုိင္တစ္ခု ေပ်ာက္ဆုံးျခင္း လည္းျဖစ္သည္။

‘‘ငါးႀကီးေတြက ဩဇာအာ ဏာနဲ႔လုပ္လုိ႔မရဘူး။ ၂၀၀၈ ေက်ာ္ေက်ာ္ေလာက္လုိ႔ ထင္ တယ္။ အစိုးရအရာရွိလာမွာမို႔လုိ႔ ဘုရားဖူးတဲ့သူေတြ ငါးစာမေကြၽး နဲ႔ဦး။ လူႀကီးလာမွလူႀကီးေကြၽးၿပီး မွ ေကြၽးရမယ္ဆုိၿပီးေတာ့ ကန္႔ သတ္လုိက္တယ္။ အဲဒီလူႀကီး လည္းလာေရာ ငါးႀကီးေတြတစ္ ေကာင္မွ မရွိေတာ့ဘူး’’ ဟု ဦးေဌး ေအာင္ကဆုိသည္။

ျမစ္ေၾကာင္းတစ္ေလွ်ာက္ ႏွင့္ မုန္းေခ်ာင္းတစ္ေလွ်ာက္တြင္ အခ်ိန္ရာသီမေရြးငါးဖမ္းျခင္း၊ ပုိက္ခ်ျခင္း၊ လွ်ပ္စစ္ေရွာ့ခ္တိုက္ ငါးဖမ္းျခင္းမ်ားက ေက်ာင္းေတာ္ ရာဘုရားငါးႀကီးမ်ား လာေရာက္ ရန္ အဟန္႔အတားျဖစ္ေစခဲ့သည္။

 ‘‘ငါးႀကီးေတြက လွ်ပ္စစ္ စက္ကြင္းေတြကုိ အေ၀းကတိုင္ သိတယ္။ လွ်ပ္စစ္ေရွာ့ခ္တိုက္ေန တာသိရင္လည္း မလာေတာ့ဘူး’’ ဟု ဦးေဌးေအာင္ကဆိုသည္။

ငါးႀကီးမ်ား မလာရျခင္းအ ေၾကာင္းရင္းမ်ားတြင္ မုန္းေခ်ာင္း၏ျမစ္ဖ်ားခံရာ အထက္ဘက္၌ မုန္းဆည္ႏွင့္ ႀကီးအုံႀကီး၀ဆည္ႀကီးမ်ား တည္ေဆာက္လုိက္ျခင္းေၾကာင့္လည္း ပါ၀င္ေၾကာင္း ေဒသခံမ်ားက သုံးသပ္သည္။

မုန္းေခ်ာင္း၏ အထက္ဘက္ တြင္ ဆည္ခံထားျခင္းေၾကာင့္ ငါး ႀကီးမ်ား လာေရာက္ခ်ိန္တြင္ ေခ်ာင္းေရသည္ ယခင္ကကဲ့သုိ႔ မဟုတ္ေတာ့ဘဲ နည္းေနျခင္း၊ ေခ်ာင္းေရေအးျမမႈမရွိဘဲ ေႏြးေန ျခင္းတို႔ကလည္း ငါးႀကီးမ်ား လာ ေရာက္ေရး အဟန္႔အတားျဖစ္ေစ ေၾကာင္း ဦးေဌးေအာင္က သုံးသပ္သည္။

လြန္ခဲ့သည့္ ႏွစ္ ၂၀ ေက်ာ္ က ဘုရားပြဲေတာ္ခ်ိန္ ၀ါဆုိလ ျပည့္ေက်ာ္လွ်င္ေတာ့ ေခါင္းတြင္ ေရႊခ်ထားသည့္ ‘ဂႏၶာမ’ (ေဒသခံ မ်ား ေပးထားသည့္နာမည္)ငါး ႀကီးကေရွ႕ဆုံးမွ ဦးေဆာင္၍ မုန္း ေခ်ာင္းတစ္ေလွ်ာက္ ေသာင္းဂ ဏန္းခန္႔ရွိသည့္ ငါးအုပ္စုႀကီးက ေရေပၚတြင္ေပၚ၍ ကူးခပ္ျခင္း ျဖင့္ သူတို႔ဘုရားဖူးေရာက္လာၾက ၿပီျဖစ္ေၾကာင္း အသိေပးၾကသည္ ဟု ေဒသခံဦးေဌးေအာင္က အ မွတ္တရျပန္ေျပာင္းေျပာျပသည္။

 ‘‘ငါးအုပ္ႀကီးရဲ႕ ေနာက္ဆုံး မွာ ျဖဴေဖြးဆုိတဲ့ငါးႀကီးပါတယ္။ သူ႔အေရာင္က ပုလဲလုိျဖဴေနတာ။ သူက ေနာက္ဆုံးကေန ေရေပၚကုိ ခုန္ခုန္ျပတယ္။ ျဖဴေဖြးငါးႀကီးက ငါးအုပ္ႀကီးရဲ႕ အပိတ္ပဲ။ သူ႕ ေနာက္မွာ သူတို႔အုပ္စုရဲ႕ ငါးမရွိ ေတာ့ဘူး။ မပါေတာ့ဘူးဆုိတာ ျပတာ’’ ဟု ဦးေဌးေအာင္ကဆုိ သည္။

၂၀၀၈ ေက်ာင္းေတာ္ရာဘု ရားပြဲခ်ိန္တြင္ေတာ့ ဘုရားဖူးလာ သည့္ငါးမ်ား၌ ဦးေဆာင္ေသာ ဦးေခါင္းတြင္ ေရႊခ်ထားသည့္ ဂႏၶာမငါးႀကီး ပါမလာေတာ့ပါ။ ထုိ႔အတူ ငါးႀကီးျဖဴေဖြးလည္း ေပ်ာက္ျခင္းမလွ ေပ်ာက္ခဲ့ရ သည္ဟုဆုိသည္။

ငါးအုပ္ႀကီး ထက္၀က္ေက်ာ္ မွ် ေလ်ာ့ပါးသြားရသလုိ ငါးအုပ္ အတြင္း ငါးႀကီးမ်ားလည္း ပါ၀င္ မႈနည္းလာခဲ့သည္ဟု ဘုရားငါး ေကြၽးဆိပ္တာ၀န္ခံ ဦးတင္၀င္းက ၎၏မွတ္တမ္းမ်ားကုိ ကုိးကား ရွင္းျပသည္။ ေက်ာင္းေတာ္ရာ ေဒသခံမ်ားအတြက္ ငါးအုပ္ႀကီး ေလ်ာ့နည္းသြားျခင္းကုိ ပထမဆုံး ရင္ဆိုင္ရသည့္ ၀မ္းနည္းဖြယ္ရာ ႏွစ္တစ္ႏွစ္ျဖစ္ခဲ့သည္။

