မိဘနဲ႔ သားသမီးၾကားက ခ်စ္ျခင္းေမတၱာတရားဆုိတာ ေငြေၾကးနဲ႔ သတ္မွတ္လုိ႔မရဘူးဆုိတာ အားလံုး လက္ခံၾကပါတယ္။ ဒါေပမယ့္ တရုတ္ကလင္မယားစံုတြဲတစ္တြဲကေတာ့ ဒါကုိျငင္းဆန္ပါတယ္။ သူတုိ႔ အတြက္ မိဘနဲ႔ သားသမီးဆုိတာ ေငြေၾကးတစ္ခုတည္းအေပၚ မွာပဲ မူတည္တယ္ဆုိတာ လက္ခံထားလုိ႔သားသမီးကုိ ေရာင္းစားတဲ့ မိဘဆုိတာ ျဖစ္လာခဲ့ပါတယ္။ ဒါက သိပ္ကုိ သံေယာဇဥ္ခ်စ္ျခင္း တရားကင္းမဲ့တယ္လုိ႔ ဆုိရမွာပါပဲ။

ရန္က်ိဳးမွာေနထုိင္တဲ့ လင္မယားႏွစ္ေယာက္က သူတုိ႔အတြက္ ေငြေၾကးရရွိႏုိင္ဖုိ႔အတြက္ ၿပီးခဲ့တဲ့ လတုန္းက တရုတ္မွာလူသံုးအမ်ားဆံုး ဆုိရွယ္စာမ်က္ႏွာတစ္ခုမွာ  ေစ်းတင္ေရာင္းခ်ခဲ့တယ္လုိ႔ သိရပါတယ္။ ေမြးကင္းစကေလးငယ္ေလးကုိ ယြမ္ေလးေသာင္းနဲ႔ ေစ်းႏႈန္း သတ္မွတ္ကာ ေရာင္းခ် ခဲ့တာျဖစ္ပါတယ္။

သူတုိ႔ရဲ႕ ကေလးငယ္ကုိ ရန္ခ်န္း၊ ခ်န္က်ိဳးနဲ႔ ဂ်ီအန္စုတုိ႔က ကေလးဝယ္လုိတဲ့သူေတြ ဆက္သြယ္ၿပီး ေစ်းႏႈန္းညွိႏႈိင္းေရာင္းခ် မႈေတြျပဳ လုပ္ခဲ့ကာ ေနာက္ဆံုးရွန္ဟုိင္းက လင္မယားႏွစ္ေယာက္ရဲ႕ ယြမ္ ေျခာက္ေသာင္းနဲ႔ေပးၿပီး သူတုိ႔ကေလးငယ္ကုိ ဝယ္ယူသြားခဲ့တယ္လုိ႔ သိရပါတယ္။

ယင္းကဲ့သုိ႔ အြန္လုိင္းစာမ်က္ႏွာမွာ ကေလးေရာင္းစားမႈျပဳလုပ္ခဲ့တာကုိ ရဲတပ္ဖြဲ႕စံုစမ္းစစ္ေဆးခ်က္ မွာေတာ့ အဆုိပါ လင္မယားႏွစ္ဦး တုိ႔က သူတုိ႔ရဲ႕ ေလးေယာက္ေျမာက္ကေလးငယ္ ကုိယ္ဝန္ကုိ လြယ္ထားရၿပီးေနာက္မွာ ေနထိုင္စားေသာက္မႈအတြက္ အခက္အ ခဲျဖစ္ေနျခင္းေၾကာင့္ ကေလး ငယ္တစ္ဦးကုိ ေရာင္းစားခဲ့ျခင္း ျဖစ္တယ္လုိ႔ ဆုိထားပါတယ္။ အခုဆုိရင္ သူတုိ႔ကေလးငယ္ကုိ ေကာင္း ေကာင္းေမြးျမဴေစာင့္ေရွာက္မယ့္ မိသားစုထံသုိ႔ ေရာက္ရွိသြားလုိ႔ အဆင္ေျပခဲ့ေၾကာင္းလဲ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သဒၵါခ်ိဳ(ေရႊအင္းေလး)

#Unicode Version#
မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာတရားဆိုတာ ငွေကြေးနဲ့ သတ်မှတ်လို့မရဘူးဆိုတာ အားလုံး လက်ခံကြပါတယ်။ ဒါပေမယ့် တရုတ်ကလင်မယားစုံတွဲတစ်တွဲကတော့ ဒါကိုငြင်းဆန်ပါတယ်။ သူတို့ အတွက် မိဘနဲ့ သားသမီးဆိုတာ ငွေကြေးတစ်ခုတည်းအပေါ် မှာပဲ မူတည်တယ်ဆိုတာ လက်ခံထားလို့သားသမီးကို ရောင်းစားတဲ့ မိဘဆိုတာ ဖြစ်လာခဲ့ပါတယ်။ ဒါက သိပ်ကို သံယောဇဉ်ချစ်ခြင်း တရားကင်းမဲ့တယ်လို့ ဆိုရမှာပါပဲ။

ရန်ကျိုးမှာနေထိုင်တဲ့ လင်မယားနှစ်ယောက်က သူတို့အတွက် ငွေကြေးရရှိနိုင်ဖို့အတွက် ပြီးခဲ့တဲ့ လတုန်းက တရုတ်မှာလူသုံးအများဆုံး ဆိုရှယ်စာမျက်နှာတစ်ခုမှာ  ဈေးတင်ရောင်းချခဲ့တယ်လို့ သိရပါတယ်။ မွေးကင်းစကလေးငယ်လေးကို ယွမ်လေးသောင်းနဲ့ ဈေးနှုန်း သတ်မှတ်ကာ ရောင်းချ ခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့ ကလေးငယ်ကို ရန်ချန်း၊ ချန်ကျိုးနဲ့ ဂျီအန်စုတို့က ကလေးဝယ်လိုတဲ့သူတွေ ဆက်သွယ်ပြီး ဈေးနှုန်းညှိနှိုင်းရောင်းချ မှုတွေပြု လုပ်ခဲ့ကာ နောက်ဆုံးရှန်ဟိုင်းက လင်မယားနှစ်ယောက်ရဲ့ ယွမ် ခြောက်သောင်းနဲ့ပေးပြီး သူတို့ကလေးငယ်ကို ဝယ်ယူသွားခဲ့တယ်လို့ သိရပါတယ်။

ယင်းကဲ့သို့ အွန်လိုင်းစာမျက်နှာမှာ ကလေးရောင်းစားမှုပြုလုပ်ခဲ့တာကို ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးချက် မှာတော့ အဆိုပါ လင်မယားနှစ်ဦး တို့က သူတို့ရဲ့ လေးယောက်မြောက်ကလေးငယ် ကိုယ်ဝန်ကို လွယ်ထားရပြီးနောက်မှာ နေထိုင်စားသောက်မှုအတွက် အခက်အ ခဲဖြစ်နေခြင်းကြောင့် ကလေး ငယ်တစ်ဦးကို ရောင်းစားခဲ့ခြင်း ဖြစ်တယ်လို့ ဆိုထားပါတယ်။ အခုဆိုရင် သူတို့ကလေးငယ်ကို ကောင်း ကောင်းမွေးမြူစောင့်ရှောက်မယ့် မိသားစုထံသို့ ရောက်ရှိသွားလို့ အဆင်ပြေခဲ့ကြောင်းလဲ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သဒ္ဒါချို(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top