ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ဟင္းငုတ္ပင္ကိုေဒသအလိုက္သခြပ္ပင္ ဟင္းဂုတ္ပင္ ဟင္းဂြတ္ပင္ဟု ေခၚၾကသည္။

တစ္နိုင္ငံလုံးေပါက္သည္။ ႏွစ္ရွည္ပင္ျကီး။ ပင္စည္တြင္ အေခါက္ အေပြးမရွိ။ အရြက္အနည္းငယ္ဝိုင္း။
အပြင့္အျဖဴေရာင္။ပဒိုင္းပြင့္ႏွင့္တူသည္။တန္ခူးမွဝါဆိုလအထိပြင့္သည္။အသီးမွာေသးေသးရွည္ရွည္။ႏွစ္ေပခန့္ရွိ။
         
 ေဆးဘက္ဝင္ဝင္ပုံ
           
#အေခါက္

၁။ ေျမြေပြး။ေျမြေဟာက္ကိုက္ခံရပါကအေခါက္ကိုအျမန္ဝါးစားလုိက္ပါလ်ွင္ အဆိပ္မရွိေတာ့ပါ။
ငန္းေတာ္က်ား။ငန္း ေျမြ အပါအဝင္ပါ။

       (ေျမြေပြးႏွင္ေျမြေဟာက္သာအကိုက္ခံသူရွိ၍ဦးစားေပးေဖၚျပရျခင္းပါ)

၂။ အဆိပ္ရွိ သတၲဝါေလးမ်ားကိုက္လ်ွင္လည္းအေခါက္ဝါးးစားပါ။

၃။ မ်က္ေစ့နာပါကအေခါက္ေသြးျပီးမ်က္လုံးကြင္းလိမ္းပါ။မက်ည္းေခါက္လိုအေပြးမရွိ။

၄။ ကိုယ္လက္ကိုက္ခဲပါက အေခါက္ ျပဳတ္ေရ ခ်ိဳးပါ။
               
 #အပြင့္

၁။ ေရွးကတည္းကကေလးေတြကိုေရာဂါကင္း။ကိုယ္တြင္းအဆိပ္ကင္းသည္ဆိုကာသုပ္ေက်ြးသည္

၂။ အပြင့္ကိုေရေႏြးေဖ်ာရုံျဖင့္က်က္သည္။အေျခာက္ဆိုရင္ျပဳတ္ရသည္။
အေျခာက္ အေရာင္မဲေနသည္မွလဲြ၍အရသာမေျပာင္းပါ။

၃။  ဘီပိုး။စီပိုး ေပ်ာက္သည္ဆိုကာေတာ္ေတာ္မ်ားမ်ားအပြင့္သုပ္စား ေနျကသည္။

၄။   ေဈးတြင္ဟင္းရြက္တန္း၌ေရာင္းခ်ေနျကပါသည္။တို့စားစရာအ  ျဖစ္လည္းသုံးသည္။
             
 #အရြက္


၁။ အရြက္နုကိုဟင္းခါးခ်က္ေသာက္ၾကသည္။

၂။ ကေလးမ်ားေရေက်ာက္ေပါက္ လ်ွင္ အရြက္ျပဳတ္တိုက္သည္။

၃။ တကိုယ္လုံးေညာင္းညာကုိက္ခဲလ်ွင္၄င္း။ကေလးမ်ားက်န္းမာ ေရးအတြက္၄င္းအရြက္ျပဳတ္ေရ ျဖင့္ေရခ်ိဳးျကသည္။

၄။ ဆိတ္ကို ေျမြစိမ္းျမီးေျခာက္ကိုက္လ်ွင္ ေခါင္းတခုလုံးေရာင္။မ်က္လုံးပိတ္။ငါးရက္ခန့္ျကာမွေကာင္း ေသာ္လည္း     အရြက္ေက်ြးပါက တစ္ရက္ႏွင့္ေပ်ာက္သည္။
       

 အခ်ဳပ္အားျဖင့္......
        ေျမြေပြး။ေျမြေဟာက္ကိုက္ခံရသူမ်ားအေခါက္စားသြားသျဖင့္ေဆးရံံုေရာက္သည့္အခါအဆိပ္မရွိေတာ့။

တစ္ဦးကလက္သန္းေျမြေပြးကိုက္ရာေျမြပါအစြယ္ႏွင့္ခ်ိတ္ပါလာသည္။

သူကေတာ့ေဆးရုံမသြားေတာ့ဘဲအေခါက္စား။အရြက္ႏွင့္စည္းထားခဲ့သည္။
      
 သစ္ျကီးပိ။ေျမြျကီးကိုက္ ဆိုလ်ွင္အႏၲရာယ္ျကီးလြန္းသည္။ေျခသလံုးအထက္ျကီးသည့္ေျမြအရြယ္ဆိုလိုပါသည္။
ေျမြျကီးေတာ့အဆိပ္အလြန္မ်ားေတာ့ အျမန္ဆုံးအေခါက္စားရန္လိုပါမည္။ေရွးဦးသူနုာျပဳနည္းမလုပ္ရ ဟုဆိုလိုျခင္းမဟုတ္ပါ။
       အိမ္လယ္ယာအနီးရွိဟင္းငုတ္ပင္မ်ားအားခုတ္ျခင္းမျပဳဘဲ။ေနရာရွိလ်ွင္စိုက္ထားသင့္သည့္အပင္ျဖစ္ပါသည္။
          
မိမိတြင္ရုကၡေဗဒစာအုပ္မ်ားမရွိပါ။လက္ရွိအသုံးျပဳေနပုံမ်ား။

သက္ျကီးစကား ျကားမ်ား။အေတြ့အျကံဳ မ်ားအားေဖၚျပထားျခင္းျဖစ္ပါေျကာင္း။
ခ်စ္ျခင္းေမတၱာျဖင့္....


