ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

သမီးရည္းစားဆက္ဆံေရး (သို႔) အိမ္ေထာင္ေရးတစ္ခုမွာ သစၥာေဖာက္တဲ႔သူရွိရင္ ႏွစ္ဦးႏွစ္ဖက္နဲ႔ ပတ္သက္ရာပတ္သက္ေၾကာင္း လူေတြမွာပါ စိတ္ဆင္းရဲမႈ၊ ေသာကေဝဒနာေတြ ျဖစ္လာႏိုင္ပါတယ္။ ေလာကမွာ ဘယ္သူမွ သစၥာေဖာက္ခံလိုၾကမွာ မဟုတ္ပါဘူး။ ဒါေပမယ္႔ သစၥာေဖာက္ျခင္းကို ဘယ္လိုအတိုင္းအထြာေတြနဲ႔ တိုင္းတာၾကမလဲ။

ပါတီပြဲတစ္ခုမွာ တစ္ညတာ တူတူအခ်ိန္ျဖဳန္းမိတာ (One Night Stand) မိတာကို သစၥာေဖာက္တယ္လို႔ သတ္မွတ္ၾကမလား။ ရည္းစားေဟာင္း (သို႔) အခ်စ္ဆံုးသူငယ္ခ်င္းတစ္ေယာက္နဲ႔ စိတ္ပိုင္းဆိုင္ရာဆက္ႏြယ္မႈေတြရွိေနၿပီး လိင္ဆက္ဆံမႈေတာ႔ မရွိတာကိုေကာ သစၥာေဖာက္တယ္လုိ႔ သတ္မွတ္မလား။

သမီးရည္းစားေတြ၊ အိမ္ေထာင္သည္ေတြၾကားမွာ စိတ္ကိုအလြန္ညစ္ညဴးရေစတဲ႔ သစၥာေဖာက္ျခင္းနဲ႔ပတ္သက္ၿပီး ေလ႔လာေတြ႕ရွိခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ခ်စ္သူအေပၚ စီးပြားေရးအရ မွီခိုေနရရင္ သစၥာေဖာက္မိႏိုင္ေျခပိုမ်ားတယ္

၂၀၀၅ ခုႏွစ္တံုးက American Sociological Review မွာ ေဖာ္ျပခဲ႔ၿပီး အသက္ (၁၈) နဲ႔ (၃၂) ႏွစ္ၾကား လူေပါင္း (၂၈၀၀) ကို ေလ႔လာခဲ႔တဲဲ႔ ေလ႔လာမႈတစ္ခုအရဆိုရင္ လူတစ္ေယာက္ဟာ သူ႔ရဲ႕ခ်စ္သူ/ အိမ္ေထာင္ဖက္အေပၚ ဘ႑ာေရးအရ လံုးဝမွီခိုေနရတယဆိုရင္ သစၥာေဖာက္ႏိုင္ေျခပိုမ်ားတယ္လို႔ ဆိုထားပါတယ္။

အဲဒီေနရာမွာ အမ်ိဳးသားတစ္ဦးက အမ်ိဳးသမီးတစ္ေယာက္အေပၚ ဘ႑ာေရးအရ လံုးဝမွီခိုေနရတယ္ဆိုရင္ ဒီအဆိုဟာ လံုးဝနီးပါး မွန္ကန္ႏိုင္ပါတယ္။ အမ်ိဳးသမီးေတြမွာေတာ႔ ရာခိုင္ႏႈန္းနည္းေပမယ္႔ ျဖစ္ႏိုင္ေျခကေတာ႔ရွိပါတယ္။
၂။ ရည္းစားရွိရက္နဲ႔ ၾကဴျခင္းအေပၚ အမ်ိဳးသားနဲ႔ အမ်ိဳးသမီး တံု႕ျပန္ပံုေတြ မတူညီၾကဘူး

