ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေလမ်ဳိး ၈ဝ တြင္ ကိုယ္တြင္လွည့္လည္ ေနေသာေလရွိသည္။ ထုိေလသည္ အထက္သုိ႔ ဆန္လုိက္၊ ေအာက္သုိ႔ စုန္လိုက္ လွည့္လည္ေနေသည္။ ပံုမွန္လွည့္လည္ေနရာမွ ေလပူျဖစ္ၿပီး အထက္သုိ႔ အဆန္မ်ားလာျခင္း၊ ေအာက္သို႔ အစုန္နည္းလာျခင္းျဖစ္တတ္သည္။ ထုိအထက္သုိ႔ဆန္ေသာ ေလပူေၾကာင့္ ဆံပင္ကြၽတ္ျခင္း၊ ထိပ္ေျပာင္ျခင္း၊ ေခါင္းေခြၽးထြက္ျခင္းမ်ား ျဖစ္ရေပသည္။

အခ်ဳိ႕သူမ်ားမွာ အပူအစပ္၊ င႐ုတ္သီး အစပ္၊ င႐ုတ္ေကာင္းအစပ္ခတ္ထားေသာ ဟင္းခ်ဳိရည္ေသာက္ေသာအခါမွ အစပ္ေၾကာင့္ ေလပူသည္ အစာအိမ္မွ အထက္သို႔ ေရာက္၍ျဖစ္ေစ၊ ေသြးေၾကာမ်ားအတြင္းမွ တစ္ဆင့္ျဖစ္ေစ၊ အာကာသဓာတ္ပြင့္၍ ႐ုတ္တရက္ေခြၽးျပန္လာသည္။

ဤသို႔ ေခါင္းေခြၽးျပန္ျခင္းမွာ ေရာဂါမဟုတ္ေပ။
ေခတၱခဏတုံ႔ျပန္မႈသာျဖစ္သည္။ ခဏၾကာလွ်င္ အစပ္ကုိေျဖလုိက္လွ်င္ ျပန္ေပ်ာက္သြား မည္ျဖစ္သည္။

ေသြးတုိးေရာဂါရွိသူ၊ အလုပ္ပင္ပန္းလွ်င္ ေသြးေပါင္ခ်ိန္ ျမင့္တက္တတ္သူမ်ားတြင္ ေခါင္းေခြၽးထြက္မ်ားေလ့ရွိသည္။ အခ်ဳိ႕ ဆီးခ်ဳိေရာဂါရွိသူမ်ား ညအိပ္ေပ်ာ္ေသာအခါ ေခါင္းေခြၽးထြက္တတ္သည္။ ေခါင္းေခြၽး အထြက္မ်ားလွ်င္ အာေခါင္ေျခာက္ၿပီး ေရငတ္၍ လန္႔ႏိုးလာတတ္သည္။ ဆီးခ်ဳိ၊ ေသြးခ်ဳိ ရွိသူမ်ားသည္ ညအိပ္ရာဝင္ ေရမ်ားမ်ား ေသာက္ဖုိ႔လိုသည္။

အိပ္ရာနံေဘးတြင္ ေရပုလင္းထားၿပီး အိပ္လွ်င္ ညတစ္ေရးႏိုး ေရငတ္လွ်င္ ထေသာက္ႏိုင္သည္။
စာေရးသူ၏ မိတ္ေဆြတစ္ဦးသည္ အသက္ (၄၅)ႏွစ္ေက်ာ္ (၅ဝ)တြင္း ေရာက္လာၿပီးမွ ေသြးတုိးအနည္းငယ္ဝင္လာၿပီး ညအိပ္လွ်င္ ေခါင္းေခြၽးထြက္ေသာေရာဂါ ျဖစ္လာသည္။ ဆီးခ်ဳိေရာဂါမရွိေသးေသာ္လည္း မ်ဳိး႐ိုးရွိသည္။ သူ၏မိခင္မ်ဳိး႐ိုးမွာ ဆီးခ်ဳိရွိသည္။

