လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×





Credit: popolay

#Unicode Version#
မင်္ဂလာဆောင်ပွဲကျင်းပ ပြီးကာစ အသစ်စက်စက် ဇနီးမောင်နှံ နှစ်ဦး ဟိုတယ်ခန်းမဆောင်အတွင်း ထိုင်နေစဉ် သတို့သမီးက သူမရဲ့ ဝတ်စုံအောက်မှ ပစ္စတိုသေနတ်ကို ထုတ်ကာ သတို့သားရဲ့ ဦးခေါင်းကို တေ့ပစ်ခဲ့မှုတစ်ခု အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်တွင် ဖြစ်ပွားခဲ့ပါတယ်။

မျက်မြင်သက်သေများ၏ ထွက်ဆိုချက်အရ သတို့သမီးဖြစ်သူ အသက် ၂၅ နှစ်အရွယ် Kate Prichard နှင့် သူမ၏ မင်္ဂလာဆောင်ပြီးစ ခင်ပွန်းနှင့် သူတို့မင်္ဂလာပွဲကျင်းပခဲ့ရာ Clarion Inn ဧည့်ခန်းမ၌ အနည်းငယ်အငြင်းအခုန် ဖြစ်ခဲ့ကြပြီးနောက် မင်္ဂလာတ်စုံအောက်မှ သေနတ်ကို ထုတ်ကာ အသစ်စက်စက်ခင်ပွန်း၏ ဦးခေါင်းကို တေ့ပစ်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သေနတ်ထဲတွင် ကျည်ဆံမရှိသဖြင့် သတို့သား ချမ်းသားရာရခဲ့သည်။

ထို့နောက် သူမက သေနတ်အတွင်း ကျည်ဖြည့်ကာ မိုးပေါ်ထောင်ပစ်ခဲ့သဖြင့် ဟိုတယ်တွင်းရှိ ဧည့်သည်များ ထွက်ပြေးခဲ့ကြရသည်။
ရဲများရောက်လာသည့်အခါ သူတို့စုံတွဲက ဘာမှမဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ရဲက ကျည်ဆံခွံရှာတွေ့ခဲ့ပြီးနောက် သတို့သမီး ဖမ်းဆီးခြင်းခံခဲ့ရသည်။

စုံတွဲနှစ်ဦးစလုံးက အာဏာပိုင်များကို ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံခြင်း မရှိခဲ့ပေ။ ရဲအရာရှိတစ်ဦးက မင်းတို့ရဲ့ ပျားရည်ဆမ်းခရီးက ပြီးသွားပြီ၊ အခု မင်းမိန်းမ ထောင်ထဲသွားရတော့မည်ဟု ပြောဆိုကာ သတို့သမီးအားဖမ်းဆီးသွားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top