Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အမ်ိဳးသားပညာေရးဥပေဒမူၾကမ္း ကန္႔ကြက္ဆႏၵျပပြဲတြင္ ဆႏၵထုတ္ေဖာ္ေနေသာ ေက်ာင္းသားေက်ာင္းသူမ်ား (ဓာတ္ပံု − ေဂ်ေမာင္ေမာင္(အမရပူရ))
တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္ႏွင့္ သိပၸံမ်ား၏ ေက်ာင္းစည္းကမ္းမ်ားတြင္ ႏုိင္ငံေရး ဆူပူမႈဆိုင္ရာ ျပစ္မႈျပစ္ဒဏ္မ်ားကို ပယ္ဖ်က္ေၾကာင္း အဆင့္ျမင့္ပညာဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသိန္း၀င္းက ေျပာသည္။

၂၀၁၇ တကၠသိုလ္၀င္ခြင့္ လမ္းၫႊန္ပါ ေက်ာင္းသား၊ ေက်ာင္းသူမ်ား လုိက္နာရမည့္ စည္းကမ္းထိန္းသိမ္းေရးဆိုင္ရာ ျပစ္မႈျပစ္ဒဏ္မ်ားတြင္ ႏုိင္ငံေရး ဆူပူမႈႏွင့္ဆုိင္ေသာ အခ်က္ ေျခာက္ခ်က္ကို ပယ္ဖ်က္ၿပီး သက္ဆိုင္ရာေက်ာင္းမ်ား၏ စည္းကမ္းခ်က္မ်ား၌ ယင္းအခ်က္မ်ား ပါ၀င္ေတာ့မည္ မဟုတ္ေပ။

‘‘၀င္ခြင့္လမ္းၫႊန္စာအုပ္မွာ အဲဒီအခ်က္ေတြ ျဖဳတ္ပစ္လိုက္ၿပီ။ ဒီစာအုပ္မွာ ပါၿပီးသားမို႔ ေက်ာင္းေတြကိုေတာ့ သီးသန္႔ၫႊန္ၾကားခ်က္မထုတ္ေတာ့ပါဘူး’’ ဟု ေဒါက္တာသိန္း၀င္းက ေျပာသည္။ဆူပူလႈပ္ရွားမႈတြင္ ပါ၀င္၍ ထိန္းသိမ္းခံရၿပီး တရား႐ံုးမွ ျပစ္ ဒဏ္ခ်မွတ္ခံရျခင္း၊ ဆူပူလႈပ္ရွား မႈ၌ ေခါင္းေဆာင္အျဖစ္ ပါ၀င္ ျခင္း၊ ဆူပူလႈပ္ရွားမႈျဖစ္ေပၚေစရန္ ရည္ရြယ္ခ်က္ျဖင့္ လႈံ႔ေဆာ္ ျခင္း၊ လႈံ႔ေဆာ္မႈကို အားေပးျခင္း၊ ကိုယ္တုိင္ပါ၀င္ျခင္း၊ ဆူပူလႈပ္ရွားမႈတြင္ တက္ႂကြစြာပါ၀င္ျခင္း၊ ေနာက္လိုက္အျဖစ္ ပါ၀င္ျခင္း၊ ဆဲြေဆာင္၊ ၿခိမ္းေျခာက္မႈေၾကာင့္ ေနာက္လိုက္အျဖစ္ ပါ၀င္ျခင္းတို႔ ကို ျပစ္မႈအျဖစ္သတ္မွတ္ၿပီး ျပင္းထန္စြာ သတိေပးျခင္း၊ ေက်ာင္းမွထုတ္ပယ္ျခင္း ျပစ္ဒဏ္မ်ား က်ခံရမည္ဟု ယခင္ႏွစ္အဆက္ဆက္က တကၠသိုလ္၀င္ခြင့္လမ္းၫႊန္တြင္ ထည့္သြင္းထားသည္။

‘‘ဒီအခ်က္ေတြကို ျဖဳတ္ လိုက္တာဟာ ေသခ်ာတယ္ဆုိ ရင္ ေက်ာင္းသားေတြအတြက္ ေက်ာင္းသားအခြင့္အေရး အ ျပည့္အ၀ပိုရလာတယ္။ ႏုိင္ငံသား အခြင့္အေရး အျပည့္အ၀ရလာ တယ္လုိ႔ ထင္ပါတယ္။ ေက်ာင္း အုပ္ခ်ဳပ္ေရး အဖဲြဲ႕ေတြအေနနဲ႔ လည္း စနစ္တက်လိုက္နာဖို႔ လို အပ္ပါတယ္’’ဟု ရန္ကုန္ပညာ ေရးတကၠသုိလ္ ေက်ာင္းသား သမဂၢဥကၠ႒ ကိုစိုးသူရေက်ာ္က ေျပာသည္။

