ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

သာမန္အမ်ိဳးသားေတြ အမ်ားစုဟာဆုိရင္ တစ္ရက္ကုိ ၄၃ မိနစ္ခန္႔ သူစိမ္းအမ်ိဳးသမီး၁၀ ဦးနီးပါးကုိ လုိက္ၾကည့္မိေလ့ရွိၾကေၾကာင္း စစ္တမ္းေကာက္ေလ့လာခ်က္ေတြအရ ထုတ္ျပန္လုိက္ပါတယ္။ နာရီ အားျဖင့္ တစ္ႏွစ္အတြင္းမွာ နာရီေပါင္း ၂၅၉ နာရီနဲ႔ ၁၁ ရက္ၾကာ ၾကည့္ရႈၾကေလ့ရွိတယ္လုိ႔ ေဖာ္ျပ ထားပါတယ္။

ေလ့လာသုေတသနျပဳသူေတြရဲ႕ အဆုိပါေတြ႕ရွိခ်က္ဟာဆုိရင္ အမ်ိဳးသားေတြရဲ႕ဗီဇက ဆန္႔က်င္ဘက္ လိင္ျဖစ္တဲ့ အမ်ိဳးသမီးေတြကုိ စိတ္ပါဝင္စားတဲ့ ခံစားမႈျဖစ္ေပၚျခင္းမဟုတ္ပဲ အျခားအမ်ိဳးသားေျခာက္ ဦးနီးပါးကုိလည္း မိနစ္ ၂၀ နီးပါး ၾကည့္ရႈတတ္ၾကေလ့ရွိတယ္လုိ႔ ဆုိပါတယ္။

ကုိဒက္လန္းစ္ဗြီးရွင္းစင္တာရဲ႕ ေျပာခြင့္ရသူတစ္ဦးျဖစ္တဲ့ မက္အီေရးလန္းဆုိသူက အမ်ိဳးသားက အမ်ိဳးသားေတြအေနနဲ႔ အမ်ိဳးသမီးေတြကုိ စိတ္ဝင္တစားလုိက္ၾကည့္ၾကတာမ်ိဳးေတြကေတာ့ ရွိတယ္ ဆုိေပမယ့္ သူတုိ႔ေတြရဲ႕ အမ်ိဳးသမီးေတြကုိ ဘယ္ေလာက္ထိအခ်ိန္ၾကာၾကာ ၾကည့္မိၾကမလဲဆုိတာ ကုိ သိရွိရဖုိ႔ကေတာ့ သိပ္ကုိစိတ္ဝင္စားစရာေကာင္းတယ္လုိ႔ ဆုိထားပါတယ္။

အမ်ိဳးသားေတြရဲ႕ တစ္သတ္တာအခ်ိန္ေတြမွာဆုိရင္ ဆန္႔က်င္ဘက္အမ်ိဳးသမီးေတြအေပၚ အၾကည့္ ေရာက္သြားတဲ့အခ်ိန္ေတြ မ်ားစြာကုိျဖတ္သန္းခဲ့ၾကေၾကာင္းနဲ႔ စြဲေဆာင္မႈေကာင္းၿပီး ၾကည့္ေကာင္း တဲ့အမ်ိဳးသမီးေတြကုိ ျမင္ေတြ႕ ရခ်ိန္မွာဆုိရင္ ပုိၿပီးေတာ့ ၾကည့္တတ္ေလ့ရွိေၾကာင္း စင္တာေျပာခြင့္ ရသူက ဆုိပါတယ္။

စစ္တမ္းေကာက္ လူအေယာက္ ၃၀၀၀ ရဲ႕မွတ္တမ္းေတြထဲက အမ်ိဳးသားေတြရဲ႕ ၾကည့္ျခင္းကုိ ခံရတဲ့အမ်ိဳးသမီးေတြ အၾကည့္ခံရျခင္းက စူပါမားကတ္လုိ ေနရာမ်ိဳးေတြ၊ ေနာက္ ႏုိက္ကလပ္လုိ ေနရာမ်ိဳးေတြမွာ ပုိမုိျဖစ္ေပၚေၾကာင္း ထုတ္ျပန္ထားပါတယ္။ အမ်ိဳးသားေတြရဲ႕ ဒီလုိမ်ိဳး အမ်ိဳးသမီးေတြ ကုိ ေနာက္ျပန္ ၾကည့္တာေတြ၊ ေစာင္းၾကည့္တာမ်ိဳးေတြက သာမန္ဗီဇအရျဖစ္ေလ့ျဖစ္ထရွိတဲ့ အေလ့အထ လည္းျဖစ္တာေၾကာင့္ လက္ခံထားၾကတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သဒၵါခ်ိဳ(ေရႊအင္းေလး)

