Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အပါယ္ေလးပါးမွလြတ္ေျမာက္ေစနုိင္ေသာ ကုသုိလ္(၇)မ်ဳိးအပါယ္ေလးပါးဆုိတာ ငရဲ၊တိရိစာၦန္၊ျပိတၱာ၊ အသုရကာယ္တုိ႔ျဖစ္ပါတယ္။အပါယ္ဆုိတာက(အပါယ)ဆုိတဲ့ပါဠိပုဒ္ကေနဆင္း သက္လာတာပါ။ (အပါယ)မွာ(အပ+အယ)ဆုိျပီးႏွစ္ပုဒ္ရွိပါတယ္။အပ=ကင္းျခင္း၊အယ=ကုသုိလ္တရား ႏွစ္ပုဒ္ ေပါင္းလုိက ္ေတာ့ ကုသုိလ္တုိ႔မွကင္းျခင္းလုိ႔အဓိပၸါယ္ရပါတယ္။ဆုိလုိတာက အပါယ္ေလးဘုံးသားတုိ႔မွာ ကုသုိလ္ေတြမွ ကင္းျခင္း ၊ ကုသုိလ္တရားတုိ႔ကုိျပဳလုပ္နဳိင္စြမ္းမရွိျခင္း ခ်မ္းသာျခင္းတရားတုိ႔မွကင္းျခင္း လုိ႔အဓိပၸါယ္ ရပါ တယ္။

မွန္ပါတယ္။ အပါယ္ေလးဘုံကုိေရာက္သြားျပီဆုိရင္ ကုသုိလ္တရားေတြက ုိျပဳလုပ္နုိင္စြမ္း မရွိသည့္ အတြက္ ေကာင္းေသာ ဘုံဌာနကုိ ျပန္ေရာက္ဖုိ႔ အင္မတန္မွခက္ခဲပါတယ္။အကုသုိလ္ကံ အဟုန္ေတြ ကုန္ဆုံးမွသာ ေကာင္းရာဘုံကုိေရာက္ေစတာပါ။

ငရဲဘုံဆုိရင္လည္းငရဲသူ၊ငရဲသားတုိ႔ရဲ့ဆင္းရဲဒုကၡအလြန္ၾကီးပါတယ္။သံရည္ပူမ်ားႏွင့္ေလာင္းခံရျခင္း ၊ေခြးနက္ၾကီးမ်ားရဲ့ကုိက္ခဲျခင္းကုိခံရျခင္း၊ဓါ၊လွံတုိ႔ျဖင့္ထုိးခံရျခင္းစသည္ျဖင့္ ဒုကၡမ်ားစြာ ျဖစ္ေနတဲ့ေနရာ၊ ခ်မ္းသာဆုိလုိ႔ ျမဴမွဳန္တစ္မွဳန္ မ်ွမရွိလုိ႔ႈရဲလုိ႔ေခၚတာပါ။ဒုကၡမ်ားစြာျဖစ္တည္ ခံစားေနရတဲ့ေနရာ၊ခ်မ္းသာကင္းတဲ့ေနရာကုိ ငရဲလုိ႔ေခၚပါတယ္။


အိပ္ျခင္း၊စားျခင္း၊ကာမဂုဏ္မွီဝဲျခင္းမွလြဲျပီး ကုသုိလ္ကံကုိမသိ၊ ကုသုိလ္ကံရဲ့ေကာင္းက်ဳိးခ်မ္းသာကုိ မသိ၊ အကုသုိလ္ကံကုိမသိ၊အကုသုိလ္ကံရဲ့ဆုိးက်ဳိးကုိမသိ၊ဘုရား၊တရားသံဃာ၊မိဘ၊ဆရာဆုိတာမသိ၊ႏွမသားခ်င္းမွန္းမသိပဲ မဂ္တရား ဖုိလ္တရား တုိ႔မွဖီလာကန္႔လန္႔သြားတတ္ျခင္း ကုိတိရိစာၦန္လုိ႔ေခၚတာပါ၊ တိရိစာၦန္ဘဝကုိ စဥ္းစားၾကည့္ပါ။မိဘ ႏွမသားခ်င္းကုိေတာင္ မိဘႏွမသားခ်င္းမွန္းမသိသည့္အတြက္ မွားယြင္း စြာေဖာက္ျပန္မွဳေတြ ရွိပါတယ္။ကုသုိလ္ကုိ ကုသုိလ္ပါ လုိ႔နားမလည္ပါဘူး။အကုသုိလ္ဆုိတာကုိလည္း အကုသုိလ္လု႔ိမသိရတဲ့ဘဝပါ။ဒါျဖင့္ ယခုေခတ္အေနထားနဲ႔ အကုသိုလ္အလုပ္ကုိ အကုသုိလ္ အလုပ္လုိ႔ မသိတဲ့ သူမ်ား အထူး သတိထားသင့္ပါတယ္။ သတၱဝါတစ္ေကာင္က ုိလည္ပင္းျဖတ္လုိ႔အကုသုိလ္မျဖစ္ဘူး ကုသုိလ္ျဖစ္တယ္။သတ္တဲ့သူမခံရဘူး၊ျဖတ္တဲ့ဓါးပဲခံရတယ္ဆုိရင္ အဲလုိပုဂၢဳိလ္ဟာ ဘယ္လုိ အေနထား ကုိေရာက္သြားျပီဆုိတာသိသာပါတယ္။ဒါကတိရိစာၦန္ပါ။

ျပိတၱာဆုိတာက ေပတဆုိတဲ့ပါဠိကေနဆင္းသက္လာတာပါ။ ခ်မ္းသာျခင္းတရားအေပါင္းတုိ႔မွ ေဝးကြာေသာ သတၱဝါ၊ လူ႔ခႏၶာကုိယ္ အတၱေဘာမွ ကင္းကြာသြားတဲ့အတြက္ေၾကာင့္ ေပတ(ျပိတၱာ)လုိ႔ေခၚကာ ဒီေပတအရ ၿပိတၱာဘုံကုိ ေရာက္သြားသူတုိ႔ကုိဆုိေၾကာင္း စာေပမ်ားက ဖြင့္ဆုိျပပါတယ္။

စာေပအဖြင့္ေတြအရ ၿပိတၱာဆုိတာ ေတာၿခဳံပိေပၸါင္း ေတာင္ေစာင္းဂူလႈိဏ္ စတဲ့အရပ္ေတြမွာ မွီခုိၿပီး ဆင္းရဲထူေျပာစြာ ခံစားေနရတဲ့ သတၱဝါတစ္မ်ိဳးကုိဆုိေၾကာင္း မွတ္သားႏုိင္ပါတယ္။ လူ႔ျပည္ေလာကမွာ လူျဖစ္စဥ္က ျငဴစူဝန္တုိျခင္း မ်ားျပားၿပီး ကုိယ္ကုိယ္တုိင္လည္း ေပးကမ္းလွဴဒါန္းျခင္းမရွိ၊ သူတပါး ေပးကမ္းလွဴဒါန္းတာကုိလည္း တာျမစ္ကာ ကုသုိလ္ မလုပ္ျဖစ္ေအာင္ အႏၲရာယ္ျပဳခဲ့ၾကတဲ့ သူေတြဟာ မ်ားေသာအားျဖင့္ ၿပိတၱာဘဝမွာ အျဖစ္မ်ားၾကတယ္လုိ႔ ဆုိပါတယ္။

