Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မိုးကုတ္ ျပည္သူ႔ေဆး႐ံုႀကီး၏ ကေလးလူနာ ကုသေဆာင္အတြင္းရွိ သီးသန္႔ခန္းတစ္ခုအတြင္းဝယ္ ရက္သားခန္႔သာရွိ ေသးသည့္ ကေလးငယ္ေလးတစ္ ဦး အာေခါင္ျခစ္ကာ ေအာ္လိုက္ သည္။ ထုိကေလးငယ္ ေအာ္သံ ၾကားသည္ႏွင့္ အခန္းျပင္ပတြင္ အလုပ္႐ႈပ္ေနေသာ မိန္းကေလးတစ္ဦးသည္ အခန္းထဲသို႔ ေျပးဝင္သြားသည္။ အခန္းထဲသို႔ ေရာက္ သည္ႏွင့္ ပုခက္အတြင္းကေန ေအာ္ဟစ္ငိုယိုေနေသာ ကေလး ငယ္ေလးကို ထုိမိန္းကေလးက မိခင္တစ္ဦးပမာ ကြၽမ္းက်င္စြာ ေပြ႕ခ်ီလိုက္သည္။ ထုိမိန္းကေလး ေပြ႕ခ်ီလိုက္သည္ႏွင့္ ငိုယိုေနေသာ ကေလးငယ္မွာလည္း ရြာခ်ေန ေသာမိုး ႐ုတ္တရက္ တန္႔သြားသကဲ့သို႔ အငိုရပ္သြားေလသည္။

ထိုကေလးငယ္မွာ တစ္လပင္ မျပည့္ေသးသည့္ သမီးငယ္ ေလးျဖစ္ၿပီး ထုိသမီးငယ္ေလးကို ေပြ႕ခ်ီ၍ အငိုတိတ္ေစသူမွာ အသက္ (၁၂)ႏွစ္သာရွိေသးေသာ အစ္မႀကီးျဖစ္သူ လွလွေထြးျဖစ္ ေလသည္။ လွလွေထြးတို႔ညီအစ္မ ေဆး႐ံုေတြေရာက္ခဲ့သည္မွာ ရက္ အနည္းငယ္ ၾကာခဲ့ေခ်ၿပီ။ လာ တုန္းကေတာ့ လွလွေထြးတြင္ ဒီ ညီမကေလး တစ္ဦးသာမဟုတ္။ တီတီတာတာ ေျပာတတ္ေနၿပီ ျဖစ္သည့္ (၅)ႏွစ္သားအရြယ္ ေမာင္ကေလး ‘အေဒး’ေလးလည္း ပါသည္။ (၂)ႏွစ္သမီး ‘ခမ္းလွ’ ေလးလည္းပါသည္။ အခုေတာ့ ေမာင္ကေလး အေဒးေရာ ညီမေလး ခမ္းလွေလးပါ လွလွေထြးတို႔ ညီအစ္မနား မရွိရွာေတာ့။ ပုခက္ ထဲက ညီမေလးက ရက္သားေလးသာ ရွိေသးတာမို႔ ျဖစ္ပံုပ်က္ပံု အေၾကာင္းစံု မသိရွာေသးေသာ္လည္း လွလွေထြးေလးကေတာ့ျဖင့္ အရြယ္ႏွင့္မမွ်သည့္ ေဝဒနာေတြ သူ႔အား ႀကီးစြာႏွိပ္စက္ခဲ့ေလၿပီ။

လွလွေထြးတို႔ မိသားစုသည္ ပေလာင္လူမ်ဳိး၊ ဗုဒၶဘာသာမ်ား ျဖစ္သည္။ လွလွေထြးကေလး ငယ္စဥ္ကေတာ့ အမိအဖမ်ားက ခ်စ္ရွာၾကပါသည္။ မိုးမိတ္ၿမိဳ႕ႏွင့္ မိုင္ ၃၀ ခန္႔ေဝးသည့္ ေတာင္ေပၚရြာကေလးတစ္ရြာတြင္ အစ္ကို တစ္ေယာက္ႏွင့္ လွလွေထြးတို႔ ေမာင္ႏွမရယ္၊ အေဖရယ္၊ အေမ ရယ္ ေအးေအးခ်မ္းခ်မ္းကေလး ေနႏိုင္ၾကသည္။ ထုိအခ်ိန္က အေဖ့ဘက္က ေဆြမ်ဳိးေတြက လက္ဖက္ ျခံ တြင္ လုပ္ခြင့္ေပးထားတာေၾကာင့္ သာသာယာယာပင္။ သို႔ေသာ္ အစ္ကိုႀကီး ရန္ကုန္သို႔ ကိုရင္သြားဝတ္ခ်ိန္၊ ကေလးေတြ လည္း တစ္ေယာက္ၿပီးတစ္ေယာက္ ထပ္ရလာခ်ိန္ေတြမွာေတာ့ လွလွေထြး၏မိဘႏွစ္ပါးသည္ အလုပ္အကိုင္အေပၚ စိတ္ဝင္စားမႈ အားနည္းလာခဲ့ၾကသည္။

ရွမ္းျပည္နယ္အပါအဝင္တိုင္းရင္းသားေဒသအခ်ိဳ႕၏ ေက်းလက္ေဒသမ်ား၌ အထူးအဆန္းမဟုတ္ေတာ့သည့္ မူးယစ္ႏြံအတြင္း မိဘႏွစ္ဦးစလံုး မ႐ုန္းထြက္ႏိုင္ေတာ့။

အလုပ္ေကာင္းေကာင္း မလုပ္ၾကေတာ့၍ ေဆြမ်ဳိးသားခ်င္း ဦးႀကီးတစ္ေယာက္က လက္ဖက္ၿခံကိုလည္း လုပ္ကိုင္ခြင့္မေပး ေတာ့။ အမိအဖႏွစ္ဦးလည္း တစ္ေန႔စာတစ္ေန႔ လက္ငင္းေငြရသည့္ အလုပ္ေတြကို ပိုစိတ္ဝင္စားလာ ၾကသည္။ ေနာက္ဆံုးေတာ့ လွလွေထြးတို႔ အႀကီးႏွစ္ေယာက္အျပင္ ေနာက္ထပ္ကေလးေတြ ထပ္ေမြးၿပီးေနာက္ပိုင္း စားဝတ္ေနေရး ပိုမိုက်ပ္တည္းလာခဲ့သည္။

