Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×








Credit:  The Messenger

#Unicode Version#
အိန်္ဒိယ နိုင်ငံ က ဟာ အသက် (၁၁) နှစ် အရွယ် မိန်းကလေးရဲ့ လိင် အင်္ဂါထဲကို ငရုတ် သီး တောင့် တွေ ထည့်ခဲ့ လို့ ဖမ်းဆီး ထိန်းသိမ်း ခြင်း ခံခဲ့ရ တယ်လို့ သိရပါ တယ်။

အသက် (၃၈) နှစ်အရွယ်ရှိ လက်ကိုင် ပုဝါရောင်းချသူ အန်ဆာရီနဲ့ ဇနီးဖြစ်သူ ဖာ ရက်တို့ဟာ အိမ်မှာ ခိုင်းစေဖို့ ခေါ်ထားတဲ့ အသက် (၁၁) နှစ်အရွယ် အမျိုးသမီးငယ်ကို ရိုက်နှက်ခြင်း၊ အစာငတ် ခံထားခြင်းတို့ကို လည်း ပြုလုပ်ခဲ့ပါ တယ်။

ဒီအမျိုးသမီးကို ဆီးသွားတဲ့အခါ နာကျင်မှုဖြစ်ပေါ်စေဖို့ ငရုတ်သီးတွေ အများအပြားကျွေးခဲ့ပြီး၊ မစား ဘူး လို့ ငြင်းဆိုတဲ့အခါ လိင်အဂဩထဲကို ငရုတ် သီးတောင့်တွေထိုးသွင်းနှိပ်စက်ခဲ့တာ ဖြစ်ပါ တယ်။

ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးက အမျိုးသမီး လေးဟာ အမြဲတမ်း ရိုက်နှက်ခံ ရကြောင်း၊ ငရုတ်သီးတွေ အတင်းအကျပ် ကျွေးတာကို လက်မခံခဲ့လို့ လိင်အင်္ဂါထဲ ငရုတ်သီးတောင့်တွေ ထည့်သွင်းခံရခြင်းဖြစ် ကြောင်း အမျိုးသမီး ရဲ့ အော်ဟစ်ငိုကြွေးသံ ပတ်ဝန်းကျင်က ကြားမှာစိုးသဖြင့် သီးချင်းသံ ကို အကျယ်ကြီးဖွင့်လှစ် ခဲ့ကြောင်း ပြော ကြား သွားခဲ့ပါတယ်။

အန်ဆာရီဟာ ဒီအမျိုးသမီးငယ်ကို ပေါင် (၁၅၀) နဲ့ ဝယ်ယူထားတာဖြစ်ပါတယ်။ ဝယ်ယူစဉ်က အိမ်မှာ ကျောင်းထားပေးမယ် လို့ ကတိပြုခဲ့ပေမယ့် နေအိမ်သို့ ရောက်လာ ပြီးတဲ့နောက်မှာ အစေခံ တစ်ဦးအဖြစ် ခိုင်း စေ ခဲ့ပါတယ်။

အိန်္ဒိယသတင်းဌာနတစ်ခုရဲ့ ဖော်ပြ ချက်အရ ဒီအမျိုးသမီးငယ်ဟာ ရိုက် နှက်ခံ ထားရမှုကြောင့် တစ်ကိုယ်လုံး ဒဏ်ရာတွေ ရရှိနေတယ်လို့ သိရပါတယ်။ အိန်္ဒိယနိုင်ငံမှာ ကလေးငယ်တွေ ဟာ အတင်း အဓမ္မ ခိုင်း စေမှု တွေနဲ့ ကြုံတွေ့နေရပြီး ဒီလိုမျိုး ရိုက်နှက်မှု တွေ မကြာ ခဏ ဖြစ်ပေါ်နေရတယ်လို့ သိရပါ တယ်။

အိန်္ဒိယ အစိုးရဟာ အသက် (၁၄) နှစ် အောက် ကလေးငယ် တွေကို ခိုင်းစေခြင်း မပြုဖို့ ၂၀၀၆ မှာ အမိန့် အာ ဏာ ထုတ်ထား ပေမယ့် နိုင်ငံရဲ့ လူဦးရေက (၁ ဒသမ ၂) ဘီလီယံအထိရှိတာမို့ ဆင်းရဲမွဲတေမှုကို ထိန်းချုပ်နိုင် စွမ်း မရှိတာကြောင့် ဒီပြဿနာ ကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့ သိရပါ တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  The Messenger
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top