ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

 ေႁမြ၊ ကင္း၊ ကင္းေျခမ်ား၊ ပိတုန္း စသည့္အေကာင္မ်ား၏ အကိုက္ခံရလွ်င္ ခ်က္ျခင္းအဆိပ္တက္သလို အဆိပ္ျပင္းသည့္ သတၱဝါျဖစ္ပါက အသက္ဆံုးရသည္အထိ ျဖစ္ရေလသည္။ ထို႔ေၾကာင့္ သက္ဆုိင္ရာ က်န္းမာေရးကုသမႈျပဳရန္ အခက္အခဲရွိေနလွ်င္ ယခုေဖာ္ျပမည့္နည္းမ်ားကို အသံုးျပဳႏိုင္ပါသည္။ ေဆးၿမီးတိုဟုဆိုရာတြင္ သဘာဝပစၥည္းျဖစ္ေသာ ၾကက္သြန္နီႏွင့္ ၾကက္သြန္ျဖဴကို အေျခခံထားေသာ နည္းျဖစ္သည္။ အလြယ္တကူရႏုိင္သလို ကုသရသည္လည္း ျမန္ဆန္ၿပီး ထိေရာက္မႈလည္းရွိပါသည္။ ယခုေဖာ္ျပမည့္နည္းမ်ားသည္ "ေရာဂါတိုင္းအတြက္ အာနိသင္ထူးတဲ့ ၾကက္သြန္ျဖဴ၏ စြမ္းေဆာင္ခ်က္၊ ေဝဒနာရွင္မ်ားအတြက္ အစြမ္းထက္တဲ့ ၾကက္သြန္နီရဲ႕ စြမ္းေဆာင္ခ်က္" အမည္ရွိ စာအုပ္တို႔မွ ေကာက္ႏႈတ္၍ ဆီေလ်ာ္ေအာင္ျပန္လည္ေရးသားတင္ဆက္ျခင္း ျဖစ္သည္။

* ၾကက္သြန္နီအဆိပ္ေျဖေဆး

- ကင္းကိုက္ျခင္းအတြက္
၁။ ၾကက္သြန္နီတစ္လံုးကို ႏွစ္ပိုင္း ပိုင္းလုိက္ပါ။ ယင္းၾကက္သြန္အေပၚ ေဖာက္ၿပီးသားထံုးကိုလူး၍ အေကာင္ကိုက္ထားသည့္ေနရာတြင္ သုတ္လိမ္းေပးပါ။ သက္သာမႈရမည္။
၂။ ၾကက္သြန္နီကို ထုေထာင္း၍ အေကာင္ကိုက္ထားသည့္ဒဏ္ရာေပၚတြင္ အံု၍ ခ်ည္ေႏွာင္ထားလိုက္ပါ။ သက္သာမႈရ၍ အဆိပ္ေျပမည္။
၃။ ၾကက္သြန္နီ၊ ဇဝက္သာတို႔ကို ဆတူေရာ၍ သမေအာင္ေမႊပါ။ ေကာင္းစြာေရာသြားလွ်င္ ပုလင္းထဲတြင္ ထည့္သိမ္းထားႏိုင္သည္။ ၎ေဆးသည္ ကင္း၊ ပိတုန္း၊ ပ်ားေကာင္မ်ား၏ အဆိပ္ေျဖရန္ အေကာင္းဆံုးေဆးနည္းျဖစ္၏။
၄။ ၾကက္သြန္နီကို ဆားျဖင့္လူး၍ေကၽြးလွ်င္ အဆိပ္ဓာတ္ကို ေပ်ာက္ကင္းေစသည္။

- ကင္းေျခမ်ားကိုက္လွ်င္
ၾကက္သြန္နီႏွင့္ ၾကက္သြန္ျဖဴ ႏွစ္မ်ဳိးလံုးကိုေရာ၍ ႀကိတ္ၿပီး (ထုေထာင္းလွ်င္လည္းျဖစ္ပါသည္။) ကင္းေျခမ်ားကိုက္သည့္ေနရာတြင္ အံုေပး လိမ္းေပးပါ။ အဆိပ္ေျပႏိုင္သည္။

- ေႁမြကိုက္ျခင္းအတြက္
ၾကက္သြန္နီတြင္ အဆိပ္ေျပေစေသာ ဓာတ္ရွိသည္။ တစ္ဦးတစ္ေယာက္ ေႁမြေပါက္ခံရလွ်င္ ၎ကို ၾကက္သြန္မ်ားမ်ားေကၽြးပါ။ အဆိပ္ေျပသြားမည္။