လွလွေထြးကေတာ့ အစ္ကို ႀကီး ရန္ကုန္ေရာက္သြားသည့္ ေနာက္ပိုင္း သူက အႀကီးဆံုးသမီး ျဖစ္လာခဲ့ၿပီမို႔ အိမ္တာဝန္ကို ႏိုင္သေလာက္ကူပါသည္။ အိမ္တာဝန္ကူထမ္းဖို႔ အလုပ္လုပ္ရေတာ့မည္မို႔ လွလွေထြးေလးမွာ သူငယ္တန္းပင္ ဆံုးေအာင္မေနခဲ့ရ။ ေကာက္စိုက္လိုက္သည္။ လက္ဖက္ခူး ဝင္လုပ္သည္။ စပါးရိတ္ဝင္ပါသည္။ သူ႔အရြယ္ သူ႔ခြန္အားကေလးျဖင့္ သူလုပ္ႏိုင္သည့္ အလုပ္ဟူသမွ်ကို မညည္းမညဴ ဝင္လုပ္ခဲ့သည္။

အိမ္အလုပ္သာမဟုတ္ေသး။ မိခင္မအားလပ္သည့္အခါ ဟင္းေတြ ထမင္းေတြလည္း ဝင္ေရာက္ခ်က္ျပဳတ္ တတ္ပါေသးသည္။ ရရာအလုပ္ ဝင္လုပ္ရင္းရလာသည့္ လုပ္အားခေငြကေလး ျဖင့္ ထမင္းကေလးျဖစ္ေအာင္ ခ်က္၊ ဆီကေလး ဆားကေလး ဆမ္းကာ ငါးပိကေလးျဖင့္ နယ္ဖတ္ၿပီး မိဘကိုလည္း ေကြၽးတတ္ ပါ၏။ ေမာင္ေလး၊ ညီမေလးမ်ား ကိုလည္း ရွိတာေလးျဖင့္ စားဝင္ ေအာင္ လုပ္ေကြၽးပါ၏။

သို႔ေသာ္ မိခင္ဖခင္တို႔အျပင္ လွလွေထြးကေလးဝင္႐ုန္းကာ အိမ္စရိတ္ ဝင္ထမ္းပါေသာ္ျငား မလိုလားအပ္ေသာ ေငြကုန္ေပါက္ေတြေၾကာင့္ လွလွေထြးတို႔ခမ်ာ အာဟာရမွ်တဖို႔ေဝး ဝဝလင္လင္ပင္ မစားရရွာၾက။ ထို႔အျပင္ မိခင္ မွာလည္း ေနာက္ထပ္ ကေလးတစ္ေယာက္ ထပ္ေမြးၿပီးခ်ိန္ ပိုက္ဆံမရွိ၍ မီးေနသည္ဘဝ ဒုကၡေရာက္ရျပန္သည္။ ကေလးေတြခမ်ာလည္း မိဘက အဆင္မေျပရွာေတာ့ အစားအေသာက္ ဝဝလင္လင္ မစားရရွာဘဲ ပိန္လွီ ေျခာက္ကပ္လာခဲ့သည္။

သူ႔ေအာက္က ေမာင္ေတြ၊ ညီမေတြ တစ္ေန႔တျခား ပိန္လွီကာ ေရာဂါေတြ ထူေျပာလာေတာ့ အစ္မႀကီးျဖစ္သူ လွလွေထြးတစ္ေယာက္ ေခါင္းမီးေတာက္ေလသည္။ သူ႔အရြယ္ သူ႔ခြန္အားကေလးျဖင့္ ဘာလုပ္ရမည္လဲ၊ သူ ေခါင္းပူေအာင္စဥ္းစားသည္။ ထုိအခ်ိန္ တျခားရြာတစ္ရြာတြင္ ေနထိုင္ေသာ ဖခင္၏ညီမ အေဒၚ ႏွင့္ အဆက္အသြယ္ရသည္။ အေဒၚက ယခင္ကလည္း လွလွေထြးတို႔ကုိ မၾကာခဏ ေခၚယူ ေစာင့္ေရွာက္ဖူးသည္။ ေနာက္ဆံုး အေဒၚဆီသြားရန္ လွလွေထြး ဆံုး ျဖတ္လိုက္သည္။ အေဒၚေနသည့္ ရြာက သူတို႔ေနသည့္ရြာႏွင့္ သံုးနာရီေလာက္ ဆိုင္ကယ္ေမာင္းလွ်င္ ေရာက္ႏုိင္သည္။

လွလွေထြးတို႔အေဒၚမွာ ဖခင္ျဖစ္သူ သူ႔အစ္ကိုႏွင့္ အဆက္အဆံမလုပ္။ အစ္ကိုက ေငြကို တလြဲသံုးေန၍ျဖစ္သည္။ ထုိ႔ေၾကာင့္ အိမ္ကိုလာတာလည္း လက္မခံ။ ေငြေတာင္းၿပီး မဟုတ္တာလုပ္မည္စိုး၍ ျဖစ္သည္။ သူ႔ အစ္ကိုႏွင့္ အဆက္အဆံမလုပ္ ေသာ္လည္း လွလွေထြးတို႔အေပၚမွာေတာ့ အေဒၚက သံေယာဇဥ္ရွိ သည္။ ငယ္ငယ္ကတည္းက ေက်ာင္းထားေပးဖို႔လည္း ေခၚထားဖူးသည္။ သူ႔ဖခင္က ျပန္ျပန္လာေခၚသြား၍သာ ျပန္ထည့္ လိုက္ရျခင္းျဖစ္သည္။ ကေလး ေတြ အေျခအေနဆုိးေနေၾကာင္း၊ ငတ္တစ္လွည့္ ျပတ္တစ္လွည့္ျဖစ္ ေနေၾကာင္းလည္း ၾကားသိရ၍ အေဒၚမွာ စိတ္ေတြပူခဲ့သည္။ ေနာက္ဆံုး တူမကေလး လွလွေထြးျဖင့္ အဆက္အသြယ္ရ၍ ဒီလာခဲ့ဖို႔ ေခၚလိုက္သည္။


ရက္သားသာရွိေသးသည့္ ညီမငယ္အား ေစာင္႔ေရွာက္ေနေသာ အသက္(၁၂)အရြယ္ မလွလွေထြးကို ေတြ႔ရစဥ္ (ဓာတ္ပံု-ညီညီေဇာ္)