Interpersonal Relations and Group ဆိုတဲ႔ ဂ်ာနယ္တစ္ေစာင္မွာေဖာ္ျပခဲ႔တဲ႔ ၂၀၀၈ ခုႏွစ္က ေလ႔လာမႈတစ္ခုမွာေတာ႔ ဒီလိုေဖာ္ျပထားပါတယ္။ ေယာက်္ားေလးေတြဟာ တျခားမိန္းကေလးတစ္ေယာက္နဲ႔ ၾကဴထားမိၿပီးရင္ သူတို႔ရည္းစားေတြရဲ႕ အလားတူအျပစ္ေတြကို လက္ခံႏိုင္စြမ္းပိုနည္းၿပီး မိန္းကေလးေတြကေတာ႔ တျခားလူနဲ႔ၾကဴမိရင္ ေယာက်္ားေလးေတြရဲ႕ အလားတူ အျပစ္ေတြကို ခြင္႔လႊတ္လက္ခံႏိုင္ေျခ ပိုမ်ားပါတယ္တဲ႔။
၃။ သစၥာေဖာက္မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြလည္း ကြဲျပားပါတယ္

၂၀၀၃ ခုႏွစ္တံုးကျပဳလုပ္ခဲ႔တဲ႔ ေလ႔လာမႈတစ္ခုမွာေတာ႔ အမ်ိဳးသားနဲဲ႔ အမ်ိဳးသမီးေတြ မိမိတို႔ရဲ႕လက္တြဲေဖာ္ျပဳလုပ္တဲ႔ သစၥာေဖာက္မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြလည္း ကြဲျပားၾကပါတယ္တဲ႔။ အမ်ိဳးသားေတြက မိမိတို႔ရဲ႕လက္တြဲေဖာ္ဟာ တျခားေယာက်္ားတစ္ေယာက္ကို ခ်စ္သြားမိမွာထက္ လိင္ဆက္ဆံမိသြားမွာကို ပိုမိုစိုးရိမ္တတ္ၾကပါတယ္။

အမ်ိဳးသမီးေတြကေတာ႔ မိမိတို႔ရဲ႕လက္တြဲေဖာ္ တျခားမိန္းမတစ္ေယာက္နဲ႔ လိင္ဆက္ဆံမိမွာထက္ စိတ္ပိုင္းဆိုင္ရာအရ ခ်စ္မိသြားမွာကို ပိုမိုစိုးရိမ္တတ္ၾကပါတယ္။ စိတ္အလိုလုိက္ၿပီး လိင္ဆက္ဆံမိရင္ေတာင္ ခြင္႔လႊတ္ႏိုင္ေပမယ္႔ ခ်စ္မိသြားတယ္ ဆိုုတာကို ခြင္႔မလႊတ္ႏိုင္ၾကတာမ်ားပါတယ္။
၄။ မ်ိဳးရိုးဗီဇနဲ႔လည္း ဆိုင္ပါတယ္

ဇီဝေဗဒအရ တခ်ိဳ႕လူေတြက သစၥာေဖာက္ႏိုင္ေျခပိုမ်ားပါတယ္လို႔လည္း ဆိုထားပါတယ္။ ဥပမာ... Queensland တကၠသိုလ္ရဲ႕ ေလ႔လာမႈတစ္ခုမွာဆိုရင္ oxytocin နဲ႔ vasopressin receptor အထူးမ်ိဳးရိုးဗီဇ ရွိသူေတြမွာ သစၥာေဖာက္ႏုိင္ေျခပိုမ်ားတယ္လို႔ ဆိုပါတယ္။

Weill Cornell ေဆးဝါးေကာလိပ္က ပါေမာကၡတစ္ဦးျဖစ္တဲ႔ Richard Friedman ကလည္း New York Times သတင္းစာကို ေျပာၾကားခဲ႔တာက vasopressin ဆိုတာ ယံုၾကည္မႈ၊ လိင္ပိုင္းဆိုင္ရာဆက္ႏြယ္မႈ၊ စာနာနားလည္မႈ အစရွိတဲ႔ စိတ္ခံစားမႈေတြနဲ႔ ဆက္ႏြယ္ေနတဲ႔ ေဟာ္မုန္းေတြျဖစ္ၿပီး Oxytocin ကေတာ႔ လိင္စိတ္နဲ႔ အခ်စ္စိတ္ကိုျဖစ္ေစတဲ႔ ေဟာ္မုန္းေတြပါပဲလို႔ ဆုိပါတယ္။