အသားစားမ်ားေသာရက္၊ ဧည့္ခံပြဲရွိ၍ အရက္၊ ဘီယာေသာက္မိေသာ ရက္မ်ားတြင္ ပုိ၍ေခါင္းေခြၽးရႊဲေနေအာင္ ထြက္ေလ့ရွိသည္ကုိ သတိထားမိသည္ဟု ဆုိသည္။
အဝလြန္ေနသူတစ္ဦးသည္ ပူအုိက္သည့္ရာသီတြင္ အပူဒဏ္သက္သာေစရန္ ေလေအးေပးစက္၊ အဲယားကြန္းျဖင့္ အိပ္သည္။

အေအးဓာတ္ေၾကာင့္ အိပ္ေပ်ာ္ေသာ္လည္း ညဥ့္တစ္ဝက္ေက်ာ္ေသာအခါ ေခါင္းေခြၽးမ်ားျပန္ၿပီး ႏုိးလာသည္ဟုဆုိသည္။ ထုိသုိ႔ႏိုးလာခ်ိန္တြင္ ေရလည္းငတ္ၿပီး အာေခါင္ေျခာက္သျဖင့္ ေရထေသာက္ရသည္။ ထုိသုိ႔ျဖစ္ေနသူသည္ ညအိပ္ရာဝင္ ခ်ိန္တြင္ ေျခဖဝါးဆားပြတ္ၿပီး ဒူးအထက္မွ ေအာက္ပုိင္းသုိ႔ ေရေအးေလာင္းၿပီးအိပ္လွ်င္ အပူမ်ား ေအာက္သုိ႔ သက္ဆင္းသြားသျဖင့္ ေခါင္းေခြၽးထြက္ျခင္းကုိ သက္သာေစႏုိင္သည္။

ေခါင္းေခြၽးထြက္သူမ်ား၏ အျခားျပႆနာမွာ ေျခသလုံးေၾကာမ်ားတင္းမာျခင္း၊ ေျခဆီမထြက္ဘဲ ေျခဖေနာင့္မ်ားအက္ကြဲျခင္း ျဖစ္သည္။ အေရွ႕တုိင္း အိႏိၵယေက်းလက္ တုိင္းရင္းေဆးနည္းမ်ားတြင္ ေျခဖဝါးႏွစ္ဖက္ ကုိ ဆားရည္စိမ္ၿပီး အဝတ္ေျခာက္ျဖင့္ သုတ္ကာ အက္ကြဲေၾကာင္းမ်ားအတြင္းသုိ႔ ႏြားႏုိ႔မွရသည့္ ေထာပတ္အဆီကုိ လိမ္းၾကသည္။

ဦးေခါင္းေခြၽးထြက္မ်ား၍ ဆံပင္ကြၽတ္ ထိပ္ေျပာင္သူမ်ားကုိလည္း ေျခဖဝါးႏွစ္ဖက္ကုိ ဆားရည္စိမ္ျခင္း၊ ေျခဖဝါးတြင္ ေထာပတ္လိမ္း၍ အိပ္ျခင္းျဖင့္ သက္သာေစ ႏုိင္သည္ဟု ဆုိသည္။
ေခါင္းေခြၽးျပန္ျခင္း၊ ေခါင္းေခြၽး အထြက္မ်ားျခင္း၊ မ်က္စိၾကည့္မေကာင္းျခင္း၊ မ်က္စိေသြးေၾကာမ်ား နီရဲျခင္း၊ မ်က္သား တက္ျခင္း၊ မ်က္စိတိမ္စြဲျခင္း၊ မ်က္မွန္ဒီဂရီ တုိးျခင္းအတြက္ သက္သာေစႏုိင္ေသာ နည္း လမ္းမွာ ေျခဖဝါးဆားပြတ္ၿပီး ညအိပ္ရာဝင္ ခါနီးအခ်ိန္တြင္ ဒူးဆစ္အထက္မွ ေအာက္သုိ႔ ေရေလာင္းေျခေဆးျခင္း ျဖစ္သည္။