အေဒၚဆီသြားမည့္ေန႔က လွလွေထြးတစ္ေယာက္ အလုပ္ရွင္ဆီကေန လုပ္အားခေတြ ေပါင္းရလာခဲ့သည္။ စုစုေပါင္း ၂၇,၀၀၀ က်ပ္တိတိ။ သူတို႔သြား ေနခ်ိန္ အေဖအေမတို႔ သံုးလို႔ရေအာင္ ၂၄,၀၀၀ က်ပ္ ေပးထားခဲ့ သည္။ သူကေတာ့ ေငြ ၃,၀၀၀ က်ပ္ႏွင့္အတူ ကေလးတစ္သိုက္ ျဖင့္ အေဒၚဆီသြားဖို႔ ျပင္ေလ သည္။

အေဒၚဆီေခၚသြားဖို႔ ေမာင္၊ ညီမသံုးေယာက္အနက္ အေျခအေန အေတာ္ဆိုးေနသည့္ ေျခာက္ရက္သားသာရွိေသးေသာ ညီမကေလးႏွင့္ (၅)ႏွစ္သား ေမာင္ေလးကို ဦးစြာေခၚသြားဖို႔ လွလွေထြး ဆံုးျဖတ္လိုက္သည္။ (၂)ႏွစ္သမီး ခမ္းလွေလးကိုေတာ့ အဆိုးႀကီးမဟုတ္ေသး၍ အေဖတို႔ အေမတို႔ႏွင့္ ထားခဲ့ရသည္။ မထား၍လည္းမရ။ လွလွေထြးတို႔ ရြာႏွင့္ အေဒၚတို႔ရြာမွာ ဆုိင္ကယ္ျဖင့္ လမ္းၾကမ္းႀကီးကို သံုးနာရီ ေလာက္ၾကာေအာင္ ေမာင္းရသည္။ ဆိုင္ကယ္ေမာင္းသည့္ အစ္ကိုဝမ္းကြဲက ရက္သားကေလးကို ေရွ႕တြင္ပိုး၊ လွလွေထြးက ေမာင္ေလးကို ေနာက္တြင္ ေက်ာပိုးခ်ီကာ ခရီးဆက္ရသည္။ အေဒၚအိမ္မေရာက္မီ ဆက္မသြားႏိုင္ေတာ့၍ အေဒၚ၏ေယာက္်ားက လာေခၚေပးရသည္။

အေဒၚအိမ္ေရာက္ေတာ့ အေဒၚက အိမ္ဆိုင္ကေလးဖြင့္ထားသည္မို႔ အိမ္ရွိမုန္႔ေတြ ယူစား ေစသည္။ ကေလးေတြခမ်ာ အစားအေသာက္ႏွင့္ ေဝးခဲ့ရ၍ တစ္မ်ဳိးၿပီး တစ္မ်ဳိး ယူစားသည္။ သို႔ေသာ္ ကာလရွည္ၾကာ ငတ္ မြတ္ခဲ့၍လားမသိ။ ကေလးေတြသည္ စားခ်င္စိတ္သာ ရွိေသာ္လည္း မစားႏိုင္ၾကေတာ့။ စကား တတ္လြန္းသည့္ (၅)ႏွစ္သား ကေလး အေဒးက ပက္လက္ကေလးအိပ္ကာ အားအင္ခ်ည့္နဲ႔ ေနသည့္ၾကားက အေဒၚကိုတစ္ ခြန္းေျပာသည္။ ‘‘အေဒၚ သားကို ေပ်ာက္ေအာင္ကုေပးေနာ္၊ သားေနေကာင္းသြားရင္ အိမ္လည္း မျပန္ေတာ့ဘူး။ အေဒၚနဲ႔ေနမယ္။ အခင္းထဲလိုက္မယ္’’ဟု။ အေဒၚ ျဖစ္သူ စိတ္ထိခိုက္ရပါေလသည္။

အေဒၚမွာ ကေလးေတြကို ရြာမွာတင္ ဆရာတခ်ဳိ႕ျဖင့္ ကုသေပးခဲ့သည္။ သို႔ေသာ္ ကေလးေတြခမ်ာ သက္သာမလာ။ ထုိ႔အျပင္ ရြာမွာက်န္ေနခဲ့သည့္ (၂)ႏွစ္သမီး ေလးမွာလည္း အေျခအေနဆိုး လာ၍ ဖခင္ကိုယ္တုိင္ ထပ္လာပို႔ ေလသည္။ ေနာက္ဆံုး ကေလးေတြ အေျခအေန မေကာင္းလာေသာေၾကာင့္ ဇူလိုင္ ၂၃ ရက္တြင္ မိုးမိတ္ေဆး႐ံုသို႔ ေျပးခဲ့ၾကသည္။ ည ၁၂ နာရီေက်ာ္ေက်ာ္ေလာက္ မုိးမိတ္ေဆး႐ံုေရာက္သည္။

မိုးမိတ္က ဆရာဝန္ႀကီးႏွင့္ ေဆး႐ံုဝန္ထမ္းမ်ားက ကေလးေတြကို စစ္ေဆးေပးၾကသည္။ ကေလးေတြက ပိန္လွီ ေျခာက္ကပ္ေနၿပီး အငတ္ေဘးဆိုက္စဥ္ကအီသီယိုးပီးယားကလူေတြလိုျဖစ္ေနသည္။ ေငြေၾကးမတတ္ႏိုင္၍ အစာအာဟာရႏွင့္ ေဆးဝါးမ်ား ျပတ္ေတာက္ခဲ့ပံုေပၚသည္။ ကေလးေတြသည္ အစာေတာင္ မမ်ဳိႏုိင္ေတာ့။ ႏွာေခါင္းေပါက္မွတစ္ဆင့္ အစာထည့္ေပးရသည္။ ပိုဆုိးသည္က ကိုယ္ခံအားေတြ နည္းလာခဲ့၍ တျခားေရာဂါေတြ ဆက္ဝင္လာခဲ့ျခင္းျဖစ္သည္။ ဝမ္းေတြေလွ်ာသည္။ အန္သည္။



ေဆး႐ံုက အတတ္ႏိုင္ဆံုး ကုသေပးခဲ့ေသာ္လည္း ည ၁၂ နာရီေက်ာ္ေက်ာ္ေလာက္ေရာက္ၿပီး မၾကာမီ စကားေတြ တီတီတာတာ ေျပာတတ္ခဲ့သည့္၊ ေနေကာင္းလွ်င္ စိုက္ခင္းေတြထဲတြင္ ေျပးေဆာ့ခ်င္ခဲ့သည့္၊ မိဘအိမ္ကို ပင္ မျပန္ခ်င္ေတာ့သည့္ (၅)ႏွစ္ သားကေလး အေဒးသည္ အစ္မႀကီးျဖစ္သူ လွလွေထြးတို႔ကို ထား ရစ္ခဲ့ပါေလေတာ့သည္။

