Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×


မႏၲေလးၿမိဳ႕ မီးပြိဳင့္မ်ား ႏွင့္ အထင္ကရေနရာမ်ားတြင္ ကေလးမ်ားအား ေတာင္းရမ္းခိုင္း သည့္ အုပ္ထိန္းသူ ေျခာက္ဦးကို ကေလးသူငယ္ ဥပေဒမ်ားျဖင့္ တရားစဲြဆုိကာ ေထာင္ဒဏ္ ေျခာက္လခ်မွတ္ခဲ့ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီသန္႔ရွင္းေရးဌာနဌာနခဲြမွဴး ဦးစိုးတင့္ေအာင္က ေျပာသည္။

ၾသဂုတ္ ၁၁ ရက္ႏွင့္ ၁၂ ရက္တြင္ မႏၲေလးၿမိဳ႕ေတာ္စည္ ပင္သာယာေရးေကာ္မတီ သန္႔ရွင္းေရးဌာန၊ စည္ပင္သာယာရဲ ႏွင့္ ကေလးသူငယ္ရဲတပ္ဖဲြ႕မ်ား ပူးေပါင္း၍ မႏၲေလးၿမိဳ႕လမ္းမ်ား ေပၚတြင္ ေတာင္းရမ္း သူ ၅၅ ဦးကိုထိန္းသိမ္းခဲ့သည္။

အဆုိပါ ၅၅ ဦးတြင္ ကေလး၄၇ ဦးႏွင့္ လူႀကီးရွစ္ဦးပါ၀င္ ေၾကာင္း၊ ကေလးမ်ားကို လူမႈ၀န္ထမ္းဦးစီးဌာနသို႔ ပို႔ေဆာင္ခဲ့ၿပီး လူႀကီးရွစ္ဦးအနက္ ေျခာက္ဦးကို လူမႈ၀န္ထမ္းဦးစီးဌာနက တရားလိုျပဳလုပ္ကာ ၾသဂုတ္ ၁၄ ရက္က ခ်မ္းျမသာစည္တရား႐ုံးတြင္ တရားစဲြဆိုခဲ့သည္။ က်န္ႏွစ္ဦးကို စည္ပင္သာယာဥပေဒမ်ားျဖင့္ အေရးယူမည္ဟု  ဦးစုိးတင့္ေအာင္ က ေျပာသည္။

‘‘မေန႔က ၁၄ ရက္က သုံးဦး ကို တရား႐ုံးက ေထာင္ေျခာက္လ ခ်လုိက္တယ္။ ေနာက္သုံးဦးကုိ ဆက္စစ္ၿပီး ဒီေန႔ ၁၅ ရက္ေန႔ ေထာင္ေျခာက္လခ်ၿပီး အိုးဘုိေထာင္ကိုပို႔လုိက္ၿပီ။ ႏွစ္ေယာက္ကေတာ့ ေတာင္းရမ္းတာေလာက္ ပဲ လုပ္တာေၾကာင့္ စည္ပင္ဥပေဒနဲ႔ပဲ အေရးယူသြားပါမယ္။  လက္ရွိေတာ့ သက္ဆုိင္တဲ့ဌာနဆုိင္ရာအဖဲြ႕အစည္းအားလုံး ပူးေပါင္းပါ၀င္လာပါတယ္။ ကေလးသူငယ္ေတြကို ေတာင္းရမ္းခိုင္းတာကို ထိထိေရာက္ေရာက္ တရားစဲြအေရးယူသြားမွာပါ။ အခက္အခဲရွိေနတာ က စေန၊ တနဂၤေႏြလို႐ုံးပိတ္ရက္မ်ဳိးမွာ ထိန္းသိမ္းထားတဲ့သူေတြကို နယ္ေျမရဲစခန္းေတြကလည္း လက္မခံေတာ့ ထိန္းသိမ္းထားဖို႔ ခက္ခဲပါတယ္’’ဟု ဦးစိုးတင့္ေအာင္ကေျပာသည္။