ေက်ာင္းေတာ္ရာဘုရားသ မုိင္းတြင္ အဆုိပါငါးႀကီးမ်ားက အေရးႀကီးေသာ အခန္းက႑တြင္ ပါ၀င္ခဲ့သည္။ ၎တို႔ႏွင့္ပတ္ သက္ေသာ ပါးစပ္ရာဇ၀င္ပုံျပင္ ကလည္း ေျပာစမွတ္ျပဳေလာက္ ေအာင္ ၾကားရသူတို႔စိတ္မ၀င္စား ဘဲ မေနႏုိင္ေအာင္ပင္။ ဘုရားရွင္ လက္ထက္က ေက်ာင္းေတာ္ရာ ေဒသတြင္ ညီေနာင္ႏွစ္ပါးရွိခဲ့ရာ အစ္ကုိသည္ရေသ့ျဖစ္၍ ညီက ကုန္သည္ျဖစ္သည္ဟုဆိုသည္။

ညီျဖစ္သူကုန္သည္က စႏၵ ကူးနံ႔သာပင္မ်ားေပါက္ေရာက္ရာ ကြၽန္းသို႔ေရာက္ရွိရာတြင္ ၎အ ပင္မ်ား၏ တန္ဖုိးသည္ႀကီးမားသ ျဖင့္ ခုတ္လွဲ၍ ဧရာ၀တီျမစ္ ေၾကာင္းအတုိင္း ဆန္တက္ခဲ့ရာ ထုိကြၽန္းတြင္ရွိသည့္ စႏၵကူးနံ႔သာ ေတာအား ေစာင့္ေရွာက္ေသာ ဘီ လူးမ်ားက ေရေၾကာင္းအတိုင္း လုိက္၍ လုိက္လံဟန္႔တားေႏွာင့္ ယွက္ခဲ့သည္ဟုဆုိသည္။

ဘီလူးမ်ားလက္မွ လြတ္ရန္ ညီေတာ္က အစ္ကိုေတာ္ရေသ့ အားတိုင္တည္ခဲ့သျဖင့္ အစ္ကုိ ရေသ့ကဘုရားႂကြလာမည္ႏွင့္ အ ခြင့္အခါသင့္ေသာေၾကာင့္ ယင္း စႏၵကူးနံ႔သာပင္က ရရွိသည့္တိုင္ မ်ားျဖင့္ ဘုရားရွင္အား ေက်ာင္း ေဆာက္လွဴဒါန္းရန္ အဓိ႒ာန္ ျပဳခဲ့သည္။

ထုိ႔ေၾကာင့္ပင္ စႏၵကူးနံ႔သာ ပင္မ်ား ပိုင္ဆိုုင္သည့္ ဘီလူး ႀကီးမ်ားသည္ ၎တို႔၏ အပင္မ်ား ျဖင့္ ဘုရားရွင္အားေက်ာင္း ေဆာက္လွဴဒါန္းခြင့္ရခဲ့သလုိ ဘီ လူးအျဖစ္မွ ငါးႀကီးမ်ားအျဖစ္သုိ႔ ေရာက္ရွိ၍ ဘုရားဖူးခြင့္ရၾက သည္။

 ထုိ႔ေၾကာင့္ ငါးႀကီးတို႔၏ မ်ိဳးဆက္မ်ားလည္း ၀ါတြင္း ကာလေရာက္တုိင္း ေက်ာင္း ေတာ္ရာဘုရားႀကီးသုိ႔လာေရာက္ ၍ ဘုရားဖူးသီတင္းသီလေစာင့္ တည္ၾကသည္ဟု သမုိင္းတြင္ ရွိ ေၾကာင္း ေဒသခံမ်ားက ေျပာ သည္။

‘‘၀ါဆုိလျပည့္ေက်ာ္ တစ္ ရက္၊ ႏွစ္ရက္ေရာက္တာနဲ႔ ဧရာ ၀တီျမစ္ကေန မုန္းေခ်ာင္းထဲကုိ ၀င္လာတာပဲ။ သူတို႔စလာၿပီဆုိ တာသိေအာင္လည္း အုပ္စုလုိက္ က ေရေပၚမွာေပၚျပတယ္’’ ဟု ယခင္က ငါးႀကီးမ်ားဘုရားဖူးလာ ပုံကုိ ေက်ာင္းေတာ္ရာေဒသခံ  ဦးမ်ိဳးေက်ာ္က ေျပာျပသည္။

ယခင္က ေက်ာင္းေတာ္ရာ ဘုရားပြဲေတာ္၏ ထူးျခားခ်က္မွာ ပြဲေတာ္ခ်ိန္၀ါတြင္းသုံးလစလုံး ဘု ရားဖူးငါးႀကီးမ်ားလာေရာက္ျခင္း ျဖစ္သည္။ ငါးႀကီးမ်ားက လူမ်ား ႏွင့္ရင္းႏီွးစြာေနသလုိ ဘုရားဖူး မ်ားက ငါးစာေကြၽးလွ်င္ ပါးစပ္ ႀကီးမ်ားကုိ အသင့္ဟ၍ ေစာင့္ေန တတ္ၾကသည္။

‘‘ဘုရားဖူးငါးႀကီးေတြရွိတဲ့ အခ်ိန္မွာေတာ့ ကေလးေတြေရာ လူႀကီးေတြေရာ ဘယ္သူျဖစ္ျဖစ္ ေရထဲျပဳတ္ၾကမွာမပူနဲ႔ အဲဒီငါး ႀကီးေတြက ကုိယ္လုံး၀ုိင္းထုိးၿပီး ကမ္းေပၚကုိ ျပန္တင္ေပးတယ္’’ ဟု ေက်ာင္းေတာ္ရာေက်းရြာ ေဒသခံကုိမ်ိဳးေက်ာ္ကဆုိသည္။ေက်ာင္းေတာ္ရာဘုရားလာ ဖူးၾကသူမ်ားက ငါးႀကီးမ်ားကုိ  အ စာေကြၽးျခင္း၊ ငါးႀကီးမ်ားႏွင့္ တြဲ ဖက္၍ ဓာတ္ပုံ႐ုိက္ျခင္း၊ ငါးႀကီး မ်ားအား ၀ုိင္းခ်ီမ၍ ဓာတ္ပုံ႐ုိက္ ျခင္းတို႔ျပဳလုပ္ေလ့ရွိသည္။

ေက်ာင္းေတာ္ရာဘုရားငါး ႀကီးမ်ားသည္ ဧရာ၀တီျမစ္အတြင္း ေနထုိင္ၾကသည့္ ေရခ်ိဳငါးႀကီးအ မ်ိဳးအစားျဖစ္ၿပီး ျမစ္ေရတက္ခ်ိန္ သားေပါက္ဥခ်ခ်ိန္တြင္ မုန္း ေခ်ာင္းတစ္ေလွ်ာက္ဆန္တက္၍ ဥခ်ေလ့ရွိသည္ဟု ငါးသုေတသန ပညာရွင္မ်ားက သုံးသပ္ထား ေၾကာင္း ဧရာ၀တီအေနာက္ဖြံ႕ ၿဖိဳးတိုးတက္ေရးအဖြဲ႕ (AWDO)မွ တာ၀န္ခံဦးသန္႔ဇင္ကေျပာသည္။

