Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရခုိင္ေဒသလုံၿခံဳေရး တိုးျမႇင့္ရန္ ေဒသအာဏာပုိင္မ်ား ကုိ ကူညီသည့္အေနျဖင့္ လုံၿခံဳ ေရးတပ္ဖြဲ႕၀င္
မ်ားတိုးျမႇင့္ခ်ထား သည့္သတင္းႏွွင့္ပတ္သက္ၿပီး စုိး ရိမ္ပူပန္ေၾကာင္း ျမန္မာႏုိင္ငံလူ႕ အခြင့္အေရး
အေျခအေနဆုိင္ရာ ကုလသမဂၢအထူးစုံစမ္းစစ္ေဆး ေရးမွဴးရန္ဟီးလီက ေျပာၾကား သည္။

‘‘မေန႔က လာေရာက္ခ်ထား တဲ့ ဒီတပ္စြဲမႈသတင္းက တကယ့္ စုိးရိမ္စိတ္ပူစရာပါပဲ’’ဟုကုလ သမဂၢ လူ႕အခြင့္အေရးဆုိင္ရာ မဟာမင္းႀကီး႐ုံး ထုတ္ျပန္ခ်က္ တြင္ မစၥရန္ဟီးလီက ေျပာ ၾကားထားသည္။

‘‘လုံၿခံဳေရးတပ္ဖြဲ႕ေတြဟာ အေျခအေနအားလုံးမွာ ထိန္း ထိန္းသိမ္းသိမ္းလုပ္ေဆာင္ဖုိ႔၊ ရ ခုိင္ျပည္လုံၿခံဳေရးအေျခအေနကုိ ေျဖရွင္းတဲ့အခါမွာ လူ႔အခြင့္အ ေရးကုိ ေလးစားဖုိ႔အစုိးရက
 ေသ ခ်ာေအာင္လုပ္ရမယ္’’

အစြန္းေရာက္အၾကမ္းဖက္ သမားမ်ား၏ တိုက္ခုိက္မႈမွ ကာ ကြယ္ရန္ လုံၿခံဳေရးခ်ထားေပးရန္ အစုိးရတြင္ တာ၀န္ရွိသည္ကုိ၎ တို႔အေနျဖင့္ အသိအမွတ္ျပဳ ေၾကာင္း၊ သုိ႔ေသာ္လည္း လုံၿခံဳ ေရးတပ္ဖြဲ႕၀င္မ်ားအေနျဖင့္ ေဒ သခံအားလုံးကုိ ကာကြယ္ေပးရ မည္ျဖစ္ေၾကာင္း၊လူအခ်ိဳ႕ကုိသာ လုံၿခံဳေရးပုိေပးသည္မ်ိဳးမလုပ္သင့္ေၾကာင္း ရန္ဟီးလီကဆုိသည္။

ရခုိင္ျပည္နယ္ ေမာင္ေတာ ေဒသသို႔ တပ္မေတာ္ေလယာဥ္ မ်ား ေစလႊတ္မႈသည္ တုိင္းရင္း သားမ်ား ေအးခ်မ္းလံုၿခံဳစြာေန ႏုိင္ရန္ လံုၿခံဳေရးတိုးျမႇင့္ျခင္းျဖစ္ ေၾကာင္း ကာကြယ္ေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းက ေျပာသည္။

ဩဂုတ္ ၁၀ ရက္က တပ္ မေတာ္သားအမ်ားအျပား ရခုိင္ ျပည္နယ္သို႔ ေရာက္ရွိျခင္းႏွင့္ ပတ္သက္၍ သတင္းေထာက္မ်ား ၏ ေမးျမန္းမႈအေပၚ ကာကြယ္ ေရးဝန္ႀကီးက ယင္းသို႔ ျပန္လည္ ေျဖၾကားသည္။

‘‘ရခိုင္ကေတာ့ မေန႔က ကြၽန္ေတာ္တုိ႔တပ္ေတြကို နည္း နည္း ထပ္ထည့္ပါတယ္။ အဓိက ကေတာ့ ဟိုမွာရွိတဲ့ နဂိုလုပ္ေနတဲ့ အျပင္ကို ပိုၿပီးေတာ့ အင္အား ေဆာင္း (တိုးခ်ဲ႕)ၿပီးေတာ့ လုပ္တဲ့ သေဘာပါပဲ’’ဟု ဒုတိယဗိုလ္ခ်ဳပ္ ႀကီးစိန္ဝင္းက ဩဂုတ္ ၁၁ ရက္ တြင္ ေနျပည္ေတာ္ရွိ အျပည္ျပည္ ဆုိင္ရာ ျမန္မာကြန္ဗင္းရွင္းစင္ တာ-၂ ၌ ျပဳလုပ္သည့္ ျမန္မာ့ ဒီမိုကေရစီကူးေျပာင္းမႈ ျဖစ္စဥ္ သံုးသပ္ေဆြးေႏြးပြဲသို႔ တက္ ေရာက္လာစဥ္ သတင္းေထာက္ မ်ားအား ေျပာသည္။



