ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေမာ္ဒယ္လ္တစ္ေယာက္အေနနဲ႔ေရာ၊ သရုပ္ေဆာင္တစ္ေယာက္အေနနဲ႔ပါ မိန္းကေလးပရိသတ္ေတြအမ်ားစုရဲ႔ အားေပးခ်စ္ခင္မႈကုိ ရရွိထားတဲ့ တုိင္ရြန္ဟာ ရင္ဘတ္ထဲကို ဘယ္သူမွ မေရာက္ေသးဘူးလို႔ဆုိရင္း သူလုိခ်င္တဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ ပံုစံေလးကို Duwun Media ကို ေျပာျပခဲ့ပါတယ္။

"ကၽြန္ေတာ္ ဖူးစာရွင္ကုိ  မေတြ႔ေသးဘူးလုိ႔လည္းေျပာလုိ႔ရတယ္။ ရင္ဘတ္ထဲက ဘယ္သူမွမေရာက္ေသးဘူး အလုပ္ေတြကုိလည္း ကၽြန္ေတာ္ႀကိဳးစားခ်င္ေသးတယ္။အဲ့ဒီအတြက္ အခ်စ္ေရးဆုိတာေတာ့ ဘာမွေတာ့မရွိဘူး။ ေလာေလာဆယ္ေတာ့ ေအးေအးခ်မ္းခ်မ္းပဲ၊ ေယာကၤ်ားေလးတစ္ေယာက္၊ လူငယ္တစ္ေယာက္အေနနဲ႔ စိတ္ကစားတာမ်ဳိးေတြေတာ့ရွိမယ္။ ဒါကေတာ့ ပြင့္ပြင့္လင္းလင္းေျပာတာပါ။ လွတဲ့မိန္းကေလးေတြ ေတြ႔ရင္ေတာ့ ရင္ခုန္မိမယ္။ ဒါကုိေတာ့ အခ်စ္လုိ႔မေျပာဘူး သေဘာက်မယ္ ဒီေလာက္ပဲ။အခ်စ္ေရးဆုိလုိ႔ သီးသန္႔ႀကီး ရည္းစားလုိမ်ဳိးတြဲတာမရွိဘူး။ ရည္းစားမရွိဘူးလုိ႔လည္း ေျပာလို႔ရတယ္" လို႔ တုိင္ရြန္က ေျပာျပပါတယ္။

ခ်စ္သူမရွိေသးေပမဲ့ သူစိတ္ကူးထားတဲ့ မိန္းကေလး၊ လက္တြဲေဖာ္အျဖစ္ လိုခ်င္တဲ့ မိန္းကေလးပံုစံမ်ဳိးေတာ့ တုိင္ရြန္မွာ ရွိေနပါတယ္။

"ကၽြန္ေတာ့္သေဘာက်တဲ့မိန္းကေလးပုံစံ စိတ္ထဲမွာ သတ္မွတ္ထားတဲ့ပုံစံက တည္တည္ျငိမ္ျငိမ္နဲ႔ အလုပ္ လုပ္ခ်င္စိတ္ရွိမယ္။ ဘဝကုိ ခ်မ္းသာသည္ျဖစ္ေစ၊ ဆင္းရဲသည္ျဖစ္ေစ ကုိယ့္ဘာသာႀကိဳးစားေနတဲ့ သူမ်ဳိးကုိသေဘာက်တယ္။ အလုပ္ထဲမွာ  စိတ္ရွိတဲ့သူကုိ သေဘာက်တယ္။ ရုိးရုိးေအးေအးေတြကုိ ပုိသေဘာက်တယ္။ ဒါကေတာ့ ကၽြန္ေတာ့္ စိတ္ထဲမွာ ကုိယ္ျဖစ္ခ်င္တဲ့ ကုိယ့္ရဲ႔လက္တြဲေဖာ္ျဖစ္လာေစခ်င္တဲ့ မိန္းကေလးမ်ဳိးေပါ့ေနာ္။ ကၽြန္ေတာ့္ကုိလည္း အရမ္းဂရုစုိက္တယ္။ ကၽြန္ေတာ္ကလည္း အရမ္းဂရုစုိက္မယ္။ ဒါေပမယ့္ အခ်စ္ဆိုတာဘယ္လုိပုံစံလာမလည္းေတာ့မသိဘူး။ ကၽြန္ေတာ္လိုခ်င္တဲ့ပုံစံကုိ ကၽြန္ေတာ္ေျပာတယ္ အဲ့ဒီလုိပုံစံလည္း ရခ်င္မွရမယ္၊ မရခဲ့ရင္ေတာင္မွ ကၽြန္ေတာ္တကယ္ခ်စ္လာခဲ့ရင္ေတာ့ ဘယ္လုိပဲ ျဖစ္ေနျဖစ္ေန ကၽြန္ေတာ္ လက္ခံရမွာပဲ" လို႔ တုိင္ရြန္က ဆုိပါတယ္။

တုိင္န္ရဲ႕ လက္ရွိအႏုပညာလႈပ္ရွားမႈကေတာ့ ဒီလထဲမွာ ႐ုပ္ရွင္ကားႀကီးႏွစ္ကား ႐ိုက္ၿပီးသြားၿပီျဖစ္ကာ၊ ဗီဒီယိုကား ႐ိုက္ဖုိ႔လည္း ရွိတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ခါတိုင္းလိုပဲ ႐ႈိးေတြေလွ်ာက္ မဂၢဇင္းဓာတ္ပံုေတြလည္း ႐ိုက္ကူးေနတယ္လို႔ ဆုိပါတယ္။