ေလ႔လာမႈရဲ႕ရလဒ္အရေတာ႔ အဲဒီလိုမ်ိဳးရုိးဗီဇေၾကာင္႔ သစၥာေဖာက္ႏိုင္ေျခရွိတဲ႔ သာဓကေတြကို အမ်ိဳးသမီးေတြမွာ (၄၀) ရာခိုင္ႏႈန္းခန္႕ ေတြ႕ျမင္ရၿပီး အမ်ိဳးသားေတြမွာေတာ႔ (၆၀) ရာခိုင္ႏႈန္းခန္႔ ေတြ႕ျမင္ရပါတယ္တဲ႔။

Source: Independent.UK
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
သမီးရည်းစားဆက်ဆံရေး (သို့) အိမ်ထောင်ရေးတစ်ခုမှာ သစ္စာဖောက်တဲ့သူရှိရင် နှစ်ဦးနှစ်ဖက်နဲ့ ပတ်သက်ရာပတ်သက်ကြောင်း လူတွေမှာပါ စိတ်ဆင်းရဲမှု၊ သောကဝေဒနာတွေ ဖြစ်လာနိုင်ပါတယ်။ လောကမှာ ဘယ်သူမှ သစ္စာဖောက်ခံလိုကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သစ္စာဖောက်ခြင်းကို ဘယ်လိုအတိုင်းအထွာတွေနဲ့ တိုင်းတာကြမလဲ။

ပါတီပွဲတစ်ခုမှာ တစ်ညတာ တူတူအချိန်ဖြုန်းမိတာ (One Night Stand) မိတာကို သစ္စာဖောက်တယ်လို့ သတ်မှတ်ကြမလား။ ရည်းစားဟောင်း (သို့) အချစ်ဆုံးသူငယ်ချင်းတစ်ယောက်နဲ့ စိတ်ပိုင်းဆိုင်ရာဆက်နွယ်မှုတွေရှိနေပြီး လိင်ဆက်ဆံမှုတော့ မရှိတာကိုကော သစ္စာဖောက်တယ်လို့ သတ်မှတ်မလား။

သမီးရည်းစားတွေ၊ အိမ်ထောင်သည်တွေကြားမှာ စိတ်ကိုအလွန်ညစ်ညူးရစေတဲ့ သစ္စာဖောက်ခြင်းနဲ့ပတ်သက်ပြီး လေ့လာတွေ့ရှိချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ချစ်သူအပေါ် စီးပွားရေးအရ မှီခိုနေရရင် သစ္စာဖောက်မိနိုင်ခြေပိုများတယ်

၂၀၀၅ ခုနှစ်တုံးက American Sociological Review မှာ ဖော်ပြခဲ့ပြီး အသက် (၁၈) နဲ့ (၃၂) နှစ်ကြား လူပေါင်း (၂၈၀၀) ကို လေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုအရဆိုရင် လူတစ်ယောက်ဟာ သူ့ရဲ့ချစ်သူ/ အိမ်ထောင်ဖက်အပေါ် ဘဏ္ဍာရေးအရ လုံးဝမှီခိုနေရတယဆိုရင် သစ္စာဖောက်နိုင်ခြေပိုများတယ်လို့ ဆိုထားပါတယ်။

အဲဒီနေရာမှာ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ယောက်အပေါ် ဘဏ္ဍာရေးအရ လုံးဝမှီခိုနေရတယ်ဆိုရင် ဒီအဆိုဟာ လုံးဝနီးပါး မှန်ကန်နိုင်ပါတယ်။ အမျိုးသမီးတွေမှာတော့ ရာခိုင်နှုန်းနည်းပေမယ့် ဖြစ်နိုင်ခြေကတော့ရှိပါတယ်။
၂။ ရည်းစားရှိရက်နဲ့ ကြူခြင်းအပေါ် အမျိုးသားနဲ့ အမျိုးသမီး တုံ့ပြန်ပုံတွေ မတူညီကြဘူး