ဤနည္းကုိ မွန္မွန္ျပဳလုပ္ျခင္းျဖင့္ ေခါင္းေခြၽး ထြက္သက္သာသည့္အျပင္ အေညာင္း အကုိက္မ်ားျခင္း၊ ေျခသလုံးၾကြက္တက္ျခင္း၊ ေျခဖဝါးေခြၽးမထြက္ အက္ကြဲျခင္းမ်ားပါ သက္သာေစႏုိင္သည္။
ေျခဖဝါးဆားပြတ္ျခင္းသည္ ေခါင္းေခြၽး ျပန္ျခင္းသာမက ခါးနာေရာဂါ၊ ေက်ာက္ကပ္ ေရာဂါမ်ားကုိလည္း သက္သာေစႏုိင္သည္။ ေရွးက ျမန္မာအႏွိပ္ဆရာမ်ားကုသည့္နည္းတြင္ ခါးနာသူကုိ ေရစုိအဝတ္ကုိ ေရကုန္ ေအာင္ညႇစ္ၿပီး ခါးတြင္ပတ္ေစ၍ ပက္လက္ အိပ္ေစၿပီး ေျခဖဝါးကုိ ဆားပြတ္၊ ေရေလာင္း ေပးေသာအခါ ေျခဖဝါးမွ အပူအခုိးအေငြ႕ မ်ားထြက္လာသည္။

ခါးတြင္ ပတ္ထားေသာ ေရစုိအဝတ္မွာလည္း အပူေငြ႕မ်ားပ်ံၿပီး အဝတ္ေျခာက္ျဖစ္သြားသည္။ ဤနည္းျဖင့္ အပူခဲ၍ျဖစ္ေသာ ခါးနာေရာဂါမ်ား လက္ေတြ႕ ေပ်ာက္ကင္းသည္ကုိ ေတြ႕ရသည္။
ဆားသည္ ပင္လယ္ေရထြက္ပစၥည္း ျဖစ္ၿပီး အပုပ္အငန္တုိ႔စုေဝးရာမွ ထြက္ေပၚလာေသာ ပစၥည္းျဖစ္ေသာ္လည္း အပုပ္ကုိႏုိင္သည္ဟု ဆုိသည္။ ေျမထြက္ဆား၊ တြင္းထြက္ဆား၊ သိေႏၶာဆားတုိ႔ထက္ ပင္လယ္ထြက္ဆားသည္ ပုိ၍ငန္သည္။ ပုပ္သုိးမည့္အရာမ်ားကုိ ဆားျဖင့္ ထိန္းထားႏုိင္သည္။

ေရွးကလူႀကီးမ်ားသည္ နံနက္ အိပ္ရာထသြားတုိက္ရာတြင္ပင္ မီးဖုိေခ်ာင္ သုံးဆားျဖင့္ သြားတုိက္ေလ့ရွိသည္။ သြားနာ ျခင္း၊ သြားဖုံးနာျခင္း၊ အပူကန္ျခင္းမ်ားကို ဆားကသက္သာေစႏုိင္သည္ဟုဆုိသည္။
ဓာတုရသေဆးက်မ္းအလိုအရ နာနာ နယ အာဟာရစြယ္စုံက်မ္းတြင္ ေဖာ္ျပထားသည္မွာ ဆားသည္ငန္ေသာအရသာရွိသည္။

ဝါေယာဓာတ္ကိုႏုိင္၏။ ပထဝီကိုလည္း ျဖစ္ေစတတ္၏။ ေသြးကိုလည္း ၾကည္လင္ေစ တတ္သည္။ ဓာတ္မီးအခုိးေရာက္သည္ျဖစ္၍ ပထဝီဓာတ္စုခဲသည္ကိုလည္း ေၾကေစတတ္၏။ သလိပ္ေစးကိုလည္း ေၾကေစတတ္၏။ အပုပ္၊ ျပည္၊ ေသြးကိုလည္း ေၾကေစတတ္ ၏။ သည္းေျခကိုလည္း ေျဖာင့္မတ္ေစတတ္ ၏။ ဓာတ္တုိ႔၏ အခုိးအကင္းေရာက္သမွ် ႏုိင္သည္။ လူတို႔သည္ မသုံးေဆာင္ရလွ်င္ ဝါေယာဓာတ္ပ်က္၏။ အရသာမ်ဳိးတို႔၏ အရသာထက္လြန္၏။ ဓာတ္အေပါင္းတို႔ကုိ ခ်ဳပ္၏ဟု ေရးသားေဖာ္ျပထားသည္။

