ကန်တော်ကြီးအနီး နိုင်ငံတကာအဆင့်မီ Royal Garden View ကွန်ဒို အထူးအရောင်းပြပွဲ
×
#Story of UTayZa
Credit:  apannpyay
#Unicode Version#
ဦးတေဇကို ၁၉၆၄ ခုနှစ်ဇူလိုင်၁၈ရက်နေ့မှစတင်မွေးဖွားခဲ့တာပါ။ခုဆိုရင်တော့အသက် ၅၂ နှစ်ရှိပြီဖြစ်ပါတယ်။ဦးတေဇဟာဗမာလူမျိ ုးဖြစ်ပြီးထူးကုမ္ပဏီများအုပ်စုရဲ့ဥက္ကဌလည်းဖြစ်ပါတယ်။ဦးတေဇကိုနိုင်ငံတော်က သီရိပျံချီဘွဲ့ကိုပေးအပ်နှင်းထားတာပါ။ဇနီးကတော့ဒေါ ်သီတာဇော်ဖြစ်ပြီး သားသမီးစုစုပေါင်း၃ဦးရှိပါတယ်။သားတွေကတော့ပြည့်ဖြိ ုးတေဇ,ထက်တေဇ နဲ့သမီးဖြစ်သူရစ်ချယ်တေဇတို့ဖြစ်ပါတယ်။ ဦးတေဇရဲ့မိဘတွေက အဘ ဦးမြင့်ဆွေနဲ့အမိဒေါ်အုံးတို့ဖြစ်ပါတယ်။မွေးချင်းညီအကိုတယောက်ရှိပြီးသီဟလို့အမည်ရပါတယ်။
ဦးတေဇဟာ နိုင်ငံတော်ခေါင်းဆောင်ဟောင်းဦးသန်းရွှေနှင့်အလွန်နီးကပ်တဲ့ဆက်ဆံရေးရှိသူတဦးလည်းဖြစ်ပါတယ်။ဦးတေဇဟာ Forbes Asia မဂ္ဂဇင်းရဲ့မျက်နှာဖူံးမှာဖော်ပြခြင်းခံရတဲ့ပထမဆုံးမြန်မာလုပ်ငန်းရှင်တဦးလည်းဖြစ်ပါတယ်။
ဦးတေဇကိုရန်ကုန်မှာဘဲမွေးဖွားခဲ့ပြီး အဖေကတော့တပ်မတော်ကအငြိမ်းစားအရာရှိတဦးဖြစ်ပါတယ်။ သူဟာမွေးချင်း၆ယောက်ထဲမှာအထွေးဆူံးဖြစ်ပါတယ်။သူဟာ၁၉၈၂ခုနှစ်မှာရန်ကုန်TTCကျောင်းကနေ ၁၀တန်းအောင်ပြီးDSA ကိုတတ်ရောက်ခဲ့ပါတယ်။ဒါပေမယ့်သူဟာ တတိယနှစ်မှာတော့ DSAကနေထွက်ခဲ့ပါတယ်။သူဟာ ကြို့ပင်ကောက်ဇာတိဖြစ်တဲ့ဒေါ်သီတာဇော်နဲ့နှစ်ဖက်မိဘတွေတားတဲ့ကြားထဲကနေ လက်ထပ်ခဲ့ကြပါတယ်။
ဦးတေဇရဲ့အဓိကစီးပွားရေးလုပ်ငန်းအင်အားစုတွေကထူးကမ္ပဏီများအုပ်စုနဲ့Air Bagan လေကြောင်းလိုင်းတို့ဖြစ်ပါတယ်။Air Bagan လေကြောင်းလိုင်းဟာ မြန်မာနိုင်ငံရဲ့ပထမဆုံးပုဂ္ဂလိကပိုင်လေကြောင်းလိုင်းဖြစ်ပါတယ်။၂၀၀၆-၂၀၀၇ မှာထူးအုပ်စုဟာ နိုင်ငံတော်ရဲ့ကျွန်းသစ်တင်ပို့ရောင်းချတဲ့အခန်းမှာပါဝင်လာကြပြီး အမြတ်အမေရိကန်ဒေါ်လာ၆၅.၁မီလျီယံရရှိခဲ့ပါတယ်။ထူးအုပ်စုကို ၁၉၉၀ နှစ်ဦးပိုင်းမှာစတင်တည်ထောင်ခဲ့ဲပြီးသစ်တောတွေထဲကကျွန်းသစ်တွေကိုစတင်ထုတ်ယူခဲ့ကြပါတယ်။
ထူးအုပ်စုဟာ ဆောက်လုပ်ရေး,ခရီးသွားလုပ်ငန်း၊ မိုဘိုင်းဖုန်းလုပ်ငန်းစတဲ့လုပ်ငန်းတွေလည်းလုပ်ကိုင်နေပါတယ်။ဦးတေဇဟာဘဏ်လုပ်ငန်းတွေကိုစတင်လုပ်ကိုင်လာပြီး၂၀၁၀ မှာAsia Green Development Bank ကိုတည်ထောင်ခဲ့ပါတယ်။ဒါပေမယ့်မကြာခင်မှာဘဲအမေရိကန်အစိုးရကဘဏ်ကိုစီးပွားရေးပိတ်ဆို့ဒဏ်ခတ်ခဲ့ပါတယ်။၂၀၁၃ ခုနှစ်မှာတော့အမေရိကန်အစိုးရကပြစ်ဒဏ်ကိုပယ်ဖျက်ပေးခဲ့ပါတယ်။
ဦးတေဇဟာ ရုရှားအစိုးရဆီကလက်နက်တွေကိုမြန်မာစစ်တပ်ကရရှိဖို့ကူညီခဲ့သူလည်းဖြစ်ပါတယ်။ဦးတေဇရဲ့Air Bagan လေကြောင်းလိုင်းဟာ Yangon United ရဲ့အဓိကsponsor ဖြစ်ပြီး့သားဖြစ်သူဟာအဆိုပါဘောလုံးအသင်းရဲ့အမှုဆောင်ချုပ်ဖြစ်ပါတယ်။ဦးတေဇဟာ ထူးဖောင်ဒေးရှင်းကို၂၀၀၈ ခုနှစ် မေလ၅ရက်နေ့မှာစတင်တည်ထောင်ခဲ့တာပါ။သူတို့အဖွဲ့တွေဟာ နာဂစ်မုန်တိုင်းဒဏ်သင့်တဲလဘိုကလေးမြိ ု့နယ်တွေမှာအရေးပေါ်အကူအညီတွေပေးခဲ့ကြပါတယ်။အဲ့ဒေသပြန်ထည်ထူထောင်ဖိူ့အတွက်လည်း အမေရိကန်ဒေါ်လာ၈သန်း လှုဒါန်းခဲ့ကြပါတယ်။
#Story of UTayZa
ဖိုးသူတော် (www.phothutaw.com)
Credit:  apannpyay
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top