အစ္မႀကီး လွလွေထြးခမ်ာ သူႀကိဳးစားပမ္းစားျဖင့္ သူ႔ေမာင္ကေလးကို အသက္ကယ္ဖို႔ အားထုတ္ခဲ့ရွာေသာ္လည္း ကံၾကမၼာက မ်က္ႏွာသာမေပးခဲ့။ လွလွေထြး ေမာင္ကေလးအေလာင္းကုိဖက္ကာ ငိုရပါ၏။ ေမာင္ကေလး အသက္ ဆံုးပါးသြားေတာ့ က်န္သည့္ညီမေတြအတြက္ လွလွေထြး ပိုလို႔စိုးရိမ္လာခဲ့သည္။ လွလွေထြး စိုးရိမ္သည့္အတိုင္းပင္ အသက္ (၂)ႏွစ္ ညီမေလး ခမ္းလွေလးမွာလည္း ေရာဂါအေျခအေနက ပိုဆိုးလာခဲ့သည္။ ေနာက္ဆံုး ဇူလိုင္ ၂၈ ရက္ညတြင္ မိုးမိတ္ ေဆး႐ံုမွတစ္ဆင့္ မိုးကုတ္ေဆး႐ံုသို႔ လႊဲေျပာင္းကုသခဲ့ရသည္။ မိုးမိတ္က လူမႈကူညီေရး ေဆာင္ရြက္ သူေတြက ေငြအားေရာ လူအားပါ လွလွေထြးတို႔ကို ကူညီခဲ့ၾကသည္။ မုိးကုတ္ေရာက္ေတာ့လည္း မိုး ကုတ္က လူေတြက လွလွေထြးတို႔ ကို ပစ္မထားခဲ့ၾကေပ။ သို႔ေသာ္ လွလွေထြးတို႔ ေမာင္ႏွမေတြ ေနာက္ကံၾကမၼာမိုးစက္ေတြက ရက္ရက္စက္စက္ လိုက္ပါရြာသြန္းခဲ့ျပန္သည္။

ဇူလိုင္ ၂၉ ရက္ မနက္ခင္းမွာေတာ့ ခမ္းလွေလးလည္း အစ္မႀကီး လွလွေထြးကိုထားရစ္ကာ သူ႔ထက္အရင္သြားႏွင့္ၿပီျဖစ္သည့္ အစ္ကို အေဒးေနာက္သုိ႔ လိုက္ပါသြားခဲ့ပါေတာ့သည္။ လွလွေထြး ထပ္ၿပီး ရင္ကြဲရျပန္သည္။ ညီမ ေလးအေလာင္းကို ဖက္ဖက္ၿပီးငိုသည္။ ထုိသို႔ ဖက္ငိုရင္းလည္း စကားတစ္ခြန္းေျပာသည္။ ‘‘ညီမေလးေရ ေတာင္ေပၚက အေဖတို႔ အေမတို႔ဆီကို မသြားနဲ႔ေတာ့ေနာ္။ ဒီၿမိဳ႕မွာပဲ အေဖ အေမရွာေတာ့ ေနာ္’’တဲ့။

လွလွေထြးဆီက ထုိစကား ေလးၾကားေတာ့ အေဒၚမွာ မ်က္ရည္က်ရသည္။ လွလွေထြးမွာ သူ႔မိဘေတြကိုစိတ္နာ၍ ထုိစကား ေျပာခဲ့သည္မဟုတ္ပါ။ အေဖအေမတို႔အေပၚတြင္လည္း စိတ္ကြက္ခဲ့ေၾကာင္း တစ္ခြန္းမွ ေျပာသံဆိုသံ တူမကေလးထံမွ အေဒၚ မၾကားခဲ့ရပါ။ သူ႔ေမာင္ကေလး၊ ညီမကေလးမ်ားကို ယခုလိုဒုကၡမ်ဳိးေတြ ေနာင္ဘဝေတြမွာ မႀကံဳ ေစခ်င္ေတာ့၍ ႐ိုးသားစြာ ေျပာခဲ့ ျခင္းသာ။

ေနာက္ဆံုးက်န္ခဲ့သည့္ ၂၈ ရက္သား သမီးငယ္မွာ လိုအပ္သည့္ ေဆးဝါးကုသမႈမ်ဳိး ျပဳလုပ္ ေပးေနၿပီျဖစ္သည့္အတြက္ အေျခ အေနတိုးတက္ေကာင္းမြန္လာၿပီ ျဖစ္ေၾကာင္း၊ ဆီးဝမ္းမ်ားလည္း ပံုမွန္ျဖစ္လာေၾကာင္း မိုးကုတ္ ေဆး႐ံုအုပ္ႀကီး ေဒါက္တာစိုင္းသန္႔ခိုင္က ေျပာျပခဲ့သည္။ ယခုေတာ့ မိုးကုတ္ေဆး႐ံုႀကီးမွာ တစ္ လပင္ မျပည့္ေသးသည့္ ညီမေလး ကုိ လွလွေထြးတစ္ေယာက္ မ်က္စိေအာက္က အေပ်ာက္မခံေတာ့ ေအာင္ ဂ႐ုစိုက္ေနသည္။ ကေလးသို႔ တျခားေရာဂါပိုးမႊားေတြ မဝင္ေစဖို႔အတြက္ သီးသန္႔ခန္းေလးထဲတြင္ ထည့္ေပးရာ၌လည္း ဆရာမေလးမ်ားက လွလွေထြးထံ‘‘ဒီ အခန္းထဲ ထားေပးထားမယ္ေနာ္’’ ဟု ခြင့္ပန္ၾကသည္။