ကေလးမ်ားကို ေတာင္းရမ္း ခုိင္းသည့္ အုပ္ထိန္းသူမ်ားကို ကေလးသူငယ္ဥပေဒပုဒ္မ ၆၆(ဂ)ျဖင့္ တရားစဲြဆိုၿပီး အဆုိပါပုဒ္မမွာ ေငြဒဏ္က်ပ္ ၁၀,၀၀၀မွ အ မ်ားဆုံးေထာင္ဒဏ္ ၂ ႏွစ္အ ထိ ခ်မွတ္ႏုိင္သည္။ အရြယ္မ ေရာက္ေသးသည့္ ကေလးမ်ားကို မီးပြိဳင့္လမ္းဆုံ လမ္းခြမ်ားတြင္ ေတာင္းရမ္းခိုင္းျခင္းမွာ ကေလး မ်ားအတြက္ အႏၲရာယ္မ်ားျခင္း၊ ႏုိင္ငံတကာမွ လာေရာက္လည္ ပတ္သူမ်ားအျမင္တြင္ ၿမိဳ႕ဂုဏ္ သိကၡာ ထိခိုက္ေစႏုိင္ျခင္းတို႔ ေၾကာင့္ ထိန္းသိမ္းရျခင္းျဖစ္ ေၾကာင္း ဦးစိုးတင့္ေအာင္က ရွင္း ျပသည္။

လူမႈ၀န္ထမ္းသို႔ ပို႔ေဆာင္ ထိန္းသိမ္းထားသည့္ ကေလးမ်ား ထဲမွ ေက်ာင္းတက္ေနသည့္ ကေလးမ်ားကို ေက်ာင္းေထာက္ခံ ခ်က္မ်ား၊ မိဘမ်ား၏ ေထာက္ခံ ခ်က္မ်ားျဖင့္ ေနာက္ေနာင္မျပဳ လုပ္ရန္ ခံ၀န္မ်ားထုိးခိုင္းကာ ျပန္ လည္လႊတ္ေပးခဲ့ေၾကာင္း ဦးစိုး တင့္ေအာင္က ေျပာသည္။

‘‘ေနာက္တစ္ခါ ေတာင္းေန တာေတြ႕ရင္ ကေလးကိုလူမႈ၀န္ ထမ္းပို႔ၿပီး ျပန္လႊတ္မေပးေတာ့ ဘူး။ လူႀကီးေတြကိုေတာ့ တရား စဲြမယ္’’ဟု ၎ကဆက္လက္ေျပာ  ၾကားသည္။

 ျပန္လည္လႊတ္ေပးသည့္ ကေလးအေရအတြက္ကို အ တည္မျပဳႏုိင္ေသးသျဖင့္  ေျပာ၍ မရေသးေၾကာင္း၊ လမ္းေပၚေနေတာင္းရမ္းသည့္ ကေလးမ်ားကိစၥႏွင့္ပတ္သက္၍ ၾသဂုတ္ ၁၆ ရက္ (ယေန႔)တြင္ သတင္းစာရွင္း လင္းပဲြျပဳလုပ္မည္ျဖစ္ေၾကာင္း မႏၲေလးတုိင္းေဒသႀကီး လူမႈ၀န္ထမ္းဦးစီးဌာန တုိင္းဦးစီးမွဴး ဦးေက်ာ္၀င္းက ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
#Unicode Version#
မန္တလေးမြို့ မီးပွိုင့်များ နှင့် အထင်ကရနေရာများတွင် ကလေးများအား တောင်းရမ်းခိုင်း သည့် အုပ်ထိန်းသူ ခြောက်ဦးကို ကလေးသူငယ် ဥပဒေများဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ခြောက်လချမှတ်ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသန့်ရှင်းရေးဌာနဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောသည်။

သြဂုတ် ၁၁ ရက်နှင့် ၁၂ ရက်တွင် မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာန၊ စည်ပင်သာယာရဲ နှင့် ကလေးသူငယ်ရဲတပ်ဖွဲ့များ ပူးပေါင်း၍ မန္တလေးမြို့လမ်းများ ပေါ်တွင် တောင်းရမ်း သူ ၅၅ ဦးကိုထိန်းသိမ်းခဲ့သည်။


အဆိုပါ ၅၅ ဦးတွင် ကလေး၄၇ ဦးနှင့် လူကြီးရှစ်ဦးပါဝင် ကြောင်း၊ ကလေးများကို လူမှုဝန်ထမ်းဦးစီးဌာနသို့ ပို့ဆောင်ခဲ့ပြီး လူကြီးရှစ်ဦးအနက် ခြောက်ဦးကို လူမှုဝန်ထမ်းဦးစီးဌာနက တရားလိုပြုလုပ်ကာ သြဂုတ် ၁၄ ရက်က ချမ်းမြသာစည်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။ ကျန်နှစ်ဦးကို စည်ပင်သာယာဥပဒေများဖြင့် အရေးယူမည်ဟု  ဦးစိုးတင့်အောင် က ပြောသည်။