ယခုကဲ့သုိ႔ ငါးႀကီးမ်ားပုံမွန္ ဘုရားပြဲေတာ္ခ်ိန္တြင္ ေရာက္မ လာေတာ့ျခင္းသည္ သဘာ၀ပတ္ ၀န္းက်င္ပ်က္စီးလာျခင္းေၾကာင့္ သာမက ေဂဟစနစ္ပ်က္စီးလာ ျခင္းေၾကာင့္ပါ ပါ၀င္ေၾကာင္း ဦးသန္႔ဇင္က သုံးသပ္သည္။

‘‘ျမစ္ေၾကာင္းေတြကုိ သဘာ ၀အတိုင္းမထိန္းသိမ္းႏုိင္ဘူး။ ျမစ္ ေၾကာင္းက က်ဥ္းလာတယ္။ ေရ လမ္းေၾကာင္းေတြ ေျပာင္းတယ္။ ကမ္းပါးေတြၿပိဳတယ္။ သဘာ၀ ပတ္၀န္းက်င္ေျပာင္းလာတယ္။ ဒါတင္မကဘူး။ ျမစ္ထဲမွာရွိေန မယ့္ မ်ိဳးေစ့ေတြ၊ သတၱ၀ါေတြက မရွိေတာ့ဘူး။ တျဖည္းျဖည္းျပဳန္း တီးလာရင္ ဒါေဂဟစနစ္ပ်က္တာ ပဲ။ အဲဒါေတြေၾကာင့္လည္း ဒီငါး ႀကီးေတြ ေရာက္မလာေတာ့တာ ပါတယ္’’ ဟု ဦးသန္႔ဇင္က ရွင္းျပသည္။

ထုိ႔အျပင္ အစုုိးရ၏ ျမစ္ ေၾကာင္းအေပၚတြင္ စီမံခန္႔ခြဲမႈ မ်ားအားနည္းသည္ဟုလည္း ၎ ကေထာက္ျပေျပာဆုိသည္။ ျမစ္ ေၾကာင္းထိန္းသိမ္းမႈတြင္ အား နည္းမႈမ်ားရွိသလုိ ျမစ္ေၾကာင္းအ တြင္း လုိက္နာရမည့္ သားေပါက္ ခ်ိန္ငါးဖမ္းပုိက္တားျခင္း၊ လွ်ပ္ စစ္ေရွာ့ခ္တိုက္ငါးဖမ္းျခင္းမ်ားျပဳ လုပ္ျခင္းအေပၚတြင္ ထိေရာက္စြာ အေရးယူေဆာင္ရြက္ႏုိင္ျခင္းမ်ား မရွိဟု ၎ကဆုိသည္။

‘‘ႏုိင္ငံစီးပြားေရးက်လာတာ လည္းပါတယ္။ ငါးသားေပါက္ ခ်ိန္မွာ ဘယ္တံငါသည္မွ ပုိက္ မတားဘူး။ မတားသင့္ဘူးဆုိတာ သူတို႔က ပုိသိတယ္။ အရင္က တံငါသည္ေတြက ငါးအႀကီးႀကီး မိၿပီဆုိရင္ ျပန္လႊတ္ေပးၾကတဲ့ ဓေလ့ရွိတယ္။ အခုက စီးပြားေရး ကက် ဆင္းရဲၾကေတာ့ ဒါေတြကုိ မေရွာင္ႏုိင္ေတာ့ဘူး။ ႐ုိးရာဓေလ့ ေတြပ်က္လာတယ္’’ ဟုဦးသန္႔ဇင္ က ေျပာသည္။

ငါးႀကီးမ်ား ေပ်ာက္ဆုံးေန ျခင္းအေပၚ ေဒသခံလူႀကီးမ်ား၏ အျမင္ကလည္း ကြဲျပားမႈမ်ားစြာရွိ ေနသည္။

‘‘အရင္တုန္းက ငါးေကြၽး ဆိပ္ဆုိတာ ေခ်ာင္းအတုိင္းပဲ။ ေခ်ာင္းသလဲ ေခ်ာင္းကမ္းပါးယံပဲ ရွိတာ။ ေခ်ာင္းစပ္ေျပတဲ့ေနရာ ေတြဆုိလည္း ငါးႀကီးေတြက လာ လုိ႔ရတယ္။ ကမ္းစပ္ထိေအာင္ ကုိယ္လုံးထုိး တက္ျပတယ္။ ေနာက္ပုိင္းငါးေကြၽးဆိပ္ဆုိၿပီး ေတာ့ အုတ္ခုံေတြ ကြန္ကရစ္ေတြ နဲ႔လုပ္ပစ္လုိက္ေတာ့ ငါးႀကီးေတြ ကကြန္ကရစ္ေတြနဲ႔ သူတို႔ဗုိက္နဲ႔ ထိတာကုိ မခံႏုိင္ဘူး။ သူတုိ႔ရဲ႕ သဘာ၀အေနအထား ေျပာင္း သြားတာလည္း ပါတယ္’’ ဟု ေက်ာင္းေတာ္ရာေဒသခံဦးသန္း လႈိင္က ၎၏အျမင္ကုိေျပာသည္။

ယခုအခါတြင္ ေက်ာင္း ေတာ္ရာငါးႀကီးမ်ား၏ အမူအ က်င့္ႏွင့္ ခ်စ္ခင္ႏွစ္သက္ဖြယ္ပုံ ပန္းသဏၭာန္တို႔အေၾကာင္းကုိ ဘု ရားပြဲေတာ္ခ်ိန္လာေရာက္သည့္ ဘုရားဖူးမ်ားအား ေဒသခံမ်ားက ျပန္လည္ေျပာျပရသည့္ အေျခအ ေနသုိ႔ေရာက္ခဲ့သည္။ ေရတြင္ မေတြ႕ရေတာ့ေသာ ငါးႀကီးမ်ား ကုိ ကုန္းေပၚရွိ မွတ္တမ္းဓာတ္ပုံ မ်ားထဲတြင္သာ ေတြ႕ျမင္ၾကရ ေတာ့သည္။

ထုိ႔အျပင္ ယခင္က ငါးစာ အျဖစ္ မင္းကုသမုန္႔၊ ထန္းသီး မုန္႔ကဲ့သုိ႔ ေဒသတြင္းမုန္႔မ်ားအား ေကြၽးေမြးခဲ့ၿပီး ေနာက္ပိုင္းတြင္ ယင္းမုန္႔မ်ားေကြၽးေမြးျခင္းကုိ ေဂါပကက ခြင့္ျပဳျခင္းမရွိေတာ့ဘဲ ဖြဲလုံးမ်ားကိုသာ ေကြၽးေမြးခြင့္ေပး ခဲ့ျခင္းေၾကာင့္လည္း ငါးႀကီးမ်ား အလာနည္းရျခင္းျဖစ္သည္ဟု လည္း ေဒသခံအခ်ိဳ႕ကေျပာသည္။

