ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

အေရျပားေရာဂါတစ္မ်ိဳးျဖစ္တဲ့ ဝက္ၿခံက မ်က္ႏွာမွာသာမက လည္ပင္း၊ ခိ်ဳင္း၊ ေက်ာကုန္း၊ ေပါင္ၿခံ စတဲ့ေနရာေတြမွာလည္း ဝက္ၿခံထြက္တတ္ပါတယ္။ ေက်ာကုန္းလိုေနရာမ်ိဳးက လူမျမင္ႏိုင္ဘူးဆိုၿပီး မကုသဘဲနဲ႔ေတာ့ မေနလိုက္ပါနဲ႔ေနာ္။ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ျပန္လည္ေပ်ာက္ကင္းသြားတတ္တယ္ဆိုေပမယ့္ မကုသပဲထားရင္ ယားယံလာၿပီးပိုမိုပြားမ်ားလာတတ္တာကိုလည္း သတိျပဳဖုိ႔လိုပါတယ္။ ယားယံလုိ႔ကုတ္မိတဲ့အတြက္ ျခစ္ရာပြန္းပဲ့ရာေတြျဖစ္ၿပီး ပိုးဝင္သြားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေက်ာျပင္တစ္ေလွ်ာက္က ဝက္ၿခံမ်ားကို ကုသႏုိင္ဖုိ႔အတြက္ အလြယ္ကူဆံုးနဲ႔ အထိေရာက္ဆံုးနည္းလမ္းမ်ားကို ယူေဆာင္လာပါၿပီေနာ္။

(၁) ပန္းသီးရွာလကာရည္

ပန္းသီးရွာလကာရည္က ပိုးမႊားမ်ားကို ေသေစႏုိင္ၿပီး ဝက္ၿခံျဖစ္ေပၚေစတဲ့ ဘတ္တီးရီးယားပိုးမႊားမ်ားနဲ႔ အညစ္အေၾကးမ်ားကို ဖယ္ရွားေပးႏုိင္ပါတာေၾကာင့္ အေရျပားေရာဂါေတာ္ေတာ္မ်ားမ်ားမွာလည္း အသံုးတည့္လွတာကို ေတြ႔ရပါတယ္။ ေရနဲ႔ ပန္းသီးရွာလကာရည္ကုိ ဆတူေရာစပ္ၿပီး ေက်ာျပင္ေပၚက ဝက္ၿခံေနရာမ်ားကို သုတ္လိမ္းေပးပါ။ ၁၀မိနစ္ခန္႔ထားၿပီး ၾကက္သီးေရေႏြးေလးနဲ႔ ေဆးေၾကာသန္႔စင္လိုက္ပါ။ ၿပီးရင္ေတာ့ အစိုဓာတ္ထိန္းခရင္မ္ေလး လိမ္းဖုိ႔မေမ့ပါနဲ႔ေနာ္။ ဒီနည္းလမ္းအတုိင္း တစ္ေန႔ကို ၂ႀကိမ္မွ ၃ႀကိမ္အထိျပဳလုပ္ေပးၿပီး ထူးျခားမႈကို ေစာင့္ၾကည့္လိုက္ပါ။

(၂) လက္ဖက္စိမ္းရြက္အဆီ

လက္ဖက္စိမ္းရြက္အဆီကလည္း အေရျပားေရာဂါကို ကုသရာမွာ အသံုးတည့္လွတဲ့ သဘာဝပစၥည္းေလးပါပဲ။ အလွကုန္ပစၥည္းေတာ္ေတာ္မ်ားမ်ားမွာ လက္ဖက္စိမ္းရြက္ကိုထည့္သြင္းအသံုးျပဳတာကို သိၾကမွာပါေနာ္။ ဒါ့ေၾကာင့္ လက္ဖက္စိမ္းရြက္အဆီက ေဆးဖက္ဝင္တယ္ဆိုတာကို အထူးတလည္ညႊန္းစရာ လိုမယ္မထင္ပါဘူး။ လက္ဖက္စိမ္းရြက္အဆီကို ဝါဂြမ္းစေလးနဲ႔တို႔ယူၿပီး ဝက္ၿခံေပၚကို သုတ္လိမ္းေပးပါ။ ၁၅မိနစ္၊ မိနစ္၂၀ခန္႔ထားၿပီး ၾကက္သီးေရေႏြးေလးနဲ႔ သန္႔စင္ေပးလိုက္ပါ။ တစ္ေန႔ကို တစ္ႀကိမ္ပံုမွန္ျပဳလုပ္ရံုနဲ႔ ရက္သတၱပတ္အတြင္း သက္သာလာတာကို ေတြ႔ရမွာပါ။

(၃) ပ်ားရည္

ပ်ားရည္ကလည္း ဝက္ၿခံကုထံုးအတြက္ အသံုးတည့္တာကို ေတြ႔ရမွာပါ။ ပ်ားရည္အနည္းငယ္ကို ေက်ာကုန္းေပၚမွာ သုတ္လိမ္းၿပီး ၁၅မိနစ္ခန္႔အၾကာမွာ ေရေႏြးနဲ႔ေဆးေၾကာသန္႔စင္လိုက္ပါ။ ေနာက္တစ္နည္းကေတာ့ ပ်ားရည္စားပြြဲတင္ဇြန္းတစ္ဇြန္းကို သစ္ႀကံပိုးေခါက္မႈန္႔ စားပြဲတင္ဇြန္းတစ္ဝက္နဲ႔ ေရာစပ္ၿပီးဝက္ၿခံျဖစ္ေပၚတဲ့ေနရာမွာ သုတ္လိမ္းေပးပါ။ ၁၀မိနစ္ခန္႔အၾကာမွာ ေရေႏြးနဲ႔ေဆးေၾကာသန္႔စင္လိုက္ပါ။ ဒီနည္းလမ္းအတိုင္း တစ္ေန႔ကိုတစ္ႀကိမ္ပံုမွန္ျပဳလုပ္ေပးရင္ ထူးျခားမႈကို ေတြ႔ျမင္ရမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နန္း(ေရႊအင္းေလး)