ငိုေနသည့္ ညီမငယ္ေလးသည္ လွလွေထြးလက္ေပၚေရာက္ၿပီး အငိုတိတ္သြားၿပီးေနာက္ အေဒၚျဖစ္သူ ေဖ်ာ္လာေပးသည့္ ႏို႔ဘူးကေလးကို တႁပြတ္ႁပြတ္စို႔ရွာေလသည္။ အစ္မႀကီးလွလွေထြးက ညီမေလး ႏို႔စို႔ေနသည္ကို ၿပံဳးၿပံဳးကေလးၾကည့္ေနသည္။ ကေလးႏို႔စို႔ၿပီး အိပ္ေပ်ာ္သြားေတာ့ ေဆး႐ံုက စီစဥ္ေပးထားသည့္ ကေလးထားရာ ပုခက္ေလးထဲ အသာအယာ ျပန္ထည့္ေပးခဲ့သည္။ သို႔ေသာ္ လွလွေထြးတစ္ေယာက္ သီးသန္႔ခန္းထဲကေန ျပန္ ထြက္လာေသာ္လည္း စိတ္ခ်ပံုမရ။ ဒီညီမကေလးေရွ႕က သူ႔အစ္ကိုအစ္မေတြလို မႏိုးေတာ့မွာ ကိုလွလွေထြးတစ္ေယာက္ စိုးရိမ္ေနပံုရသည္။ ထုိအခန္းေရွ႕နား မၾကာခဏ ျဖတ္ေလွ်ာက္ကာ မွန္ျပတင္းေပါက္မွတစ္ဆင့္ ညီမေလးထံ လွမ္းလွမ္း ေခ်ာင္းၾကည့္ေနဆဲျဖစ္သည္။

‘‘ေမာ့ေမာ့ သံစဥ္ညီ တီတာခြန္းဆက္ ငွက္က်ားႏႈတ္ပလီ ××× ဒီတစ္ခါေတာ့ေလ တစ္ေက်ာ့ ႏွစ္ေက်ာ့ ေက်ာ့ေက်ာ့ ေတးကို...သီ’’


ဖိုးသူေတာ္ (www.phothutaw.com)
Credit:  7Day Daily

#Unicode Version#
မိုးကုတ် ပြည်သူ့ဆေးရုံကြီး၏ ကလေးလူနာ ကုသဆောင်အတွင်းရှိ သီးသန့်ခန်းတစ်ခုအတွင်းဝယ် ရက်သားခန့်သာရှိ သေးသည့် ကလေးငယ်လေးတစ် ဦး အာခေါင်ခြစ်ကာ အော်လိုက် သည်။ ထိုကလေးငယ် အော်သံ ကြားသည်နှင့် အခန်းပြင်ပတွင် အလုပ်ရှုပ်နေသော မိန်းကလေးတစ်ဦးသည် အခန်းထဲသို့ ပြေးဝင်သွားသည်။ အခန်းထဲသို့ ရောက် သည်နှင့် ပုခက်အတွင်းကနေ အော်ဟစ်ငိုယိုနေသော ကလေး ငယ်လေးကို ထိုမိန်းကလေးက မိခင်တစ်ဦးပမာ ကျွမ်းကျင်စွာ ပွေ့ချီလိုက်သည်။ ထိုမိန်းကလေး ပွေ့ချီလိုက်သည်နှင့် ငိုယိုနေသော ကလေးငယ်မှာလည်း ရွာချနေ သောမိုး ရုတ်တရက် တန့်သွားသကဲ့သို့ အငိုရပ်သွားလေသည်။

ထိုကလေးငယ်မှာ တစ်လ ပင် မပြည့်သေးသည့် သမီးငယ် လေးဖြစ်ပြီး ထိုသမီးငယ်လေးကို ပွေ့ချီ၍ အငိုတိတ်စေသူမှာ အသက် (၁၂)နှစ်သာရှိသေးသော အစ်မကြီးဖြစ်သူ လှလှထွေးဖြစ် လေသည်။ လှလှထွေးတို့ညီအစ်မ ဆေးရုံတွေရောက်ခဲ့သည်မှာ ရက် အနည်းငယ် ကြာခဲ့ချေပြီ။ လာ တုန်းကတော့ လှလှထွေးတွင် ဒီ ညီမကလေး တစ်ဦးသာမဟုတ်။ တီတီတာတာ ပြောတတ်နေပြီ ဖြစ်သည့် (၅)နှစ်သားအရွယ် မောင်ကလေး ‘အဒေး’လေးလည်း ပါသည်။ (၂)နှစ်သမီး ‘ခမ်းလှ’ လေးလည်းပါသည်။ အခုတော့ မောင်ကလေး အဒေးရော ညီမလေး ခမ်းလှလေးပါ လှလှထွေးတို့ ညီအစ်မနား မရှိရှာတော့။ ပုခက် ထဲက ညီမလေးက ရက်သားလေးသာ ရှိသေးတာမို့ ဖြစ်ပုံပျက်ပုံ အကြောင်းစုံ မသိရှာသေးသော်လည်း လှလှထွေးလေးကတော့ဖြင့် အရွယ်နှင့်မမျှသည့် ဝေဒနာတွေ သူ့အား ကြီးစွာနှိပ်စက်ခဲ့လေပြီ။

လှလှထွေးတို့ မိသားစုသည် ပလောင်လူမျိုး၊ ဗုဒ္ဓဘာသာများ ဖြစ်သည်။ လှလှထွေးကလေး ငယ်စဉ်ကတော့ အမိအဖများက ချစ်ရှာကြပါသည်။ မိုးမိတ်မြို့နှင့် မိုင် ၃၀ ခန့်ဝေးသည့် တောင်ပေါ်ရွာကလေးတစ်ရွာတွင် အစ်ကို တစ်ယောက်နှင့် လှလှထွေးတို့ မောင်နှမရယ်၊ အဖေရယ်၊ အမေ ရယ် အေးအေးချမ်းချမ်းကလေး နေနိုင်ကြသည်။ ထိုအချိန်က အဖေ့ဘက်က ဆွေမျိုးတွေက လက်ဖက်ခြံတွေ လုပ်ခွင့်ပေးထားတာကြောင့် သာသာယာယာပင်။ သို့သော် အစ်ကိုကြီး ရန်ကုန်သို့ ကိုရင်သွားဝတ်ချိန်၊ ကလေးတွေ လည်း တစ်ယောက်ပြီးတစ်ယောက် ထပ်ရလာချိန်တွေမှာတော့ လှလှထွေး၏မိဘနှစ်ပါးသည် အလုပ်အကိုင်အပေါ် စိတ်ဝင်စားမှု အားနည်းလာခဲ့ကြသည်။

ရှမ်းပြည်နယ်အပါအဝင်တိုင်းရင်းသားဒေသအချို့၏ ကျေးလက်ဒေသများ၌ အထူးအဆန်းမဟုတ်တော့သည့် မူးယစ်နွံအတွင်း မိဘနှစ်ဦးစလုံး မရုန်းထွက်နိုင်တော့။

