Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဘရာဇီႏိုင္ငံတြင္ အသက္ ၂ ႏွစ္အရြယ္ ကေလးငယ္တစ္ေယာက္ဟာ မိသားစုမ်ားက ေသဆံုးျပီဟုယူဆကာ အေလာင္းျပင္ထားၿပီးမွ အေလာင္းထဲမွ ျပန္ထကာ ေရခပ္ေပးဖို႔ ေတာင္းဆိုခဲ့ေၾကာင္း သတင္းရရွိသည္။

သတင္းစာမ်က္ႏွာမ်ားတြင္ ေဖာ္ျပခ်က္အရ ကယ္လ္ဗင္ စန္တို ဆိုသူကေလးငယ္ကို အားလံုးက ေသၿပီဟု သတ္မွတ္ခဲ့ၾကၿပီးျဖစ္သည္။ ေဆးရံုတြင္ အဆုတ္ေရာင္ေရာဂါ အျပင္းအထန္ကုသရင္းက လက္ေလ်ာ့ခဲ့ရျခင္းျဖစ္သည္။

ဘရာဇီႏိုင္ငံေျမာက္ပိုင္းရွိ ဘယ္လန္ၿမိဳ႕၊ ေအဘယ္လာဒို ေဆးရံုမွ ဆရာ၀န္မ်ားက ကေလးငယ္ဟာ ေသဆံုးၿပီျဖစ္ေၾကာင္း အတည္ျပဳမႈကို ေဒသစံေတာ္ခ်ိန္ ည ၇ ရီတြင္ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

မိသားစုဟာ စိတ္မေကာင္းစြာနဲ႔ပဲ ကေလးငယ္ရဲ့ ရုပ္အေလာင္းကို အိမ္သို႔ သယ္ေဆာင္လာၾကသည္။ ဒါေပမယ့္ မယံုႏုိင္စရာ ထူးျခားမွုျဖစ္ေပၚခဲ့သည္။ ကေလးအေလာင္းတြက္ ေခါင္းတလား စီစဥ္ေနၾကစဥ္ ႏွစ္နာရီခန္႔အတြင္းမွာေတာ့ ကေလးဟာ ေခါင္းတလားထဲမွ ထၿပီးထိုင္ခဲ့သည္။ ၿပီးေတာ့ ေရးခပ္ေပးပါ ဟု ေျပာေတာ့သည္။

ဒီျဖစ္စဥ္ကို မ်က္ျမင္သက္ေသ ေတြ႔လိုက္သူမ်ားက ကေလးရဲ့ ဖခင္ျဖစ္သူကို လွမ္းေျပာသည္။ ဖခင္ျဖစ္သူ အန္တိုနီယိုက ငိုယိုေနခဲ့ၿပီး ကေလးကိုၾကည့္သည္။ ပူပန္ေနတဲ့ ဖခင္ဟာကေလးကို ” သား၊ အေဖ့ဆီကို ျပန္လာခဲ့” ဟု ေျပာသည္။

”အေဖ၊ေရေသာက္ခ်င္တယ္” ဟု သားျဖစ္သူက မ်က္လံုးမ်ားကို ေကာင္းစြာဖြင့္ရင္း ေျပာဆိုသည္။ တုန္လႈပ္ေနခဲ့တဲ့ မိသားစု၀င္မ်ားဟာ ကေလးကို ခ်က္ခ်င္းပဲ ေရေအးေအး ခပ္တိုက္ၾကသည္။ ဒါေပမယ့္ ေရအနည္းအက်ဥ္းကေလး ေသာက္ၿပီးတဲ့ ေနာက္မွာေတာ့ သူဟာ မ်က္လံုးမ်ားမိွတ္သြားခဲ့ၿပီး ေခါင္းတလားထဲသို႔ ျပန္အိပ္သြားခဲ့သည္။

ကေလးငယ္ရဲ့ အသက္ျပန္လည္ရွင္သန္လာဖို႔ ေမွ်ာ္လင့္ၾကတဲ့ မိသားစု၀င္ေတြဟာ သူ႔ကို အလ်င္အျမန္ပဲ ေဆးရံုသို႔ ပို႔ၾကသည္။ ဒါေပမယ့္ အံ့ၾသထိတ္လန္႔စရာပါပဲ။ ေဆးရံုက ဆရာ၀န္မ်ားက ကေလးငယ္ဟာ ေဆးဆံုးသြားၿပီျဖစ္ေၾကာင္း ဒုတိယအႀကိမ္ အတည္ျပဳလိုက္ရျပန္သည္။

ကေလးငယ္ဟာ တကယ္မေသေၾကာင္း၊ စကၠန္႔အနည္းငယ္ ျပန္ထလာေသးတာကို ကိုယ္တိုင္ႀကံဳခဲ့ရတဲ့ ဖခင္ျဖစ္သူ အန္တိုနီယိုဟာ ေဆးရံုကို က်င့္၀တ္ခ်ိဳ႕ယြင္းမွုျဖင့္ တရားစြဲဖို႔ ဆံုးျဖတ္လိုက္သည္။ ေဆးရံုတာ၀န္ရွိသူမ်ားကလည္း သူတို႔ဆံုးျဖတ္ခ်က္အတြက္ အခိုင္အမာ ရပ္တည္ေနၾကသည္။ သူတို႔ဟာ ပထမႀကိမ္စစ္ေဆးတည္းက ကေလးဟာ ေသဆံုးေနခဲ့ၿပီျဖစ္ေၾကာင္း၊ ခဏျပန္လည္အသတ္ရွင္လာတာကိုေတာ့ ဘာေၾကာင့္လို႔ မရွင္းျပႏိုင္ေၾကာင္း ဆိုသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:   PannPwint

