၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

ရာသီတုပ္ေကြးသတင္း မ်ားေၾကာင့္ ၾကက္သားစားသံုးသူ ေလ်ာ့နည္းေနဆဲျဖစ္သျဖင့္ တစ္ လခဲြအတြင္း ၾကက္သားေစ်းထက္၀က္က်ဆင္းလာသည္ဟု တာေမြၿမိဳ႕နယ္ ၾကက္ဘဲေစ်းရွိ ၾကက္ဘဲဒိုင္မ်ားက ေျပာသည္။

ဇူလိုင္ တတိယပတ္က ၾကက္ၿခံဖမ္းေစ်းသည္ တစ္ပိႆာ လွ်င္ ၃,၂၀၀- ၃,၄၀၀ က်ပ္ေစ်း မွ ၾသဂုတ္ ဒုတိယပတ္တြင္တစ္ပိႆာလွ်င္ ၁,၆၀၀-၁,၈၀၀ က်ပ္အတြင္းသာရွိသည္။

ဦးေဆြသန္း ၾကက္ဘဲဒိုင္မွ ၀န္ထမ္းတစ္ဦးက ‘‘ေရာင္းအားက ပံုမွန္အခ်ိန္ကထက္ အေတာ္က်သြားတယ္။ ဒါေပမဲ့ အခု ၾသဂုတ္ ဒုတိယပတ္မွာ ပထမ ေရာင္းအားက်ေနတာထက္ေတာ့ ထပ္မက်ေတာ့ဘူး၊ တန္႔ေနတယ္’’ ဟု ေျပာသည္။

ကမာရြတ္ၿမိဳ႕နယ္ရွိ ၾကက္ သား လက္လီအေရာင္းဆုိင္ပိုင္ ရွင္က ‘‘ၾကက္သားက ေရာင္း အားမရွိသေလာက္ကို ျဖစ္သြား တယ္။ ကၽြန္ေတာ္ဆိုရက္နည္း နည္းေလာက္ ဆိုင္ပိတ္လိုက္ရ တယ္။ အခုမွ ျပန္ဖြင့္တာ။ ငါးနဲ႔ တဲြၿပီး စမ္းေရာင္းၾကည့္ေနတယ္’’ ဟု ေျပာသည္။

ဇူလိုင္ ၂၇ ရက္က စတင္ ကာ ၀ယ္လိုအားထက္၀က္က် ဆင္းလာသည့္ ၾကက္သားေစ်း သည္ ဇူလိုင္ ၂၅ ရက္ကတည္းက စ တင္က်ဆင္းလာျခင္းျဖစ္သည္ဟု လည္း ၾကက္ဘဲဒုိင္မ်ားထံမွ သိရသည္။

ၾကက္ဘဲဒိုင္ ကိုပီတာက ‘‘ၾကက္သားေစ်းက က်ေနတာ ထက္၀က္ခ်ိဳး ျဖစ္သြားတယ္။ ေရာင္းအားကလည္း ထက္၀က္ ခ်ိဳးျဖစ္သြားတယ္။ ၾသဂုတ္လ ဆန္းပိုင္းကဆို ၾကက္ဘဲဒုိင္သံုး ေလးခုေလာက္ ခဏပိတ္သြား ေသးတယ္။ အခုရက္မွသာ အ ကုန္ျပန္ဖြင့္တာ’’ဟု ေျပာသည္။

ထမင္းဆုိင္ပိုုင္ရွင္တစ္ဦးက ‘‘အရင္က ၾကက္သားတစ္ပိႆာ ၆,၀၀၀ ကေန အခုရာသီတုပ္ေကြး သတင္းေတြ ထြက္လာေတာ့ တစ္ပိႆာ ၃,၅၀၀ ေစ်းပဲ ရွိေတာ့ တယ္။ ၾကက္သားစားပဲြေတာ္ေတြ လုပ္တဲ့ရက္ပိုင္းကေတာ့ ၄,၅၀၀ေစ်းျဖစ္သြားတယ္။ ေနာက္ပိုင္း ၃,၅၀၀ ေစ်းျပန္ျဖစ္သြားတယ္’’ဟု ေျပာသည္။