 . ၿပိတၱာဘဝကုိ ေရာက္ရွိသြားၾကတ့ဲ သတၱဝါေတြဟာ မိမိတုိ႔လုပ္ခဲ့တဲ့ မေကာင္းမႈကံေၾကာင့္ အစာေရစာ ငတ္မြတ္ျခင္း ဒုကၡကုိ ခံစားကာ ႏွစ္ေပါင္းရာေထာင္း သိန္းသန္းမက ခံစားၾကရသလုိ ဘုရားတစ္ဆူနဲ႔ တစ္ဆူ ၾကားကာလအထိ မကၽြတ္ မလြတ္ႏုိင္ဘဲ ရွိေနတတ္ၾကတဲ့ ၿပိတၱာမ်ားလည္း အမ်ားအျပား ရွိေေၾကာင္းဆုိပါတယ္။ အဲဒီလုိ အခ်ိန္ကာလ ၾကာျမင့္စြာ အစာေရစာ မစားမေသာက္ရဘဲ ဆင္းရဲဒုကၡကုိ ခံစားၾကရေပမယ့္ အကုသုိလ္ကံ အရွိန္မကုန္ေသးတဲ့အတြက္ ကြယ္လြန္ေသဆုံး၊ ဘဝတုံးျခင္း မရွိေသးဘဲ အသားအေသြးမရွိ အေရအေၾကာ အ႐ုိးမွ်သာရွိကာ အလြန္ဆုိးဝါးတဲ့အဆင္းနဲ႔ ေၾကာက္ရြ႔ံ႕ထိတ္လန္႔ဖြယ္ရာ တည္ရွိေနရတယ္လုိ႔ ဆုိပါတယ္။

ၿပိတၱာတစ္ဦးရဲ႕ အဆင္းဆုိးဝါးပုံကုိ ေပတဝတၳဳမွာ ဖြင့္ျပထားတာကုိ ေတြ႕ရပါတယ္။ အဲဒီအဖြင့္အရ “ၿပိတၱာတစ္ဦးရဲ႕ ကုိယ္ပမာဏဟာ ထန္းပင္လုံးပမာဏရွိၿပီး ကုိယ္အေရဟာလည္း အလြန္ ၾကမ္းတမ္းေၾကာင္း ၊ ေဖာက္ျပန္တဲ့ဆံအေမြးရွိၿပီး ေၾကာက္မက္ဖြယ္အဆင္းရွိကာ အလြန္ေဖာက္ျပန္ ဆုိးဝါးလ်က္ စက္ဆုတ္ရြံရွာဖြယ္ အျမင္ရွိေၾကာင္း၊ ထုိၿပိတၱာသည္ ငါးဆယ့္ငါးႏွစ္လုံးလုံး ထမင္း တစ္လုံး ေရ တစ္ေပါက္ကုိမွ် မရရွိဘဲ ေျခာက္ကပ္ေသာ လည္ေခ်ာင္းႏႈတ္ခမ္းရွိလ်က္ ဆာေလာင္ မြတ္သိပ္ျခင္း ႏွိပ္စက္ ကာ ဟုိဟုိဒီဒီ ေျပးလႊားေနရတတ္ေၾကာင္း” စသျဖင့္ သိရပါတယ္။ ဒါက ဒီဝတၳဳမွာပါတဲ့ ၿပိတၱာအေၾကာင္း ဖြင့္ဆုိခ်က္ပဲ ျဖစ္ပါတယ္။ ၿပိတၱာအမ်ိဳးအစား မ်ားသေလာက္ ခံစားရပုံခ်င္းလည္း မတူညီလွပါဘူး။

သဂၤါယနာတင္ အ႒ကထာ ဋီကာက်မ္းအဖြင့္မ်ားအရ ေယဘုယ်အားျဖင့္ ၿပိတၱာအမ်ိဳးအစား ေလးမ်ိဳးရွိေၾကာင္းလည္း မွတ္သားရပါတယ္။ အဲဒီေလးမ်ိဳးက

၁။ သူတပါးတုိ႔ ေပးအပ္တဲ့ အစားအစာကုိ အမွီျပဳၿပီး အသက္ရွင္ရေသာ ပရဒတၱဴပဇီဝိကၿပိတၱာ
၂။ ထမင္းငတ္ျခင္း၊ ေရမြတ္သိပ္ျခင္းတုိ႔ မျပတ္ႏွိပ္စက္ခံေနရတဲ့ ခုပၸိပါသိကၿပိတၱာ
၃။ အၿမဲအၾကြင္းမဲ့ ေလာင္ကၽြမ္းခံေနရတဲ့အတြက္ ပူပန္ျခင္းရွိေနရေသာ နိဇၥ်ာမတဏွိကၿပိတၱာ
၄။ အသုရကာယ္လုိ႔ သီးသန္႔ေခၚဆုိအပ္တဲ့ အသုရာကာယေခၚ ကာလကဥၥိကၿပိတၱာ တုိ႔ပဲ ျဖစ္ပါတယ္။

ဒီၿပိတၱာေလးမ်ိဳးမွာ နံပါတ္တစ္အမ်ိဳးအစား ၿပိတၱာကေတာ့ လူ႔ဘဝက ေဆြမ်ိဳးဉာတကာ စသူေတြရဲ႕ ရည္စူးၿပီး လွဴဒါန္းေပးတဲ့ အလွဴကုိ ဝမ္းေျမာက္ဝမ္းသာ သာဓုေခၚဆုိႏုိင္ပါက စားဖြယ္ေသာက္ဖြယ္မ်ားကုိ ရရွိခံစားႏုိင္ေၾကာင္း ဆုိပါတယ္။ဒါကျပတၱာပါ။
အသုရကာယ္ဆုိတာကေတာ့ နတ္ေတြလုိ ရဲရင့္ျခင္း၊ေတာက္ပျခင္း၊ တင့္တယ္ျခင္း ကင္းေနတဲ့ သတၱဝါ၊ မွင္စာ နတ္ေသးနတ္ငယ္၊နတ္စုတ္၊နတ္ျပတ္ နတ္မႊားေလးေတြကုိေခၚတာပါ။(မရယ္လုိက္နဲ႔ေနာ္)။ ဒါကအပါယ္ေလးဘုံပါ။အဲဒီအပါယ္ေလးဘုံကုိေရာက္သြားမယ္ဆုိရင္အေတာ္ေၾကာက္စရာ ေကာင္းပါတယ္။ ကုသုိလ္ေကာင္းမွဳေတြျပဳလုပ္ခြင့္မရသလုိ ခ်မ္းသာျခင္းလည္းကင္းပါတယ္။

လူဘုံ လူေလာကမွာ ၾကုံဆုံေနရ တဲ့ ဒုကၡမ်ားပင္ အင္မတန္မွေၾကာက္စရာေကာင္းတယ္ဆုိရင္ အပါယ္ေလးဘုံသားမ်ား ၾကုံဆုံေနရတဲ့ ေဘးဒုကၡမ်ားဟာ လူ႔ေလာက…က ဒုကၡမ်ားထက္အဆေပါင္းေျမာက္မ်ားစြာ သာလြန္ေန ပါတယ္။ျပီးေတာ့ အပါယ္ေလးဘုံေရာက္သြားရင္လည္း ေကာင္းေသာ ဘုံဌာနသုိ႔ျပန္ေရာက္ ဖုိ႔သာမလြယ္ေသာေၾကာင့္ ထုိအပါယ္ေလးဘုံမွ အျပီးပုိင္ကင္းလြတ္ေအာင္ ဒါန သီလ အစထားျပီး ဝိပႆနာတရားမ်ားကုိၾကိဳးစားအားထုတ္သင့္တယ္ဆုိတာ ေျပာျပခ်င္တာပါ။ဝိပႆနာအားထုတ္လုိ႔
ေသာတာပန ္ပုဂၢဳိလ္အဆင့္ေရာက္သြားမယ္ဆုိရင္ အျပီးပုိင္ အပါယ္ေလးပါးက ကင္းလြတ္ပါတယ္။ဒီဘဝမွာ တပည့္ေတာ္တုိ႔ ဝိပႆနာေတာ့ၾကိဳးစား အားထုတ္ပါမယ္။

