ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ေတလာဆြစ္ဟာ ဓာတ္ပံု႐ိုက္ကူးမႈတစ္ခုမွာ DJ သမားေဟာင္း ေဒးဗစ္မူလာက သူမရဲ႕စကတ္ေအာက္ပိုင္းကို ဆြဲကိုင္ခဲ့တယ္ဆုိၿပီး လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္က အမႈဖြင့္ တုိင္ၾကားခဲ့တာ ျဖစ္ပါတယ္။

ယင္းျဖစ္ရပ္ဟာ ေတလာဆြစ္ရဲ႕ Red tour ျပဳလုပ္စဥ္၂၀၁၃ ခုႏွစ္ ဇြန္လအတြင္းမွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ အဲဒီတုန္းက မစၥတာမူလာဟာ KYGO ေရဒီယိုဌာနမွာ အစီအစဥ္မွဴးျဖစ္ ေဆာင္ရြက္ေနၿပီး ႐ႈိးပြဲမတုိင္ခင္ ေတလာဆြစ္နဲ႔ ေတြ႕ဆံုဖို႔ ဖိတ္ၾကားခံထားရသူျဖစ္ပါတယ္။

ယင္းျဖစ္ရပ္ျဖစ္သြားၿပီးတဲ့ေနာက္ ၂ ရက္အၾကာမွာ KYGO နဲ႔ သတင္းဌာနက မစၥတာမူလာကို အလုပ္က ထုတ္ပစ္ခဲ့တယ္လို႔ ေတလာဆြစ္ကဆုိပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာေတာ့ ေတလာဆြစ္ရဲ႕ ေဘာ္ဒီဂတ္ေဟာင္းက မ်က္ျမင္သက္ေသအျဖစ္ ထြက္ဆုိခဲ့ၿပီး DJ ေဒးဗစ္မူလာက ေတလာဆြစ္ရဲႈ စကတ္အတြင္းထဲကို လက္ေရာက္ခဲ့တာ ျမင္ခဲ့ေၾကာင္း ထြက္ဆုိခဲ့ပါတယ္။

သူ ေတလာဆြစ္ကို ကိုယ္ထိလက္ေရာက္ ထိမိျခင္း ရွိမရွိ မေသခ်ာေပမဲ့ ေတလာဆြစ္ရဲ႕စကတ္ေအာက္ကို လက္ေရာက္သြားခဲ့တာကို ျမင္ခဲ့ေၾကာင္း ေတလာဆြစ္ရဲ႕ ေဘာ္ဒီဂတ္ေဟာင္း ဂရက္ဒ္ဒန္႔က ေကာ္လုိရာဒို တရား႐ံုးကို ေျပာခဲ့ပါတယ္။

အစပိုင္းမွာေတာ့ မစၥတာမူလာက ေတလာဆြစ္ကို သူ႔ရဲ႕အလုပ္ကို ထိခိုက္နစ္နာေအာင္လုပ္တယ္ဆုိၿပီး တရားစြဲဆုိဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။ ဒါေပမဲ့ တရားသူႀကီးက ယင္းအမႈကို ၿပီးခဲ့တဲ့ အပတ္ကပဲ ပယ္ခ်ခဲ့ပါတယ္။

ဂ်ဴရီလူႀကီးမ်ားက နာရီအနည္းငယ္ၾကာ စဥ္းစားၿပီးတဲ့ေနာက္ ယင္းအမႈမွာ ေတလာဆြစ္ဟာ မဖြယ္မရာ ကိုင္တြယ္ခံခဲ့ရတယ္ဆုိတာကို ယံုၾကည္တယ္လို႔ ဆံုးျဖတ္ခဲ့ၾကပါတယ္။

ဂ်ဴရီလူႀကီးမ်ားရဲ႕ အဆံုးအျဖတ္ကို ဖတ္ၾကားၿပီးတဲ့ေနာက္မွာ ေတလာဆြစ္ဟာ သူမရဲ႕မိခင္ကို ဖက္ၿပီး ငိုခဲ့ၿပီး ေသခ်ာေတြးေတာစဥ္းစားေပးခဲ့တဲ့ တရားသူႀကီးနဲ႔ ဂ်ဴရီလူႀကီးမ်ား၊ သူမရဲ႕ေရွ႕ေနမ်ားကို ေက်းဇူးတင္ေၾကာင္း ေျပာခဲ့ပါတယ္။

