Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×



ဗီဒီယို ကြည့်ရန် နှိမ်ပါ...https://www.youtube.com/watch?v=p7VK46kQUnw
Credit: todaybago

#Unicode Version#
အိန္ဒိယနိုင်ငံမှာရှိတဲ့ အကြီးဆုံးနွားတစ်ကောင် ဟာအလေးချိန် တစ်တန်ခွဲကျော်ရှိပြီး ပေါင် ၂.၅ သန်းတန်ဖိုးရှိတယ်လို့သိရပါတယ်။ သူ့ရဲ့နာမည်မှာ စူလတန်လို့အမည်ရပြီး ညတိုင်း ဝီစကီတစ်ပုလင်း သောက်တယ်လို့သိရပါတယ်။

စူလတန်ရဲ့သခင်ဖြစ်သူ နာရဏ်ကူးမားက စူလတန်ကိုမနက်တိုင်း ၅ကီလိုမီတာခန့်လမ်းလျှောက်စေပြီး ညနေခင်းရောက်တိုင်း ဝီစကီတစ်လုံး တိုက်ပါတယ်လို့သူကပြောပါတယ်။ စူလတန်ဟာ ဒေါ်လာသုံးသန်းကျော်တန်ဖိုးရှိ ပြီး ပြိုင်ပွဲ ၇ ခုမှာပထမဆုရထားပါတယ်လို့ သူကဆက်ပြောပါတယ်။

စူလတန်ဟာနေ့စဉ်နေ့တိုင်း ပန်းသီး ၃၃ပေါင်၊ မုန်လာဥ ၄၄ပေါင်၊ အစေ့စိမ်း ၂၂ပေါင်၊နဲ့ နို့ဂါလံပေါင်းများစွာ ကျွေးရတယ်လို့သိရပါတယ်။ စူလတန်အတွက်ကုန်ကျစားရိတ်ဟာ သူ့ရဲ့သုတ်ရည်ကိုရောင်းရငွေနဲ့ ထေမိပါတယ်လို့ သူ့သခင်ကပြောပါတယ်။ စူလတန်ကိုထိန်းကြောင်းသူဖြစ်တဲ့ Lakhvir Singh ကတော့ စူလတန်ရဲ့သုတ်ရည်ကိုလိုချင်လို့ အနယ်နယ်အရပ်ရပ်ကလူတွေလာဝယ်ကြပြီး တစ်နှစ်ကိုပျှမ်းမျှ ဒေါ်လာ၁သန်းကျော်လောက်ရရှိတယ်လို့သိရပါတယ်။ စူလတန်ဟာနေ့တိုင်းဝီစကီသောက်သော်လည်း  သူကလေးတွေကတော့ မသောက်ကြပါဘူး သူတို့လည်းကျန်းမာကြပါတယ်လို့ သူကဆက်ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: todaybago
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top