အလုပ်ကောင်းကောင်း မလုပ်ကြတော့၍ ဆွေမျိုးသားချင်း ဦးကြီးတစ်ယောက်က လက်ဖက်ခြံကိုလည်း လုပ်ကိုင်ခွင့်မပေး တော့။ အမိအဖနှစ်ဦးလည်း တစ်နေ့စာတစ်နေ့ လက်ငင်းငွေရသည့် အလုပ်တွေကို ပိုစိတ်ဝင်စားလာ ကြသည်။ နောက်ဆုံးတော့ လှလှထွေးတို့ အကြီးနှစ်ယောက်အပြင် နောက်ထပ်ကလေးတွေ ထပ်မွေးပြီးနောက်ပိုင်း စားဝတ်နေရေး ပိုမိုကျပ်တည်းလာခဲ့သည်။

လှလှထွေးကတော့ အစ်ကို ကြီး ရန်ကုန်ရောက်သွားသည့် နောက်ပိုင်း သူက အကြီးဆုံးသမီး ဖြစ်လာခဲ့ပြီမို့ အိမ်တာဝန်ကို နိုင်သလောက်ကူပါသည်။ အိမ်တာဝန်ကူထမ်းဖို့ အလုပ်လုပ်ရတော့မည်မို့ လှလှထွေးလေးမှာ သူငယ်တန်းပင် ဆုံးအောင်မနေခဲ့ရ။ ကောက်စိုက်လိုက်သည်။ လက်ဖက်ခူး ဝင်လုပ်သည်။ စပါးရိတ်ဝင်ပါသည်။ သူ့အရွယ် သူ့ခွန်အားကလေးဖြင့် သူလုပ်နိုင်သည့် အလုပ်ဟူသမျှကို မညည်းမညူ ဝင်လုပ်ခဲ့သည်။

အိမ်အလုပ်သာမဟုတ်သေး။ မိခင်မအားလပ်သည့်အခါ ဟင်းတွေ ထမင်းတွေလည်း ဝင်ရောက်ချက်ပြုတ် တတ်ပါသေးသည်။ ရရာအလုပ် ဝင်လုပ်ရင်းရလာသည့် လုပ်အားခငွေကလေး ဖြင့် ထမင်းကလေးဖြစ်အောင် ချက်၊ ဆီကလေး ဆားကလေး ဆမ်းကာ ငါးပိကလေးဖြင့် နယ်ဖတ်ပြီး မိဘကိုလည်း ကျွေးတတ် ပါ၏။ မောင်လေး၊ ညီမလေးများ ကိုလည်း ရှိတာလေးဖြင့် စားဝင် အောင် လုပ်ကျွေးပါ၏။

သို့သော် မိခင်ဖခင်တို့အပြင် လှလှထွေးကလေးဝင်ရုန်းကာ အိမ်စရိတ် ဝင်ထမ်းပါသော်ငြား မလိုလားအပ်သော ငွေကုန်ပေါက်တွေကြောင့် လှလှထွေးတို့ခမျာ အာဟာရမျှတဖို့ဝေး ဝဝလင်လင်ပင် မစားရရှာကြ။ ထို့အပြင် မိခင် မှာလည်း နောက်ထပ် ကလေးတစ်ယောက် ထပ်မွေးပြီးချိန် ပိုက်ဆံမရှိ၍ မီးနေသည်ဘဝ ဒုက္ခရောက်ရပြန်သည်။ ကလေးတွေခမျာလည်း မိဘက အဆင်မပြေရှာတော့ အစားအသောက် ဝဝလင်လင် မစားရရှာဘဲ ပိန်လှီ ခြောက်ကပ်လာခဲ့သည်။

သူ့အောက်က မောင်တွေ၊ ညီမတွေ တစ်နေ့တခြား ပိန်လှီကာ ရောဂါတွေ ထူပြောလာတော့ အစ်မကြီးဖြစ်သူ လှလှထွေးတစ်ယောက် ခေါင်းမီးတောက်လေသည်။ သူ့အရွယ် သူ့ခွန်အားကလေးဖြင့် ဘာလုပ်ရမည်လဲ၊ သူ ခေါင်းပူအောင်စဉ်းစားသည်။ ထိုအချိန် တခြားရွာတစ်ရွာတွင် နေထိုင်သော ဖခင်၏ညီမ အဒေါ် နှင့် အဆက်အသွယ်ရသည်။ အဒေါ်က ယခင်ကလည်း လှလှထွေးတို့ကို မကြာခဏ ခေါ်ယူ စောင့်ရှောက်ဖူးသည်။ နောက်ဆုံး အဒေါ်ဆီသွားရန် လှလှထွေး ဆုံး ဖြတ်လိုက်သည်။ အဒေါ်နေသည့် ရွာက သူတို့နေသည့်ရွာနှင့် သုံးနာရီလောက် ဆိုင်ကယ်မောင်းလျှင် ရောက်နိုင်သည်။

လှလှထွေးတို့အဒေါ်မှာ ဖခင်ဖြစ်သူ သူ့အစ်ကိုနှင့် အဆက်အဆံမလုပ်။ အစ်ကိုက ငွေကို တလွဲသုံးနေ၍ဖြစ်သည်။ ထို့ကြောင့် အိမ်ကိုလာတာလည်း လက်မခံ။ ငွေတောင်းပြီး မဟုတ်တာလုပ်မည်စိုး၍ ဖြစ်သည်။ သူ့ အစ်ကိုနှင့် အဆက်အဆံမလုပ် သော်လည်း လှလှထွေးတို့အပေါ်မှာတော့ အဒေါ်က သံယောဇဉ်ရှိ သည်။ ငယ်ငယ်ကတည်းက ကျောင်းထားပေးဖို့လည်း ခေါ်ထားဖူးသည်။ သူ့ဖခင်က ပြန်ပြန်လာခေါ်သွား၍သာ ပြန်ထည့် လိုက်ရခြင်းဖြစ်သည်။ ကလေး တွေ အခြေအနေဆိုးနေကြောင်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်ဖြစ် နေကြောင်းလည်း ကြားသိရ၍ အဒေါ်မှာ စိတ်တွေပူခဲ့သည်။ နောက်ဆုံး တူမကလေး လှလှထွေးဖြင့် အဆက်အသွယ်ရ၍ ဒီလာခဲ့ဖို့ ခေါ်လိုက်သည်။


ရက်သားသာရှိသေးသည့် ညီမငယ်အား စောင့်ရှောက်နေသော အသက်(၁၂)အရွယ် မလှလှထွေးကို တွေ့ရစဉ် (ဓာတ်ပုံ-ညီညီဇော်)

