ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ၿပံဳယမ္းႏွင့္ ဝါရွင္တန္ ၾကား လက္ရိွျဖစ္ေပၚေနေသာ ပထဝီႏုိင္ငံေရးဆုိင္ရာ တင္းမာမႈ အတြင္း ကုလသမဂၢ၏ တားဆီး ပိတ္ဆို႔မႈအသစ္မ်ားကို ခုခံရန္ႏွင့္ အေမရိကန္ကို တုိက္ခုိက္ရန္ မိမိ တို႔ စစ္တပ္သို႔ ဝင္ေရာက္လုိသူ (သို႔မဟုတ္) မိမိသေဘာျဖင့္ ျပန္လည္ဝင္လိုသူ အလုပ္သမားမ်ား၊ ပါတီအဖြဲ႕ဝင္မ်ားႏွင့္ စစ္သား ၃ ဒသမ ၅ သန္းခန္႔ ရိွသည္ဟု ေျမာက္ကုိရီးယားက ေျပာ ၾကားသည္။


ေျမာက္ကုိရီးယား၏ ဒံုး က်ည္ စမ္းသပ္မႈမ်ားအတြက္ လက္တုံ႔ျပန္ျခင္းအျဖစ္ ကုလသမဂၢက ျပဳလုပ္ေသာ တားဆီးပိတ္ဆို႔မႈအသစ္မ်ားကုိ ေျမာက္ကုိရီးယားသတင္းဌာန KCNA က ႐ႈတ္ခ်ေၾကာင္း တနလၤာေန႔က ေၾကညာခ်က္ ထုတ္ၿပီးေနာက္ ျပည္သူ႔စစ္တပ္သို႔ ဝင္ေရာက္လိုသူ (သုိ႔မဟုတ္) မိမိသေဘာျဖင့္ ျပန္ဝင္လိုသည္ဟု ေျပာၾကားသူမ်ားရိွေၾကာင္း ေျမာက္ကုိရီးယား အစုိးရပုိင္ Rodong Sinmum သတင္းစာက ေဖာ္ျပသည္။

 ယခုသီတင္းပတ္အေစာ ပုိင္းက ႏ်ဴလက္နက္ပုိင္ဆုိင္ေသာ ေျမာက္ကိုရီးယားက ပစိဖိတ္ သမုဒၵရာရိွ အေမရိကန္ပုိင္နက္ ဂူအမ္ကြၽန္းကို တုိက္ခိုက္မည္ဟု ၿခိမ္းေျခာက္ထားသည္။

ဗုဒၶဟူးေန႔က ၿပံဳယမ္းၿမိဳ႕ တြင္ အစိုးရကုိ ေထာက္ခံသည့္လူထုစုေဝးပဲြတစ္ရပ္ က်င္းပခဲ့ ေၾကာင္း KCNA သတင္းက ေဖာ္ ျပသည္။

တင္းမာမႈမ်ား ျမင့္တက္လာစဥ္ ေျမာက္ကိုရီးယားက ယခင္ကလည္း ၎တုိ႔၏ ခိုင္မာေသာ ဆံုးျဖတ္ခ်က္ကုိ ျပသရန္ လူထု စုေဝးပဲြမ်ား ျပဳလုပ္ခဲ့သည္။

၂၀၁၅ ၾသဂုတ္က ေျမာက္ ကိုရီးယားႏုိင္ငံသား တစ္သန္းက စစ္တပ္သုိ႔ ဝင္ေရာက္ရန္ စာရင္း ေပးခဲ့သည္။

ကိုရီးယားႏွစ္ႏုိင္ငံၾကား စစ္ ေရးကင္းမဲ့ဇုန္တြင္ မုိင္းတစ္လံုး ေပါက္ၿပီး တင္းမာမႈမ်ား ျမင့္ တက္လာစဥ္ ယင္းသုိ႔ စာရင္းေပး ျခင္းျဖစ္သည္။

—Ref:Reuters

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
  ပြုံယမ်းနှင့် ဝါရှင်တန် ကြား လက်ရှိဖြစ်ပေါ်နေသော ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှု အတွင်း ကုလသမဂ္ဂ၏ တားဆီး ပိတ်ဆို့မှုအသစ်များကို ခုခံရန်နှင့် အမေရိကန်ကို တိုက်ခိုက်ရန် မိမိ တို့ စစ်တပ်သို့ ဝင်ရောက်လိုသူ (သို့မဟုတ်) မိမိသဘောဖြင့် ပြန်လည်ဝင်လိုသူ အလုပ်သမားများ၊ ပါတီအဖွဲ့ဝင်များနှင့် စစ်သား ၃ ဒသမ ၅ သန်းခန့် ရှိသည်ဟု မြောက်ကိုရီးယားက ပြော ကြားသည်။


မြောက်ကိုရီးယား၏ ဒုံး ကျည် စမ်းသပ်မှုများအတွက် လက်တုံ့ပြန်ခြင်းအဖြစ် ကုလသမဂ္ဂက ပြုလုပ်သော တားဆီးပိတ်ဆို့မှုအသစ်များကို မြောက်ကိုရီးယားသတင်းဌာန KCNA က ရှုတ်ချကြောင်း တနင်္လာနေ့က ကြေညာချက် ထုတ်ပြီးနောက် ပြည်သူ့စစ်တပ်သို့ ဝင်ရောက်လိုသူ (သို့မဟုတ်) မိမိသဘောဖြင့် ပြန်ဝင်လိုသည်ဟု ပြောကြားသူများရှိကြောင်း မြောက်ကိုရီးယား အစိုးရပိုင် Rodong Sinmum သတင်းစာက ဖော်ပြသည်။

 ယခုသီတင်းပတ်အစော ပိုင်းက နျူလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားက ပစိဖိတ် သမုဒ္ဒရာရှိ အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည်။

ဗုဒ္ဓဟူးနေ့က ပြုံယမ်းမြို့ တွင် အစိုးရကို ထောက်ခံသည့်လူထုစုဝေးပွဲတစ်ရပ် ကျင်းပခဲ့ ကြောင်း KCNA သတင်းက ဖော် ပြသည်။

တင်းမာမှုများ မြင့်တက်လာစဉ် မြောက်ကိုရီးယားက ယခင်ကလည်း ၎င်းတို့၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို ပြသရန် လူထု စုဝေးပွဲများ ပြုလုပ်ခဲ့သည်။

၂၀၁၅ သြဂုတ်က မြောက် ကိုရီးယားနိုင်ငံသား တစ်သန်းက စစ်တပ်သို့ ဝင်ရောက်ရန် စာရင်း ပေးခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံကြား စစ် ရေးကင်းမဲ့ဇုန်တွင် မိုင်းတစ်လုံး ပေါက်ပြီး တင်းမာမှုများ မြင့် တက်လာစဉ် ယင်းသို့ စာရင်းပေး ခြင်းဖြစ်သည်။

—Ref:Reuters

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top