ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေဆးကုသမႈခံယူေနသည့္ ဦးေအာင္ေရႊအား ဒုသမၼတ ဦးဟင္နရီဗန္ထီးယူႏွင့္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦး၀င္းျမင့္တို႔ လာေရာက္ၾကည့္႐ႈစဥ္ (ဓာတ္ပံု − May Win Myint (FB))

အမ်ိဳးသားဒီမိုကေရစီအ ဖြဲ႕ခ်ဳပ္ (NLD) ဥကၠ႒ေဟာင္း အ သက္ (၉၉) ႏွစ္အရြယ္ရွိ ဦးေအာင္ေရႊသည္ ရန္ကုန္ၿမိဳ႕ရွိိ ဝိတိုရိယ ေဆး႐ံုတြင္ လူႀကီးေရာဂါျဖင့္ ေဆးကုသမႈ ခံယူေနေၾကာင္း NLD ပါတီ တာဝန္ရွိသူမ်ားက ေျပာ ၾကားသည္။


ေဆးကုသမႈ ခံယူသည့္ ဦး ေအာင္ေရႊထံသို႔ ၾသဂုတ္ ၁၂ ရက္ တြင္ ဒုတိယသမၼတဦးဟင္နရီဗန္ ထီးယူႏွင့္ ျပည္သူ႔လႊတ္ေတာ္ဥကၠ ႒ ဦးဝင္းျမင့္တို႔ လာေရာက္ၾကည့္ ႐ႈခဲ့ေၾကာင္း မရမ္းကုန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စား လွယ္ ေဒါက္တာေမဝင္းျမင့္၏ ေဖ့စ္ဘြတ္ခ္တြင္ ေဖာ္ျပသည္။

မရမ္းကုန္းၿမိဳ႕နယ္ တိုင္းေဒ သႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ရွင္းက ‘‘သူက အသက္ႀကီး လာေတာ့ လူႀကီးေရာဂါေပါ့။ ေန႔ ခင္းပိုင္းအထိ သတိရပါတယ္။ ေဆး႐ံုတက္တာက မေန႔ညကမွ ပါ’’ ဟု ေျပာသည္။

ဦးေအာင္ေရႊအေနျဖင့္ လက္ရွိတြင္ ပါတီတာဝန္မ်ား ရယူထား ျခင္းမရွိေသာ္လည္း ၁၉၉၀ ေနာက္ ပိုင္းမွ ၂၀၁၁ မတိုင္မီအထိ NLD ပါတီရပ္တည္ရွင္သန္ႏိုင္ေရး ဦး ေဆာင္ခဲ့သူ ျဖစ္သည္ဟု လႈိင္ၿမိဳ႕ နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စား လွယ္ ဦးေအာင္ေက်ာ္ေက်ာ္ဦးက ေျပာသည္။

‘‘ေဒၚေအာင္ဆန္းစုၾကည္တို႔၊ ဦးတင္ဦးတို႔ အက်ယ္ခ်ဳပ္က်ခံေနရတဲ့အခ်ိန္ ပါတီကိုသူဦးေဆာင္တာေပါ့။ ပထမေဒၚေအာင္ဆန္းစု ၾကည္တို႔၊ ဦးတင္ဦးတို႔ အဖမ္းခံရ ေတာ့ ဦးၾကည္ေမာင္က ၉၀ ေရြး ေကာက္ပြဲကို တာဝန္ယူလုပ္ တယ္။ ေရြးေကာက္ပြဲၿပီးေတာ့၊ ကႏၵီၾကညာခ်က္ၿပီးေတာ့ ဦးၾကည္ ေမာင္လည္း အဖမ္းခံရတယ္။ အဲ ဒီအခ်ိန္က နဝတက အျပင္းအ ထန္ ဖိႏွိပ္တဲ့အခ်ိန္ေပါ့။ အဲဒီအ ခ်ိန္မွာ သူကပါတီဆက္လက္ရွင္ သန္ေရးအတြက္ ထိန္းေက်ာင္းခဲ့ တာ’’ ဟု ၎ကေျပာသည္။

ဦးေအာင္ေရႊသည္ ပါတီတာ ဝန္မထမ္းေဆာင္မီယခင္ ေတာ္လွန္ေရးေကာင္စီတြင္ ပါဝင္ခဲ့ေၾကာင္း ဦးေအာင္ေက်ာ္ေက်ာ္ဦး က ေျပာသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ စတင္ဖြဲ႕စည္းခ်ိန္ကတည္းက  ဦးေအာင္ေရႊသည္ ဗဟိုအလုပ္အ မႈေဆာင္အဖြဲ႕၀င္အျဖစ္ ပါ၀င္ခဲ့ ၿပီး စည္း႐ံုးေရး ဌာနမွဴးျဖစ္သည္။ ၂၀၁၀ ဇန္န၀ါရီ ၁၄ ရက္တြင္ ပါတီဗဟိုအလုပ္္အမႈေဆာင္အ ဖြဲ႕ကို ျပန္လည္တိုးခ်ဲ႕ ဖြဲ႕စည္းခဲ့ ရာ ဦးေအာင္ေရႊက ဥကၠ႒ျဖစ္လာ ခဲ့သည္။

