ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ေခါင္းေလွ်ာ္ထားတာက မၾကာေသးဘူး ေဗာက္က ထေနတာမို႔ ခဏခဏ ေခါင္းေလွ်ာ္ေနရတယ္ဆိုတဲ့ သူေတြရွိလား။ ဒါဆိုရင္ေတာ့ ေဗာက္ျဖစ္ရတဲ့ အေၾကာင္းရင္းေတြကို သိရွိထားဖို႔လိုပါတယ္။

၁။ စိတ္ဖိစီးမႈေၾကာင့္

သင့္မွာ အလုပ္နဲ႔ေရာ တျခားကိုယ္ေရးကိုယ္တာကိစၥေတြေၾကာင့္ေရာ စိတ္ဖိစီးမႈျဖစ္ေနရင္ ေဗာက္ထေစပါတယ္။ အသားအေရအတြက္လည္း မေကာင္းသလို အေရျပားေျခာက္ေသြ႔ယားယံေစလို႔ ဦးေရျပားကိုလည္း ယားယံေစပါတယ္။

၂။ ေခါင္းေသခ်ာမေလွ်ာ္ျခင္း

တခ်ိဳ႕သူေတြက ေခါင္းေလွ်ာ္ရင္ ေသခ်ာမေလွ်ာ္ၾကပါဘူး။ ေခါင္းေလွ်ာ္ရည္ကိုလည္း ေျပာင္ေအာင္ မေဆးၾကသလို၊ ေခါင္းကိုလည္း အလံုအေလာက္ ႏွိပ္ေပးတာ ကုပ္ေပးတာမ်ိဳး မလုပ္ၾကလို႔ပါ။ လူတိုင္းသိၾကပါတယ္။ အလွျပင္ဆိုင္မွာ ေခါင္းေလွ်ာ္ရင္ ဘာလို႔ ေပါ့ေပါ့ပါးပါးရွိလဲ။ ဘာလို႔အခ်ိန္ပိုၾကာလဲ။ ၿပီးေတာ့ ဘယ္ေလာက္ထိ ေခါင္းမယားဘဲ ၾကာၾကာခံတယ္ဆိုတာကိုလည္း သိထားၾကမွာပါပဲ။ အိမ္မွာေလွ်ာ္ရင္လည္း စိတ္ရွည္လက္ရွည္ေလွ်ာ္သင့္ပါတယ္။ ေခါင္းေလွ်ာ္ရည္ကိုလည္း ေသခ်ာေရြး၀ယ္သင့္ပါတယ္။

၃။ အာဟာရဓာတ္ညီညြတ္မွ်တေအာင္မစားျခင္း

သင့္အသားအေရေကာင္းျခင္း ဆံေကသာေကာင္းျခင္းဆိုတာ သင္စားမယ့္ အစားအစာေတြနဲ႔လည္း သက္ဆိုင္ေနပါတယ္။ အာဟာရဓာတ္ညီညႊတ္မွ်ေအာင္မစားရင္ေတာ့ ေဗာက္ထေစပါတယ္။

၄။ ဆံေကသာကို အလြန္အကၽြံ ပံုသြင္းျခင္း

သင့္ဆံပင္ကို အလြန္အကၽြံပံုသြင္းတာဟာ ဆံသားကို ထိခိုက္ပ်က္စီးေစသလိုပဲ ေဗာက္ထေစပါတယ္။ ဦးေရျပားကို အဆီျပန္ေစၿပီး ယားယံေစပါတယ္။

၅။ အေရျပားေျခာက္ျခင္း (သို႔) အဆီျပန္ျခင္း

အေရျပားအရမ္းေျခာက္တာ (သို႔) အဆီျပန္တတ္တဲ့ အသားအေရျဖစ္တာေၾကာင့္ ေဗာက္ထရတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystylemyanmar

#Unicode Version#
ခေါင်းလျှော်ထားတာက မကြာသေးဘူး ဗောက်က ထနေတာမို့ ခဏခဏ ခေါင်းလျှော်နေရတယ်ဆိုတဲ့ သူတွေရှိလား။ ဒါဆိုရင်တော့ ဗောက်ဖြစ်ရတဲ့ အကြောင်းရင်းတွေကို သိရှိထားဖို့လိုပါတယ်။

၁။ စိတ်ဖိစီးမှုကြောင့်

သင့်မှာ အလုပ်နဲ့ရော တခြားကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့်ရော စိတ်ဖိစီးမှုဖြစ်နေရင် ဗောက်ထစေပါတယ်။ အသားအရေအတွက်လည်း မကောင်းသလို အရေပြားခြောက်သွေ့ယားယံစေလို့ ဦးရေပြားကိုလည်း ယားယံစေပါတယ်။

၂။ ခေါင်းသေချာမလျှော်ခြင်း

တချို့သူတွေက ခေါင်းလျှော်ရင် သေချာမလျှော်ကြပါဘူး။ ခေါင်းလျှော်ရည်ကိုလည်း ပြောင်အောင် မဆေးကြသလို၊ ခေါင်းကိုလည်း အလုံအလောက် နှိပ်ပေးတာ ကုပ်ပေးတာမျိုး မလုပ်ကြလို့ပါ။ လူတိုင်းသိကြပါတယ်။ အလှပြင်ဆိုင်မှာ ခေါင်းလျှော်ရင် ဘာလို့ ပေါ့ပေါ့ပါးပါးရှိလဲ။ ဘာလို့အချိန်ပိုကြာလဲ။ ပြီးတော့ ဘယ်လောက်ထိ ခေါင်းမယားဘဲ ကြာကြာခံတယ်ဆိုတာကိုလည်း သိထားကြမှာပါပဲ။ အိမ်မှာလျှော်ရင်လည်း စိတ်ရှည်လက်ရှည်လျှော်သင့်ပါတယ်။ ခေါင်းလျှော်ရည်ကိုလည်း သေချာရွေးဝယ်သင့်ပါတယ်။

၃။ အာဟာရဓာတ်ညီညွတ်မျှတအောင်မစားခြင်း

သင့်အသားအရေကောင်းခြင်း ဆံကေသာကောင်းခြင်းဆိုတာ သင်စားမယ့် အစားအစာတွေနဲ့လည်း သက်ဆိုင်နေပါတယ်။ အာဟာရဓာတ်ညီညွှတ်မျှအောင်မစားရင်တော့ ဗောက်ထစေပါတယ်။

၄။ ဆံကေသာကို အလွန်အကျွံ ပုံသွင်းခြင်း

သင့်ဆံပင်ကို အလွန်အကျွံပုံသွင်းတာဟာ ဆံသားကို ထိခိုက်ပျက်စီးစေသလိုပဲ ဗောက်ထစေပါတယ်။ ဦးရေပြားကို အဆီပြန်စေပြီး ယားယံစေပါတယ်။

၅။ အရေပြားခြောက်ခြင်း (သို့) အဆီပြန်ခြင်း

အရေပြားအရမ်းခြောက်တာ (သို့) အဆီပြန်တတ်တဲ့ အသားအရေဖြစ်တာကြောင့် ဗောက်ထရတာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top