အဒေါ်ဆီသွားမည့်နေ့က လှလှထွေးတစ်ယောက် အလုပ်ရှင်ဆီကနေ လုပ်အားခတွေ ပေါင်းရလာခဲ့သည်။ စုစုပေါင်း ၂၇,၀၀၀ ကျပ်တိတိ။ သူတို့သွား နေချိန် အဖေအမေတို့ သုံးလို့ရအောင် ၂၄,၀၀၀ ကျပ် ပေးထားခဲ့ သည်။ သူကတော့ ငွေ ၃,၀၀၀ ကျပ်နှင့်အတူ ကလေးတစ်သိုက် ဖြင့် အဒေါ်ဆီသွားဖို့ ပြင်လေ သည်။

အဒေါ်ဆီခေါ်သွားဖို့ မောင်၊ ညီမသုံးယောက်အနက် အခြေအနေ အတော်ဆိုးနေသည့် ခြောက်ရက်သားသာရှိသေးသော ညီမကလေးနှင့် (၅)နှစ်သား မောင်လေးကို ဦးစွာခေါ်သွားဖို့ လှလှထွေး ဆုံးဖြတ်လိုက်သည်။ (၂)နှစ်သမီး ခမ်းလှလေးကိုတော့ အဆိုးကြီးမဟုတ်သေး၍ အဖေတို့ အမေတို့နှင့် ထားခဲ့ရသည်။ မထား၍လည်းမရ။ လှလှထွေးတို့ ရွာနှင့် အဒေါ်တို့ရွာမှာ ဆိုင်ကယ်ဖြင့် လမ်းကြမ်းကြီးကို သုံးနာရီ လောက်ကြာအောင် မောင်းရသည်။ ဆိုင်ကယ်မောင်းသည့် အစ်ကိုဝမ်းကွဲက ရက်သားကလေးကို ရှေ့တွင်ပိုး၊ လှလှထွေးက မောင်လေးကို နောက်တွင် ကျောပိုးချီကာ ခရီးဆက်ရသည်။ အဒေါ်အိမ်မရောက်မီ ဆက်မသွားနိုင်တော့၍ အဒေါ်၏ယောက်ျားက လာခေါ်ပေးရသည်။

အဒေါ်အိမ်ရောက်တော့ အဒေါ်က အိမ်ဆိုင်ကလေးဖွင့်ထားသည်မို့ အိမ်ရှိမုန့်တွေ ယူစား စေသည်။ ကလေးတွေခမျာ အစားအသောက်နှင့် ဝေးခဲ့ရ၍ တစ်မျိုးပြီး တစ်မျိုး ယူစားသည်။ သို့သော် ကာလရှည်ကြာ ငတ် မွတ်ခဲ့၍လားမသိ။ ကလေးတွေသည် စားချင်စိတ်သာ ရှိသော်လည်း မစားနိုင်ကြတော့။ စကား တတ်လွန်းသည့် (၅)နှစ်သား ကလေး အဒေးက ပက်လက်ကလေးအိပ်ကာ အားအင်ချည့်နဲ့ နေသည့်ကြားက အဒေါ်ကိုတစ် ခွန်းပြောသည်။ ‘‘အဒေါ် သားကို ပျောက်အောင်ကုပေးနော်၊ သားနေကောင်းသွားရင် အိမ်လည်း မပြန်တော့ဘူး။ အဒေါ်နဲ့နေမယ်။ အခင်းထဲလိုက်မယ်’’ဟု။ အဒေါ် ဖြစ်သူ စိတ်ထိခိုက်ရပါလေသည်။

အဒေါ်မှာ ကလေးတွေကို ရွာမှာတင် ဆရာတချို့ဖြင့် ကုသပေးခဲ့သည်။ သို့သော် ကလေးတွေခမျာ သက်သာမလာ။ ထို့အပြင် ရွာမှာကျန်နေခဲ့သည့် (၂)နှစ်သမီး လေးမှာလည်း အခြေအနေဆိုး လာ၍ ဖခင်ကိုယ်တိုင် ထပ်လာပို့ လေသည်။ နောက်ဆုံး ကလေးတွေ အခြေအနေ မကောင်းလာသောကြောင့် ဇူလိုင် ၂၃ ရက်တွင် မိုးမိတ်ဆေးရုံသို့ ပြေးခဲ့ကြသည်။ ည ၁၂ နာရီကျော်ကျော်လောက် မိုးမိတ်ဆေးရုံရောက်သည်။

မိုးမိတ်က ဆရာဝန်ကြီးနှင့် ဆေးရုံဝန်ထမ်းများက ကလေးတွေကို စစ်ဆေးပေးကြသည်။ ကလေးတွေက ပိန်လှီ ခြောက်ကပ်နေပြီး အငတ်ဘေးဆိုက်စဉ်ကအီသီယိုးပီးယားကလူတွေလိုဖြစ်နေသည်။ ငွေကြေးမတတ်နိုင်၍ အစာအာဟာရနှင့် ဆေးဝါးများ ပြတ်တောက်ခဲ့ပုံပေါ်သည်။ ကလေးတွေသည် အစာတောင် မမျိုနိုင်တော့။ နှာခေါင်းပေါက်မှတစ်ဆင့် အစာထည့်ပေးရသည်။ ပိုဆိုးသည်က ကိုယ်ခံအားတွေ နည်းလာခဲ့၍ တခြားရောဂါတွေ ဆက်ဝင်လာခဲ့ခြင်းဖြစ်သည်။ ဝမ်းတွေလျှောသည်။ အန်သည်။



ဆေးရုံက အတတ်နိုင်ဆုံး ကုသပေးခဲ့သော်လည်း ည ၁၂ နာရီကျော်ကျော်လောက်ရောက်ပြီး မကြာမီ စကားတွေ တီတီတာတာ ပြောတတ်ခဲ့သည့်၊ နေကောင်းလျှင် စိုက်ခင်းတွေထဲတွင် ပြေးဆော့ချင်ခဲ့သည့်၊ မိဘအိမ်ကို ပင် မပြန်ချင်တော့သည့် (၅)နှစ် သားကလေး အဒေးသည် အစ်မကြီးဖြစ်သူ လှလှထွေးတို့ကို ထား ရစ်ခဲ့ပါလေတော့သည်။