ၾကက္သြန္နီကို ရွလကာရည္၌ က်ဲက်ဲေဖ်ာ္၍လိမ္းေပးလွ်င္ အဆိပ္ကို ေျပေစပါသည္။

** ၾကက္သြန္ျဖဴ အဆိပ္ေျဖေဆး

၁။ ၾကက္သြန္ျဖဴ တစ္ဥကို ႏြားႏို႔ ၂၅က်ပ္သားတြင္ ေဖ်ာ္၍ အဆိပ္တက္ေနသူကို တိုက္ပါ။ သက္သာမည္။ (ၾကက္သြန္ျဖဴကို ႀကိတ္၍ သို႔မဟုတ္ ျခစ္ျဖင့္ ျခစ္ထည့္လွ်င္လည္း ရ၏။)
၂။ ကင္းကိုက္ခံရလွ်င္ ဆားႏွင့္ ၾကက္သြန္ျဖဴ ႏွစ္မ်ဳိးကိုႀကိတ္၍ အကိုက္ခံရသည့္ေနရာတြင္ လိမ္းေပးပါ။ အဆိပ္တက္ေနျခင္း သက္သာသြားမည္။
၃။ ၾကက္သြန္ျဖဴႏွင့္ သရက္သီးေျခာက္တို႔ကိုႀကိတ္၍ ေရႏွင့္ေရာကာ ေႁမြ၊ ကင္း အကိုက္ခံရသည့္ေနရာတြင္ လိမ္းေပးလၽွင္ သက္သာေပ်ာက္ကင္းမႈ ရရွိမည္။
၄။ ၾကက္သြန္ျဖဴကို ရွလကာရည္တြင္ေရာ၍ႀကိတ္ၿပီး ေႁမြ၊ ကင္းႏွင့္ ေခြး႐ူးကိုက္ခံရသည့္ေနရာတို႔တြင္ အႀကိမ္ႀကိမ္လိမ္းေပးလွ်င္ သက္သာမႈရရွိမည္။
၅။ ေမွ်ာ့ကိုက္ခံရလွ်င္ ၎ဒဏ္ရာအေပၚ ၾကက္သြန္ျဖဴကို ေရႏွင့္ေရာႀကိတ္ၿပီး လိမ္းေပးပါ။ သက္သာပါမည္။

ေႁမြတြင္ အမ်ဳိးအစားမ်ားစြာရွိသည့္အတြက္ ေဆးနည္းတစ္ခုျဖင့္ မသက္သာလွ်င္ ေနာက္တစ္နည္းထပ္သံုးပါ။ ၾကက္သြန္ျဖဴသည္ အဆိပ္ေျဖရာတြင္ အစြမ္းထက္လွပါသည္။ သမားေတာ္မ်ား၏ အဆိုအရ ၾကက္သြန္ျဖဴရွိေသာေနရာတြင္ ၎အနံျဖင့္ ေႁမြမလာရဲပါ။

** ဝမ္းေရာဂါ ပလိပ္ေရာဂါအတြက္ ႀကိဳတင္ကာကြယ္နည္း**

သမားေတာ္မ်ားက ေဆးနည္းၫႊန္ထားသည္မွာ ၾကက္သြန္ျဖဴကို စားသံုးေပးျခင္းသည္ ၎ေရာဂါပိုးမ်ား ကိုယ္အတြင္းမဝင္ေရာက္ႏိုင္ရန္ ႀကိဳတင္ကာကြယ္ေပးသည့္ အေကာင္းဆံုးေဆးနည္းျဖစ္သည္။ ((စားသံုးျခင္းဟု ဆိုရာတြင္ တစ္ေန႔တည္းတြင္ မ်ားစြားစားျခင္းမဟုတ္ပါ။ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴကို အစိမ္းလိုက္ မ်ားစြာစားသံုးပါကလည္း ဆိုးက်ဳိးျဖစ္တတ္ပါသည္။ ထို႔ေၾကာက္ တစ္ေန႔တြင္ ၾကက္သြန္ျဖဴဥ တစ္တက္ခန္႔မွ် စားသံုးေပးျခင္းက အထူးသင့္ေလ်ာ္ပါသည္။))

သတိျပဳမွတ္သားရန္မွာ အထက္ပါေဆးနည္းတို႔ျဖင့္ တင္းတိမ္မေနဘဲ သက္ဆိုင္ရာ ေဆးက်န္းမာေရးဌာနသို႔သြား၍ ကုသရမည္။ ယင္းေဆးနည္းတို႔ေဖာ္ျပရျခင္းသည္ ခ်က္ျခင္းျဖစ္လာလွ်င္ လက္ငင္းလုပ္ေဆာင္ႏိုင္ရန္အတြက္ ျဖစ္ပါသည္။

