Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ထိုင္းႏိုင္ငံ၊ ခိုေတာင္းကြ်န္းမွာ ၿဗိတိန္ႏိုင္ငံသားႏွစ္ဦး အသတ္ခံရမွဳနဲ႔ ေသဒဏ္ခ်မွတ္ခံထားရတဲ့ ျမန္မာႏိုင္ငံသား ကိုေဇာ္လင္းနဲ႔ ကိုဝင္းေဇာ္ထြန္း တို႔ႏွစ္ဦး အတြက္ ေနာက္ဆံုးအယူခံကို ဒီေန႔ ထိုင္းႏိုင္ငံရဲ့ အဆင့့္ျမင့္ဆံုးတရားရံုး မွာတင္ခဲ့ၿပီး တရားရံုးက အယူခံကို လက္ခံလိုက္ပါတယ္။

ဒီေန႔အယူခံေလွ်ာက္လႊာတင္ၿပီးေနာက္ တရားရံုးဘက္က ၆ လကေန တစ္ႏွစ္အတြင္း ဆံုးျဖတ္ခ်က္ ခ်သြားမယ့္ အေနအထားရွိတယ္လို႔ ျမန္မာသံရံုးအထူး ကိုယ္စားလွယ္အဖြဲ႔ဝင္ ေရွ႕ေနဦးေအာင္မ်ိဳးသန္႔ က ေျပာပါတယ္။

“ျဖစ္ရိုးျဖစ္စဥ္အရဆိုရင္ေတာ့ ဒီလိုအမိန္႔တစ္ခုဟာ ၆ လကေန ၁ ႏွစ္အတြင္းၾကာပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ ပထမအယူခံတရားရံုးမွာ အမိန္႔ခ်ခဲ့တဲ့ရက္ကိုျပန္ၿပီးေတာ့တြက္ၾကည့္မယ္ဆိုရင္ ၆ လ မျပည့္ခင္ အမိန္႔ခ်ခဲ့တယ္ဆိုတာ က်ေနာ္တုိ႔ ျပန္ေလ့လာလို႔ရပါတယ္။ ဒါေၾကာင့္မို႔လို႔ အမွဳဟာ ေကာင္းတဲ့ အလားအလာ ရွိတဲ့အတြက္ေၾကာင့္မို႔လို႔ ဒီအထက္တရားရံုးေတာ္မွာလည္း က်ေနာ္ ထင္တယ္ ၆ လပတ္ဝန္းက်င္အတြင္းမွာကို အမိန္႔ထြက္လာလိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္ခင္ဗ်”

ကိုေဇာ္လင္းနဲ႔ကိုဝင္းေဇာ္ထြန္းတို႔ ႏွစ္ဦးကို ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ ၂၄ ရက္ေန႔က လူသတ္မူ၊ မုဒိန္းမႈ၊ တရားမဝင္ခိုးဝင္ေနထိုင္မႈစတဲ့ျပစ္မႈ ၇ ခုနဲ႔ ထိုင္းႏိုင္ငံေတာင္ပိုင္း ေကာ့စေမြခရိုင္တရားရံုးက ေသဒဏ္ခ်မွတ္ ထားတာျဖစ္ပါတယ္။

အဲဒီေနာက္ ထိုင္းအယူခံတရားရံုးမွာ ႏွစ္ႀကိမ္အယူခံတင္ခဲ့ေပမယ့္ ေသဒဏ္သာ ထပ္မံခ်မွတ္ခဲ့တာေၾကာင့္ အခုေနာက္ဆံုး အဆင့္ျမင့္ဆံုးတရားရံုးမွာ အယူခံ တင္ရတာျဖစ္ပါတယ္။

အဲဒီအယူခံေလွ်ာက္လႊာမွာ လူသတ္မွဳမွာ သက္ေသအျဖစ္တင္သြင္းတဲ့ ေပါက္တူးမွာ ေသဒဏ္ခ်မွတ္ ခံထားရတဲ့ ျမန္မာႏိုင္ငံသားႏွစ္ဦးရဲ့ DNA မေတြ႔ရွိေၾကာင္း၊ DNA စစ္ေဆးမွဳေတြျပဳလုပ္ခဲ့ရာမွာ အျပည္ျပည္ဆိုင္ရာ လုပ္ထံုးလုပ္နည္းေတြနဲ႔ မညီတာေတြရွိေၾကာင္းနဲ႔ ရံုးေတာ္ကိုတင္ျပတဲ့ DNA စစ္ေဆးခ်က္မွာ ျပင္ရာ၊ ဖ်က္ရာေတြရွိေနေၾကာင္း ထည့္သြင္းေရးသားထားတယ္လို႔ ေရွ႕ေန ဦးေအာင္မ်ဳိးသန္႔က ေျပာပါတယ္။