#Unicode Version#
သာမန်အမျိုးသားတွေ အများစုဟာဆိုရင် တစ်ရက်ကို ၄၃ မိနစ်ခန့် သူစိမ်းအမျိုးသမီး၁၀ ဦးနီးပါးကို လိုက်ကြည့်မိလေ့ရှိကြကြောင်း စစ်တမ်းကောက်လေ့လာချက်တွေအရ ထုတ်ပြန်လိုက်ပါတယ်။ နာရီ အားဖြင့် တစ်နှစ်အတွင်းမှာ နာရီပေါင်း ၂၅၉ နာရီနဲ့ ၁၁ ရက်ကြာ ကြည့်ရှုကြလေ့ရှိတယ်လို့ ဖော်ပြ ထားပါတယ်။

လေ့လာသုတေသနပြုသူတွေရဲ့ အဆိုပါတွေ့ရှိချက်ဟာဆိုရင် အမျိုးသားတွေရဲ့ဗီဇက ဆန့်ကျင်ဘက် လိင်ဖြစ်တဲ့ အမျိုးသမီးတွေကို စိတ်ပါဝင်စားတဲ့ ခံစားမှုဖြစ်ပေါ်ခြင်းမဟုတ်ပဲ အခြားအမျိုးသားခြောက် ဦးနီးပါးကိုလည်း မိနစ် ၂၀ နီးပါး ကြည့်ရှုတတ်ကြလေ့ရှိတယ်လို့ ဆိုပါတယ်။

ကိုဒက်လန်းစ်ဗွီးရှင်းစင်တာရဲ့ ပြောခွင့်ရသူတစ်ဦးဖြစ်တဲ့ မက်အီရေးလန်းဆိုသူက အမျိုးသားက အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေကို စိတ်ဝင်တစားလိုက်ကြည့်ကြတာမျိုးတွေကတော့ ရှိတယ် ဆိုပေမယ့် သူတို့တွေရဲ့ အမျိုးသမီးတွေကို ဘယ်လောက်ထိအချိန်ကြာကြာ ကြည့်မိကြမလဲဆိုတာ ကို သိရှိရဖို့ကတော့ သိပ်ကိုစိတ်ဝင်စားစရာကောင်းတယ်လို့ ဆိုထားပါတယ်။

အမျိုးသားတွေရဲ့ တစ်သတ်တာအချိန်တွေမှာဆိုရင် ဆန့်ကျင်ဘက်အမျိုးသမီးတွေအပေါ် အကြည့် ရောက်သွားတဲ့အချိန်တွေ များစွာကိုဖြတ်သန်းခဲ့ကြကြောင်းနဲ့ စွဲဆောင်မှုကောင်းပြီး ကြည့်ကောင်း တဲ့အမျိုးသမီးတွေကို မြင်တွေ့ ရချိန်မှာဆိုရင် ပိုပြီးတော့ ကြည့်တတ်လေ့ရှိကြောင်း စင်တာပြောခွင့် ရသူက ဆိုပါတယ်။

စစ်တမ်းကောက် လူအယောက် ၃၀၀၀ ရဲ့မှတ်တမ်းတွေထဲက အမျိုးသားတွေရဲ့ ကြည့်ခြင်းကို ခံရတဲ့အမျိုးသမီးတွေ အကြည့်ခံရခြင်းက စူပါမားကတ်လို နေရာမျိုးတွေ၊ နောက် နိုက်ကလပ်လို နေရာမျိုးတွေမှာ ပိုမိုဖြစ်ပေါ်ကြောင်း ထုတ်ပြန်ထားပါတယ်။ အမျိုးသားတွေရဲ့ ဒီလိုမျိုး အမျိုးသမီးတွေ ကို နောက်ပြန် ကြည့်တာတွေ၊ စောင်းကြည့်တာမျိုးတွေက သာမန်ဗီဇအရဖြစ်လေ့ဖြစ်ထရှိတဲ့ အလေ့အထ လည်းဖြစ်တာကြောင့် လက်ခံထားကြတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သဒ္ဒါချို(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top