Interpersonal Relations and Group ဆိုတဲ့ ဂျာနယ်တစ်စောင်မှာဖော်ပြခဲ့တဲ့ ၂၀၀၈ ခုနှစ်က လေ့လာမှုတစ်ခုမှာတော့ ဒီလိုဖော်ပြထားပါတယ်။ ယောကျ်ားလေးတွေဟာ တခြားမိန်းကလေးတစ်ယောက်နဲ့ ကြူထားမိပြီးရင် သူတို့ရည်းစားတွေရဲ့ အလားတူအပြစ်တွေကို လက်ခံနိုင်စွမ်းပိုနည်းပြီး မိန်းကလေးတွေကတော့ တခြားလူနဲ့ကြူမိရင် ယောကျ်ားလေးတွေရဲ့ အလားတူ အပြစ်တွေကို ခွင့်လွှတ်လက်ခံနိုင်ခြေ ပိုများပါတယ်တဲ့။
၃။ သစ္စာဖောက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း ကွဲပြားပါတယ်

၂၀၀၃ ခုနှစ်တုံးကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာတော့ အမျိုးသားနဲ့ အမျိုးသမီးတွေ မိမိတို့ရဲ့လက်တွဲဖော်ပြုလုပ်တဲ့ သစ္စာဖောက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း ကွဲပြားကြပါတယ်တဲ့။ အမျိုးသားတွေက မိမိတို့ရဲ့လက်တွဲဖော်ဟာ တခြားယောကျ်ားတစ်ယောက်ကို ချစ်သွားမိမှာထက် လိင်ဆက်ဆံမိသွားမှာကို ပိုမိုစိုးရိမ်တတ်ကြပါတယ်။

အမျိုးသမီးတွေကတော့ မိမိတို့ရဲ့လက်တွဲဖော် တခြားမိန်းမတစ်ယောက်နဲ့ လိင်ဆက်ဆံမိမှာထက် စိတ်ပိုင်းဆိုင်ရာအရ ချစ်မိသွားမှာကို ပိုမိုစိုးရိမ်တတ်ကြပါတယ်။ စိတ်အလိုလိုက်ပြီး လိင်ဆက်ဆံမိရင်တောင် ခွင့်လွှတ်နိုင်ပေမယ့် ချစ်မိသွားတယ် ဆိုုတာကို ခွင့်မလွှတ်နိုင်ကြတာများပါတယ်။
၄။ မျိုးရိုးဗီဇနဲ့လည်း ဆိုင်ပါတယ်

ဇီဝဗေဒအရ တချို့လူတွေက သစ္စာဖောက်နိုင်ခြေပိုများပါတယ်လို့လည်း ဆိုထားပါတယ်။ ဥပမာ... Queensland တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုမှာဆိုရင် oxytocin နဲ့ vasopressin receptor အထူးမျိုးရိုးဗီဇ ရှိသူတွေမှာ သစ္စာဖောက်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။

Weill Cornell ဆေးဝါးကောလိပ်က ပါမောက္ခတစ်ဦးဖြစ်တဲ့ Richard Friedman ကလည်း New York Times သတင်းစာကို ပြောကြားခဲ့တာက vasopressin ဆိုတာ ယုံကြည်မှု၊ လိင်ပိုင်းဆိုင်ရာဆက်နွယ်မှု၊ စာနာနားလည်မှု အစရှိတဲ့ စိတ်ခံစားမှုတွေနဲ့ ဆက်နွယ်နေတဲ့ ဟော်မုန်းတွေဖြစ်ပြီး Oxytocin ကတော့ လိင်စိတ်နဲ့ အချစ်စိတ်ကိုဖြစ်စေတဲ့ ဟော်မုန်းတွေပါပဲလို့ ဆိုပါတယ်။

လေ့လာမှုရဲ့ရလဒ်အရတော့ အဲဒီလိုမျိုးရိုးဗီဇကြောင့် သစ္စာဖောက်နိုင်ခြေရှိတဲ့ သာဓကတွေကို အမျိုးသမီးတွေမှာ (၄၀) ရာခိုင်နှုန်းခန့် တွေ့မြင်ရပြီး အမျိုးသားတွေမှာတော့ (၆၀) ရာခိုင်နှုန်းခန့် တွေ့မြင်ရပါတယ်တဲ့။

Source: Independent.UK

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top