မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ဆဋ္ဌမအကြိမ်မြောက်)
×




လေယာဉ်​​နှင့်​ပတ်​သက်​​သော အချက်​အလက်​များနှင့်​ လျူဒန်းမည့်​​လေယာဉ်​၏ဓာတ်​ပုံ အမျိုးအစားများ သိရှိနိုင်​ရန်​အတွက်​လည်း ​လေယာဉ်​လျူဒန်းသည့်​ သြစ​တြေးလျနိုင်​ငံသို့. ပြန်​လည်​​တောင်းခံထား​ကြောင်း သိရသည်​။
Credit: yomalan

#Unicode Version#


နာရေးကူညီမူ့အသင်း ရန်ကုန်၏ ပရဟိတလုပ်ငန်းများတွင် အသုံးပြုရန်အတွက် သြစတြေးလျနိုင်ငံက.၁၂. ယောက်စီး လေယာဉ်တစ်စင်း လှူဒါန်းပေးသွားရန် ကမ်းလှမ်းထားကြောင်း သိရသည်။
အဆိုပါ ၁၂. ယောက်စီးလေယာဉ် လှူဒါန်းနိုင်ရန်အတွက် သြစတြေးလျနိုင်ငံဘက်မှ နာရေးကူညီမူ့အသင်းသို့. ဇူလိုင်လ လယ်ပိုင်းတွင် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကျွန်တော်ကိုကမ်းလှမ်းတယ် သြစတြေးလျနိုင်ငံကနေုပီးတော့ ၁၂. ယောက်စီး လေယာဉ်တစ်စင်း လျူချင်တယ်တဲ့။ လျူချင်တယ်ဆိုတော့ ဝမ်းသာတာပဲလေ။ ဒီဘက်ကနေ. ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် လုပ်မယ်။ ဒါပေမဲ့ တစ်ချို့အဖွဲ့ဝင်တွေက. ဥက္ကဌ. စိတ်ကူးတွေယဉ်မနေပါနဲ့. ပြောတယ်။ ဟိုဘက်ကလျူမယ် အလျူရှင်က လျူမယ်ဆိုပြီးတော့ ကမ်းလှမ်းတာကို ကိုယ်ကမယူဘူးဆိုရင် ဘာဖြစ်သွားမလဲ။ ကျွန်တော်ကတော့ ရအောင်လုပ်မှာပဲ။ ဘာဖြစ်မလဲမသိဘူးဟု နာရေးကူညီမူ့အသင်း ရန်ကုန် ဥက္ကဌ. ဦးကျော်သူက. သြဂုတ် ၂၄. ရက်တွင် ပြောသည်။

သြစတြေးလျနိုင်ငံဘက်မှ လေယာဉ်လျူဒန်းခဲ့ပါက. လေယာဉ်ထားရှိရန်နှင့် ကျွမ်းကျင်သော လေယာဉ်မောင်း၊ လေယာဉ်ဝန်ထမ်းများ စသည်တို့. လိုအပ်ခြင်းကြောင့် အခက်အခဲများ ရှိလာနိုင်သော်လည်း ပရဟိတလုပ်ငန်းများ လုပ်ဆောင်ရာတွင် အကျိုးရှိလာ နိုင်ကြောင်း သိရသည်။

လေယာဉ်ရခဲ့ရင် ကျွန်တော်လုပ်ချင်တဲ့ဆန္ဒက. ရေကြီးတာတို့ဘာတို့. အရေးပေါ် လိုအပ်တဲ့နေရာတွေကို ပရဟိတနဲ့ပတ်သက်ပြီး သွားဖို့လိုအပ်တဲ့နေရာတွေကို လေယာဉ်ကို အသုံးချလို့ရတယ်လေ။ ရဟတ်ယာဉ်ဆို ပိုတောင်အဆင်ပြေတယ်။ အလျူရှင်တွေရဲ့. လျူချင်တဲ့ဆန္ဒကို ကျွနိတော်တို့ရအောင် လုပ်ပေးရမှာဘဲလေဟု ၎င်းက. ဆက်လက်ပြောဆိုသည်။
လေယာဉ်ထားရှိရန်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကာ လေယာဉ်ထားရှိရန်အတွက် လေကြောင်းကုမ္မဏီများဖြစ်သော ကမ္ဘောဇ၊ MAI. အစရှိသော လေကြောင်းကုမ္မဏီများကိုလည်း အကူအညီများ တောင်းခံထားကြောင်း သိရသည်။
လေယာဉ်နှင့်ပတ်သက်သော အချက်အလက်များနှင့် လျူဒန်းမည့်လေယာဉ်၏ဓာတ်ပုံ အမျိုးအစားများ သိရှိနိုင်ရန်အတွက်လည်း လေယာဉ်လျူဒန်းသည့် သြစတြေးလျ ျနိုင်ငံသို့. ပြန်လည်တောင်းခံထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: yomalan
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top