ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

Myanmar Now သတင္းဌာနအယ္ဒီတာခ်ဳပ္ ကိုေဆြ၀င္းကုိ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ တရားစဲြထားသည့္ ဦးေက်ာ္မ်ဳိးေရႊ သည္ အစိုးရျဖဳတ္ခ်ေရး မႏၲေလး သပိတ္စခန္း တြင္ပါ၀င္ၿပီး ပုဒ္မ ၅၀၅(ခ)ျဖင့္ ဖမ္း၀ရမ္းထုတ္ခံထားရေၾကာင္း မႏၲေလးခ႐ုိင္ ရဲတပ္ဖဲြ႕မွဴး ဒုရဲမွဴးႀကီးမ်ဳိးေအာင္က ေျပာသည္။

မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ ၿမို႕နယ္ သာသနာ ၂၅၀၀ ဗိမာန္ ေရွ႕တြင္ အစုိးရျဖဳတ္ခ်ေပးေရး သပိတ္စခန္းဖြင့္လွစ္ေတာင္းဆုိ ရာ၌ သံဃာရွစ္ပါးႏွင့္ ဦးေဆာင္သူ ဦးျမင့္ဦး အပါအ၀င္ ငါးဦးကို ဖမ္း၀ရမ္းထုတ္ထားရာ အဆုိပါလူူပုဂိၢဳလ္ငါးဦးတြင္ ဦးေက်ာ္မ်ဳိးေရႊ လည္းပါ၀င္ေၾကာင္း ဒုရဲမွဴးႀကီးက အတည္ျပဳသည္။

‘‘ကိုေဆြ၀င္း ကို တရားလို လုပ္ အမႈ ဖြင့္တုိင္တန္းထားတဲ့ ကိုေက်ာ္မ်ဳိးေရႊပါပါတယ္။ သူ႔ကို လည္း ဖမ္း၀ရမ္းထုတ္ထားပါ တယ္’’ဟု ဒုရဲမွဴးႀကီးမ်ဳိးေအာင္က ေျပာသည္။

ကိုေဆြ၀င္း သည္ ၎အသုံး ျပဳသည့္ Ba Kaung အမည္ျဖင့္ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္ တြင္ ‘‘၀ီရသူပါရာဇိကက်ၿပီး ရဟန္း ဘ၀နိ႒ိတံသြားၿပီျဖစ္ေၾကာင္း သိ ရပါတယ္။ ပါရာဇိက က်တာ ခုမွ က်တာေတာ့ မဟုတ္ေလာက္ ဘူး’’ စသည့္ စာသားမ်ားကို ဦး၀ီရသူ ဓာတ္ပုံ မ်ားႏွင့္တဲြ၍ ေရး သားေဖာ္ျပခဲ့သျဖင့္ ဦးေက်ာ္မ်ဳိးေရႊ က မဟာေအာင္ေျမၿမိဳ႕နယ္ အမွတ္ (၇)နယ္ေျမရဲတပ္ဖဲြ႕စခန္း ၌ မတ္လ ၇ ရက္တြင္ အမႈဖြင့္တုိင္တန္းခဲ့ျခင္းျဖစ္သည္။

ဦးေက်ာ္မ်ဳိးေရႊ အသုံးျပဳ သည္ဆိုသည့္ Kyaw Myo Shwe အမည္ရွိ ေဖ့စ္ဘြတ္ခ္ အေကာင့္ တြင္ မတ္လ ၃ ရက္ကစတင္ကာ ေဒၚေအာင္ဆန္းစုၾကည္ အား အသေရပ်က္ေစရန္ ရည္ရြယ္၍လည္းေကာင္း၊ ညစ္ညမ္းပုတ္ခတ္ေသာ စာသား မ်ား ေရးသားသည္ဟုဆိုကာ ရန္ကုန္တုိင္းေဒသႀကီး စမ္းေခ်ာင္း ၿမိဳ႕နယ္ေန ေဒၚျမျမေဌးက မတ္လ၈ ရက္တြင္ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ စမ္းေခ်ာင္း ရဲစခန္း၌ အမႈဖြင့္တုိင္တန္းထားသည္။

အဆုိပါ အမႈအတြက္ ဦးေက်ာ္မ်ဳိးေရႊ ကုိ မတ္လ ၁၃ ရက္က အမွတ္ ၇ နယ္ေျမရဲတပ္ဖဲြ႕စခန္းတြင္ ေခၚယူစစ္ေဆးခဲ့ ေၾကာင္း ရဲအုပ္ေက်ာ္သူက ေျပာ သည္။

မဟာေအာင္ေျမၿမိဳ႕နယ္ တရား႐ုံး က ကိုေဆြ၀င္း ကုိ ႐ုံး ထုတ္ခ်ဳပ္ရက္ရမန္ယူစဥ္ အာမခံ ေပးလုိမႈအေပၚ အာမခံပယ္ခ်ေရး ၾသဂုတ္ ၇ ရက္ ႐ုံးခ်ိန္းတြင္ ေလွ်ာက္ထားမည္ဟု တရားလို ဦးေက်ာ္မ်ဳိးေရႊ က ေျပာၾကားထားေသာ္ လည္း ယခု၎သည္ ဖမ္း၀ရမ္း ထုတ္ခံထားရသျဖင့္ ႐ုံးခ်ိန္းသို႔ လာ ေရာက္ရန္ ရွိ၊ မရွိကို အတည္မျပဳ ႏုိင္ေသးေပ။

ကိုေဆြ၀င္း သည္ အမႈ ရင္ ဆုိင္ရန္ ၾသဂုတ္ ၆ ရက္ကတည္း က မႏၲေလးၿမိဳသို႔ ေရာက္ရွိေနၿပီ ျဖစ္သည္။