ဆားပြတ္ရာတြင္ ေျခႏွစ္ဖက္ဆင္း အိပ္ၿပီး ေျခဖဝါးေအာက္တြင္ အဝတ္ေဟာင္း တစ္ခု ခံထားပါ။ အင္တုံငယ္တစ္ခုတြင္ ဆားထည့္ပါ။ ဟင္းခတ္အုိင္အုိဒင္းပါေသာဆား မသုံးပါႏွင့္။ ဆားၾကမ္းကုိသုံးလွ်င္ ပိုေကာင္း ပါသည္။ အဝတ္ေရစိုျဖင့္ ေျခဖဝါးကိုသန္႔စင္ ေအာင္ ပြတ္ေပးပါ။ ထို႔ေနာက္ ဆားၾကမ္း ျဖင့္ ပြတ္ပါ။ ၿပီးလွ်င္ ေရဝတ္ျဖင့္ ျပန္ပြတ္ပါ။ ဤနည္းအတုိင္း တစ္လွည့္စီျပဳလုပ္ေပးပါ။

ဆားပြတ္ခ်ိန္သည္ ၁၅ မိနစ္မွ နာရီ ဝက္အတြင္းသာ ၾကာပါသည္။ ဆားပြတ္ ေပး၍ ၁ဝ မိနစ္ခန္႔ၾကာလွ်င္ ေျခဖဝါးမွ အပူမ်ားထြက္လာပါလိမ့္မည္။ ဦးေခါင္းေခြၽး ထြက္မ်ားေလ ေျခဖဝါးအပူထြက္ေလ ျဖစ္ သည္။ ဤကဲ့သို႔ ဆားပြတ္ျခင္းကို ညေန ေစာင္းတြင္ ျပဳလုပ္လွ်င္ ေျခမေဆးပါႏွင့္။ ညအိပ္ရာဝင္ခ်ိန္မွျပဳလုပ္လွ်င္ ၿပီးလွ်င္ ဒူးေအာက္ပုိင္း ေျခႏွစ္ဖက္ ေရေဆးပါ။ ေက်ာက္ကပ္ေရာဂါ၊ ခါးနာေရာဂါ၊ မ်က္စိ မၾကည္ မ်က္မွန္ဒီဂရီတုိးသည့္ေရာဂါမ်ားပါ သက္သာေစႏုိင္ပါသည္။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ၾကည္လြင္ျမင့္(မုျဒာ)
Myawady Health
#Unicode Version#
လေမျိုး ၈ဝ တွင် ကိုယ်တွင်လှည့်လည် နေသောလေရှိသည်။ ထိုလေသည် အထက်သို့ ဆန်လိုက်၊ အောက်သို့ စုန်လိုက် လှည့်လည်နေသေည်။ ပုံမှန်လှည့်လည်နေရာမှ လေပူဖြစ်ပြီး အထက်သို့ အဆန်များလာခြင်း၊ အောက်သို့ အစုန်နည်းလာခြင်းဖြစ်တတ်သည်။ ထိုအထက်သို့ဆန်သော လေပူကြောင့် ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း၊ ခေါင်းချွေးထွက်ခြင်းများ ဖြစ်ရပေသည်။

အချို့သူများမှာ အပူအစပ်၊ ငရုတ်သီး အစပ်၊ ငရုတ်ကောင်းအစပ်ခတ်ထားသော ဟင်းချိုရည်သောက်သောအခါမှ အစပ်ကြောင့် လေပူသည် အစာအိမ်မှ အထက်သို့ ရောက်၍ဖြစ်စေ၊ သွေးကြောများအတွင်းမှ တစ်ဆင့်ဖြစ်စေ၊ အာကာသဓာတ်ပွင့်၍ ရုတ်တရက်ချွေးပြန်လာသည်။