ဒါေပမယ့္ ေသာတာပန္တည္၊ မတည္ဆုိတာေတာ့အာမခံလုိ႔မရပါ။ေသာတာပန္ မတည္ရင္ေရာ အပါယ္ေလးပါးက မလြတ္ေတာ့ဘူးလား။ ဒီဘဝကေနျပီးေတာ့ အပါယ္ေလးပါး လြတ္ေျမာက္ခ်င္ရင ္ဘယ္လုိေကာင္းမွဳေတ ြျပဳလုပ္ရမလဲ။ ဘယ္လုိေကာင္းမွဳေတြ ျပဳလုပ္ရင္ အပါယ္ေလးပါး လြတ္ကင္းမလဲ။စသည္ျဖင့္ေပါ့ေလ ေမးဖြယ္ရာရွိပါတယ္။အဲဒီေတာ့ ေနာက္ဘဝ အပါယ္ေလးပါးက လြတ္ေျမာက္ခ်င္ရင္ အပါယ္ေလးပါးေရာက္ေၾကာင္း(တနည္း)အပါယ္ေလးပါးက လြတ္ေျမာက္ေစနုိင္တဲ့ကုသုိလ္ေတြရွိေနပါတယ္။အဲဒီကုသုိလ္ေတြက ခုနစ္မ်ဳိးရွိပါတယ္။ အဲဒါေတြကဘာေတြလဲလုိ႔ဆုိေတာ့

(၁)။ဘုရား၊တရား၊သံဃာေတာ္မ်ားရဲ့ ဂုဏ္မ်ားကုိ မိရုိးဖလာဗုဒၶဘာသာ လုိမကုိးကြယ္ မဆည္းကပ္ပဲ တကယ့္စစ္မွန္ေသာ ခုိင္ျမဲေသာ သဒၶါ၊ပညာဦးစီးတဲ့ စိတ္ထားနဲ႔ၾကည့္ညုိျခင္းလုိ႔ဆုိတဲ့ (သရဏဂုံကုသုိလ္)။အဲဒီကုသုိလ္မ်ဳိးရွိထားရင္ အပါယ္ ေလးပါးက လြတ္ေျမာက္ပါတယ္။ (ေသာတာပန္ပုဂၢဳိလ္ေတြ အပါယ္ေလးပါးကလြန္ေျမာက္သလုိ ဒီကုသုိလ္ေလး ရွိထားရင္ ေသာတာပန္ ပုဂၢဳိလ္နဲ႔အဆင့္ခ်င္းတူပါတယ္။)

(၂)။ငါးပါးသီလျမဲျခင္း(ပဥၥသီလကုသုိလ္)။ငါးပါးသီလျမဲတဲ့ပုဂၢဳိလ္ဟာလည္းအပါယ္ေလးပါးကလြတ္
ေျမာက္ ပါတယ္။(ေသာတာပန္ပုဂၢဳိလ္ေတြ အပါယ္ေလးပါးကလြန္ေျမာက္သလုိ ဒီကုသုိလ္ေလးရွိထားရင္ ေသာတာပန္ပုဂၢဳိလ္နဲ႔အဆင့္ခ်င္းတူပါတယ္။)

(၃)။စာေရးတံ မဲခ်ျခင္းကုသုိလ္၊ဆုိလုိတာက ဦးဇင္းတုိ႔ဗဳဒၶဘာသာမ်ား သီတင္းက်ြတ္ကာလမွာ ဆုိရင္ ေက်ာင္းတုိက္မ်ားမွ သံဃာမ်ားကုိ မဲခ်ျပီး က်တဲ့ သံဃာေတာ္ကုိ ဆြမ္းစတဲ့ လွဴဘြယ္ပစၥည္းမ်ား ကုိ ေပးလွဴတဲ့ ကုသုိလ္မ်ဳိးပါ။ ကထိန္ရာသီ မွာဆုိရင္ ပေဒသာပင္မ်ား လွဴဒါန္းတဲ့ကုသုိလ္ပါ။ မိမိလွဴလုိက္တဲ့ပစၥည္းဝတၳဳမ်ားကုိ မဲေပါက္တဲ့ ေက်ာင္းတုိက္က သံဃာေတာ္မ်ားကုိ ကပ္လွဴျခင္းျဖစ္ပါ တယ္။ မိမိလွဴလုိက္ျပီဆုိတည္းက ပုဂၢဳိလ္ကုိမငဲ့ကြက္ပဲ(ဆုိလုိတာက ငါနဲ႔သိတဲ့ ဦးဇင္းအတြက္ ငါတုိ႔ကုိးကြယ္ေန တဲ့ေက်ာင္းအတြက္)ဆုိျပီး ပုဂၢဳိလ္ကုိမငဲ့ပဲ က်ရာသံဃာေတာ္ေတြ ခ်မ္းခ်မ္း သာသာ သုံးေဆာင္မွီဝဲေစလို႔တဲ့အတြက္ သံဃာဂုဏ္ ကုိရည္မွန္းျပီး လွဴဒါန္းတဲ့ အလွဴမ်ဳိးကုိ ေခၚမယ္ ဆုိရင္ ေခၚလုိ႔ ရပါတယ္။ ဒါကုိစာေရးတံဆြမ္းဝတ္လုိ႔ေခၚတာပါ။

 အလြယ္မွတ္ခ်င္ရင္ စာေရးတံမဲခ်တဲ့ကုသုိလ္လုိ႔ မွတ္လုိက္ပါ။ အဲဒီကုသုိလ္ဟာ အင္မတန္မွ ျပဳရလြယ္ျပီး အကုန္က်နည္းေပမယ့္ ရလုိက္တဲ့ အက်ဳိးတရား ကေတာ့ အပါယ္ေလးပါးက ေတာင္ လြတ္ေျမာက္တယ္ဆုိေတာ့ အင္မတန္ကုိမွ အက်ဳိးေက်းဇူး မ်ားပါတယ္။ ဒီကုသုိလ္မ်ားဟာ တကယ္ဘုနး္ရွင္ ကံရွင္မ်ားျဖစ္တဲ့ ဗုဒၶဘာသာဝင္မ်ားသာ ျပဳလုပ္ခြင့္ရတဲ့ ဒါနမ်ဳိးပါ။ဗုဒၶဘာသာျဖစ္ရတာ အင္မတန္ေက်နပ္စရာေကာင္းပါတယ္။ (ေသာတာပန္ပုဂၢဳိလ္ေတြ အပါယ္ေလးပါးကလြန္ေျမာက္သလုိ ဒီကုသုိလ္ေလးရွိထားရင္ ေသာတာပန္ ပုဂၢဳိလ္နဲ႔ အဆင့္ခ်င္း တူပါတယ္။)

(၄)ပကၡိယဘတ္လုိ႔ေခၚတဲ့ ကုသုိလ္ပါ။ရွင္းေအာင္ေျပာမယ္ဆုိရင္မိမိတုိ႔ကုိးကြယ္ေနတဲ့ ေက်ာင္းတုိက္မ်ားကုိ တစ္လ ဆြမ္းတစ္ခ်ဳိင့္ေသာ္လည္း၊ တစ္လ ဆြမ္းႏွစ္ခ်ဳိင့္ေသာ္လည္းေကာင္း လွဴတဲ့အလွဴကုိေခၚတာပါ။ လဆန္းပကၡမွာလွဴရင္ လဆန္းပကၡဆြမ္းေပါ့၊လဆုတ္မွာလွဴရင္ လဆုတ္ပကၡဆြမး္လုိ႔ေခၚတာပါ။ အဲဒီလုိ တစ္လကုိႏွစ္ၾကိမ္ ေသာ္လည္းေကာင္း၊ တစ္ၾကိမ္ေသာ္လည္းေကာင္းလွဴတဲ့အလွဴဒါနမ်ဳိးကုိ (ပကၡိယဘတၱ) ကုသုိလ္လုိ႔ေခၚပါတယ္။ဒီကုသုိလ္ေလးက ေငြကုန္ ေက်းက်လည္း နည္းပါတယ္။ပင္ပန္းမွဳလည္းမၾကီးေလးပဲ ရလုိက္တဲ့ကုသုိလ္က အပါယ္ေလးပါးလြတ္ေျမာက္တဲ့အထ ိအက်ဳိးေက်းဇူးမ်ားပါတယ္။ဒီကုသုိလ္ကုိလည္း အသက္ထက္ဆုံးျပဳလုပ္ပါလုိ႔ တုိက္တြန္းလုိတာပါ။(ေသာတာပန္ပုဂၢဳိလ္ေတြ အပါယ္ေလးပါးက လြန္ေျမာက္သလုိ ဒီကုသုိလ္ေလးရွိထားရင္ ေသာတာပန္ပုဂၢဳိလ္နဲ႔အဆင့္ခ်င္းတူပါတယ္။)