အစ်မကြီး လှလှထွေးခမျာ သူကြိုးစားပမ်းစားဖြင့် သူ့မောင်ကလေးကို အသက်ကယ်ဖို့ အားထုတ်ခဲ့ရှာသော်လည်း ကံကြမ္မာက မျက်နှာသာမပေးခဲ့။ လှလှထွေး မောင်ကလေးအလောင်းကိုဖက်ကာ ငိုရပါ၏။ မောင်ကလေး အသက် ဆုံးပါးသွားတော့ ကျန်သည့်ညီမတွေအတွက် လှလှထွေး ပိုလို့စိုးရိမ်လာခဲ့သည်။ လှလှထွေး စိုးရိမ်သည့်အတိုင်းပင် အသက် (၂)နှစ် ညီမလေး ခမ်းလှလေးမှာလည်း ရောဂါအခြေအနေက ပိုဆိုးလာခဲ့သည်။ နောက်ဆုံး ဇူလိုင် ၂၈ ရက်ညတွင် မိုးမိတ် ဆေးရုံမှတစ်ဆင့် မိုးကုတ်ဆေးရုံသို့ လွှဲပြောင်းကုသခဲ့ရသည်။ မိုးမိတ်က လူမှုကူညီရေး ဆောင်ရွက် သူတွေက ငွေအားရော လူအားပါ လှလှထွေးတို့ကို ကူညီခဲ့ကြသည်။ မိုးကုတ်ရောက်တော့လည်း မိုး ကုတ်က လူတွေက လှလှထွေးတို့ ကို ပစ်မထားခဲ့ကြပေ။ သို့သော် လှလှထွေးတို့ မောင်နှမတွေ နောက်ကံကြမ္မာမိုးစက်တွေက ရက်ရက်စက်စက် လိုက်ပါရွာသွန်းခဲ့ပြန်သည်။

ဇူလိုင် ၂၉ ရက် မနက်ခင်းမှာတော့ ခမ်းလှလေးလည်း အစ်မကြီး လှလှထွေးကိုထားရစ်ကာ သူ့ထက်အရင်သွားနှင့်ပြီဖြစ်သည့် အစ်ကို အဒေးနောက်သို့ လိုက်ပါသွားခဲ့ပါတော့သည်။ လှလှထွေး ထပ်ပြီး ရင်ကွဲရပြန်သည်။ ညီမ လေးအလောင်းကို ဖက်ဖက်ပြီးငိုသည်။ ထိုသို့ ဖက်ငိုရင်းလည်း စကားတစ်ခွန်းပြောသည်။ ‘‘ညီမလေးရေ တောင်ပေါ်က အဖေတို့ အမေတို့ဆီကို မသွားနဲ့တော့နော်။ ဒီမြို့မှာပဲ အဖေ အမေရှာတော့ နော်’’တဲ့။

လှလှထွေးဆီက ထိုစကား လေးကြားတော့ အဒေါ်မှာ မျက်ရည်ကျရသည်။ လှလှထွေးမှာ သူ့မိဘတွေကိုစိတ်နာ၍ ထိုစကား ပြောခဲ့သည်မဟုတ်ပါ။ အဖေအမေတို့အပေါ်တွင်လည်း စိတ်ကွက်ခဲ့ကြောင်း တစ်ခွန်းမှ ပြောသံဆိုသံ တူမကလေးထံမှ အဒေါ် မကြားခဲ့ရပါ။ သူ့မောင်ကလေး၊ ညီမကလေးများကို ယခုလိုဒုက္ခမျိုးတွေ နောင်ဘဝတွေမှာ မကြုံ စေချင်တော့၍ ရိုးသားစွာ ပြောခဲ့ ခြင်းသာ။

နောက်ဆုံးကျန်ခဲ့သည့် ၂၈ ရက်သား သမီးငယ်မှာ လိုအပ်သည့် ဆေးဝါးကုသမှုမျိုး ပြုလုပ် ပေးနေပြီဖြစ်သည့်အတွက် အခြေ အနေတိုးတက်ကောင်းမွန်လာပြီ ဖြစ်ကြောင်း၊ ဆီးဝမ်းများလည်း ပုံမှန်ဖြစ်လာကြောင်း မိုးကုတ် ဆေးရုံအုပ်ကြီး ဒေါက်တာစိုင်းသန့်ခိုင်က ပြောပြခဲ့သည်။ ယခုတော့ မိုးကုတ်ဆေးရုံကြီးမှာ တစ် လပင် မပြည့်သေးသည့် ညီမလေး ကို လှလှထွေးတစ်ယောက် မျက်စိအောက်က အပျောက်မခံတော့ အောင် ဂရုစိုက်နေသည်။ ကလေးသို့ တခြားရောဂါပိုးမွှားတွေ မဝင်စေဖို့အတွက် သီးသန့်ခန်းလေးထဲတွင် ထည့်ပေးရာ၌လည်း ဆရာမလေးများက လှလှထွေးထံ‘‘ဒီ အခန်းထဲ ထားပေးထားမယ်နော်’’ ဟု ခွင့်ပန်ကြသည်။

ငိုနေသည့် ညီမငယ်လေးသည် လှလှထွေးလက်ပေါ်ရောက်ပြီး အငိုတိတ်သွားပြီးနောက် အဒေါ်ဖြစ်သူ ဖျော်လာပေးသည့် နို့ဘူးကလေးကို တပြွတ်ပြွတ်စို့ရှာလေသည်။ အစ်မကြီးလှလှထွေးက ညီမလေး နို့စို့နေသည်ကို ပြုံးပြုံးကလေးကြည့်နေသည်။ ကလေးနို့စို့ပြီး အိပ်ပျော်သွားတော့ ဆေးရုံက စီစဉ်ပေးထားသည့် ကလေးထားရာ ပုခက်လေးထဲ အသာအယာ ပြန်ထည့်ပေးခဲ့သည်။ သို့သော် လှလှထွေးတစ်ယောက် သီးသန့်ခန်းထဲကနေ ပြန် ထွက်လာသော်လည်း စိတ်ချပုံမရ။ ဒီညီမကလေးရှေ့က သူ့အစ်ကိုအစ်မတွေလို မနိုးတော့မှာ ကိုလှလှထွေးတစ်ယောက် စိုးရိမ်နေပုံရသည်။ ထိုအခန်းရှေ့နား မကြာခဏ ဖြတ်လျှောက်ကာ မှန်ပြတင်းပေါက်မှတစ်ဆင့် ညီမလေးထံ လှမ်းလှမ်း ချောင်းကြည့်နေဆဲဖြစ်သည်။

‘‘မော့မော့ သံစဉ်ညီ တီတာခွန်းဆက် ငှက်ကျားနှုတ်ပလီ ××× ဒီတစ်ခါတော့လေ တစ်ကျော့ နှစ်ကျော့ ကျော့ကျော့ တေးကို...သီ’’


ဖိုးသူတော် (www.phothutaw.com)
Credit:  7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top