ေႁမြ၊ ကင္းစသည္တို႔ရန္မွလြတ္ကင္းရန္ႏွင့္ အကိုက္ခံရပါက အဆိပ္ေျပေစမည့္ ဒုအာမ်ားကို "သမုဒၵရာေအာက္မွ ပုလဲလံုးမ်ား" စာအုပ္မွ ေကာက္ႏႈတ္၍ ေကာ္မန္႔တြင္ ပံုျဖင့္ ေဖာ္ျပေပးထားပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: original writer
#Unicode Version#
 မြွေ၊ ကင်း၊ ကင်းခြေများ၊ ပိတုန်း စသည့်အကောင်များ၏ အကိုက်ခံရလျှင် ချက်ခြင်းအဆိပ်တက်သလို အဆိပ်ပြင်းသည့် သတ္တဝါဖြစ်ပါက အသက်ဆုံးရသည်အထိ ဖြစ်ရလေသည်။ ထို့ကြောင့် သက်ဆိုင်ရာ ကျန်းမာရေးကုသမှုပြုရန် အခက်အခဲရှိနေလျှင် ယခုဖော်ပြမည့်နည်းများကို အသုံးပြုနိုင်ပါသည်။ ဆေးမြီးတိုဟုဆိုရာတွင် သဘာဝပစ္စည်းဖြစ်သော ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အခြေခံထားသော နည်းဖြစ်သည်။ အလွယ်တကူရနိုင်သလို ကုသရသည်လည်း မြန်ဆန်ပြီး ထိရောက်မှုလည်းရှိပါသည်။ ယခုဖော်ပြမည့်နည်းများသည် "ရောဂါတိုင်းအတွက် အာနိသင်ထူးတဲ့ ကြက်သွန်ဖြူ၏ စွမ်းဆောင်ချက်၊ ဝေဒနာရှင်များအတွက် အစွမ်းထက်တဲ့ ကြက်သွန်နီရဲ့ စွမ်းဆောင်ချက်" အမည်ရှိ စာအုပ်တို့မှ ကောက်နှုတ်၍ ဆီလျော်အောင်ပြန်လည်ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

* ကြက်သွန်နီအဆိပ်ဖြေဆေး

- ကင်းကိုက်ခြင်းအတွက်
၁။ ကြက်သွန်နီတစ်လုံးကို နှစ်ပိုင်း ပိုင်းလိုက်ပါ။ ယင်းကြက်သွန်အပေါ် ဖောက်ပြီးသားထုံးကိုလူး၍ အကောင်ကိုက်ထားသည့်နေရာတွင် သုတ်လိမ်းပေးပါ။ သက်သာမှုရမည်။
၂။ ကြက်သွန်နီကို ထုထောင်း၍ အကောင်ကိုက်ထားသည့်ဒဏ်ရာပေါ်တွင် အုံ၍ ချည်နှောင်ထားလိုက်ပါ။ သက်သာမှုရ၍ အဆိပ်ပြေမည်။
၃။ ကြက်သွန်နီ၊ ဇဝက်သာတို့ကို ဆတူရော၍ သမအောင်မွှေပါ။ ကောင်းစွာရောသွားလျှင် ပုလင်းထဲတွင် ထည့်သိမ်းထားနိုင်သည်။ ၎င်းဆေးသည် ကင်း၊ ပိတုန်း၊ ပျားကောင်များ၏ အဆိပ်ဖြေရန် အကောင်းဆုံးဆေးနည်းဖြစ်၏။
၄။ ကြက်သွန်နီကို ဆားဖြင့်လူး၍ကျွေးလျှင် အဆိပ်ဓာတ်ကို ပျောက်ကင်းစေသည်။

- ကင်းခြေများကိုက်လျှင်
ကြက်သွန်နီနှင့် ကြက်သွန်ဖြူ နှစ်မျိုးလုံးကိုရော၍ ကြိတ်ပြီး (ထုထောင်းလျှင်လည်းဖြစ်ပါသည်။) ကင်းခြေများကိုက်သည့်နေရာတွင် အုံပေး လိမ်းပေးပါ။ အဆိပ်ပြေနိုင်သည်။

- မြွေကိုက်ခြင်းအတွက်
ကြက်သွန်နီတွင် အဆိပ်ပြေစေသော ဓာတ်ရှိသည်။ တစ်ဦးတစ်ယောက် မြွေပေါက်ခံရလျှင် ၎င်းကို ကြက်သွန်များများကျွေးပါ။ အဆိပ်ပြေသွားမည်။