(၅)။ေဝႆဝါသိက ကုသုိလ္ပါ။ဗမာလုိရွင္းရွင္းေျပာရင္ ဝါဆုိသကၤန္းကပ္လွဴတဲ့ကုသုိလ္ပါ။ႏွစ္စဥ္ႏွစ္တုိင္း ဝါဆုိ ဝါကပ ္ေတာ္မူၾကတဲ့ သံဃာေတာ္အရွင္ျမတ္မ်ားကုိ ႏွစ္စဥ္ႏွစ္တုိင္း ဝါဆုိသကၤန္း ကပ္လွဴမယ္ဆုိရင္ (မွတ္ခ်က္ မိမိတတ္နုိင္သေလာက္ေပါ့ေနာ္ တစ္စုံတတ္နုိင္ရင္တစ္စုံ။ႏွစ္စုံတတ္နိုင္ရင္ႏွစ္စုံေပါ့) အဲဒီကုသုိလ္ဟာလည္း ျပဳလုပ္လုိက္တဲ့ကုသုိလ္ေလးပါး ေသးေပမယ့္ရလုိက္တဲ့အက်ဳိးက အပါယ္ေလးပါး ကေတာင္ လြတ္ေျမာက္ခ်င္းဆုိတဲ့ အက်ဳိးမ်ဳိးကုိခံစားရတာပါ။ေသာတာပန္ပုဂၢဳိလ္နဲ႔ အလားသ႑န္တူ တယ္လုိ႔ ဆုိပါတယ္။ေသာတာပန္
ပုဂၢဳိလ္ကအပါယ္ေလးပါးကလြတ္ေျမာက္သလုိ ဒီကုသုိလ္ကုိႏွစ္စဥ္ႏွစ္တုိင္းလုပ္သြားမယ္ဆုိရင္ စိတ္သာခ်ပါ။ အပါယ္ေလးပါးကလြတ္ေျမာက္ပါတယ္။

(၆)။ဧေကာအာဝါေသာ ဆုိတဲ့ကုသုိလ္ပါ။ဆုိလုိတာက ေက်ာင္းတစ္ေဆာင္ေသာ္လည္းေကာင္း၊ ဇရပ္တစ္ေစာင္ ေသာ္ လည္းေကာင္း လွဴဒါန္းတဲ့အလွဴဒါနကုိဆုိလုိျခင္းျဖစ္ပါတယ္ ။ေက်ာင္းတစ္ေဆာင္ လုံးတပည့္ေတာ္တုိ႔မတတ္နုိင္ပါဘူးဘုရားဆုိရင္ေတာ့ တစ္ေဆာင္လုံးမတတ္နိဳင္ရင္ တတ္နိဳင္သေလာက္ လွဴပါလုိ႔ေျပာခ်င္ပါတယ္။အဓိက ေက်ာင္းေဆာက္တဲ့ကုသုိလ္ထဲမွာ မိမိရဲ့ဒါနပါဖုိ႔သာ အေရးၾကီးပါတယ္။ အဲဒီကုသုိလ္ဟာလည္းက်န္တဲ့ေကာင္းက်ဳိးခ်မ္းသာကုိမေျပာလုိေတာ့ပါဘူး အပါယ္ေလးပါးက လြတ္ေျမာက္ျခင္း ဆုိတဲ့ အဆင့္ျမင့္တဲ့ အက်ဳိးကုိပဲေျပာခ်င္ပါတယ္။အဲလုိ ေက်ာင္းတစ္ေဆာင္။ ဒါမွမဟုတ္ တတ္နုိင္သေလာက္လွဴဒါန္းလုိက္မယ္ဆုိရင္ အပါယ္ေလးပါးက လြတ္ေျမာက္ပါတယ္။ ေသာတာပန္ပုဂၢဳိလ္နဲ႔ အလားတူျဖစ္ပါတယ္။ဒီကုသုိလ္ကုိလည္း တတ္နုိင္သေလာက္လွဴဒါန္းပါလုိ႔ေျပာျပအသိေပးပါတယ္။

ေနာက္ဆုံး(၇)။က ဧကာေပါကၡရဏီတဲ့ ဆုိလုိတာက ေရတြင္းေရကန္မ်ားကုိတူးေဖာ္ျခင္း၊လွဴဒါန္းျခင္း၊ ေရတြင္းေရကန္ အေဟာင္းမ်ားကုိျပဳျပင္ လွဴဒါန္းျခင္းဆုိတဲ့ကုသုိလ္မ်ဳိးပါ။အဲေလာက္ထိမလုပ္နုိင္ေသးဘူးဘုရားဆုိရင္မိမိအိမ္ေရွ့မွာ ေသာ္လည္းေကာင္း လမ္းေထာင့္တစ္ေနရာရာမွာေသာ္လည္းေကာင္း ေရအုိးစင္ေလးေဆာက္ျပီး ေသာက္ေရအုိးေလး တည္ ထားမယ္ဆုိရင္လည္းရပါတယ္။အဲေလာက္ထိမလုပ္နုိင္ဘူးဆုိရင္ ေအာက္ထစ္ဆုံး ေရသန္႔ဗူးေလးကိုတည္ထားျပီး ခရီးသြား ရဟန္း၊ရွင္၊လူမ်ားေသာက္သုံးဖုိ႔တည္ထားမယ္ဆုိရင္လည္း အဲဒီဒါနဟာ ေငြေၾကးနဲ႔တုိင္းတာမယ္ဆုိရင္ ေသးေပမယ့္ ရလုိက္တဲ့ အက်ဳိးက အပါယ္ေလးပါး လြတ္ေျမာက္တဲ့အထိ တန္ဘုိးၾကီး။အက်ဳးိမ်ားပါတယ္။ ေသာတာပန္ပုဂၢဳိလ္မ်ားနဲ႔အလားတူျဖစ္တာပါ။

ဒါျဖင့္ရင္ အားလုံးေသာ ဒကာ ဒကာမမ်ား ဆုိခဲ့ ကုသုိလ္(၇)မ်ဳိးထဲက တစ္မ်ဳိးကုိေသာ္လည္းေကာင္း ၊ ႏွစ္မ်ဳိးကုိေသာ္ လည္းေကာင္း၊ (၇)မ်ဳိးလုံးကုိေသာ္လည္း အျမဲတန္းဝတ္ထားျပီးျပဳလုပ္မယ္ ဆုိရင္ ျမတ္စြာ ဘုရား က ေသာတာပန္ပုဂၢဳိလ္ႏွင့္ အလားတူပါတယ္၊ေသာတာပန္ပုဂၢဳိလ္မ်ား အပါယ္ေလးပါးက လြတ္ေျမာက္ သလုိ အဲဒီကုသုိလ္မ်ားကုိ အျမဲတန္းျပဳလုပ္တဲ့ ပုဂၢဳိလ္မ်ားလည္းအပါယ္ေလးပါးက လြတ္ေျမာက္ပါတယ္လုိ႔ ေသေသခ်ာခ်ာေဟာထားခဲ့တာပါ။တစ္ၾကိမ္ေလာက္လုပ္ျပီး အပါယ္ေလးပါးက လြတ္ေျမာက္ခ်င္လုိ႔ေတာ့မရဘူးေနာ္၊(နိဗဒၶ)ဆုိတဲ့ပါဠိက ပါေနေတာ့ အျမဲတန္း ဝတ္ထားျပီး ျပဳလုပ္ရမယ္ လုိ႔ေျပာတာပါ။ ဝါဆုိသကၤန္းဆုိလည္းႏွစ္စဥ္၊စာေရးတံမဲဆုိရင္လည္း ႏွစ္စဥ္၊ဆြမ္းခ်ဳိင့္ဆုိရင္လည္း လစဥ္၊ေရအုိးစင္ဆုိရင္လည္းေန႔စဥ္ေန႔တုိင္းေပါ့။ရတနာသုံးပါးကုိလည္း အသက္ထက္ဆုံး ကုိးကြယ္ ဆည္းကပ္ရမယ္။