‘‘ငါးႀကီးေတြက ေရေပၚမွာ ေပၚေပးတယ္။ သူတို႔ပါးစပ္ႀကီး ေတြကုိဟထားရင္ အစာထည့္တဲ့ လက္မ႐ုပ္မခ်င္းပါးစပ္ကုိမပိတ္ ပစ္ဘူး။ လူေတြက ဖက္ၾက မခ်ီ ၾကရင္လည္း သူတို႔ဆူးေတာင္ ေတြကုိ အုပ္ေပးထားတယ္။ လူ ေတြကုိ မစူးေအာင္ေပါ့’’ ဟု ေဒၚ အမာၾကည္က ေျပာသည္။

ဘုရားဖူးငါးႀကီးမ်ားသည္ ဘုရားဖူးလာသူမ်ား ေကြၽးေမြးသည့္ ငါးစာမ်ားကုိ အုပ္စုလုိက္လာ ေရာက္စားေသာက္ၾကသလုိ လူမ်ားႏွင့္လည္း ရင္းႏီွးစြာေနၾက သည္။ သုိ႔ေသာ္ ဥပုသ္ေန႔တြင္ေတာ့ တစ္ေန႔လုံးအစာေကြၽး၍ မရေတာ့ဟု ဦးတင္၀င္းက ရွင္းျပသည္။

သုိ႔ေသာ္ ၿပီးခဲ့သည့္ ႏွစ္ ၂၀ ေက်ာ္မွစ၍ ေက်ာင္းေတာ္ရာ ဘုရားပြဲေတာ္ခ်ိန္တြင္ မပ်က္ မကြက္ေရာက္ လာေလ့ရွိေသာ ဘုရားငါးႀကီးမ်ား မလာေရာက္ ေတာ့ေပ။

‘‘ေက်ာင္းေတာ္ရာဘုရားဖူး လာတဲ့ကေလးေတြကုိ အားနာဖုိ႔ ေကာင္းလုိက္တာ စိတ္မေကာင္း လည္းျဖစ္ရတယ္။ သူတို႔ငါးႀကီး ေတြကုိ ေတြ႕ခ်င္ေပမယ့္ မေတြ႕ ၾကေတာ့ မျမင္ၾကရဘူး’’ ဟု အသက္ (၆၀)ခန္႔ရွိ ေက်ာင္းေတာ္ရာ ေဒသခံဦးသန္းလႈိင္က စိတ္မေကာင္းစြာေျပာသည္။

သုိ႔ေသာ္ ေဒသခံမ်ားအ တြက္ အသက္႐ွဴေခ်ာင္ရသည္က ဘုရားဖူးငါးႀကီးမ်ား မရွိေတာ့ ေသာ္လည္း ေက်ာင္းေတာ္ရာ ဘုရားပြဲေတာ္၏ စည္ကားမႈက ေတာ့ ေလ်ာ့က်မသြားသည့္အ ျပင္ ယခင္ဆယ္စုႏွစ္ကထက္ပင္ ပုိ၍စည္ကားလာခဲ့သည္။ လမ္း ပန္းဆက္သြယ္ေရးေကာင္းလာ သည္က အဓိကအခ်က္ျဖစ္ၿပီး ငါးႀကီးမ်ားကုိ မျမင္ဖူးၾကသူမ်ား က မွတ္တမ္းတင္ထားသည့္ဓာတ္ပံုမ်ားကုိ ၾကည့္ၾကသည္။

ဘုရားပြဲဓေလ့ အုိးပုတ္၊ ခ်ိဳး ႐ုပ္တို႔အမွတ္တရ၀ယ္ၾကသည္။ ေဒသခံကေလးငယ္တို႔က ၾကာ ဖူး၊ ၾကာႏြယ္၊ ၾကာ႐ုိးတို႔ကုိ ဘုရားဖူးမ်ားအား လက္ေဆာင္ ေပးၾကသည္။ ႐ုိးရာဓေလ့အစား အစာမ်ားျဖစ္ၾကသည့္ ၀က္ေျမဥ၊ ထန္းသီးမုန္႔၊ မုန္႔လုံးေရေပၚတုိ႔ လည္း ေရာင္းခ်ရၿမဲျဖစ္သည္။ ေက်ာင္းေတာ္ရာဘုရား၏ အ ထင္ကရျဖစ္သည့္ သစ္သားဇရပ္ ႀကီးမ်ားက ရပ္ေ၀းမွ ဘုရားဖူး ဧည့္သည္မ်ားအတြက္ နားခုိရာ ပင္ျဖစ္သည္။

ယခုႏွစ္ ၀ါေခါင္လျပည့္ေန႔ မွာေတာ့ ေက်ာင္းေတာ္ရာေဒသ ခံတို႔အၾကား ငါးႀကီးမ်ားႏွင့္ပတ္ သက္၍ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ ေလးသန္းလာခဲ့သည္။

‘‘မနက္အ႐ုဏ္တက္ခ်ိန္ ေလာက္မွာ ငါးႀကီး ၁၀ ေကာင္ ေလာက္ကုိျမင္လုိက္ရတယ္’’ ဟု ဦးမ်ိဳးေက်ာ္က ေျပာသည္။

ေက်ာင္းေတာ္ရာေဒသခံတို႔ အတြက္ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ သတင္းထူးတစ္ခုျဖစ္သည္။ ထုိ႔ ေၾကာင့္ပင္ ငါးႀကီးမ်ား၏သေဘာ  သဘာ၀ကုိ နားလည္သိကြၽမ္းသည့္ ေဒသခံမ်ားက ငါးႀကီးမ်ားကုိ ရွာေဖြေနၾကဆဲ ေမွ်ာ္ေနၾကဆဲ...။

ေက်ာင္းေတာ္ရာဘုရားပြဲ တြင္ ဘုရားငါးႀကီးမ်ားကုိ မေတြ႕ ရေတာ့ေသာ္လည္း ဘုရားငါး ေကြၽးဆိပ္ကုိေတာ့ ဘုရားဖူးတို႔က အမွတ္တရသြားၾကည့္ၾကသည္။ ငါးႀကီးေတြေပၚလာႏုိးေစာင့္ေမွ်ာ္ ၾကပါသည္။။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ကျောင်းတော်ရာ ဘုရားငါးကျွေးဆိပ်သို့ လာရောက်သူများ (ဓာတ်ပုံ − မိုးကျော်)

နံနက်အရုဏ် မလာမီ မှောင်ရီရီအချိန်က စ၍ မကွေးမြို့ ဧရာဝတီ မြစ်ပြင်ကျယ်ထဲတွင် လူအပြည့်တင်ထားသည့် မော်တော်များ စတင်ထွက်ခွာနေကြသည်။ မော်တော်ပေါ်ရှိ အသံချဲ့စက်ကလည်း တွံတေးသိန်းတန်သီချင်းကို ဖွင့်ထားသည်။ လူငယ်၊ လူရွယ်ကာလသားနှင့် အမျိုးသမီးကြီးငယ်တို့အပါအဝင် တွံတေးသိန်းတန်သီချင်းလေးကို ညည်းရင်း ကြည်နူးပျော်ရွှင်သည့်မျက်နှာများဖြင့် ခရီးနှင်နေကြသည်။

