ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ျမန္မာႏိုင္ငံရဲ႕ အိုးအိမ္လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေရးမွာ၂၀၁၄ သန္းေခါင္စာရင္းအရ လူဦးေရ ၁၃ ဒသမ ၅ သန္းအတြက္ အိမ္ ၃ ဒသမ ၈ သန္းခန္႔ အေရးတႀကီးလိုအပ္ေနေၾကာင္း ကုလသမဂၢလူဦးေရ ရန္ပံုေငြအဖြဲ႕ (UNFPA) က ၾသဂုတ္ ၁၁ ရက္က ထုတ္ျပန္ခဲ့တယ္လို႔ သိရပါတယ္။

ျပည္သူ႔အင္အားဦးစီးဌာနနဲ႔ UNFPA တို႔ပူးေပါင္းျပဳစုတဲ့ သန္းေခါင္စာရင္း အခ်က္အလက္ေတြကို အေျခခံထုတ္ျပန္တဲ့ အိမ္အေၾကာင္းအရာနဲ႔ အိမ္အသံုးအေဆာင္ပစၥည္းမ်ား အစီရင္ခံစာအရ ျမန္မာႏိုင္ငံမွာ ပိုမိုေကာင္းမြန္တဲ့ ေနထိုင္မႈ အေျခအေနေတြ တည္ေဆာက္ဖို႔ လိုအပ္ခ်က္ေတြရွိေနေၾကာင္း UNFPA ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာကိုယ္စားလွယ္ ဂ်က္နက္ဂ်က္ဆန္ရဲ႕ ေျပာၾကားခ်က္ကို ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတယ္လို႔ 7Day Daily ရဲ႕ သတင္းတစ္ရပ္မွာ ေရးသားထားပါတယ္။

၁၉၈၃ ခုမွာ ျမန္မာႏုိင္ငံတြင္း အိမ္ေထာင္စုေျခာက္သန္းေက်ာ္ ရွိခဲ့ရာမွ ႏွစ္ ၃၀ အၾကာ လူဦးေရ ၅၁ ဒသမ ၄၉ သန္းေက်ာ္အထိ တိုးတက္လာၿပီး အိမ္ေထာင္စု ၁၀ သန္းေက်ာ္ရွိလာတာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕လူဦးေရဟာ၂၀၅၀ မွာ ၆၅ သန္းခန္႔ရွိလာမွာျဖစ္ရာ အိမ္ေထာင္စု ပိုမိုတိုးပြားလာႏိုင္ေၾကာင္း ျပည္သူ႔အင္အားဦးစီးဌာနက ခန္႔မွန္းထားပါတယ္။

အိမ္အေၾကာင္းအရာနဲ႔ အိမ္အသံုးအေဆာင္ပစၥည္းမ်ား သံုးစြဲႏိုင္မႈ အခ်က္အလက္အရ အိမ္ပိုင္ဆိုင္မႈဟာ ၈၆ ရာခိုင္ႏႈန္းရွိၿပီး အိမ္ငွားေနထိုင္တဲ့ အိမ္ေထာင္စု ၇ ရာခိုင္ႏႈန္းျဖစ္ကာ အစိုးရဝန္ထမ္း အိမ္ရာမွာ ေနထိုင္တဲ့ အိမ္ေထာင္စု ၃ ရာခိုင္ႏႈန္းရွိတာ ျဖစ္ပါတယ္။

Photos & Source: 7Day Daily

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
မြန်မာနိုင်ငံရဲ့ အိုးအိမ်လိုအပ်ချက်တွေကို ဖြည့်ဆည်းရေးမှာ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၃ ဒသမ ၅ သန်းအတွက် အိမ် ၃ ဒသမ ၈ သန်းခန့် အရေးတကြီးလိုအပ်နေကြောင်း ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က သြဂုတ် ၁၁ ရက်က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့အင်အားဦးစီးဌာနနဲ့ UNFPA တို့ပူးပေါင်းပြုစုတဲ့ သန်းခေါင်စာရင်း အချက်အလက်တွေကို အခြေခံထုတ်ပြန်တဲ့ အိမ်အကြောင်းအရာနဲ့ အိမ်အသုံးအဆောင်ပစ္စည်းများ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ပိုမိုကောင်းမွန်တဲ့ နေထိုင်မှု အခြေအနေတွေ တည်ဆောက်ဖို့ လိုအပ်ချက်တွေရှိနေကြောင်း UNFPA ရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဂျက်နက်ဂျက်ဆန်ရဲ့ ပြောကြားချက်ကို ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

၁၉၈၃ ခုမှာ မြန်မာနိုင်ငံတွင်း အိမ်ထောင်စုခြောက်သန်းကျော် ရှိခဲ့ရာမှ နှစ် ၃၀ အကြာ လူဦးရေ ၅၁ ဒသမ ၄၉ သန်းကျော်အထိ တိုးတက်လာပြီး အိမ်ထောင်စု ၁၀ သန်းကျော်ရှိလာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့လူဦးရေဟာ၂၀၅၀ မှာ ၆၅ သန်းခန့်ရှိလာမှာဖြစ်ရာ အိမ်ထောင်စု ပိုမိုတိုးပွားလာနိုင်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနက ခန့်မှန်းထားပါတယ်။

အိမ်အကြောင်းအရာနဲ့ အိမ်အသုံးအဆောင်ပစ္စည်းများ သုံးစွဲနိုင်မှု အချက်အလက်အရ အိမ်ပိုင်ဆိုင်မှုဟာ ၈၆ ရာခိုင်နှုန်းရှိပြီး အိမ်ငှားနေထိုင်တဲ့ အိမ်ထောင်စု ၇ ရာခိုင်နှုန်းဖြစ်ကာ အစိုးရဝန်ထမ်း အိမ်ရာမှာ နေထိုင်တဲ့ အိမ်ထောင်စု ၃ ရာခိုင်နှုန်းရှိတာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top