ငါးပါးသီလကုိလည္းအတတ္နိဳင္ဆုံးေစာင့္ထိန္းမယ္ဆုိရင္အပါယ္ေလးပါးကလြတ္ေျမာက္ပါတယ္လုိ႔တုိက္တြန္း အသိေပးခ်င္တာပါ။ အားလုံးေသာ ဒကာ။ဒကာမ မ်ား မိမိႏွင့္ပတ္သတ္တဲ့ေဆြမ်ဳိး မိတ္ေဆြ အေပါင္းသင္း မ်ားကုိလည္း ဒီကုသိုလ္(၇)ခ်က္ကုိတစ္ဆင့္ေျပာျပေပးပါလုိ႔တုိက္တြန္းခ်င္ပါတယ္။ျပီးေတာ့ မိမိကုိယ္တုိင္ လည္း တတ္နုိင္သေလာက္ တစ္မ်ဳိးကုိျဖစ္ေစ၊ႏွစ္မ်ဳိးကုိျဖစ္ေစ၊ (၇)မ်ဳိးလုံးကုိျဖစ္ေစဝတ္ထားျပီး အားထုတ္ပါ လုိ႔တုိက္တြန္းလုိက္ရပါတယ္။

အားလုံးကုိယ္စိတ္ႏွစ္ပါးက်န္းမာခ်မ္းသာၾကပါေစ၊သာသနာေတာ္အက်ဳိးကုိလည္း ေဆာင္ရြတ္နဳိင္တဲ့သာသနာျပဳ အမ်ဳိးေကာင္းသား၊အမ်ဳိးေကာင္းသမီးမ်ားျဖစ္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:အရွင္ဝိမလဝံသ(နာလႏၵာတကၠသုိလ္၊အိႏၵိယနုိင္ငံ)

#Unicode Version#

အပါယ်လေးပါးမှလွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုးအပါယ်လေးပါးဆိုတာ ငရဲ၊တိရိစ္ဆာန်၊ပြိတ္တာ၊ အသုရကာယ်တို့ဖြစ်ပါတယ်။အပါယ်ဆိုတာက(အပါယ)ဆိုတဲ့ပါဠိပုဒ်ကနေဆင်း သက်လာတာပါ။ (အပါယ)မှာ(အပ+အယ)ဆိုပြီးနှစ်ပုဒ်ရှိပါတယ်။အပ=ကင်းခြင်း၊အယ=ကုသိုလ်တရား နှစ်ပုဒ် ပေါင်းလိုက ်တော့ ကုသိုလ်တို့မှကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။ဆိုလိုတာက အပါယ်လေးဘုံးသားတို့မှာ ကုသိုလ်တွေမှ ကင်းခြင်း ၊ ကုသိုလ်တရားတို့ကိုပြုလုပ်နိုင်စွမ်းမရှိခြင်း ချမ်းသာခြင်းတရားတို့မှကင်းခြင်း လို့အဓိပ္ပါယ် ရပါ တယ်။

မှန်ပါတယ်။ အပါယ်လေးဘုံကိုရောက်သွားပြီဆိုရင် ကုသိုလ်တရားတွေက ိုပြုလုပ်နိုင်စွမ်း မရှိသည့် အတွက် ကောင်းသော ဘုံဌာနကို ပြန်ရောက်ဖို့ အင်မတန်မှခက်ခဲပါတယ်။အကုသိုလ်ကံ အဟုန်တွေ ကုန်ဆုံးမှသာ ကောင်းရာဘုံကိုရောက်စေတာပါ။

ငရဲဘုံဆိုရင်လည်းငရဲသူ၊ငရဲသားတို့ရဲ့ဆင်းရဲဒုက္ခအလွန်ကြီးပါတယ်။သံရည်ပူများနှင့်လောင်းခံရခြင်း ၊ခွေးနက်ကြီးများရဲ့ကိုက်ခဲခြင်းကိုခံရခြင်း၊ဓါ၊လှံတို့ဖြင့်ထိုးခံရခြင်းစသည်ဖြင့် ဒုက္ခများစွာ ဖြစ်နေတဲ့နေရာ၊ ချမ်းသာဆိုလို့ မြူမှုန်တစ်မှုန် မျှမရှိလို့ှုရဲလို့ခေါ်တာပါ။ဒုက္ခများစွာဖြစ်တည် ခံစားနေရတဲ့နေရာ၊ချမ်းသာကင်းတဲ့နေရာကို ငရဲလို့ခေါ်ပါတယ်။


အိပ်ခြင်း၊စားခြင်း၊ကာမဂုဏ်မှီဝဲခြင်းမှလွဲပြီး ကုသိုလ်ကံကိုမသိ၊ ကုသိုလ်ကံရဲ့ကောင်းကျိုးချမ်းသာကို မသိ၊ အကုသိုလ်ကံကိုမသိ၊အကုသိုလ်ကံရဲ့ဆိုးကျိုးကိုမသိ၊ဘုရား၊တရားသံဃာ၊မိဘ၊ဆရာဆိုတာမသိ၊နှမသားချင်းမှန်းမသိပဲ မဂ်တရား ဖိုလ်တရား တို့မှဖီလာကန့်လန့်သွားတတ်ခြင်း ကိုတိရိစ္ဆာန်လို့ခေါ်တာပါ၊ တိရိစ္ဆာန်ဘဝကို စဉ်းစားကြည့်ပါ။မိဘ နှမသားချင်းကိုတောင် မိဘနှမသားချင်းမှန်းမသိသည့်အတွက် မှားယွင်း စွာဖောက်ပြန်မှုတွေ ရှိပါတယ်။ကုသိုလ်ကို ကုသိုလ်ပါ လို့နားမလည်ပါဘူး။အကုသိုလ်ဆိုတာကိုလည်း အကုသိုလ်လု့ိမသိရတဲ့ဘဝပါ။ဒါဖြင့် ယခုခေတ်အနေထားနဲ့ အကုသိုလ်အလုပ်ကို အကုသိုလ် အလုပ်လို့ မသိတဲ့ သူများ အထူး သတိထားသင့်ပါတယ်။ သတ္တဝါတစ်ကောင်က ိုလည်ပင်းဖြတ်လို့အကုသိုလ်မဖြစ်ဘူး ကုသိုလ်ဖြစ်တယ်။သတ်တဲ့သူမခံရဘူး၊ဖြတ်တဲ့ဓါးပဲခံရတယ်ဆိုရင် အဲလိုပုဂ္ဂိုလ်ဟာ ဘယ်လို အနေထား ကိုရောက်သွားပြီဆိုတာသိသာပါတယ်။ဒါကတိရိစ္ဆာန်ပါ။