ဧရာဝတီမြစ်နှင့် မုန်းချောင်း တို့ဆုံစည်းရာမှ မုန်းချောင်းအ တွင်းထိခုတ်မောင်းကာ သူတို့၏ ဦးတည်ရာက ဝါတွင်းကာလတွင် ကျင်းပသည့် ကျောင်းတော်ရာ ဘုရားပွဲသို့ ဘုရားဖူးလာသော ငါးကြီးများအား အစာကျွေးမည့် ခရီးစဉ်ဖြစ်သည်။

ယခင်က ငါးကြီးများကို အစာကျွေးနေစဉ်

 ကျောင်းတော်ရာ ဘုရား သည် သမိုင်းဝင်ဘုရားတစ်ဆူ ဖြစ်သလို ဝါတွင်းကာလပွဲတော် ချိန်ကစည်ကားလှပြီး ပွဲတော်လာ ဘုရားဖူးများအနေနှင့် ကျောင်း တော်ရာရှိထူးဆန်းသည့် ဘုရား ဖူးငါးကြီးများကို စိတ်ဝင်စား၍ လည်းဖြစ်သည်။ အထက်ပါ ဘုရားဖူးများ၏ မြင်ကွင်းသည် လွန်ခဲ့သည့် နှစ်သုံးဆယ်ခန့်က ကျောင်းတော်ရာ ဘုရားဖူးငါးစာ ကျွေးကြသူတို့၏ ပုံရိပ်များသာ ဖြစ်သည်။

‘‘ကျောင်းတော်ရာဘုရားကို ရှေ့ဆုံးကဦးဆောင်လာတဲ့ ငါး ကြီးက ယောကျ်ားကြီးတစ် ယောက်အရွယ်အစားလောက်ရှိ တယ်။ သူ့ဦးခေါင်းမှာ ရွှေချထား တယ်။ သူကဦးဆောင်ငါးကြီး ပေါ့’’ ဟု ကျောင်းတော်ရာဘုရား ပွဲကို လွန်ခဲ့သည့် အနှစ်သုံးဆယ် ခန့်က သွားခဲ့သည့် မကွေးမြို့ခံ အသက် (၇၁)နှစ်အရွယ် ဒေါ်အ မာကြည်ကပြောသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်းမှာတော့ ကျောင်းတော်ရာ ဘုရားပွဲတော်၏ အထင်ကရသင်္ကေတဖြစ်သော ဘုရားငါးကြီးများ လာရောက်မှု နည်းပါးလာသည်။

၂၀၁၀ ပြည့်နှစ်တွင် ဘုရားငါးကြီးများ လာရောက်မှုက မရှိသလောက်ဖြစ်ခဲ့ရသည်။ တစ်ကောင်စ နှစ်ကောင်စ တွေ့မြင်လိုက်ရသည်ဟု ဒေသခံအချို့ကပြောကြသော်လည်း ဘုရားဖူးငါးစာကျွေးလာသည့် ဧည့်သည်များတွက် ငါးကြီးများကို တွေ့ခွင့်မရတော့သလို ငါးစာကျွေးခွင့်လည်း မရတော့။

ဘုရားပွဲတော်ချိန်တွင် ငါး ကြီးများမလာတော့သည့် အ ကြောင်းအချက်ထဲတွင် ၎င်းတို့လာရာမြစ်ကြောင်းနှင့် မုန်း ချောင်းတို့၌ ငါးဖမ်းပိုက်များ သွယ်တန်းထားသောကြောင့်ဟု ဒေသခံများက သုံးသပ်ပြောဆိုကြ သည်။

‘‘ငါးကြီးတွေက ပိုက်တွေရှိ ရင် သိတယ်။ ဘုရားပွဲချိန်ဆိုရင် ငါးဖမ်းပိုက်တွေ ဖြုတ်ပေးထားဖို့ သတိပေးလေ့ရှိတယ်။ အရင် တုန်းကတော့ လိုက်နာကြပေမယ့် အခုခေတ်ကျတော့ ခဏပဲဖြုတ် သလိုလုပ်ပြီး ပြန်ထောင်ထားချင် လည်း ထားမှာပေါ့။ ငါးကြီးတွေ က ပိုက်ထောင်ထားရင်သိတယ်။ မလာတော့ဘူး’’ ဟု ကျောင်းတော်ရာ ဒေသခံဦးမျိုးကျော်က ဆိုလေသည်။

ဘုရားငါးကြီးများ မလာ တော့သည်မှာ ကျောင်းတော်ရာ ဒေသခံတို့အတွက် အထူးဝမ်း နည်းကြေကွဲဖွယ်ဖြစ်သလို မြန် မာနိုင်ငံ၏ သဘာဝအထင်ကရ မှတ်တိုင်တစ်ခု ပျောက်ဆုံးခြင်း လည်းဖြစ်သည်။

‘‘ငါးကြီးတွေက ဩဇာအာ ဏာနဲ့လုပ်လို့မရဘူး။ ၂၀၀၈ ကျော်ကျော်လောက်လို့ ထင် တယ်။ အစိုးရအရာရှိလာမှာမို့လို့ ဘုရားဖူးတဲ့သူတွေ ငါးစာမကျွေး နဲ့ဦး။ လူကြီးလာမှလူကြီးကျွေးပြီး မှ ကျွေးရမယ်ဆိုပြီးတော့ ကန့် သတ်လိုက်တယ်။ အဲဒီလူကြီး လည်းလာရော ငါးကြီးတွေတစ် ကောင်မှ မရှိတော့ဘူး’’ ဟု ဦးဌေး အောင်ကဆိုသည်။

မြစ်ကြောင်းတစ်လျှောက် နှင့် မုန်းချောင်းတစ်လျှောက်တွင် အချိန်ရာသီမရွေးငါးဖမ်းခြင်း၊ ပိုက်ချခြင်း၊ လျှပ်စစ်ရှော့ခ်တိုက် ငါးဖမ်းခြင်းများက ကျောင်းတော် ရာဘုရားငါးကြီးများ လာရောက် ရန် အဟန့်အတားဖြစ်စေခဲ့သည်။

 ‘‘ငါးကြီးတွေက လျှပ်စစ် စက်ကွင်းတွေကို အဝေးကတိုင် သိတယ်။ လျှပ်စစ်ရှော့ခ်တိုက်နေ တာသိရင်လည်း မလာတော့ဘူး’’ ဟု ဦးဌေးအောင်ကဆိုသည်။

ငါးကြီးများ မလာရခြင်းအ ကြောင်းရင်းများတွင် မုန်းချောင်း၏မြစ်ဖျားခံရာ အထက်ဘက်၌ မုန်းဆည်နှင့် ကြီးအုံကြီးဝဆည်ကြီးများ တည်ဆောက်လိုက်ခြင်းကြောင့်လည်း ပါဝင်ကြောင်း ဒေသခံများက သုံးသပ်သည်။