ဤသို့ ခေါင်းချွေးပြန်ခြင်းမှာ ရောဂါမဟုတ်ပေ။
ခေတ္တခဏတုံ့ပြန်မှုသာဖြစ်သည်။ ခဏကြာလျှင် အစပ်ကိုဖြေလိုက်လျှင် ပြန်ပျောက်သွား မည်ဖြစ်သည်။

သွေးတိုးရောဂါရှိသူ၊ အလုပ်ပင်ပန်းလျှင် သွေးပေါင်ချိန် မြင့်တက်တတ်သူများတွင် ခေါင်းချွေးထွက်များလေ့ရှိသည်။ အချို့ ဆီးချိုရောဂါရှိသူများ ညအိပ်ပျော်သောအခါ ခေါင်းချွေးထွက်တတ်သည်။ ခေါင်းချွေး အထွက်များလျှင် အာခေါင်ခြောက်ပြီး ရေငတ်၍ လန့်နိုးလာတတ်သည်။ ဆီးချို၊ သွေးချို ရှိသူများသည် ညအိပ်ရာဝင် ရေများများ သောက်ဖို့လိုသည်။

အိပ်ရာနံဘေးတွင် ရေပုလင်းထားပြီး အိပ်လျှင် ညတစ်ရေးနိုး ရေငတ်လျှင် ထသောက်နိုင်သည်။
စာရေးသူ၏ မိတ်ဆွေတစ်ဦးသည် အသက် (၄၅)နှစ်ကျော် (၅ဝ)တွင်း ရောက်လာပြီးမှ သွေးတိုးအနည်းငယ်ဝင်လာပြီး ညအိပ်လျှင် ခေါင်းချွေးထွက်သောရောဂါ ဖြစ်လာသည်။ ဆီးချိုရောဂါမရှိသေးသော်လည်း မျိုးရိုးရှိသည်။ သူ၏မိခင်မျိုးရိုးမှာ ဆီးချိုရှိသည်။

အသားစားများသောရက်၊ ဧည့်ခံပွဲရှိ၍ အရက်၊ ဘီယာသောက်မိသော ရက်များတွင် ပို၍ခေါင်းချွေးရွှဲနေအောင် ထွက်လေ့ရှိသည်ကို သတိထားမိသည်ဟု ဆိုသည်။
အဝလွန်နေသူတစ်ဦးသည် ပူအိုက်သည့်ရာသီတွင် အပူဒဏ်သက်သာစေရန် လေအေးပေးစက်၊ အဲယားကွန်းဖြင့် အိပ်သည်။

အအေးဓာတ်ကြောင့် အိပ်ပျော်သော်လည်း ညဉ့်တစ်ဝက်ကျော်သောအခါ ခေါင်းချွေးများပြန်ပြီး နိုးလာသည်ဟုဆိုသည်။ ထိုသို့နိုးလာချိန်တွင် ရေလည်းငတ်ပြီး အာခေါင်ခြောက်သဖြင့် ရေထသောက်ရသည်။ ထိုသို့ဖြစ်နေသူသည် ညအိပ်ရာဝင် ချိန်တွင် ခြေဖဝါးဆားပွတ်ပြီး ဒူးအထက်မှ အောက်ပိုင်းသို့ ရေအေးလောင်းပြီးအိပ်လျှင် အပူများ အောက်သို့ သက်ဆင်းသွားသဖြင့် ခေါင်းချွေးထွက်ခြင်းကို သက်သာစေနိုင်သည်။