လာမည့္ ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္၊ ဒီဇင္ဘာ ေက်ာင္း ဖြင့္ခ်ိန္ကစ၍ အဆိုပါေက်ာင္းမ်ားတြင္ အက်င့္စာရိတၱပ်က္ျပားမႈဆုိင္ရာ ျပစ္မႈခုနစ္ခ်က္ႏွင့္ ေက်ာင္းစည္းကမ္းေဖာက္ဖ်က္မႈ ဆုိင္ရာျပစ္မႈငါးခ်က္သာ ေက်ာင္းစည္းကမ္းအျဖစ္ ထုတ္ျပန္မည္ျဖစ္သည္။

‘‘ဒီအခ်က္ေတြ ျဖဳတ္ပစ္ လိုက္တာက ဒီမိုကေရစီျပဳျပင္ ေျပာင္းလဲမႈကို ျပသလိုက္တဲ့ သ ေဘာေပါ့။ ႀကိဳဆုိရမယ့္လုပ္ရပ္ လို႔ ျမင္ပါတယ္။ ဒါေပမဲ့ စာရြက္ ေပၚမွာတင္ ေျပာင္းလဲလို႔မရဘူး။ တကယ္တမ္း အလုပ္လုပ္ေနတဲ့ ပါခ်ဳပ္ေတြ၊ ေက်ာင္းအုပ္ခ်ဳပ္ေရး အဖဲြ႕ေတြအေနနဲ႔လည္း ဒါကို လိုက္နာဖို႔ လိုတယ္။ စာရြက္ေပၚ မွာ ေျပာင္းလိုက္တာထက္ သူတို႔ ရဲ႕ စိတ္ကိုကဒီမိုကေရစီမွာ ဒါေတြ ေျပာင္းဖုိ႔လိုတယ္ဆိုတာ သိၿပီး ေျပာင္းဖုိ႔လိုတယ္’’ဟု ဒဂံုတကၠသုိလ္မွ ကထိက ေဒါက္တာအာကာမိုးသူက မွတ္ခ်က္ျပဳသည္။

ယခင္ေခတ္အဆက္ဆက္ က ေက်ာင္းသားလႈပ္ရွားမႈ၊ ဆႏၵ ထုတ္ေဖာ္မႈမ်ားတြင္ ပါ၀င္သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကုိ ႏုိင္ငံေရးဆူပူမႈဆုိင္ရာျပစ္မႈျဖင့္ အေရးယူျခင္းမ်ားရွိခဲ့သည္။ ၿပီးခဲ့ သည့္ ဧၿပီအတြင္းက ေက်ာင္းသားထု အခြင့္အေရးမ်ားရရွိေရး ဆႏၵျပေတာင္းဆုိျခင္းေၾကာင့္ ေထာင္ဒဏ္တစ္လက်ခံရေသာ စစ္ကုိင္းပညာေရးေကာလိပ္ေက်ာင္းသားကုိ စစ္ကုိင္းပညာေရးေကာလိပ္ေက်ာင္းအုပ္ႀကီးက ႏုိင္ငံေရးဆူပူမႈဆုိင္ရာျပစ္မႈျဖင့္ ေက်ာင္းထုတ္ခဲ့ၿပီးမွ အဆင့္ျမင့္ပညာဦးစီးဌာန ၫႊန္ၾကားခ်က္ျဖင့္ ျပန္လည္ တက္ေရာက္ခြင့္ျပဳသည့္ျဖစ္စဥ္ရွိခဲ့သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
အမျိုးသားပညာရေးဥပဒေမူကြမ်း ကန့်ကွက်ဆန္ဒပြပွဲတွင် ဆန္ဒထုတ်ဖော်နေသော ကျောင်းသားကျောင်းသူများ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

တက္ကသိုလ်၊ ဒီဂရီကော လိပ်၊ ကောလိပ်နှင့် သိပ္ပံများ၏ ကျောင်းစည်းကမ်းများတွင် နိုင်ငံ ရေး ဆူပူမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ် များကို ပယ်ဖျက်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။

၂၀၁၇ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ပါ ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များတွင် နိုင်ငံရေး ဆူပူမှုနှင့်ဆိုင်သော အချက် ခြောက်ချက်ကို ပယ်ဖျက်ပြီး သက်ဆိုင်ရာကျောင်းများ၏ စည်းကမ်းချက်များ၌ ယင်းအချက်များ ပါဝင်တော့မည် မဟုတ်ပေ။

