လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

အိမ္မွာ အလြယ္လုပ္စားလို႔ရတဲ့ မုန္႔ဦးေႏွာက္
==================

လမ္းထဲမွာ ေစ်းဗန္းေလးႀကီးနဲ႔ မုန္႔ဦးေႏွာက္လို႔ ေအာ္သံၾကားရင္ အေျပးအလႊား ေခၚမိခဲ့ဖူးတယ္။ ျမန္မာမုန္႔ေတြ ႀကိဳက္ၾကသူေတြကေတာ့ ျမန္မာမုန္႔တိုင္းကို ရင္ခုန္ၾကတာပါပဲ။ အခုလို မိုးေအးေအး ကာလေတြမွာဆို ေကာ္ဖီပူပူေလးနဲ႔ ျမန္မာမုန္႔ေလးေတြနဲ႔ လိုက္ဖက္တဲ့ ရာသီဥတုပါ။ ဒီတစ္ေခါက္ ေျပာခ်င္တာကေတာ့ မုန္႔ဦးေႏွာက္ပါ။ မုန္႔သားအိအိေလးေတြေပၚမွာ သၾကားနဲ႔ အုန္းႏို႔ဆီခ်က္ေလးဆမ္းထားတဲ့ ခ်ိဳအီဆိမ့္ မုန္႔တစ္မ်ိဳးပါ။ ငွက္ေပ်ာရြက္ေလးနဲ႔  ထုပ္ထားတဲ့ အတြက္ အနံ႔ေလးကလည္း တမူထူးေနတဲ့ မုန္႔ပါ။
မုန္႔ဦးေႏွာက္မွာ အဓိက ပါ၀င္တာေတြကေတာ့ မုန္႔သားျပဳလုပ္ဖို႔အတြက္ .....

ဆန္မႈန္႔

အုန္းႏို႔

ဆား အနည္းငယ္

သၾကား

သာကူေစ့အနည္းငယ္

ငွက္ေပ်ာရြက္

မုန္႔ဦးေႏွာက္ကို အိမ္မွာပဲ အလြယ္တကူ လုပ္စားလို႔ ရပါတယ္။ သာကူေစ့ေလးေတြကိုေတာ့ အေစ့ေပ်ာက္ေအာင္ အရင္ျပဳတ္ထားလိုက္ပါ။ ဖက္ေလးကို မီးနည္းနည္းျပပါ ဒါမွမဟုတ္ ေရေႏြးေငြ႔နဲ႔ေပါင္းလုိက္တာ။ ေပ်ာ့သြားမွာ  မုန္႔ထည့္တဲ့ အခါ အဆင္ေျပတတ္တာေၾကာင့္ပါ။ ဆန္မႈန္႔၊ သၾကား၊ ဆား၊ သာကူေစ့၊ေတြကို ေရာၿပီး ေမႊပါ။ ၿပီးရင္ ဖက္ရြက္ထဲ ထည့္ၿပီး ထုပ္ပါ။ ၿပီးရင္ ေပါင္းအိုးထဲမွာ ၁၅မိနစ္ေလာက္ ေပါင္းလိုက္ရင္ပဲ မုန္႔သားအိအိေလးနဲ႔

မုန္႔ဦးေႏွာက္ကို စားလို႔ ရပါၿပီ။
အုန္းႏုိ႔ကိုေတာ့ ဆီထြက္လာတဲ့ အထိ က်ိဳၿပီး မုန္႔ေပၚကေန ဆမ္းစားပါ။ သၾကားေလးပါ ျဖဴးပါ။ တစ္ခ်ဳိ႕ကေတာ့ အုန္းသီးႏုႏုေလးကို ျခစ္ၿပီး ျဖဴးစား ပါေသးတယ္။


ဖိုးသူေတာ္  (www.phothutaw.com)
Credit:  MyFood Myanmar


#Unicode Version#
အိမ်မှာ အလွယ်လုပ်စားလို့ရတဲ့ မုန့်ဦးနှောက်
==================

လမ်းထဲမှာ ဈေးဗန်းလေးကြီးနဲ့ မုန့်ဦးနှောက်လို့ အော်သံကြားရင် အပြေးအလွှား ခေါ်မိခဲ့ဖူးတယ်။ မြန်မာမုန့်တွေ ကြိုက်ကြသူတွေကတော့ မြန်မာမုန့်တိုင်းကို ရင်ခုန်ကြတာပါပဲ။ အခုလို မိုးအေးအေး ကာလတွေမှာဆို ကော်ဖီပူပူလေးနဲ့ မြန်မာမုန့်လေးတွေနဲ့ လိုက်ဖက်တဲ့ ရာသီဥတုပါ။ ဒီတစ်ခေါက် ပြောချင်တာကတော့ မုန့်ဦးနှောက်ပါ။ မုန့်သားအိအိလေးတွေပေါ်မှာ သကြားနဲ့ အုန်းနို့ဆီချက်လေးဆမ်းထားတဲ့ ချိုအီဆိမ့် မုန့်တစ်မျိုးပါ။ ငှက်ပျောရွက်လေးနဲ့  ထုပ်ထားတဲ့ အတွက် အနံ့လေးကလည်း တမူထူးနေတဲ့ မုန့်ပါ။
မုန့်ဦးနှောက်မှာ အဓိက ပါဝင်တာတွေကတော့ မုန့်သားပြုလုပ်ဖို့အတွက် .....


ဆန်မှုန့်

အုန်းနို့

ဆား အနည်းငယ်

သကြား

သာကူစေ့အနည်းငယ်

ငှက်ပျောရွက်

မုန့်ဦးနှောက်ကို အိမ်မှာပဲ အလွယ်တကူ လုပ်စားလို့ ရပါတယ်။ သာကူစေ့လေးတွေကိုတော့ အစေ့ပျောက်အောင် အရင်ပြုတ်ထားလိုက်ပါ။ ဖက်လေးကို မီးနည်းနည်းပြပါ ဒါမှမဟုတ် ရေနွေးငွေ့နဲ့ပေါင်းလိုက်တာ။ ပျော့သွားမှာ  မုန့်ထည့်တဲ့ အခါ အဆင်ပြေတတ်တာကြောင့်ပါ။ ဆန်မှုန့်၊ သကြား၊ ဆား၊ သာကူစေ့၊တွေကို ရောပြီး မွှေပါ။ ပြီးရင် ဖက်ရွက်ထဲ ထည့်ပြီး ထုပ်ပါ။ ပြီးရင် ပေါင်းအိုးထဲမှာ ၁၅မိနစ်လောက် ပေါင်းလိုက်ရင်ပဲ မုန့်သားအိအိလေးနဲ့

မုန့်ဦးနှောက်ကို စားလို့ ရပါပြီ။
အုန်းနို့ကိုတော့ ဆီထွက်လာတဲ့ အထိ ကျိုပြီး မုန့်ပေါ်ကနေ ဆမ်းစားပါ။ သကြားလေးပါ ဖြူးပါ။ တစ်ချို့ကတော့ အုန်းသီးနုနုလေးကို ခြစ်ပြီး ဖြူးစား ပါသေးတယ်။


ဖိုးသူတော်  (www.phothutaw.com)
Credit:  MyFood Myanmar

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top