#Unicode Version#
ရခိုင်ဒေသလုံခြုံရေး တိုးမြှင့်ရန် ဒေသအာဏာပိုင်များ ကို ကူညီသည့်အနေဖြင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်

များတိုးမြှင့်ချထား သည့်သတင်းနှှင့်ပတ်သက်ပြီး စိုး ရိမ်ပူပန်ကြောင်း မြန်မာနိုင်ငံလူ့ အခွင့်အရေး

အခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးစုံစမ်းစစ်ဆေး ရေးမှူးရန်ဟီးလီက ပြောကြား သည်။

‘‘မနေ့က လာရောက်ချထား တဲ့ ဒီတပ်စွဲမှုသတင်းက တကယ့် စိုးရိမ်စိတ်ပူစရာပါပဲ’’ဟုကုလ သမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ထုတ်ပြန်ချက် တွင် မစ္စရန်ဟီးလီက ပြော ကြားထားသည်။

‘‘လုံခြုံရေးတပ်ဖွဲ့တွေဟာ အခြေအနေအားလုံးမှာ ထိန်း ထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့၊ ရ ခိုင်ပြည်လုံခြုံရေးအခြေအနေကို ဖြေရှင်းတဲ့အခါမှာ လူ့အခွင့်အ ရေးကို လေးစားဖို့အစိုးရက

 သေ ချာအောင်လုပ်ရမယ်’’

အစွန်းရောက်အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုမှ ကာ ကွယ်ရန် လုံခြုံရေးချထားပေးရန် အစိုးရတွင် တာဝန်ရှိသည်ကို၎င်း တို့အနေဖြင့် အသိအမှတ်ပြု ကြောင်း၊ သို့သော်လည်း လုံခြုံ ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေ သခံအားလုံးကို ကာကွယ်ပေးရ မည်ဖြစ်ကြောင်း၊လူအချို့ကိုသာ လုံခြုံရေးပိုပေးသည်မျိုးမလုပ်သင့်ကြောင်း ရန်ဟီးလီကဆိုသည်။

ရခိုင်ပြည်နယ် မောင်တော ဒေသသို့ တပ်မတော်လေယာဉ် များ စေလွှတ်မှုသည် တိုင်းရင်း သားများ အေးချမ်းလုံခြုံစွာနေ နိုင်ရန် လုံခြုံရေးတိုးမြှင့်ခြင်းဖြစ် ကြောင်း ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။

ဩဂုတ် ၁၀ ရက်က တပ် မတော်သားအများအပြား ရခိုင် ပြည်နယ်သို့ ရောက်ရှိခြင်းနှင့် ပတ်သက်၍ သတင်းထောက်များ ၏ မေးမြန်းမှုအပေါ် ကာကွယ် ရေးဝန်ကြီးက ယင်းသို့ ပြန်လည် ဖြေကြားသည်။

‘‘ရခိုင်ကတော့ မနေ့က ကျွန်တော်တို့တပ်တွေကို နည်း နည်း ထပ်ထည့်ပါတယ်။ အဓိက ကတော့ ဟိုမှာရှိတဲ့ နဂိုလုပ်နေတဲ့ အပြင်ကို ပိုပြီးတော့ အင်အား ဆောင်း (တိုးချဲ့)ပြီးတော့ လုပ်တဲ့ သဘောပါပဲ’’ဟု ဒုတိယဗိုလ်ချုပ် ကြီးစိန်ဝင်းက ဩဂုတ် ၁၁ ရက် တွင် နေပြည်တော်ရှိ အပြည်ပြည် ဆိုင်ရာ မြန်မာကွန်ဗင်းရှင်းစင် တာ-၂ ၌ ပြုလုပ်သည့် မြန်မာ့ ဒီမိုကရေစီကူးပြောင်းမှု ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲသို့ တက် ရောက်လာစဉ် သတင်းထောက် များအား ပြောသည်။


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top