#Unicode Version#
ဘရာဇီနိုင်ငံတွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ယောက်ဟာ မိသားစုများက သေဆုံးပြီဟုယူဆကာ အလောင်းပြင်ထားပြီးမှ အလောင်းထဲမှ ပြန်ထကာ ရေခပ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစာမျက်နှာများတွင် ဖော်ပြချက်အရ ကယ်လ်ဗင် စန်တို ဆိုသူကလေးငယ်ကို အားလုံးက သေပြီဟု သတ်မှတ်ခဲ့ကြပြီးဖြစ်သည်။ ဆေးရုံတွင် အဆုတ်ရောင်ရောဂါ အပြင်းအထန်ကုသရင်းက လက်လျော့ခဲ့ရခြင်းဖြစ်သည်။

ဘရာဇီနိုင်ငံမြောက်ပိုင်းရှိ ဘယ်လန်မြို့၊ အေဘယ်လာဒို ဆေးရုံမှ ဆရာဝန်များက ကလေးငယ်ဟာ သေဆုံးပြီဖြစ်ကြောင်း အတည်ပြုမှုကို ဒေသစံတော်ချိန် ည ၇ ရီတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

မိသားစုဟာ စိတ်မကောင်းစွာနဲ့ပဲ ကလေးငယ်ရဲ့ ရုပ်အလောင်းကို အိမ်သို့ သယ်ဆောင်လာကြသည်။ ဒါပေမယ့် မယုံနိုင်စရာ ထူးခြားမှုဖြစ်ပေါ်ခဲ့သည်။ ကလေးအလောင်းတွက် ခေါင်းတလား စီစဉ်နေကြစဉ် နှစ်နာရီခန့်အတွင်းမှာတော့ ကလေးဟာ ခေါင်းတလားထဲမှ ထပြီးထိုင်ခဲ့သည်။ ပြီးတော့ ရေးခပ်ပေးပါ ဟု ပြောတော့သည်။

ဒီဖြစ်စဉ်ကို မျက်မြင်သက်သေ တွေ့လိုက်သူများက ကလေးရဲ့ ဖခင်ဖြစ်သူကို လှမ်းပြောသည်။ ဖခင်ဖြစ်သူ အန်တိုနီယိုက ငိုယိုနေခဲ့ပြီး ကလေးကိုကြည့်သည်။ ပူပန်နေတဲ့ ဖခင်ဟာကလေးကို ” သား၊ အဖေ့ဆီကို ပြန်လာခဲ့” ဟု ပြောသည်။

”အဖေ၊ရေသောက်ချင်တယ်” ဟု သားဖြစ်သူက မျက်လုံးများကို ကောင်းစွာဖွင့်ရင်း ပြောဆိုသည်။ တုန်လှုပ်နေခဲ့တဲ့ မိသားစုဝင်များဟာ ကလေးကို ချက်ချင်းပဲ ရေအေးအေး ခပ်တိုက်ကြသည်။ ဒါပေမယ့် ရေအနည်းအကျဉ်းကလေး သောက်ပြီးတဲ့ နောက်မှာတော့ သူဟာ မျက်လုံးများမှိတ်သွားခဲ့ပြီး ခေါင်းတလားထဲသို့ ပြန်အိပ်သွားခဲ့သည်။

ကလေးငယ်ရဲ့ အသက်ပြန်လည်ရှင်သန်လာဖို့ မျှော်လင့်ကြတဲ့ မိသားစုဝင်တွေဟာ သူ့ကို အလျင်အမြန်ပဲ ဆေးရုံသို့ ပို့ကြသည်။ ဒါပေမယ့် အံ့သြထိတ်လန့်စရာပါပဲ။ ဆေးရုံက ဆရာဝန်များက ကလေးငယ်ဟာ ဆေးဆုံးသွားပြီဖြစ်ကြောင်း ဒုတိယအကြိမ် အတည်ပြုလိုက်ရပြန်သည်။

ကလေးငယ်ဟာ တကယ်မသေကြောင်း၊ စက္ကန့်အနည်းငယ် ပြန်ထလာသေးတာကို ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဖခင်ဖြစ်သူ အန်တိုနီယိုဟာ ဆေးရုံကို ကျင့်ဝတ်ချို့ယွင်းမှုဖြင့် တရားစွဲဖို့ ဆုံးဖြတ်လိုက်သည်။ ဆေးရုံတာဝန်ရှိသူများကလည်း သူတို့ဆုံးဖြတ်ချက်အတွက် အခိုင်အမာ ရပ်တည်နေကြသည်။ သူတို့ဟာ ပထမကြိမ်စစ်ဆေးတည်းက ကလေးဟာ သေဆုံးနေခဲ့ပြီဖြစ်ကြောင်း၊ ခဏပြန်လည်အသတ်ရှင်လာတာကိုတော့ ဘာကြောင့်လို့ မရှင်းပြနိုင်ကြောင်း ဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:   PannPwint
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top