ခေါင်းချွေးထွက်သူများ၏ အခြားပြဿနာမှာ ခြေသလုံးကြောများတင်းမာခြင်း၊ ခြေဆီမထွက်ဘဲ ခြေဖနောင့်များအက်ကွဲခြင်း ဖြစ်သည်။ အရှေ့တိုင်း အိန္ဒိယကျေးလက် တိုင်းရင်းဆေးနည်းများတွင် ခြေဖဝါးနှစ်ဖက် ကို ဆားရည်စိမ်ပြီး အဝတ်ခြောက်ဖြင့် သုတ်ကာ အက်ကွဲကြောင်းများအတွင်းသို့ နွားနို့မှရသည့် ထောပတ်အဆီကို လိမ်းကြသည်။

ဦးခေါင်းချွေးထွက်များ၍ ဆံပင်ကျွတ် ထိပ်ပြောင်သူများကိုလည်း ခြေဖဝါးနှစ်ဖက်ကို ဆားရည်စိမ်ခြင်း၊ ခြေဖဝါးတွင် ထောပတ်လိမ်း၍ အိပ်ခြင်းဖြင့် သက်သာစေ နိုင်သည်ဟု ဆိုသည်။
ခေါင်းချွေးပြန်ခြင်း၊ ခေါင်းချွေး အထွက်များခြင်း၊ မျက်စိကြည့်မကောင်းခြင်း၊ မျက်စိသွေးကြောများ နီရဲခြင်း၊ မျက်သား တက်ခြင်း၊ မျက်စိတိမ်စွဲခြင်း၊ မျက်မှန်ဒီဂရီ တိုးခြင်းအတွက် သက်သာစေနိုင်သော နည်း လမ်းမှာ ခြေဖဝါးဆားပွတ်ပြီး ညအိပ်ရာဝင် ခါနီးအချိန်တွင် ဒူးဆစ်အထက်မှ အောက်သို့ ရေလောင်းခြေဆေးခြင်း ဖြစ်သည်။

ဤနည်းကို မှန်မှန်ပြုလုပ်ခြင်းဖြင့် ခေါင်းချွေး ထွက်သက်သာသည့်အပြင် အညောင်း အကိုက်များခြင်း၊ ခြေသလုံးကြွက်တက်ခြင်း၊ ခြေဖဝါးချွေးမထွက် အက်ကွဲခြင်းများပါ သက်သာစေနိုင်သည်။
ခြေဖဝါးဆားပွတ်ခြင်းသည် ခေါင်းချွေး ပြန်ခြင်းသာမက ခါးနာရောဂါ၊ ကျောက်ကပ် ရောဂါများကိုလည်း သက်သာစေနိုင်သည်။ ရှေးက မြန်မာအနှိပ်ဆရာများကုသည့်နည်းတွင် ခါးနာသူကို ရေစိုအဝတ်ကို ရေကုန် အောင်ညှစ်ပြီး ခါးတွင်ပတ်စေ၍ ပက်လက် အိပ်စေပြီး ခြေဖဝါးကို ဆားပွတ်၊ ရေလောင်း ပေးသောအခါ ခြေဖဝါးမှ အပူအခိုးအငွေ့ များထွက်လာသည်။

ခါးတွင် ပတ်ထားသော ရေစိုအဝတ်မှာလည်း အပူငွေ့များပျံပြီး အဝတ်ခြောက်ဖြစ်သွားသည်။ ဤနည်းဖြင့် အပူခဲ၍ဖြစ်သော ခါးနာရောဂါများ လက်တွေ့ ပျောက်ကင်းသည်ကို တွေ့ရသည်။
ဆားသည် ပင်လယ်ရေထွက်ပစ္စည်း ဖြစ်ပြီး အပုပ်အငန်တို့စုဝေးရာမှ ထွက်ပေါ်လာသော ပစ္စည်းဖြစ်သော်လည်း အပုပ်ကိုနိုင်သည်ဟု ဆိုသည်။ မြေထွက်ဆား၊ တွင်းထွက်ဆား၊ သိန္ဓောဆားတို့ထက် ပင်လယ်ထွက်ဆားသည် ပို၍ငန်သည်။ ပုပ်သိုးမည့်အရာများကို ဆားဖြင့် ထိန်းထားနိုင်သည်။