မုန်းချောင်း၏ အထက်ဘက် တွင် ဆည်ခံထားခြင်းကြောင့် ငါး ကြီးများ လာရောက်ချိန်တွင် ချောင်းရေသည် ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ နည်းနေခြင်း၊ ချောင်းရေအေးမြမှုမရှိဘဲ နွေးနေ ခြင်းတို့ကလည်း ငါးကြီးများ လာ ရောက်ရေး အဟန့်အတားဖြစ်စေ ကြောင်း ဦးဌေးအောင်က သုံးသပ်သည်။

လွန်ခဲ့သည့် နှစ် ၂၀ ကျော် က ဘုရားပွဲတော်ချိန် ဝါဆိုလ ပြည့်ကျော်လျှင်တော့ ခေါင်းတွင် ရွှေချထားသည့် ‘ဂန္ဓာမ’ (ဒေသခံ များ ပေးထားသည့်နာမည်)ငါး ကြီးကရှေ့ဆုံးမှ ဦးဆောင်၍ မုန်း ချောင်းတစ်လျှောက် သောင်းဂ ဏန်းခန့်ရှိသည့် ငါးအုပ်စုကြီးက ရေပေါ်တွင်ပေါ်၍ ကူးခပ်ခြင်း ဖြင့် သူတို့ဘုရားဖူးရောက်လာကြ ပြီဖြစ်ကြောင်း အသိပေးကြသည် ဟု ဒေသခံဦးဌေးအောင်က အ မှတ်တရပြန်ပြောင်းပြောပြသည်။

 ‘‘ငါးအုပ်ကြီးရဲ့ နောက်ဆုံး မှာ ဖြူဖွေးဆိုတဲ့ငါးကြီးပါတယ်။ သူ့အရောင်က ပုလဲလိုဖြူနေတာ။ သူက နောက်ဆုံးကနေ ရေပေါ်ကို ခုန်ခုန်ပြတယ်။ ဖြူဖွေးငါးကြီးက ငါးအုပ်ကြီးရဲ့ အပိတ်ပဲ။ သူ့ နောက်မှာ သူတို့အုပ်စုရဲ့ ငါးမရှိ တော့ဘူး။ မပါတော့ဘူးဆိုတာ ပြတာ’’ ဟု ဦးဌေးအောင်ကဆို သည်။

၂၀၀၈ ကျောင်းတော်ရာဘု ရားပွဲချိန်တွင်တော့ ဘုရားဖူးလာ သည့်ငါးများ၌ ဦးဆောင်သော ဦးခေါင်းတွင် ရွှေချထားသည့် ဂန္ဓာမငါးကြီး ပါမလာတော့ပါ။ ထို့အတူ ငါးကြီးဖြူဖွေးလည်း ပျောက်ခြင်းမလှ ပျောက်ခဲ့ရ သည်ဟုဆိုသည်။

ငါးအုပ်ကြီး ထက်ဝက်ကျော် မျှ လျော့ပါးသွားရသလို ငါးအုပ် အတွင်း ငါးကြီးများလည်း ပါဝင် မှုနည်းလာခဲ့သည်ဟု ဘုရားငါး ကျွေးဆိပ်တာဝန်ခံ ဦးတင်ဝင်းက ၎င်း၏မှတ်တမ်းများကို ကိုးကား ရှင်းပြသည်။ ကျောင်းတော်ရာ ဒေသခံများအတွက် ငါးအုပ်ကြီး လျော့နည်းသွားခြင်းကို ပထမဆုံး ရင်ဆိုင်ရသည့် ဝမ်းနည်းဖွယ်ရာ နှစ်တစ်နှစ်ဖြစ်ခဲ့သည်။

ကျောင်းတော်ရာဘုရားသ မိုင်းတွင် အဆိုပါငါးကြီးများက အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။ ၎င်းတို့နှင့်ပတ် သက်သော ပါးစပ်ရာဇဝင်ပုံပြင် ကလည်း ပြောစမှတ်ပြုလောက် အောင် ကြားရသူတို့စိတ်မဝင်စား ဘဲ မနေနိုင်အောင်ပင်။ ဘုရားရှင် လက်ထက်က ကျောင်းတော်ရာ ဒေသတွင် ညီနောင်နှစ်ပါးရှိခဲ့ရာ အစ်ကိုသည်ရသေ့ဖြစ်၍ ညီက ကုန်သည်ဖြစ်သည်ဟုဆိုသည်။

ညီဖြစ်သူကုန်သည်က စန္ဒ ကူးနံ့သာပင်များပေါက်ရောက်ရာ ကျွန်းသို့ရောက်ရှိရာတွင် ၎င်းအ ပင်များ၏ တန်ဖိုးသည်ကြီးမားသ ဖြင့် ခုတ်လှဲ၍ ဧရာဝတီမြစ် ကြောင်းအတိုင်း ဆန်တက်ခဲ့ရာ ထိုကျွန်းတွင်ရှိသည့် စန္ဒကူးနံ့သာ တောအား စောင့်ရှောက်သော ဘီ လူးများက ရေကြောင်းအတိုင်း လိုက်၍ လိုက်လံဟန့်တားနှောင့် ယှက်ခဲ့သည်ဟုဆိုသည်။

ဘီလူးများလက်မှ လွတ်ရန် ညီတော်က အစ်ကိုတော်ရသေ့ အားတိုင်တည်ခဲ့သဖြင့် အစ်ကို ရသေ့ကဘုရားကြွလာမည်နှင့် အ ခွင့်အခါသင့်သောကြောင့် ယင်း စန္ဒကူးနံ့သာပင်က ရရှိသည့်တိုင် များဖြင့် ဘုရားရှင်အား ကျောင်း ဆောက်လှူဒါန်းရန် အဓိဋ္ဌာန် ပြုခဲ့သည်။

ထို့ကြောင့်ပင် စန္ဒကူးနံ့သာ ပင်များ ပိုင်ဆိုုင်သည့် ဘီလူး ကြီးများသည် ၎င်းတို့၏ အပင်များ ဖြင့် ဘုရားရှင်အားကျောင်း ဆောက်လှူဒါန်းခွင့်ရခဲ့သလို ဘီ လူးအဖြစ်မှ ငါးကြီးများအဖြစ်သို့ ရောက်ရှိ၍ ဘုရားဖူးခွင့်ရကြ သည်။

 ထို့ကြောင့် ငါးကြီးတို့၏ မျိုးဆက်များလည်း ဝါတွင်း ကာလရောက်တိုင်း ကျောင်း တော်ရာဘုရားကြီးသို့လာရောက် ၍ ဘုရားဖူးသီတင်းသီလစောင့် တည်ကြသည်ဟု သမိုင်းတွင် ရှိ ကြောင်း ဒေသခံများက ပြော သည်။

‘‘ဝါဆိုလပြည့်ကျော် တစ် ရက်၊ နှစ်ရက်ရောက်တာနဲ့ ဧရာ ဝတီမြစ်ကနေ မုန်းချောင်းထဲကို ဝင်လာတာပဲ။ သူတို့စလာပြီဆို တာသိအောင်လည်း အုပ်စုလိုက် က ရေပေါ်မှာပေါ်ပြတယ်’’ ဟု ယခင်က ငါးကြီးများဘုရားဖူးလာ ပုံကို ကျောင်းတော်ရာဒေသခံ  ဦးမျိုးကျော်က ပြောပြသည်။