ပြိတ္တာဆိုတာက ပေတဆိုတဲ့ပါဠိကနေဆင်းသက်လာတာပါ။ ချမ်းသာခြင်းတရားအပေါင်းတို့မှ ဝေးကွာသော သတ္တဝါ၊ လူ့ခန္ဓာကိုယ် အတ္တဘောမှ ကင်းကွာသွားတဲ့အတွက်ကြောင့် ပေတ(ပြိတ္တာ)လို့ခေါ်ကာ ဒီပေတအရ ပြိတ္တာဘုံကို ရောက်သွားသူတို့ကိုဆိုကြောင်း စာပေများက ဖွင့်ဆိုပြပါတယ်။

စာပေအဖွင့်တွေအရ ပြိတ္တာဆိုတာ တောခြုံပိပ္ပေါင်း တောင်စောင်းဂူလှိုဏ် စတဲ့အရပ်တွေမှာ မှီခိုပြီး ဆင်းရဲထူပြောစွာ ခံစားနေရတဲ့ သတ္တဝါတစ်မျိုးကိုဆိုကြောင်း မှတ်သားနိုင်ပါတယ်။ လူ့ပြည်လောကမှာ လူဖြစ်စဉ်က ငြူစူဝန်တိုခြင်း များပြားပြီး ကိုယ်ကိုယ်တိုင်လည်း ပေးကမ်းလှူဒါန်းခြင်းမရှိ၊ သူတပါး ပေးကမ်းလှူဒါန်းတာကိုလည်း တာမြစ်ကာ ကုသိုလ် မလုပ်ဖြစ်အောင် အန္တရာယ်ပြုခဲ့ကြတဲ့ သူတွေဟာ များသောအားဖြင့် ပြိတ္တာဘဝမှာ အဖြစ်များကြတယ်လို့ ဆိုပါတယ်။

 . ပြိတ္တာဘဝကို ရောက်ရှိသွားကြတဲ့ သတ္တဝါတွေဟာ မိမိတို့လုပ်ခဲ့တဲ့ မကောင်းမှုကံကြောင့် အစာရေစာ ငတ်မွတ်ခြင်း ဒုက္ခကို ခံစားကာ နှစ်ပေါင်းရာထောင်း သိန်းသန်းမက ခံစားကြရသလို ဘုရားတစ်ဆူနဲ့ တစ်ဆူ ကြားကာလအထိ မကျွတ် မလွတ်နိုင်ဘဲ ရှိနေတတ်ကြတဲ့ ပြိတ္တာများလည်း အများအပြား ရှိေကြောင်းဆိုပါတယ်။ အဲဒီလို အချိန်ကာလ ကြာမြင့်စွာ အစာရေစာ မစားမသောက်ရဘဲ ဆင်းရဲဒုက္ခကို ခံစားကြရပေမယ့် အကုသိုလ်ကံ အရှိန်မကုန်သေးတဲ့အတွက် ကွယ်လွန်သေဆုံး၊ ဘဝတုံးခြင်း မရှိသေးဘဲ အသားအသွေးမရှိ အရေအကြော အရိုးမျှသာရှိကာ အလွန်ဆိုးဝါးတဲ့အဆင်းနဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေရတယ်လို့ ဆိုပါတယ်။

ပြိတ္တာတစ်ဦးရဲ့ အဆင်းဆိုးဝါးပုံကို ပေတဝတ္ထုမှာ ဖွင့်ပြထားတာကို တွေ့ရပါတယ်။ အဲဒီအဖွင့်အရ “ပြိတ္တာတစ်ဦးရဲ့ ကိုယ်ပမာဏဟာ ထန်းပင်လုံးပမာဏရှိပြီး ကိုယ်အရေဟာလည်း အလွန် ကြမ်းတမ်းကြောင်း ၊ ဖောက်ပြန်တဲ့ဆံအမွေးရှိပြီး ကြောက်မက်ဖွယ်အဆင်းရှိကာ အလွန်ဖောက်ပြန် ဆိုးဝါးလျက် စက်ဆုတ်ရွံရှာဖွယ် အမြင်ရှိကြောင်း၊ ထိုပြိတ္တာသည် ငါးဆယ့်ငါးနှစ်လုံးလုံး ထမင်း တစ်လုံး ရေ တစ်ပေါက်ကိုမျှ မရရှိဘဲ ခြောက်ကပ်သော လည်ချောင်းနှုတ်ခမ်းရှိလျက် ဆာလောင် မွတ်သိပ်ခြင်း နှိပ်စက် ကာ ဟိုဟိုဒီဒီ ပြေးလွှားနေရတတ်ကြောင်း” စသဖြင့် သိရပါတယ်။ ဒါက ဒီဝတ္ထုမှာပါတဲ့ ပြိတ္တာအကြောင်း ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ ပြိတ္တာအမျိုးအစား များသလောက် ခံစားရပုံချင်းလည်း မတူညီလှပါဘူး။

သင်္ဂါယနာတင် အဋ္ဌကထာ ဋီကာကျမ်းအဖွင့်များအရ ယေဘုယျအားဖြင့် ပြိတ္တာအမျိုးအစား လေးမျိုးရှိကြောင်းလည်း မှတ်သားရပါတယ်။ အဲဒီလေးမျိုးက

၁။ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ
၂။ ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းတို့ မပြတ်နှိပ်စက်ခံနေရတဲ့ ခုပ္ပိပါသိကပြိတ္တာ
၃။ အမြဲအကြွင်းမဲ့ လောင်ကျွမ်းခံနေရတဲ့အတွက် ပူပန်ခြင်းရှိနေရသော နိဇ္ဈာမတဏှိကပြိတ္တာ
၄။ အသုရကာယ်လို့ သီးသန့်ခေါ်ဆိုအပ်တဲ့ အသုရာကာယခေါ် ကာလကဉ္စိကပြိတ္တာ တို့ပဲ ဖြစ်ပါတယ်။

ဒီပြိတ္တာလေးမျိုးမှာ နံပါတ်တစ်အမျိုးအစား ပြိတ္တာကတော့ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့ ရည်စူးပြီး လှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါက စားဖွယ်သောက်ဖွယ်များကို ရရှိခံစားနိုင်ကြောင်း ဆိုပါတယ်။ဒါကပြတ္တာပါ။
အသုရကာယ်ဆိုတာကတော့ နတ်တွေလို ရဲရင့်ခြင်း၊တောက်ပခြင်း၊ တင့်တယ်ခြင်း ကင်းနေတဲ့ သတ္တဝါ၊ မှင်စာ နတ်သေးနတ်ငယ်၊နတ်စုတ်၊နတ်ပြတ် နတ်မွှားလေးတွေကိုခေါ်တာပါ။(မရယ်လိုက်နဲ့နော်)။ ဒါကအပါယ်လေးဘုံပါ။အဲဒီအပါယ်လေးဘုံကိုရောက်သွားမယ်ဆိုရင်အတော်ကြောက်စရာ ကောင်းပါတယ်။ ကုသိုလ်ကောင်းမှုတွေပြုလုပ်ခွင့်မရသလို ချမ်းသာခြင်းလည်းကင်းပါတယ်။

လူဘုံ လူလောကမှာ ကြုံဆုံနေရ တဲ့ ဒုက္ခများပင် အင်မတန်မှကြောက်စရာကောင်းတယ်ဆိုရင် အပါယ်လေးဘုံသားများ ကြုံဆုံနေရတဲ့ ဘေးဒုက္ခများဟာ လူ့လောက…က ဒုက္ခများထက်အဆပေါင်းမြောက်များစွာ သာလွန်နေ ပါတယ်။ပြီးတော့ အပါယ်လေးဘုံရောက်သွားရင်လည်း ကောင်းသော ဘုံဌာနသို့ပြန်ရောက် ဖို့သာမလွယ်သောကြောင့် ထိုအပါယ်လေးဘုံမှ အပြီးပိုင်ကင်းလွတ်အောင် ဒါန သီလ အစထားပြီး ဝိပဿနာတရားများကိုကြိုးစားအားထုတ်သင့်တယ်ဆိုတာ ပြောပြချင်တာပါ။ဝိပဿနာအားထုတ်လို့
သောတာပန ်ပုဂ္ဂိုလ်အဆင့်ရောက်သွားမယ်ဆိုရင် အပြီးပိုင် အပါယ်လေးပါးက ကင်းလွတ်ပါတယ်။ဒီဘဝမှာ တပည့်တော်တို့ ဝိပဿနာတော့ကြိုးစား အားထုတ်ပါမယ်။