ရှေးကလူကြီးများသည် နံနက် အိပ်ရာထသွားတိုက်ရာတွင်ပင် မီးဖိုချောင် သုံးဆားဖြင့် သွားတိုက်လေ့ရှိသည်။ သွားနာ ခြင်း၊ သွားဖုံးနာခြင်း၊ အပူကန်ခြင်းများကို ဆားကသက်သာစေနိုင်သည်ဟုဆိုသည်။
ဓာတုရသဆေးကျမ်းအလိုအရ နာနာ နယ အာဟာရစွယ်စုံကျမ်းတွင် ဖော်ပြထားသည်မှာ ဆားသည်ငန်သောအရသာရှိသည်။

ဝါယောဓာတ်ကိုနိုင်၏။ ပထဝီကိုလည်း ဖြစ်စေတတ်၏။ သွေးကိုလည်း ကြည်လင်စေ တတ်သည်။ ဓာတ်မီးအခိုးရောက်သည်ဖြစ်၍ ပထဝီဓာတ်စုခဲသည်ကိုလည်း ကြေစေတတ်၏။ သလိပ်စေးကိုလည်း ကြေစေတတ်၏။ အပုပ်၊ ပြည်၊ သွေးကိုလည်း ကြေစေတတ် ၏။ သည်းခြေကိုလည်း ဖြောင့်မတ်စေတတ် ၏။ ဓာတ်တို့၏ အခိုးအကင်းရောက်သမျှ နိုင်သည်။ လူတို့သည် မသုံးဆောင်ရလျှင် ဝါယောဓာတ်ပျက်၏။ အရသာမျိုးတို့၏ အရသာထက်လွန်၏။ ဓာတ်အပေါင်းတို့ကို ချုပ်၏ဟု ရေးသားဖော်ပြထားသည်။

ဆားပွတ်ရာတွင် ခြေနှစ်ဖက်ဆင်း အိပ်ပြီး ခြေဖဝါးအောက်တွင် အဝတ်ဟောင်း တစ်ခု ခံထားပါ။ အင်တုံငယ်တစ်ခုတွင် ဆားထည့်ပါ။ ဟင်းခတ်အိုင်အိုဒင်းပါသောဆား မသုံးပါနှင့်။ ဆားကြမ်းကိုသုံးလျှင် ပိုကောင်း ပါသည်။ အဝတ်ရေစိုဖြင့် ခြေဖဝါးကိုသန့်စင် အောင် ပွတ်ပေးပါ။ ထို့နောက် ဆားကြမ်း ဖြင့် ပွတ်ပါ။ ပြီးလျှင် ရေဝတ်ဖြင့် ပြန်ပွတ်ပါ။ ဤနည်းအတိုင်း တစ်လှည့်စီပြုလုပ်ပေးပါ။

ဆားပွတ်ချိန်သည် ၁၅ မိနစ်မှ နာရီ ဝက်အတွင်းသာ ကြာပါသည်။ ဆားပွတ် ပေး၍ ၁ဝ မိနစ်ခန့်ကြာလျှင် ခြေဖဝါးမှ အပူများထွက်လာပါလိမ့်မည်။ ဦးခေါင်းချွေး ထွက်များလေ ခြေဖဝါးအပူထွက်လေ ဖြစ် သည်။ ဤကဲ့သို့ ဆားပွတ်ခြင်းကို ညနေ စောင်းတွင် ပြုလုပ်လျှင် ခြေမဆေးပါနှင့်။ ညအိပ်ရာဝင်ချိန်မှပြုလုပ်လျှင် ပြီးလျှင် ဒူးအောက်ပိုင်း ခြေနှစ်ဖက် ရေဆေးပါ။ ကျောက်ကပ်ရောဂါ၊ ခါးနာရောဂါ၊ မျက်စိ မကြည် မျက်မှန်ဒီဂရီတိုးသည့်ရောဂါများပါ သက်သာစေနိုင်ပါသည်။ ။

ဖိုးသူတော် (www.phothutaw.com)
Credit: ကြည်လွင်မြင့်(မုဒြာ)
Myawady Health
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top