ယခင်က ကျောင်းတော်ရာ ဘုရားပွဲတော်၏ ထူးခြားချက်မှာ ပွဲတော်ချိန်ဝါတွင်းသုံးလစလုံး ဘု ရားဖူးငါးကြီးများလာရောက်ခြင်း ဖြစ်သည်။ ငါးကြီးများက လူများ နှင့်ရင်းနှီးစွာနေသလို ဘုရားဖူး များက ငါးစာကျွေးလျှင် ပါးစပ် ကြီးများကို အသင့်ဟ၍ စောင့်နေ တတ်ကြသည်။

‘‘ဘုရားဖူးငါးကြီးတွေရှိတဲ့ အချိန်မှာတော့ ကလေးတွေရော လူကြီးတွေရော ဘယ်သူဖြစ်ဖြစ် ရေထဲပြုတ်ကြမှာမပူနဲ့ အဲဒီငါး ကြီးတွေက ကိုယ်လုံးဝိုင်းထိုးပြီး ကမ်းပေါ်ကို ပြန်တင်ပေးတယ်’’ ဟု ကျောင်းတော်ရာကျေးရွာ ဒေသခံကိုမျိုးကျော်ကဆိုသည်။ကျောင်းတော်ရာဘုရားလာ ဖူးကြသူများက ငါးကြီးများကို  အ စာကျွေးခြင်း၊ ငါးကြီးများနှင့် တွဲ ဖက်၍ ဓာတ်ပုံရိုက်ခြင်း၊ ငါးကြီး များအား ဝိုင်းချီမ၍ ဓာတ်ပုံရိုက် ခြင်းတို့ပြုလုပ်လေ့ရှိသည်။

ကျောင်းတော်ရာဘုရားငါး ကြီးများသည် ဧရာဝတီမြစ်အတွင်း နေထိုင်ကြသည့် ရေချိုငါးကြီးအ မျိုးအစားဖြစ်ပြီး မြစ်ရေတက်ချိန် သားပေါက်ဥချချိန်တွင် မုန်း ချောင်းတစ်လျှောက်ဆန်တက်၍ ဥချလေ့ရှိသည်ဟု ငါးသုတေသန ပညာရှင်များက သုံးသပ်ထား ကြောင်း ဧရာဝတီအနောက်ဖွံ့ ဖြိုးတိုးတက်ရေးအဖွဲ့ (AWDO)မှ တာဝန်ခံဦးသန့်ဇင်ကပြောသည်။

ယခုကဲ့သို့ ငါးကြီးများပုံမှန် ဘုရားပွဲတော်ချိန်တွင် ရောက်မ လာတော့ခြင်းသည် သဘာဝပတ် ဝန်းကျင်ပျက်စီးလာခြင်းကြောင့် သာမက ဂေဟစနစ်ပျက်စီးလာ ခြင်းကြောင့်ပါ ပါဝင်ကြောင်း ဦးသန့်ဇင်က သုံးသပ်သည်။

‘‘မြစ်ကြောင်းတွေကို သဘာ ဝအတိုင်းမထိန်းသိမ်းနိုင်ဘူး။ မြစ် ကြောင်းက ကျဉ်းလာတယ်။ ရေ လမ်းကြောင်းတွေ ပြောင်းတယ်။ ကမ်းပါးတွေပြိုတယ်။ သဘာ၀ ပတ်ဝန်းကျင်ပြောင်းလာတယ်။ ဒါတင်မကဘူး။ မြစ်ထဲမှာရှိနေ မယ့် မျိုးစေ့တွေ၊ သတ္တဝါတွေက မရှိတော့ဘူး။ တဖြည်းဖြည်းပြုန်း တီးလာရင် ဒါဂေဟစနစ်ပျက်တာ ပဲ။ အဲဒါတွေကြောင့်လည်း ဒီငါး ကြီးတွေ ရောက်မလာတော့တာ ပါတယ်’’ ဟု ဦးသန့်ဇင်က ရှင်းပြသည်။

ထို့အပြင် အစိုုးရ၏ မြစ် ကြောင်းအပေါ်တွင် စီမံခန့်ခွဲမှု များအားနည်းသည်ဟုလည်း ၎င်း ကထောက်ပြပြောဆိုသည်။ မြစ် ကြောင်းထိန်းသိမ်းမှုတွင် အား နည်းမှုများရှိသလို မြစ်ကြောင်းအ တွင်း လိုက်နာရမည့် သားပေါက် ချိန်ငါးဖမ်းပိုက်တားခြင်း၊ လျှပ် စစ်ရှော့ခ်တိုက်ငါးဖမ်းခြင်းများပြု လုပ်ခြင်းအပေါ်တွင် ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ခြင်းများ မရှိဟု ၎င်းကဆိုသည်။

‘‘နိုင်ငံစီးပွားရေးကျလာတာ လည်းပါတယ်။ ငါးသားပေါက် ချိန်မှာ ဘယ်တံငါသည်မှ ပိုက် မတားဘူး။ မတားသင့်ဘူးဆိုတာ သူတို့က ပိုသိတယ်။ အရင်က တံငါသည်တွေက ငါးအကြီးကြီး မိပြီဆိုရင် ပြန်လွှတ်ပေးကြတဲ့ ဓလေ့ရှိတယ်။ အခုက စီးပွားရေး ကကျ ဆင်းရဲကြတော့ ဒါတွေကို မရှောင်နိုင်တော့ဘူး။ ရိုးရာဓလေ့ တွေပျက်လာတယ်’’ ဟုဦးသန့်ဇင် က ပြောသည်။

ငါးကြီးများ ပျောက်ဆုံးနေ ခြင်းအပေါ် ဒေသခံလူကြီးများ၏ အမြင်ကလည်း ကွဲပြားမှုများစွာရှိ နေသည်။

‘‘အရင်တုန်းက ငါးကျွေး ဆိပ်ဆိုတာ ချောင်းအတိုင်းပဲ။ ချောင်းသလဲ ချောင်းကမ်းပါးယံပဲ ရှိတာ။ ချောင်းစပ်ပြေတဲ့နေရာ တွေဆိုလည်း ငါးကြီးတွေက လာ လို့ရတယ်။ ကမ်းစပ်ထိအောင် ကိုယ်လုံးထိုး တက်ပြတယ်။ နောက်ပိုင်းငါးကျွေးဆိပ်ဆိုပြီး တော့ အုတ်ခုံတွေ ကွန်ကရစ်တွေ နဲ့လုပ်ပစ်လိုက်တော့ ငါးကြီးတွေ ကကွန်ကရစ်တွေနဲ့ သူတို့ဗိုက်နဲ့ ထိတာကို မခံနိုင်ဘူး။ သူတို့ရဲ့ သဘာဝအနေအထား ပြောင်း သွားတာလည်း ပါတယ်’’ ဟု ကျောင်းတော်ရာဒေသခံဦးသန်း လှိုင်က ၎င်း၏အမြင်ကိုပြောသည်။