‘‘မနေ့က ၁၄ ရက်က သုံးဦး ကို တရားရုံးက ထောင်ခြောက်လ ချလိုက်တယ်။ နောက်သုံးဦးကို ဆက်စစ်ပြီး ဒီနေ့ ၁၅ ရက်နေ့ ထောင်ခြောက်လချပြီး အိုးဘိုထောင်ကိုပို့လိုက်ပြီ။ နှစ်ယောက်ကတော့ တောင်းရမ်းတာလောက် ပဲ လုပ်တာကြောင့် စည်ပင်ဥပဒေနဲ့ပဲ အရေးယူသွားပါမယ်။  လက်ရှိတော့ သက်ဆိုင်တဲ့ဌာနဆိုင်ရာအဖွဲ့အစည်းအားလုံး ပူးပေါင်းပါဝင်လာပါတယ်။ ကလေးသူငယ်တွေကို တောင်းရမ်းခိုင်းတာကို ထိထိရောက်ရောက် တရားစွဲအရေးယူသွားမှာပါ။ အခက်အခဲရှိနေတာ က စနေ၊ တနင်္ဂနွေလိုရုံးပိတ်ရက်မျိုးမှာ ထိန်းသိမ်းထားတဲ့သူတွေကို နယ်မြေရဲစခန်းတွေကလည်း လက်မခံတော့ ထိန်းသိမ်းထားဖို့ ခက်ခဲပါတယ်’’ဟု ဦးစိုးတင့်အောင်ကပြောသည်။

ကလေးများကို တောင်းရမ်း ခိုင်းသည့် အုပ်ထိန်းသူများကို ကလေးသူငယ်ဥပဒေပုဒ်မ ၆၆(ဂ)ဖြင့် တရားစွဲဆိုပြီး အဆိုပါပုဒ်မမှာ ငွေဒဏ်ကျပ် ၁၀,၀၀၀မှ အ များဆုံးထောင်ဒဏ် ၂ နှစ်အ ထိ ချမှတ်နိုင်သည်။ အရွယ်မ ရောက်သေးသည့် ကလေးများကို မီးပွိုင့်လမ်းဆုံ လမ်းခွများတွင် တောင်းရမ်းခိုင်းခြင်းမှာ ကလေး များအတွက် အန္တရာယ်များခြင်း၊ နိုင်ငံတကာမှ လာရောက်လည် ပတ်သူများအမြင်တွင် မြို့ဂုဏ် သိက္ခာ ထိခိုက်စေနိုင်ခြင်းတို့ ကြောင့် ထိန်းသိမ်းရခြင်းဖြစ် ကြောင်း ဦးစိုးတင့်အောင်က ရှင်း ပြသည်။

လူမှုဝန်ထမ်းသို့ ပို့ဆောင် ထိန်းသိမ်းထားသည့် ကလေးများ ထဲမှ ကျောင်းတက်နေသည့် ကလေးများကို ကျောင်းထောက်ခံ ချက်များ၊ မိဘများ၏ ထောက်ခံ ချက်များဖြင့် နောက်နောင်မပြု လုပ်ရန် ခံဝန်များထိုးခိုင်းကာ ပြန် လည်လွှတ်ပေးခဲ့ကြောင်း ဦးစိုး တင့်အောင်က ပြောသည်။

‘‘နောက်တစ်ခါ တောင်းနေ တာတွေ့ရင် ကလေးကိုလူမှုဝန် ထမ်းပို့ပြီး ပြန်လွှတ်မပေးတော့ ဘူး။ လူကြီးတွေကိုတော့ တရား စွဲမယ်’’ဟု ၎င်းကဆက်လက်ပြော  ကြားသည်။

 ပြန်လည်လွှတ်ပေးသည့် ကလေးအရေအတွက်ကို အ တည်မပြုနိုင်သေးသဖြင့်  ပြော၍ မရသေးကြောင်း၊ လမ်းပေါ်နေတောင်းရမ်းသည့် ကလေးများကိစ္စနှင့်ပတ်သက်၍ သြဂုတ် ၁၆ ရက် (ယနေ့)တွင် သတင်းစာရှင်း လင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်ဝင်းက ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top