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dagaung

#Unicode Version#
ဟင်းငုတ်ပင်ကိုဒေသအလိုက်သခွပ်ပင် ဟင်းဂုတ်ပင် ဟင်းဂွတ်ပင်ဟု ခေါ်ကြသည်။

တစ်နိုင်ငံလုံးပေါက်သည်။ နှစ်ရှည်ပင်ကြီး။ ပင်စည်တွင် အခေါက် အပွေးမရှိ။ အရွက်အနည်းငယ်ဝိုင်း။
အပွင့်အဖြူရောင်။ပဒိုင်းပွင့်နှင့်တူသည်။တန်ခူးမှဝါဆိုလအထိပွင့်သည်။အသီးမှာသေးသေးရှည်ရှည်။နှစ်ပေခန့်ရှိ။
        
 ဆေးဘက်ဝင်ဝင်ပုံ
            #အခေါက်

၁။ မြွေပွေး။မြွေဟောက်ကိုက်ခံရပါကအခေါက်ကိုအမြန်ဝါးစားလိုက်ပါလျှင် အဆိပ်မရှိတော့ပါ။
ငန်းတော်ကျား။ငန်း မြွေ အပါအဝင်ပါ။

       (မြွေပွေးနှင်မြွေဟောက်သာအကိုက်ခံသူရှိ၍ဦးစားပေးဖေါ်ပြရခြင်းပါ)

၂။ အဆိပ်ရှိ သတ္တဝါလေးများကိုက်လျှင်လည်းအခေါက်ဝါးးစားပါ။

၃။ မျက်စေ့နာပါကအခေါက်သွေးပြီးမျက်လုံးကွင်းလိမ်းပါ။မကျည်းခေါက်လိုအပွေးမရှိ။

၄။ ကိုယ်လက်ကိုက်ခဲပါက အခေါက် ပြုတ်ရေ ချိုးပါ။
              
 #အပွင့်

၁။ ရှေးကတည်းကကလေးတွေကိုရောဂါကင်း။ကိုယ်တွင်းအဆိပ်ကင်းသည်ဆိုကာသုပ်ကျွေးသည်

၂။ အပွင့်ကိုရေနွေးဖျောရုံဖြင့်ကျက်သည်။အခြောက်ဆိုရင်ပြုတ်ရသည်။
အခြောက် အရောင်မဲနေသည်မှလွဲ၍အရသာမပြောင်းပါ။

၃။  ဘီပိုး။စီပိုး ပျောက်သည်ဆိုကာတော်တော်များများအပွင့်သုပ်စား နေကြသည်။

၄။   ဈေးတွင်ဟင်းရွက်တန်း၌ရောင်းချနေကြပါသည်။တို့စားစရာအ  ဖြစ်လည်းသုံးသည်။
            
 #အရွက်

၁။ အရွက်နုကိုဟင်းခါးချက်သောက်ကြသည်။

၂။ ကလေးများရေကျောက်ပေါက် လျှင် အရွက်ပြုတ်တိုက်သည်။

၃။ တကိုယ်လုံးညောင်းညာကိုက်ခဲလျှင်၎င်း။ကလေးများကျန်းမာ ရေးအတွက်၎င်းအရွက်ပြုတ်ရေ ဖြင့်ရေချိုးကြသည်။

၄။ ဆိတ်ကို မြွေစိမ်းမြီးခြောက်ကိုက်လျှင် ခေါင်းတခုလုံးရောင်။မျက်လုံးပိတ်။ငါးရက်ခန့်ကြာမှကောင်း သော်လည်း     အရွက်ကျွေးပါက တစ်ရက်နှင့်ပျောက်သည်။
      

 အချုပ်အားဖြင့်......
        မြွေပွေး။မြွေဟောက်ကိုက်ခံရသူများအခေါက်စားသွားသဖြင့်ဆေးရံုံရောက်သည့်အခါအဆိပ်မရှိတော့။

တစ်ဦးကလက်သန်းမြွေပွေးကိုက်ရာမြွေပါအစွယ်နှင့်ချိတ်ပါလာသည်။

သူကတော့ဆေးရုံမသွားတော့ဘဲအခေါက်စား။အရွက်နှင့်စည်းထားခဲ့သည်။
     
 သစ်ကြီးပိ။မြွေကြီးကိုက် ဆိုလျှင်အန္တရာယ်ကြီးလွန်းသည်။ခြေသလုံးအထက်ကြီးသည့်မြွေအရွယ်ဆိုလိုပါသည်။
မြွေကြီးတော့အဆိပ်အလွန်များတော့ အမြန်ဆုံးအခေါက်စားရန်လိုပါမည်။ရှေးဦးသူနုာပြုနည်းမလုပ်ရ ဟုဆိုလိုခြင်းမဟုတ်ပါ။
       အိမ်။လယ်ယာ အနီးရှိဟင်းငုတ်ပင်များအားခုတ်ခြင်းမပြုဘဲ။နေရာရှိလျှင်စိုက်ထားသင့်သည့်အပင်ဖြစ်ပါသည်။
         
မိမိတွင်ရုက္ခဗေဒစာအုပ်များမရှိပါ။လက်ရှိအသုံးပြုနေပုံများ။

သက်ကြီးစကား ကြားများ။အတွေ့အကြုံ များအားဖေါ်ပြထားခြင်းဖြစ်ပါကြောင်း။
ချစ်ခြင်းမေတ္တာဖြင့်....


ဖိုးသူတော် (www.phothutaw.com)
Credit: Dagaung
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top