ဒါပေမယ့် သောတာပန်တည်၊ မတည်ဆိုတာတော့အာမခံလို့မရပါ။သောတာပန် မတည်ရင်ရော အပါယ်လေးပါးက မလွတ်တော့ဘူးလား။ ဒီဘဝကနေပြီးတော့ အပါယ်လေးပါး လွတ်မြောက်ချင်ရင ်ဘယ်လိုကောင်းမှုတေ ွပြုလုပ်ရမလဲ။ ဘယ်လိုကောင်းမှုတွေ ပြုလုပ်ရင် အပါယ်လေးပါး လွတ်ကင်းမလဲ။စသည်ဖြင့်ပေါ့လေ မေးဖွယ်ရာရှိပါတယ်။အဲဒီတော့ နောက်ဘဝ အပါယ်လေးပါးက လွတ်မြောက်ချင်ရင် အပါယ်လေးပါးရောက်ကြောင်း(တနည်း)အပါယ်လေးပါးက လွတ်မြောက်စေနိုင်တဲ့ကုသိုလ်တွေရှိနေပါတယ်။အဲဒီကုသိုလ်တွေက ခုနစ်မျိုးရှိပါတယ်။ အဲဒါတွေကဘာတွေလဲလို့ဆိုတော့

(၁)။ဘုရား၊တရား၊သံဃာတော်များရဲ့ ဂုဏ်များကို မိရိုးဖလာဗုဒ္ဓဘာသာ လိုမကိုးကွယ် မဆည်းကပ်ပဲ တကယ့်စစ်မှန်သော ခိုင်မြဲသော သဒ္ဓါ၊ပညာဦးစီးတဲ့ စိတ်ထားနဲ့ကြည့်ညိုခြင်းလို့ဆိုတဲ့ (သရဏဂုံကုသိုလ်)။အဲဒီကုသိုလ်မျိုးရှိထားရင် အပါယ် လေးပါးက လွတ်မြောက်ပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေး ရှိထားရင် သောတာပန် ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၂)။ငါးပါးသီလမြဲခြင်း(ပဉ္စသီလကုသိုလ်)။ငါးပါးသီလမြဲတဲ့ပုဂ္ဂိုလ်ဟာလည်းအပါယ်လေးပါးကလွတ်
မြောက် ပါတယ်။(သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၃)။စာရေးတံ မဲချခြင်းကုသိုလ်၊ဆိုလိုတာက ဦးဇင်းတို့ဗုဒ္ဓဘာသာများ သီတင်းကျွတ်ကာလမှာ ဆိုရင် ကျောင်းတိုက်များမှ သံဃာများကို မဲချပြီး ကျတဲ့ သံဃာတော်ကို ဆွမ်းစတဲ့ လှူဘွယ်ပစ္စည်းများ ကို ပေးလှူတဲ့ ကုသိုလ်မျိုးပါ။ ကထိန်ရာသီ မှာဆိုရင် ပဒေသာပင်များ လှူဒါန်းတဲ့ကုသိုလ်ပါ။ မိမိလှူလိုက်တဲ့ပစ္စည်းဝတ္ထုများကို မဲပေါက်တဲ့ ကျောင်းတိုက်က သံဃာတော်များကို ကပ်လှူခြင်းဖြစ်ပါ တယ်။ မိမိလှူလိုက်ပြီဆိုတည်းက ပုဂ္ဂိုလ်ကိုမငဲ့ကွက်ပဲ(ဆိုလိုတာက ငါနဲ့သိတဲ့ ဦးဇင်းအတွက် ငါတို့ကိုးကွယ်နေ တဲ့ကျောင်းအတွက်)ဆိုပြီး ပုဂ္ဂိုလ်ကိုမငဲ့ပဲ ကျရာသံဃာတော်တွေ ချမ်းချမ်း သာသာ သုံးဆောင်မှီဝဲစေလို့တဲ့အတွက် သံဃာဂုဏ် ကိုရည်မှန်းပြီး လှူဒါန်းတဲ့ အလှူမျိုးကို ခေါ်မယ် ဆိုရင် ခေါ်လို့ ရပါတယ်။ ဒါကိုစာရေးတံဆွမ်းဝတ်လို့ခေါ်တာပါ။

 အလွယ်မှတ်ချင်ရင် စာရေးတံမဲချတဲ့ကုသိုလ်လို့ မှတ်လိုက်ပါ။ အဲဒီကုသိုလ်ဟာ အင်မတန်မှ ပြုရလွယ်ပြီး အကုန်ကျနည်းပေမယ့် ရလိုက်တဲ့ အကျိုးတရား ကတော့ အပါယ်လေးပါးက တောင် လွတ်မြောက်တယ်ဆိုတော့ အင်မတန်ကိုမှ အကျိုးကျေးဇူး များပါတယ်။ ဒီကုသိုလ်များဟာ တကယ်ဘုန်းရှင် ကံရှင်များဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်များသာ ပြုလုပ်ခွင့်ရတဲ့ ဒါနမျိုးပါ။ဗုဒ္ဓဘာသာဖြစ်ရတာ အင်မတန်ကျေနပ်စရာကောင်းပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန် ပုဂ္ဂိုလ်နဲ့ အဆင့်ချင်း တူပါတယ်။)

(၄)ပက္ခိယဘတ်လို့ခေါ်တဲ့ ကုသိုလ်ပါ။ရှင်းအောင်ပြောမယ်ဆိုရင်မိမိတို့ကိုးကွယ်နေတဲ့ ကျောင်းတိုက်များကို တစ်လ ဆွမ်းတစ်ချိုင့်သော်လည်း၊ တစ်လ ဆွမ်းနှစ်ချိုင့်သော်လည်းကောင်း လှူတဲ့အလှူကိုခေါ်တာပါ။ လဆန်းပက္ခမှာလှူရင် လဆန်းပက္ခဆွမ်းပေါ့၊လဆုတ်မှာလှူရင် လဆုတ်ပက္ခဆွမ်းလို့ခေါ်တာပါ။ အဲဒီလို တစ်လကိုနှစ်ကြိမ် သော်လည်းကောင်း၊ တစ်ကြိမ်သော်လည်းကောင်းလှူတဲ့အလှူဒါနမျိုးကို (ပက္ခိယဘတ္တ) ကုသိုလ်လို့ခေါ်ပါတယ်။ဒီကုသိုလ်လေးက ငွေကုန် ကျေးကျလည်း နည်းပါတယ်။ပင်ပန်းမှုလည်းမကြီးလေးပဲ ရလိုက်တဲ့ကုသိုလ်က အပါယ်လေးပါးလွတ်မြောက်တဲ့အထ ိအကျိုးကျေးဇူးများပါတယ်။ဒီကုသိုလ်ကိုလည်း အသက်ထက်ဆုံးပြုလုပ်ပါလို့ တိုက်တွန်းလိုတာပါ။(သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးက လွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၅)။ဝေဿဝါသိက ကုသိုလ်ပါ။ဗမာလိုရှင်းရှင်းပြောရင် ဝါဆိုသင်္ကန်းကပ်လှူတဲ့ကုသိုလ်ပါ။နှစ်စဉ်နှစ်တိုင်း ဝါဆို ဝါကပ ်တော်မူကြတဲ့ သံဃာတော်အရှင်မြတ်များကို နှစ်စဉ်နှစ်တိုင်း ဝါဆိုသင်္ကန်း ကပ်လှူမယ်ဆိုရင် (မှတ်ချက် မိမိတတ်နိုင်သလောက်ပေါ့နော် တစ်စုံတတ်နိုင်ရင်တစ်စုံ။နှစ်စုံတတ်နိုင်ရင်နှစ်စုံပေါ့) အဲဒီကုသိုလ်ဟာလည်း ပြုလုပ်လိုက်တဲ့ကုသိုလ်လေးပါး သေးပေမယ့်ရလိုက်တဲ့အကျိုးက အပါယ်လေးပါး ကတောင် လွတ်မြောက်ချင်းဆိုတဲ့ အကျိုးမျိုးကိုခံစားရတာပါ။သောတာပန်ပုဂ္ဂိုလ်နဲ့ အလားသဏ္ဍန်တူ တယ်လို့ ဆိုပါတယ်။သောတာပန်
ပုဂ္ဂိုလ်ကအပါယ်လေးပါးကလွတ်မြောက်သလို ဒီကုသိုလ်ကိုနှစ်စဉ်နှစ်တိုင်းလုပ်သွားမယ်ဆိုရင် စိတ်သာချပါ။ အပါယ်လေးပါးကလွတ်မြောက်ပါတယ်။

