ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

   ေရနစ္ျမဳပ္ေနသည့္ သပိတ္က်င္းျမိဳ႕နယ္ရွိ စာသင္ေက်ာင္းကုိေတြ႕ရစဥ္ (ဓာတ္ပံု-နန္းအိစံ)
မႏၲေလးတိုင္းေဒသႀကီး ရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ဧရာ၀တီ ျမစ္ေရ၀င္ေရာက္မႈေၾကာင့္ အေျခခံပညာေက်ာင္း ၄၅ ေက်ာင္းပိတ္ထားရေၾကာင္း တုိင္းပညာ ေရးမွဴး႐ုံးမွ သိရသည္။

စဥ့္ကူး၊ မတၱရာ၊ အမရပူရ၊ သပိတ္က်င္း၊ တံတားဦး၊ ျမင္း ျခံ ၊ စဥ့္ကုိင္ႏွင့္ ေတာင္သာၿမိဳ႕နယ္ တို႔တြင္ ဩဂုတ္ တတိယပတ္က မုိးရြာသြန္းၿပီးေနာက္ ဧရာ၀တီ ျမစ္ေရတက္လာၿပီး စာသင္ ေက်ာင္းမ်ား၌ ေရ၀င္ေရာက္ေန သျဖင့္ ဩဂုတ္ ၂၁ ရက္အထိ ေက်ာင္းမ်ားပိတ္ထားေၾကာင္း မႏၲေလးတိုင္း   ပညာေရးမွဴး႐ုံး လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးခင္ေမာင္ျမင့္ကေျပာသည္။

‘‘ေရက်သြားတာနဲ႔အမွ် တ ျဖည္းျဖည္းျပန္ဖြင့္သြားမွာပါ။ တ ျခားထိခုိက္ပ်က္စီးမႈကေတာ့ မရွိ ပါဘူး’’ ဟု ဦးခင္ေမာင္ျမင့္က ေျပာသည္။

စာသင္ေက်ာင္းမ်ားထဲသုိ႔ ေရ၀င္ေရာက္မႈေၾကာင့္  ေက်ာင္းအခ်ိဳ႕   ပိတ္ထားရေသာ္လည္း ေက်ာင္းျပန္ဖြင့္သည့္အခ်ိန္တြင္ အခ်ိန္ပုိေခၚယူ၍ အစားထုိး ျပန္လည္ သင္ၾကားေပးမည္ ျဖစ္ေၾကာင္း ပညာေရးမွဴး႐ုံးမွ သိ ရသည္။

ျမစ္ေရ၀င္ေရာက္မႈေၾကာင့္ စဥ့္ကူးၿမိဳ႕နယ္တြင္ အထက္တန္း ေက်ာင္းသုံးေက်ာင္း၊ အလယ္ တန္းေက်ာင္းေျခာက္ေက်ာင္းႏွင့္ မူလတန္းေက်ာင္း ၁၅ ေက်ာင္း ပိတ္ထားရသည္။ အလားတူ မတၱရာၿမိဳ႕နယ္တြင္ အထက္တန္း ေက်ာင္းတစ္ေက်ာင္း၊ အလယ္ တန္းေက်ာင္းႏွစ္ေက်ာင္းႏွင့္ မူလ တန္းေက်ာင္းေလးေက်ာင္းပိတ္ ထားရသည္။ အမရပူရၿမိဳ႕နယ္ တြင္   မူလတန္းေက်ာင္းတစ္ ေက်ာင္း ပိတ္ထားရေၾကာင္း တိုင္းပညာေရးမွဴး႐ုံးမွတ္တမ္း အရသိရသည္။