NLD ပါတီ နာယက တစ္ဦးျဖစ္သူ အသက္ (၉၁) ႏွစ္အရြယ္ ဦးတင္ဦးသည္လည္း ဦးေႏွာက္ေသြးေၾကာပိတ္ကာ ကိုယ္တစ္ျခမ္းေလျဖတ္ခဲ့၍ လက္ရွိအခ်ိန္ထိ ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီး၌ ေဆးကုသမႈ ခံယူလ်က္ရွိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ဆေးကုသမှုခံယူနေသည့် ဦးအောင်ရွှေအား ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့ လာရောက်ကြည့်ရှုစဉ် (ဓာတ်ပုံ − May Win Myint (FB))

အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌဟောင်း အ သက် (၉၉) နှစ်အရွယ်ရှိ ဦးအောင်ရွှေသည် ရန်ကုန်မြို့ရှိ ဝိတိုရိယ ဆေးရုံတွင် လူကြီးရောဂါဖြင့် ဆေးကုသမှု ခံယူနေကြောင်း NLD ပါတီ တာဝန်ရှိသူများက ပြော ကြားသည်။


ဆေးကုသမှု ခံယူသည့် ဦး အောင်ရွှေထံသို့ သြဂုတ် ၁၂ ရက် တွင် ဒုတိယသမ္မတဦးဟင်နရီဗန် ထီးယူနှင့် ပြည်သူ့လွှတ်တော်ဥက္က ဋ္ဌ ဦးဝင်းမြင့်တို့ လာရောက်ကြည့် ရှုခဲ့ကြောင်း မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာမေဝင်းမြင့်၏ ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြသည်။

မရမ်းကုန်းမြို့နယ် တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ‘‘သူက အသက်ကြီး လာတော့ လူကြီးရောဂါပေါ့။ နေ့ ခင်းပိုင်းအထိ သတိရပါတယ်။ ဆေးရုံတက်တာက မနေ့ညကမှ ပါ’’ ဟု ပြောသည်။

ဦးအောင်ရွှေအနေဖြင့် လက်ရှိတွင် ပါတီတာဝန်များ ရယူထား ခြင်းမရှိသော်လည်း ၁၉၉၀ နောက် ပိုင်းမှ ၂၀၁၁ မတိုင်မီအထိ NLD ပါတီရပ်တည်ရှင်သန်နိုင်ရေး ဦး ဆောင်ခဲ့သူ ဖြစ်သည်ဟု လှိုင်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကျော်ကျော်ဦးက ပြောသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့ အကျယ်ချုပ်ကျခံနေရတဲ့အချိန် ပါတီကိုသူဦးဆောင်တာပေါ့။ ပထမဒေါ်အောင်ဆန်းစု ကြည်တို့၊ ဦးတင်ဦးတို့ အဖမ်းခံရ တော့ ဦးကြည်မောင်က ၉၀ ရွေး ကောက်ပွဲကို တာဝန်ယူလုပ် တယ်။ ရွေးကောက်ပွဲပြီးတော့၊ ကန္ဒီကြညာချက်ပြီးတော့ ဦးကြည် မောင်လည်း အဖမ်းခံရတယ်။ အဲ ဒီအချိန်က နဝတက အပြင်းအ ထန် ဖိနှိပ်တဲ့အချိန်ပေါ့။ အဲဒီအ ချိန်မှာ သူကပါတီဆက်လက်ရှင် သန်ရေးအတွက် ထိန်းကျောင်းခဲ့ တာ’’ ဟု ၎င်းကပြောသည်။

ဦးအောင်ရွှေသည် ပါတီတာ ဝန်မထမ်းဆောင်မီယခင် တော်လှန်ရေးကောင်စီတွင် ပါဝင်ခဲ့ကြောင်း ဦးအောင်ကျော်ကျော်ဦး က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် စတင်ဖွဲ့စည်းချိန်ကတည်းက  ဦးအောင်ရွှေသည် ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ ပြီး စည်းရုံးရေး ဌာနမှူးဖြစ်သည်။ ၂၀၁၀ ဇန်နဝါရီ ၁၄ ရက်တွင် ပါတီဗဟိုအလုပ်အမှုဆောင်အ ဖွဲ့ကို ပြန်လည်တိုးချဲ့ ဖွဲ့စည်းခဲ့ ရာ ဦးအောင်ရွှေက ဥက္ကဋ္ဌဖြစ်လာ ခဲ့သည်။

NLD ပါတီ နာယက တစ်ဦးဖြစ်သူ အသက် (၉၁) နှစ်အရွယ် ဦးတင်ဦးသည်လည်း ဦးနှောက်သွေးကြောပိတ်ကာ ကိုယ်တစ်ခြမ်းလေဖြတ်ခဲ့၍ လက်ရှိအချိန်ထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top