#Unicode Version#
အရေပြားရောဂါတစ်မျိုးဖြစ်တဲ့ ဝက်ခြံက မျက်နှာမှာသာမက လည်ပင်း၊ ချိုင်း၊ ကျောကုန်း၊ ပေါင်ခြံ စတဲ့နေရာတွေမှာလည်း ဝက်ခြံထွက်တတ်ပါတယ်။ ကျောကုန်းလိုနေရာမျိုးက လူမမြင်နိုင်ဘူးဆိုပြီး မကုသဘဲနဲ့တော့ မနေလိုက်ပါနဲ့နော်။ ဟော်မုန်းအပြောင်းအလဲကြောင့် ပြန်လည်ပျောက်ကင်းသွားတတ်တယ်ဆိုပေမယ့် မကုသပဲထားရင် ယားယံလာပြီးပိုမိုပွားများလာတတ်တာကိုလည်း သတိပြုဖို့လိုပါတယ်။ ယားယံလို့ကုတ်မိတဲ့အတွက် ခြစ်ရာပွန်းပဲ့ရာတွေဖြစ်ပြီး ပိုးဝင်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ကျောပြင်တစ်လျှောက်က ဝက်ခြံများကို ကုသနိုင်ဖို့အတွက် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းများကို ယူဆောင်လာပါပြီနော်။

(၁) ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က ပိုးမွှားများကို သေစေနိုင်ပြီး ဝက်ခြံဖြစ်ပေါ်စေတဲ့ ဘတ်တီးရီးယားပိုးမွှားများနဲ့ အညစ်အကြေးများကို ဖယ်ရှားပေးနိုင်ပါတာကြောင့် အရေပြားရောဂါတော်တော်များများမှာလည်း အသုံးတည့်လှတာကို တွေ့ရပါတယ်။ ရေနဲ့ ပန်းသီးရှာလကာရည်ကို ဆတူရောစပ်ပြီး ကျောပြင်ပေါ်က ဝက်ခြံနေရာများကို သုတ်လိမ်းပေးပါ။ ၁၀မိနစ်ခန့်ထားပြီး ကြက်သီးရေနွေးလေးနဲ့ ဆေးကြောသန့်စင်လိုက်ပါ။ ပြီးရင်တော့ အစိုဓာတ်ထိန်းခရင်မ်လေး လိမ်းဖို့မမေ့ပါနဲ့နော်။ ဒီနည်းလမ်းအတိုင်း တစ်နေ့ကို ၂ကြိမ်မှ ၃ကြိမ်အထိပြုလုပ်ပေးပြီး ထူးခြားမှုကို စောင့်ကြည့်လိုက်ပါ။

(၂) လက်ဖက်စိမ်းရွက်အဆီ

လက်ဖက်စိမ်းရွက်အဆီကလည်း အရေပြားရောဂါကို ကုသရာမှာ အသုံးတည့်လှတဲ့ သဘာဝပစ္စည်းလေးပါပဲ။ အလှကုန်ပစ္စည်းတော်တော်များများမှာ လက်ဖက်စိမ်းရွက်ကိုထည့်သွင်းအသုံးပြုတာကို သိကြမှာပါနော်။ ဒါ့ကြောင့် လက်ဖက်စိမ်းရွက်အဆီက ဆေးဖက်ဝင်တယ်ဆိုတာကို အထူးတလည်ညွှန်းစရာ လိုမယ်မထင်ပါဘူး။ လက်ဖက်စိမ်းရွက်အဆီကို ဝါဂွမ်းစလေးနဲ့တို့ယူပြီး ဝက်ခြံပေါ်ကို သုတ်လိမ်းပေးပါ။ ၁၅မိနစ်၊ မိနစ်၂၀ခန့်ထားပြီး ကြက်သီးရေနွေးလေးနဲ့ သန့်စင်ပေးလိုက်ပါ။ တစ်နေ့ကို တစ်ကြိမ်ပုံမှန်ပြုလုပ်ရုံနဲ့ ရက်သတ္တပတ်အတွင်း သက်သာလာတာကို တွေ့ရမှာပါ။

(၃) ပျားရည်

ပျားရည်ကလည်း ဝက်ခြံကုထုံးအတွက် အသုံးတည့်တာကို တွေ့ရမှာပါ။ ပျားရည်အနည်းငယ်ကို ကျောကုန်းပေါ်မှာ သုတ်လိမ်းပြီး ၁၅မိနစ်ခန့်အကြာမှာ ရေနွေးနဲ့ဆေးကြောသန့်စင်လိုက်ပါ။ နောက်တစ်နည်းကတော့ ပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်းကို သစ်ကြံပိုးခေါက်မှုန့် စားပွဲတင်ဇွန်းတစ်ဝက်နဲ့ ရောစပ်ပြီးဝက်ခြံဖြစ်ပေါ်တဲ့နေရာမှာ သုတ်လိမ်းပေးပါ။ ၁၀မိနစ်ခန့်အကြာမှာ ရေနွေးနဲ့ဆေးကြောသန့်စင်လိုက်ပါ။ ဒီနည်းလမ်းအတိုင်း တစ်နေ့ကိုတစ်ကြိမ်ပုံမှန်ပြုလုပ်ပေးရင် ထူးခြားမှုကို တွေ့မြင်ရမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: နန်း(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top