ျပည္သူ႔ရင္ျပင္တြင္ ၾသဂုတ္ ၆ ရက္က ျမန္မာႏုိင္ငံေမြးျမဴေရး လုပ္ငန္းအဖဲြ႕ခ်ဳပ္ (ဗဟို)ႏွင့္ အ သားတိုးၾကက္ေမြးျမဴထုတ္လုပ္ ေရာင္းခ်သူမ်ားအသင္း ပူးေပါင္း ၍ ၾကက္သားစားပဲြေတာ္ကို က်င္း ပခဲ့ေသးသည္။ ယင္းအျပင္ ႏုိင္ငံ တကာ ၾကက္ေၾကာ္ကုမၸဏီမ်ားပါ ၀င္သည့္ ၾကက္သားစားပဲြေတာ္ ကို ၾသဂုတ္အတြင္း ႏုိင္ငံအႏွံ႔တြင္ က်င္းပမည္ဟု ၾကက္ငွက္တုပ္ ေကြး စီမံခန္႔ခဲြေရး ေကာ္မတီအဖဲြ႕၀င္တစ္ဦးက ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ရာသီတုပ်ကွေးသတင်း များကြောင့် ကြက်သားစားသုံးသူ လျော့နည်းနေဆဲဖြစ်သဖြင့် တစ် လခွဲအတွင်း ကြက်သားဈေးထက်ဝက်ကျဆင်းလာသည်ဟု တာမွေမြို့နယ် ကြက်ဘဲဈေးရှိ ကြက်ဘဲဒိုင်များက ပြောသည်။

ဇူလိုင် တတိယပတ်က ကြက်ခြံဖမ်းဈေးသည် တစ်ပိဿာ လျှင် ၃,၂၀၀- ၃,၄၀၀ ကျပ်ဈေး မှ သြဂုတ် ဒုတိယပတ်တွင်တစ်ပိဿာလျှင် ၁,၆၀၀-၁,၈၀၀ ကျပ်အတွင်းသာရှိသည်။

ဦးဆွေသန်း ကြက်ဘဲဒိုင်မှ ဝန်ထမ်းတစ်ဦးက ‘‘ရောင်းအားက ပုံမှန်အချိန်ကထက် အတော်ကျသွားတယ်။ ဒါပေမဲ့ အခု သြဂုတ် ဒုတိယပတ်မှာ ပထမ ရောင်းအားကျနေတာထက်တော့ ထပ်မကျတော့ဘူး၊ တန့်နေတယ်’’ ဟု ပြောသည်။

ကမာရွတ်မြို့နယ်ရှိ ကြက် သား လက်လီအရောင်းဆိုင်ပိုင် ရှင်က ‘‘ကြက်သားက ရောင်း အားမရှိသလောက်ကို ဖြစ်သွား တယ်။ ကျွန်တော်ဆိုရက်နည်း နည်းလောက် ဆိုင်ပိတ်လိုက်ရ တယ်။ အခုမှ ပြန်ဖွင့်တာ။ ငါးနဲ့ တွဲပြီး စမ်းရောင်းကြည့်နေတယ်’’ ဟု ပြောသည်။

ဇူလိုင် ၂၇ ရက်က စတင် ကာ ဝယ်လိုအားထက်ဝက်ကျ ဆင်းလာသည့် ကြက်သားဈေး သည် ဇူလိုင် ၂၅ ရက်ကတည်းက စ တင်ကျဆင်းလာခြင်းဖြစ်သည်ဟု လည်း ကြက်ဘဲဒိုင်များထံမှ သိရသည်။

ကြက်ဘဲဒိုင် ကိုပီတာက ‘‘ကြက်သားဈေးက ကျနေတာ ထက်ဝက်ချိုး ဖြစ်သွားတယ်။ ရောင်းအားကလည်း ထက်ဝက် ချိုးဖြစ်သွားတယ်။ သြဂုတ်လ ဆန်းပိုင်းကဆို ကြက်ဘဲဒိုင်သုံး လေးခုလောက် ခဏပိတ်သွား သေးတယ်။ အခုရက်မှသာ အ ကုန်ပြန်ဖွင့်တာ’’ဟု ပြောသည်။

ထမင်းဆိုင်ပိုုင်ရှင်တစ်ဦးက ‘‘အရင်က ကြက်သားတစ်ပိဿာ ၆,၀၀၀ ကနေ အခုရာသီတုပ်ကွေး သတင်းတွေ ထွက်လာတော့ တစ်ပိဿာ ၃,၅၀၀ ဈေးပဲ ရှိတော့ တယ်။ ကြက်သားစားပွဲတော်တွေ လုပ်တဲ့ရက်ပိုင်းကတော့ ၄,၅၀၀ဈေးဖြစ်သွားတယ်။ နောက်ပိုင်း ၃,၅၀၀ ဈေးပြန်ဖြစ်သွားတယ်’’ဟု ပြောသည်။

ပြည်သူ့ရင်ပြင်တွင် သြဂုတ် ၆ ရက်က မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် (ဗဟို)နှင့် အ သားတိုးကြက်မွေးမြူထုတ်လုပ် ရောင်းချသူများအသင်း ပူးပေါင်း ၍ ကြက်သားစားပွဲတော်ကို ကျင်း ပခဲ့သေးသည်။ ယင်းအပြင် နိုင်ငံ တကာ ကြက်ကြော်ကုမ္ပဏီများပါ ဝင်သည့် ကြက်သားစားပွဲတော် ကို သြဂုတ်အတွင်း နိုင်ငံအနှံ့တွင် ကျင်းပမည်ဟု ကြက်ငှက်တုပ် ကွေး စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top