(၆)။ဧကောအာဝါသော ဆိုတဲ့ကုသိုလ်ပါ။ဆိုလိုတာက ကျောင်းတစ်ဆောင်သော်လည်းကောင်း၊ ဇရပ်တစ်စောင် သော် လည်းကောင်း လှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ် ။ကျောင်းတစ်ဆောင် လုံးတပည့်တော်တို့မတတ်နိုင်ပါဘူးဘုရားဆိုရင်တော့ တစ်ဆောင်လုံးမတတ်နိုင်ရင် တတ်နိုင်သလောက် လှူပါလို့ပြောချင်ပါတယ်။အဓိက ကျောင်းဆောက်တဲ့ကုသိုလ်ထဲမှာ မိမိရဲ့ဒါနပါဖို့သာ အရေးကြီးပါတယ်။ အဲဒီကုသိုလ်ဟာလည်းကျန်တဲ့ကောင်းကျိုးချမ်းသာကိုမပြောလိုတော့ပါဘူး အပါယ်လေးပါးက လွတ်မြောက်ခြင်း ဆိုတဲ့ အဆင့်မြင့်တဲ့ အကျိုးကိုပဲပြောချင်ပါတယ်။အဲလို ကျောင်းတစ်ဆောင်။ ဒါမှမဟုတ် တတ်နိုင်သလောက်လှူဒါန်းလိုက်မယ်ဆိုရင် အပါယ်လေးပါးက လွတ်မြောက်ပါတယ်။ သောတာပန်ပုဂ္ဂိုလ်နဲ့ အလားတူဖြစ်ပါတယ်။ဒီကုသိုလ်ကိုလည်း တတ်နိုင်သလောက်လှူဒါန်းပါလို့ပြောပြအသိပေးပါတယ်။

နောက်ဆုံး(၇)။က ဧကာပေါက္ခရဏီတဲ့ ဆိုလိုတာက ရေတွင်းရေကန်များကိုတူးဖော်ခြင်း၊လှူဒါန်းခြင်း၊ ရေတွင်းရေကန် အဟောင်းများကိုပြုပြင် လှူဒါန်းခြင်းဆိုတဲ့ကုသိုလ်မျိုးပါ။အဲလောက်ထိမလုပ်နိုင်သေးဘူးဘုရားဆိုရင်မိမိအိမ်ရှေ့မှာ သော်လည်းကောင်း လမ်းထောင့်တစ်နေရာရာမှာသော်လည်းကောင်း ရေအိုးစင်လေးဆောက်ပြီး သောက်ရေအိုးလေး တည် ထားမယ်ဆိုရင်လည်းရပါတယ်။အဲလောက်ထိမလုပ်နိုင်ဘူးဆိုရင် အောက်ထစ်ဆုံး ရေသန့်ဗူးလေးကိုတည်ထားပြီး ခရီးသွား ရဟန်း၊ရှင်၊လူများသောက်သုံးဖို့တည်ထားမယ်ဆိုရင်လည်း အဲဒီဒါနဟာ ငွေကြေးနဲ့တိုင်းတာမယ်ဆိုရင် သေးပေမယ့် ရလိုက်တဲ့ အကျိုးက အပါယ်လေးပါး လွတ်မြောက်တဲ့အထိ တန်ဘိုးကြီး။အကျုးိများပါတယ်။ သောတာပန်ပုဂ္ဂိုလ်များနဲ့အလားတူဖြစ်တာပါ။

ဒါဖြင့်ရင် အားလုံးသော ဒကာ ဒကာမများ ဆိုခဲ့ ကုသိုလ်(၇)မျိုးထဲက တစ်မျိုးကိုသော်လည်းကောင်း ၊ နှစ်မျိုးကိုသော် လည်းကောင်း၊ (၇)မျိုးလုံးကိုသော်လည်း အမြဲတန်းဝတ်ထားပြီးပြုလုပ်မယ် ဆိုရင် မြတ်စွာ ဘုရား က သောတာပန်ပုဂ္ဂိုလ်နှင့် အလားတူပါတယ်၊သောတာပန်ပုဂ္ဂိုလ်များ အပါယ်လေးပါးက လွတ်မြောက် သလို အဲဒီကုသိုလ်များကို အမြဲတန်းပြုလုပ်တဲ့ ပုဂ္ဂိုလ်များလည်းအပါယ်လေးပါးက လွတ်မြောက်ပါတယ်လို့ သေသေချာချာဟောထားခဲ့တာပါ။တစ်ကြိမ်လောက်လုပ်ပြီး အပါယ်လေးပါးက လွတ်မြောက်ချင်လို့တော့မရဘူးနော်၊(နိဗဒ္ဓ)ဆိုတဲ့ပါဠိက ပါနေတော့ အမြဲတန်း ဝတ်ထားပြီး ပြုလုပ်ရမယ် လို့ပြောတာပါ။ ဝါဆိုသင်္ကန်းဆိုလည်းနှစ်စဉ်၊စာရေးတံမဲဆိုရင်လည်း နှစ်စဉ်၊ဆွမ်းချိုင့်ဆိုရင်လည်း လစဉ်၊ရေအိုးစင်ဆိုရင်လည်းနေ့စဉ်နေ့တိုင်းပေါ့။ရတနာသုံးပါးကိုလည်း အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်ရမယ်။

ငါးပါးသီလကိုလည်းအတတ်နိုင်ဆုံးစောင့်ထိန်းမယ်ဆိုရင်အပါယ်လေးပါးကလွတ်မြောက်ပါတယ်လို့တိုက်တွန်း အသိပေးချင်တာပါ။ အားလုံးသော ဒကာ။ဒကာမ များ မိမိနှင့်ပတ်သတ်တဲ့ဆွေမျိုး မိတ်ဆွေ အပေါင်းသင်း များကိုလည်း ဒီကုသိုလ်(၇)ချက်ကိုတစ်ဆင့်ပြောပြပေးပါလို့တိုက်တွန်းချင်ပါတယ်။ပြီးတော့ မိမိကိုယ်တိုင် လည်း တတ်နိုင်သလောက် တစ်မျိုးကိုဖြစ်စေ၊နှစ်မျိုးကိုဖြစ်စေ၊ (၇)မျိုးလုံးကိုဖြစ်စေဝတ်ထားပြီး အားထုတ်ပါ လို့တိုက်တွန်းလိုက်ရပါတယ်။

အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ၊သာသနာတော်အကျိုးကိုလည်း ဆောင်ရွတ်နိုင်တဲ့သာသနာပြု အမျိုးကောင်းသား၊အမျိုးကောင်းသမီးများဖြစ်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top