ယခုအခါတွင် ကျောင်း တော်ရာငါးကြီးများ၏ အမူအ ကျင့်နှင့် ချစ်ခင်နှစ်သက်ဖွယ်ပုံ ပန်းသဏ္ဌာန်တို့အကြောင်းကို ဘု ရားပွဲတော်ချိန်လာရောက်သည့် ဘုရားဖူးများအား ဒေသခံများက ပြန်လည်ပြောပြရသည့် အခြေအ နေသို့ရောက်ခဲ့သည်။ ရေတွင် မတွေ့ရတော့သော ငါးကြီးများ ကို ကုန်းပေါ်ရှိ မှတ်တမ်းဓာတ်ပုံ များထဲတွင်သာ တွေ့မြင်ကြရ တော့သည်။

ထို့အပြင် ယခင်က ငါးစာ အဖြစ် မင်းကုသမုန့်၊ ထန်းသီး မုန့်ကဲ့သို့ ဒေသတွင်းမုန့်များအား ကျွေးမွေးခဲ့ပြီး နောက်ပိုင်းတွင် ယင်းမုန့်များကျွေးမွေးခြင်းကို ဂေါပကက ခွင့်ပြုခြင်းမရှိတော့ဘဲ ဖွဲလုံးများကိုသာ ကျွေးမွေးခွင့်ပေး ခဲ့ခြင်းကြောင့်လည်း ငါးကြီးများ အလာနည်းရခြင်းဖြစ်သည်ဟု လည်း ဒေသခံအချို့ကပြောသည်။

‘‘ငါးကြီးတွေက ရေပေါ်မှာ ပေါ်ပေးတယ်။ သူတို့ပါးစပ်ကြီး တွေကိုဟထားရင် အစာထည့်တဲ့ လက်မရုပ်မချင်းပါးစပ်ကိုမပိတ် ပစ်ဘူး။ လူတွေက ဖက်ကြ မချီ ကြရင်လည်း သူတို့ဆူးတောင် တွေကို အုပ်ပေးထားတယ်။ လူ တွေကို မစူးအောင်ပေါ့’’ ဟု ဒေါ် အမာကြည်က ပြောသည်။

ဘုရားဖူးငါးကြီးများသည် ဘုရားဖူးလာသူများ ကျွေးမွေးသည့် ငါးစာများကို အုပ်စုလိုက်လာ ရောက်စားသောက်ကြသလို လူများနှင့်လည်း ရင်းနှီးစွာနေကြ သည်။ သို့သော် ဥပုသ်နေ့တွင်တော့ တစ်နေ့လုံးအစာကျွေး၍ မရတော့ဟု ဦးတင်ဝင်းက ရှင်းပြသည်။

သို့သော် ပြီးခဲ့သည့် နှစ် ၂၀ ကျော်မှစ၍ ကျောင်းတော်ရာ ဘုရားပွဲတော်ချိန်တွင် မပျက် မကွက်ရောက် လာလေ့ရှိသော ဘုရားငါးကြီးများ မလာရောက် တော့ပေ။

‘‘ကျောင်းတော်ရာဘုရားဖူး လာတဲ့ကလေးတွေကို အားနာဖို့ ကောင်းလိုက်တာ စိတ်မကောင်း လည်းဖြစ်ရတယ်။ သူတို့ငါးကြီး တွေကို တွေ့ချင်ပေမယ့် မတွေ့ ကြတော့ မမြင်ကြရဘူး’’ ဟု အသက် (၆၀)ခန့်ရှိ ကျောင်းတော်ရာ ဒေသခံဦးသန်းလှိုင်က စိတ်မကောင်းစွာပြောသည်။

သို့သော် ဒေသခံများအ တွက် အသက်ရှူချောင်ရသည်က ဘုရားဖူးငါးကြီးများ မရှိတော့ သော်လည်း ကျောင်းတော်ရာ ဘုရားပွဲတော်၏ စည်ကားမှုက တော့ လျော့ကျမသွားသည့်အ ပြင် ယခင်ဆယ်စုနှစ်ကထက်ပင် ပို၍စည်ကားလာခဲ့သည်။ လမ်း ပန်းဆက်သွယ်ရေးကောင်းလာ သည်က အဓိကအချက်ဖြစ်ပြီး ငါးကြီးများကို မမြင်ဖူးကြသူများ က မှတ်တမ်းတင်ထားသည့်ဓာတ်ပုံများကို ကြည့်ကြသည်။

ဘုရားပွဲဓလေ့ အိုးပုတ်၊ ချိုး ရုပ်တို့အမှတ်တရဝယ်ကြသည်။ ဒေသခံကလေးငယ်တို့က ကြာ ဖူး၊ ကြာနွယ်၊ ကြာရိုးတို့ကို ဘုရားဖူးများအား လက်ဆောင် ပေးကြသည်။ ရိုးရာဓလေ့အစား အစာများဖြစ်ကြသည့် ဝက်မြေဥ၊ ထန်းသီးမုန့်၊ မုန့်လုံးရေပေါ်တို့ လည်း ရောင်းချရမြဲဖြစ်သည်။ ကျောင်းတော်ရာဘုရား၏ အ ထင်ကရဖြစ်သည့် သစ်သားဇရပ် ကြီးများက ရပ်ဝေးမှ ဘုရားဖူး ဧည့်သည်များအတွက် နားခိုရာ ပင်ဖြစ်သည်။

ယခုနှစ် ဝါခေါင်လပြည့်နေ့ မှာတော့ ကျောင်းတော်ရာဒေသ ခံတို့အကြား ငါးကြီးများနှင့်ပတ် သက်၍ မျှော်လင့်ချက်ရောင်ခြည် လေးသန်းလာခဲ့သည်။

‘‘မနက်အရုဏ်တက်ချိန် လောက်မှာ ငါးကြီး ၁၀ ကောင် လောက်ကိုမြင်လိုက်ရတယ်’’ ဟု ဦးမျိုးကျော်က ပြောသည်။

ကျောင်းတော်ရာဒေသခံတို့ အတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် သတင်းထူးတစ်ခုဖြစ်သည်။ ထို့ ကြောင့်ပင် ငါးကြီးများ၏သဘော  သဘာဝကို နားလည်သိကျွမ်းသည့် ဒေသခံများက ငါးကြီးများကို ရှာဖွေနေကြဆဲ မျှော်နေကြဆဲ...။

ကျောင်းတော်ရာဘုရားပွဲ တွင် ဘုရားငါးကြီးများကို မတွေ့ ရတော့သော်လည်း ဘုရားငါး ကျွေးဆိပ်ကိုတော့ ဘုရားဖူးတို့က အမှတ်တရသွားကြည့်ကြသည်။ ငါးကြီးတွေပေါ်လာနိုးစောင့်မျှော် ကြပါသည်။။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top