တိုင္ရြန္ပါဝင္ထားတဲ့ ႐ုပ္ရွင္ကားႏွစ္ကားကေတာ့ ဒါ႐ိုက္တာညိဳမင္းလြင္ရဲ႕ တစ္ခါက ရန္ကုန္ၿမိဳ႕ျပနဲ႔ ဒါ႐ိုက္တာညြန္႔ျမန္မာ ညီညီေအာင္ရဲ႕ တစ္ခုလပ္ တုိ႔ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version#
မော်ဒယ်လ်တစ်ယောက်အနေနဲ့ရော၊ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ မိန်းကလေးပရိသတ်တွေအများစုရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ တိုင်ရွန်ဟာ ရင်ဘတ်ထဲကို ဘယ်သူမှ မရောက်သေးဘူးလို့ဆိုရင်း သူလိုချင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံစံလေးကို Duwun Media ကို ပြောပြခဲ့ပါတယ်။

"ကျွန်တော် ဖူးစာရှင်ကို  မတွေ့သေးဘူးလို့လည်းပြောလို့ရတယ်။ ရင်ဘတ်ထဲက ဘယ်သူမှမရောက်သေးဘူး အလုပ်တွေကိုလည်း ကျွန်တော်ကြိုးစားချင်သေးတယ်။အဲ့ဒီအတွက် အချစ်ရေးဆိုတာတော့ ဘာမှတော့မရှိဘူး။ လောလောဆယ်တော့ အေးအေးချမ်းချမ်းပဲ၊ ယောင်္ကျားလေးတစ်ယောက်၊ လူငယ်တစ်ယောက်အနေနဲ့ စိတ်ကစားတာမျိုးတွေတော့ရှိမယ်။ ဒါကတော့ ပွင့်ပွင့်လင်းလင်းပြောတာပါ။ လှတဲ့မိန်းကလေးတွေ တွေ့ရင်တော့ ရင်ခုန်မိမယ်။ ဒါကိုတော့ အချစ်လို့မပြောဘူး သဘောကျမယ် ဒီလောက်ပဲ။အချစ်ရေးဆိုလို့ သီးသန့်ကြီး ရည်းစားလိုမျိုးတွဲတာမရှိဘူး။ ရည်းစားမရှိဘူးလို့လည်း ပြောလို့ရတယ်" လို့ တိုင်ရွန်က ပြောပြပါတယ်။

ချစ်သူမရှိသေးပေမဲ့ သူစိတ်ကူးထားတဲ့ မိန်းကလေး၊ လက်တွဲဖော်အဖြစ် လိုချင်တဲ့ မိန်းကလေးပုံစံမျိုးတော့ တိုင်ရွန်မှာ ရှိနေပါတယ်။

"ကျွန်တော့်သဘောကျတဲ့မိန်းကလေးပုံစံ စိတ်ထဲမှာ သတ်မှတ်ထားတဲ့ပုံစံက တည်တည်ငြိမ်ငြိမ်နဲ့ အလုပ် လုပ်ချင်စိတ်ရှိမယ်။ ဘဝကို ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ကိုယ့်ဘာသာကြိုးစားနေတဲ့ သူမျိုးကိုသဘောကျတယ်။ အလုပ်ထဲမှာ  စိတ်ရှိတဲ့သူကို သဘောကျတယ်။ ရိုးရိုးအေးအေးတွေကို ပိုသဘောကျတယ်။ ဒါကတော့ ကျွန်တော့် စိတ်ထဲမှာ ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာစေချင်တဲ့ မိန်းကလေးမျိုးပေါ့နော်။ ကျွန်တော့်ကိုလည်း အရမ်းဂရုစိုက်တယ်။ ကျွန်တော်ကလည်း အရမ်းဂရုစိုက်မယ်။ ဒါပေမယ့် အချစ်ဆိုတာဘယ်လိုပုံစံလာမလည်းတော့မသိဘူး။ ကျွန်တော်လိုချင်တဲ့ပုံစံကို ကျွန်တော်ပြောတယ် အဲ့ဒီလိုပုံစံလည်း ရချင်မှရမယ်၊ မရခဲ့ရင်တောင်မှ ကျွန်တော်တကယ်ချစ်လာခဲ့ရင်တော့ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ကျွန်တော် လက်ခံရမှာပဲ" လို့ တိုင်ရွန်က ဆိုပါတယ်။

တိုင်န်ရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုကတော့ ဒီလထဲမှာ ရုပ်ရှင်ကားကြီးနှစ်ကား ရိုက်ပြီးသွားပြီဖြစ်ကာ၊ ဗီဒီယိုကား ရိုက်ဖို့လည်း ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ခါတိုင်းလိုပဲ ရှိုးတွေလျှောက် မဂ္ဂဇင်းဓာတ်ပုံတွေလည်း ရိုက်ကူးနေတယ်လို့ ဆိုပါတယ်။

တိုင်ရွန်ပါဝင်ထားတဲ့ ရုပ်ရှင်ကားနှစ်ကားကတော့ ဒါရိုက်တာညိုမင်းလွင်ရဲ့ တစ်ခါက ရန်ကုန်မြို့ပြနဲ့ ဒါရိုက်တာညွန့်မြန်မာ ညီညီအောင်ရဲ့ တစ်ခုလပ် တို့ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top