ၾသဂုတ္ ၆ ရက္ ညေန ၅ နာရီခဲြထိ သပိတ္စခန္းမွ ဖမ္း၀ရမ္း ထုတ္ထားသည့္ သံဃာ နွစ္ပါးႏွင့္ ဦးေဆာင္သူ ဦးျမင့္ဦးပါ ငါးဦးကို ဖမ္းဆီးမိျခင္းမရွိေသးေၾကာင္း ခ႐ုိင္ရဲတပ္ဖဲြ႕မွဴး႐ုံးမွ စုံစမ္းသိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily 

#Unicode Version#
Myanmar Now သတင်းဌာနအယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲထားသည့် ဦးကျော်မျိုးရွှေ သည် အစိုးရဖြုတ်ချရေး မန္တလေး သပိတ်စခန်း တွင်ပါဝင်ပြီး ပုဒ်မ ၅၀၅(ခ)ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးအောင်က ပြောသည်။

မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် သာသနာ ၂၅၀၀ ဗိမာန် ရှေ့တွင် အစိုးရဖြုတ်ချပေးရေး သပိတ်စခန်းဖွင့်လှစ်တောင်းဆို ရာ၌ သံဃာရှစ်ပါးနှင့် ဦးဆောင်သူ ဦးမြင့်ဦး အပါအဝင် ငါးဦးကို ဖမ်းဝရမ်းထုတ်ထားရာ အဆိုပါလူူပုဂ္ဂိုလ်ငါးဦးတွင် ဦးကျော်မျိုးရွှေ လည်းပါဝင်ကြောင်း ဒုရဲမှူးကြီးက အတည်ပြုသည်။

‘‘ကိုဆွေဝင်း ကို တရားလို လုပ် အမှု ဖွင့်တိုင်တန်းထားတဲ့ ကိုကျော်မျိုးရွှေပါပါတယ်။ သူ့ကို လည်း ဖမ်းဝရမ်းထုတ်ထားပါ တယ်’’ဟု ဒုရဲမှူးကြီးမျိုးအောင်က ပြောသည်။

ကိုဆွေဝင်း သည် ၎င်းအသုံး ပြုသည့် Ba Kaung အမည်ဖြင့် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် တွင် ‘‘ဝီရသူပါရာဇိကကျပြီး ရဟန်း ဘဝနိဋ္ဌိတံသွားပြီဖြစ်ကြောင်း သိ ရပါတယ်။ ပါရာဇိက ကျတာ ခုမှ ကျတာတော့ မဟုတ်လောက် ဘူး’’ စသည့် စာသားများကို ဦးဝီရသူ ဓာတ်ပုံ များနှင့်တွဲ၍ ရေး သားဖော်ပြခဲ့သဖြင့် ဦးကျော်မျိုးရွှေ က မဟာအောင်မြေမြို့နယ် အမှတ် (၇)နယ်မြေရဲတပ်ဖွဲ့စခန်း ၌ မတ်လ ၇ ရက်တွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ဦးကျော်မျိုးရွှေ အသုံးပြု သည်ဆိုသည့် Kyaw Myo Shwe အမည်ရှိ ဖေ့စ်ဘွတ်ခ် အကောင့် တွင် မတ်လ ၃ ရက်ကစတင်ကာ ဒေါ်အောင်ဆန်းစုကြည် အား အသရေပျက်စေရန် ရည်ရွယ်၍လည်းကောင်း၊ ညစ်ညမ်းပုတ်ခတ်သော စာသား များ ရေးသားသည်ဟုဆိုကာ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်း မြို့နယ်နေ ဒေါ်မြမြဌေးက မတ်လ၈ ရက်တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် စမ်းချောင်း ရဲစခန်း၌ အမှုဖွင့်တိုင်တန်းထားသည်။

အဆိုပါ အမှုအတွက် ဦးကျော်မျိုးရွှေ ကို မတ်လ ၁၃ ရက်က အမှတ် ၇ နယ်မြေရဲတပ်ဖွဲ့စခန်းတွင် ခေါ်ယူစစ်ဆေးခဲ့ ကြောင်း ရဲအုပ်ကျော်သူက ပြော သည်။

မဟာအောင်မြေမြို့နယ် တရားရုံး က ကိုဆွေဝင်း ကို ရုံး ထုတ်ချုပ်ရက်ရမန်ယူစဉ် အာမခံ ပေးလိုမှုအပေါ် အာမခံပယ်ချရေး သြဂုတ် ၇ ရက် ရုံးချိန်းတွင် လျှောက်ထားမည်ဟု တရားလို ဦးကျော်မျိုးရွှေ က ပြောကြားထားသော် လည်း ယခု၎င်းသည် ဖမ်းဝရမ်း ထုတ်ခံထားရသဖြင့် ရုံးချိန်းသို့ လာ ရောက်ရန် ရှိ၊ မရှိကို အတည်မပြု နိုင်သေးပေ။

ကိုဆွေဝင်း သည် အမှု ရင် ဆိုင်ရန် သြဂုတ် ၆ ရက်ကတည်း က မန္တလေးမြိုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သြဂုတ် ၆ ရက် ညနေ ၅ နာရီခွဲထိ သပိတ်စခန်းမှ ဖမ်းဝရမ်း ထုတ်ထားသည့် သံဃာ နှစ်ပါးနှင့် ဦးဆောင်သူ ဦးမြင့်ဦးပါ ငါးဦးကို ဖမ်းဆီးမိခြင်းမရှိသေးကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top