ကြက်သွန်နီကို ရှလကာရည်၌ ကျဲကျဲဖျော်၍လိမ်းပေးလျှင် အဆိပ်ကို ပြေစေပါသည်။

** ကြက်သွန်ဖြူ အဆိပ်ဖြေဆေး

၁။ ကြက်သွန်ဖြူ တစ်ဥကို နွားနို့ ၂၅ကျပ်သားတွင် ဖျော်၍ အဆိပ်တက်နေသူကို တိုက်ပါ။ သက်သာမည်။ (ကြက်သွန်ဖြူကို ကြိတ်၍ သို့မဟုတ် ခြစ်ဖြင့် ခြစ်ထည့်လျှင်လည်း ရ၏။)
၂။ ကင်းကိုက်ခံရလျှင် ဆားနှင့် ကြက်သွန်ဖြူ နှစ်မျိုးကိုကြိတ်၍ အကိုက်ခံရသည့်နေရာတွင် လိမ်းပေးပါ။ အဆိပ်တက်နေခြင်း သက်သာသွားမည်။
၃။ ကြက်သွန်ဖြူနှင့် သရက်သီးခြောက်တို့ကိုကြိတ်၍ ရေနှင့်ရောကာ မြွေ၊ ကင်း အကိုက်ခံရသည့်နေရာတွင် လိမ်းပေးလျှင် သက်သာပျောက်ကင်းမှု ရရှိမည်။
၄။ ကြက်သွန်ဖြူကို ရှလကာရည်တွင်ရော၍ကြိတ်ပြီး မြွေ၊ ကင်းနှင့် ခွေးရူးကိုက်ခံရသည့်နေရာတို့တွင် အကြိမ်ကြိမ်လိမ်းပေးလျှင် သက်သာမှုရရှိမည်။
၅။ မျှော့ကိုက်ခံရလျှင် ၎င်းဒဏ်ရာအပေါ် ကြက်သွန်ဖြူကို ရေနှင့်ရောကြိတ်ပြီး လိမ်းပေးပါ။ သက်သာပါမည်။

မြွေတွင် အမျိုးအစားများစွာရှိသည့်အတွက် ဆေးနည်းတစ်ခုဖြင့် မသက်သာလျှင် နောက်တစ်နည်းထပ်သုံးပါ။ ကြက်သွန်ဖြူသည် အဆိပ်ဖြေရာတွင် အစွမ်းထက်လှပါသည်။ သမားတော်များ၏ အဆိုအရ ကြက်သွန်ဖြူရှိသောနေရာတွင် ၎င်းအနံဖြင့် မြွေမလာရဲပါ။

** ဝမ်းရောဂါ ပလိပ်ရောဂါအတွက် ကြိုတင်ကာကွယ်နည်း**

သမားတော်များက ဆေးနည်းညွှန်ထားသည်မှာ ကြက်သွန်ဖြူကို စားသုံးပေးခြင်းသည် ၎င်းရောဂါပိုးများ ကိုယ်အတွင်းမဝင်ရောက်နိုင်ရန် ကြိုတင်ကာကွယ်ပေးသည့် အကောင်းဆုံးဆေးနည်းဖြစ်သည်။ ((စားသုံးခြင်းဟု ဆိုရာတွင် တစ်နေ့တည်းတွင် များစွားစားခြင်းမဟုတ်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို အစိမ်းလိုက် များစွာစားသုံးပါကလည်း ဆိုးကျိုးဖြစ်တတ်ပါသည်။ ထို့ကြောက် တစ်နေ့တွင် ကြက်သွန်ဖြူဥ တစ်တက်ခန့်မျှ စားသုံးပေးခြင်းက အထူးသင့်လျော်ပါသည်။))

သတိပြုမှတ်သားရန်မှာ အထက်ပါဆေးနည်းတို့ဖြင့် တင်းတိမ်မနေဘဲ သက်ဆိုင်ရာ ဆေးကျန်းမာရေးဌာနသို့သွား၍ ကုသရမည်။ ယင်းဆေးနည်းတို့ဖော်ပြရခြင်းသည် ချက်ခြင်းဖြစ်လာလျှင် လက်ငင်းလုပ်ဆောင်နိုင်ရန်အတွက် ဖြစ်ပါသည်။

မြွေ၊ ကင်းစသည်တို့ရန်မှလွတ်ကင်းရန်နှင့် အကိုက်ခံရပါက အဆိပ်ပြေစေမည့် ဒုအာများကို "သမုဒ္ဒရာအောက်မှ ပုလဲလုံးများ" စာအုပ်မှ ကောက်နှုတ်၍ ကော်မန့်တွင် ပုံဖြင့် ဖော်ပြပေးထားပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: original writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top