ယခုႏွစ္မုိးရာသီတြင္ စာ သင္ေက်ာင္းမ်ားထဲသုိ႔ ေရ၀င္ ေရာက္၍ ေက်ာင္းမ်ားပိတ္ထား ရသည္မွာ ပထမဆုံးအႀကိမ္ျဖစ္ သည္။  ဧရာ၀တီျမစ္ေရသည္ ဩ ဂုတ္ ၂၁ ရက္နံနက္ ၆ နာရီခြဲအထိ မႏၲေလးခ႐ိုင္တြင္ ၁,၂၈၉ စင္တီ မီတာရွိေၾကာင္း မုိးေလ၀သႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ရေနစ်မြုပ်နေသည့် သပိတ်ကျင်းမြို့နယ်ရှိ စာသင်ကျောင်းကိုတွေ့ရစဉ် (ဓာတ်ပုံ-နန်းအိစံ)

မန္တလေးတိုင်းဒေသကြီး ရှိ မြို့နယ်အချို့တွင် ဧရာဝတီ မြစ်ရေဝင်ရောက်မှုကြောင့် အ ခြေခံပညာကျောင်း ၄၅ ကျောင်း ပိတ်ထားရကြောင်း တိုင်းပညာ ရေးမှူးရုံးမှ သိရသည်။

စဉ့်ကူး၊ မတ္တရာ၊ အမရပူရ၊ သပိတ်ကျင်း၊ တံတားဦး၊ မြင်းခြံ၊ စဉ့်ကိုင်နှင့် တောင်သာမြို့နယ် တို့တွင် ဩဂုတ် တတိယပတ်က မိုးရွာသွန်းပြီးနောက် ဧရာဝတီ မြစ်ရေတက်လာပြီး စာသင် ကျောင်းများ၌ ရေဝင်ရောက်နေ သဖြင့် ဩဂုတ် ၂၁ ရက်အထိ ကျောင်းများပိတ်ထားကြောင်း မန္တလေးတိုင်း   ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်ကပြောသည်။

‘‘ရေကျသွားတာနဲ့အမျှ တ ဖြည်းဖြည်းပြန်ဖွင့်သွားမှာပါ။ တ ခြားထိခိုက်ပျက်စီးမှုကတော့ မရှိ ပါဘူး’’ ဟု ဦးခင်မောင်မြင့်က ပြောသည်။

စာသင်ကျောင်းများထဲသို့ ရေဝင်ရောက်မှုကြောင့်  ကျောင်း အချို့   ပိတ်ထားရသော်လည်း ကျောင်းပြန်ဖွင့်သည့်အချိန်တွင် အချိန်ပိုခေါ်ယူ၍ အစားထိုး ပြန်လည် သင်ကြားပေးမည် ဖြစ်ကြောင်း ပညာရေးမှူးရုံးမှ သိ ရသည်။

မြစ်ရေဝင်ရောက်မှုကြောင့် စဉ့်ကူးမြို့နယ်တွင် အထက်တန်း ကျောင်းသုံးကျောင်း၊ အလယ် တန်းကျောင်းခြောက်ကျောင်းနှင့် မူလတန်းကျောင်း ၁၅ ကျောင်း ပိတ်ထားရသည်။ အလားတူ မတ္တရာမြို့နယ်တွင် အထက်တန်း ကျောင်းတစ်ကျောင်း၊ အလယ် တန်းကျောင်းနှစ်ကျောင်းနှင့် မူလ တန်းကျောင်းလေးကျောင်းပိတ် ထားရသည်။ အမရပူရမြို့နယ် တွင်   မူလတန်းကျောင်းတစ် ကျောင်း ပိတ်ထားရကြောင်း တိုင်းပညာရေးမှူးရုံးမှတ်တမ်း အရသိရသည်။

ယခုနှစ်မိုးရာသီတွင် စာ သင်ကျောင်းများထဲသို့ ရေဝင် ရောက်၍ ကျောင်းများပိတ်ထား ရသည်မှာ ပထမဆုံးအကြိမ်ဖြစ် သည်။  ဧရာဝတီမြစ်ရေသည် ဩ ဂုတ် ၂၁ ရက်နံနက် ၆ နာရီခွဲအထိ မန္တလေးခရိုင်တွင် ၁,၂၈၉ စင်တီ မီတာရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top