အဆင့္ျမင့္တရားရံုးအေနနဲ႔ အရင္အတိုင္းသာ ျပစ္ဒဏ္ခ်မွတ္မယ္ဆိုရင္ ထိုင္းဘုရင္မင္းျမတ္ထံ အသနားခံစာ တင္သြင္းဖို႔ ထိုင္းေရွ႕ေနမ်ားေကာင္စီ နဲ႔ ျမန္မာသံရံုးအထူးကိုယ္စားလွယ္အဖြဲ႔တို႔က ျပင္ဆင္ထားတယ္ လို႔လည္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၇ ရက္ေန႔က ကိုေဇာ္လင္းနဲ႔ကိုဝင္းေဇာ္ထြန္းတို႔ကို ထိုင္းေရွ႕ေနမ်ားေကာင္စီက သြားေရာက္ ေတြ႔ဆံုရာမွာ က်န္းမာေရးေကာင္း မြန္ေၾကာင္း ေတြ႔ရွိခဲ့တယ္လို႔ ေျပာပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: : RFA Burmese

#Unicode Version#
ထိုင်းနိုင်ငံ၊ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦး အတွက် နောက်ဆုံးအယူခံကို ဒီနေ့ ထိုင်းနိုင်ငံရဲ့ အဆင့့်မြင့်ဆုံးတရားရုံး မှာတင်ခဲ့ပြီး တရားရုံးက အယူခံကို လက်ခံလိုက်ပါတယ်။

ဒီနေ့အယူခံလျှောက်လွှာတင်ပြီးနောက် တရားရုံးဘက်က ၆ လကနေ တစ်နှစ်အတွင်း ဆုံးဖြတ်ချက် ချသွားမယ့် အနေအထားရှိတယ်လို့ မြန်မာသံရုံးအထူး ကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေဦးအောင်မျိုးသန့် က ပြောပါတယ်။

“ဖြစ်ရိုးဖြစ်စဉ်အရဆိုရင်တော့ ဒီလိုအမိန့်တစ်ခုဟာ ၆ လကနေ ၁ နှစ်အတွင်းကြာပါတယ်။ ဒါပေမယ့် ကျနော်တို့ ပထမအယူခံတရားရုံးမှာ အမိန့်ချခဲ့တဲ့ရက်ကိုပြန်ပြီးတော့တွက်ကြည့်မယ်ဆိုရင် ၆ လ မပြည့်ခင် အမိန့်ချခဲ့တယ်ဆိုတာ ကျနော်တို့ ပြန်လေ့လာလို့ရပါတယ်။ ဒါကြောင့်မို့လို့ အမှုဟာ ကောင်းတဲ့ အလားအလာ ရှိတဲ့အတွက်ကြောင့်မို့လို့ ဒီအထက်တရားရုံးတော်မှာလည်း ကျနော် ထင်တယ် ၆ လပတ်ဝန်းကျင်အတွင်းမှာကို အမိန့်ထွက်လာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်ခင်ဗျ”

ကိုဇော်လင်းနဲ့ကိုဝင်းဇော်ထွန်းတို့ နှစ်ဦးကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က လူသတ်မူ၊ မုဒိန်းမှု၊ တရားမဝင်ခိုးဝင်နေထိုင်မှုစတဲ့ပြစ်မှု ၇ ခုနဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေခရိုင်တရားရုံးက သေဒဏ်ချမှတ် ထားတာဖြစ်ပါတယ်။

အဲဒီနောက် ထိုင်းအယူခံတရားရုံးမှာ နှစ်ကြိမ်အယူခံတင်ခဲ့ပေမယ့် သေဒဏ်သာ ထပ်မံချမှတ်ခဲ့တာကြောင့် အခုနောက်ဆုံး အဆင့်မြင့်ဆုံးတရားရုံးမှာ အယူခံ တင်ရတာဖြစ်ပါတယ်။

အဲဒီအယူခံလျှောက်လွှာမှာ လူသတ်မှုမှာ သက်သေအဖြစ်တင်သွင်းတဲ့ ပေါက်တူးမှာ သေဒဏ်ချမှတ် ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးရဲ့ DNA မတွေ့ရှိကြောင်း၊ DNA စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီတာတွေရှိကြောင်းနဲ့ ရုံးတော်ကိုတင်ပြတဲ့ DNA စစ်ဆေးချက်မှာ ပြင်ရာ၊ ဖျက်ရာတွေရှိနေကြောင်း ထည့်သွင်းရေးသားထားတယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

အဆင့်မြင့်တရားရုံးအနေနဲ့ အရင်အတိုင်းသာ ပြစ်ဒဏ်ချမှတ်မယ်ဆိုရင် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာ တင်သွင်းဖို့ ထိုင်းရှေ့နေများကောင်စီ နဲ့ မြန်မာသံရုံးအထူးကိုယ်စားလှယ်အဖွဲ့တို့က ပြင်ဆင်ထားတယ် လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က ကိုဇော်လင်းနဲ့ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းရှေ့နေများကောင်စီက သွားရောက် တွေ့ဆုံရာမှာ ကျန်းမာရေးကောင်း မွန်ကြောင်း တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: : RFA Burmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top