‘‘ဝင်ခွင့်လမ်းညွှန်စာအုပ်မှာ အဲဒီအချက်တွေ ဖြုတ်ပစ်လိုက်ပြီ။ ဒီစာအုပ်မှာ ပါပြီးသားမို့ ကျောင်းတွေကိုတော့ သီးသန့်ညွှန်ကြားချက်မထုတ်တော့ပါဘူး’’ ဟု ဒေါက်တာသိန်းဝင်းက ပြောသည်။ဆူပူလှုပ်ရှားမှုတွင် ပါဝင်၍ ထိန်းသိမ်းခံရပြီး တရားရုံးမှ ပြစ် ဒဏ်ချမှတ်ခံရခြင်း၊ ဆူပူလှုပ်ရှား မှု၌ ခေါင်းဆောင်အဖြစ် ပါဝင် ခြင်း၊ ဆူပူလှုပ်ရှားမှုဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော် ခြင်း၊ လှုံ့ဆော်မှုကို အားပေးခြင်း၊ ကိုယ်တိုင်ပါဝင်ခြင်း၊ ဆူပူလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်ခြင်း၊ နောက်လိုက်အဖြစ် ပါဝင်ခြင်း၊ ဆွဲဆောင်၊ ခြိမ်းခြောက်မှုကြောင့် နောက်လိုက်အဖြစ် ပါဝင်ခြင်းတို့ ကို ပြစ်မှုအဖြစ်သတ်မှတ်ပြီး ပြင်းထန်စွာ သတိပေးခြင်း၊ ကျောင်းမှထုတ်ပယ်ခြင်း ပြစ်ဒဏ်များ ကျခံရမည်ဟု ယခင်နှစ်အဆက်ဆက်က တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ထည့်သွင်းထားသည်။

‘‘ဒီအချက်တွေကို ဖြုတ် လိုက်တာဟာ သေချာတယ်ဆို ရင် ကျောင်းသားတွေအတွက် ကျောင်းသားအခွင့်အရေး အ ပြည့်အဝပိုရလာတယ်။ နိုင်ငံသား အခွင့်အရေး အပြည့်အဝရလာ တယ်လို့ ထင်ပါတယ်။ ကျောင်း အုပ်ချုပ်ရေး အဖွဲ့တွေအနေနဲ့ လည်း စနစ်တကျလိုက်နာဖို့ လို အပ်ပါတယ်’’ဟု ရန်ကုန်ပညာ ရေးတက္ကသိုလ် ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုစိုးသူရကျော်က ပြောသည်။

လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ ဒီဇင်ဘာ ကျောင်း ဖွင့်ချိန်ကစ၍ အဆိုပါကျောင်းများတွင် အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာ ပြစ်မှုခုနစ်ချက်နှင့် ကျောင်းစည်းကမ်းဖောက်ဖျက်မှု ဆိုင်ရာပြစ်မှုငါးချက်သာ ကျောင်းစည်းကမ်းအဖြစ် ထုတ်ပြန်မည်ဖြစ်သည်။

‘‘ဒီအချက်တွေ ဖြုတ်ပစ် လိုက်တာက ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုကို ပြသလိုက်တဲ့ သ ဘောပေါ့။ ကြိုဆိုရမယ့်လုပ်ရပ် လို့ မြင်ပါတယ်။ ဒါပေမဲ့ စာရွက် ပေါ်မှာတင် ပြောင်းလဲလို့မရဘူး။ တကယ်တမ်း အလုပ်လုပ်နေတဲ့ ပါချုပ်တွေ၊ ကျောင်းအုပ်ချုပ်ရေး အဖွဲ့တွေအနေနဲ့လည်း ဒါကို လိုက်နာဖို့ လိုတယ်။ စာရွက်ပေါ် မှာ ပြောင်းလိုက်တာထက် သူတို့ ရဲ့ စိတ်ကိုကဒီမိုကရေစီမှာ ဒါတွေ ပြောင်းဖို့လိုတယ်ဆိုတာ သိပြီး ပြောင်းဖို့လိုတယ်’’ဟု ဒဂုံတက္ကသိုလ်မှ ကထိက ဒေါက်တာအာကာမိုးသူက မှတ်ချက်ပြုသည်။

ယခင်ခေတ်အဆက်ဆက် က ကျောင်းသားလှုပ်ရှားမှု၊ ဆန္ဒ ထုတ်ဖော်မှုများတွင် ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံရေးဆူပူမှုဆိုင်ရာပြစ်မှုဖြင့် အရေးယူခြင်းများရှိခဲ့သည်။ ပြီးခဲ့ သည့် ဧပြီအတွင်းက ကျောင်းသားထု အခွင့်အရေးများရရှိရေး ဆန္ဒပြတောင်းဆိုခြင်းကြောင့် ထောင်ဒဏ်တစ်လကျခံရသော စစ်ကိုင်းပညာရေးကောလိပ်ကျောင်းသားကို စစ်ကိုင်းပညာရေးကောလိပ်ကျောင်းအုပ်ကြီးက နိုင်ငံရေးဆူပူမှုဆိုင်ရာပြစ်မှုဖြင့် ကျောင်းထုတ်ခဲ့ပြီးမှ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားချက်ဖြင့် ပြန်လည် တက်ရောက်ခွင့်ပြုသည့်ဖြစ်စဉ်ရှိခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top