Source: BBC, CNN, USATODAY

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
တေလာဆွစ်ဟာ ဓာတ်ပုံရိုက်ကူးမှုတစ်ခုမှာ DJ သမားဟောင်း ဒေးဗစ်မူလာက သူမရဲ့စကတ်အောက်ပိုင်းကို ဆွဲကိုင်ခဲ့တယ်ဆိုပြီး လွန်ခဲ့တဲ့ တစ်နှစ်ကျော်က အမှုဖွင့် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ယင်းဖြစ်ရပ်ဟာ တေလာဆွစ်ရဲ့ Red tour ပြုလုပ်စဉ်၂၀၁၃ ခုနှစ် ဇွန်လအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက မစ္စတာမူလာဟာ KYGO ရေဒီယိုဌာနမှာ အစီအစဉ်မှူးဖြစ် ဆောင်ရွက်နေပြီး ရှိုးပွဲမတိုင်ခင် တေလာဆွစ်နဲ့ တွေ့ဆုံဖို့ ဖိတ်ကြားခံထားရသူဖြစ်ပါတယ်။

ယင်းဖြစ်ရပ်ဖြစ်သွားပြီးတဲ့နောက် ၂ ရက်အကြာမှာ KYGO နဲ့ သတင်းဌာနက မစ္စတာမူလာကို အလုပ်က ထုတ်ပစ်ခဲ့တယ်လို့ တေလာဆွစ်ကဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ တေလာဆွစ်ရဲ့ ဘော်ဒီဂတ်ဟောင်းက မျက်မြင်သက်သေအဖြစ် ထွက်ဆိုခဲ့ပြီး DJ ဒေးဗစ်မူလာက တေလာဆွစ်ရဲှု စကတ်အတွင်းထဲကို လက်ရောက်ခဲ့တာ မြင်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

သူ တေလာဆွစ်ကို ကိုယ်ထိလက်ရောက် ထိမိခြင်း ရှိမရှိ မသေချာပေမဲ့ တေလာဆွစ်ရဲ့စကတ်အောက်ကို လက်ရောက်သွားခဲ့တာကို မြင်ခဲ့ကြောင်း တေလာဆွစ်ရဲ့ ဘော်ဒီဂတ်ဟောင်း ဂရက်ဒ်ဒန့်က ကော်လိုရာဒို တရားရုံးကို ပြောခဲ့ပါတယ်။

အစပိုင်းမှာတော့ မစ္စတာမူလာက တေလာဆွစ်ကို သူ့ရဲ့အလုပ်ကို ထိခိုက်နစ်နာအောင်လုပ်တယ်ဆိုပြီး တရားစွဲဆိုဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ တရားသူကြီးက ယင်းအမှုကို ပြီးခဲ့တဲ့ အပတ်ကပဲ ပယ်ချခဲ့ပါတယ်။

ဂျူရီလူကြီးများက နာရီအနည်းငယ်ကြာ စဉ်းစားပြီးတဲ့နောက် ယင်းအမှုမှာ တေလာဆွစ်ဟာ မဖွယ်မရာ ကိုင်တွယ်ခံခဲ့ရတယ်ဆိုတာကို ယုံကြည်တယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဂျူရီလူကြီးများရဲ့ အဆုံးအဖြတ်ကို ဖတ်ကြားပြီးတဲ့နောက်မှာ တေလာဆွစ်ဟာ သူမရဲ့မိခင်ကို ဖက်ပြီး ငိုခဲ့ပြီး သေချာတွေးတောစဉ်းစားပေးခဲ့တဲ့ တရားသူကြီးနဲ့ ဂျူရီလူကြီးများ၊ သူမရဲ့ရှေ့နေများကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

Source: BBC, CNN, USATODAY


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top