ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

အာဆီယံအဖဲြ႕၀င္ ႏုိင္ငံမ်ားအေနျဖင့္ ဘာသာေရး အေျခခံေသာ အၾကမ္းဖက္မႈမ်ား၊ သဘာ၀သယံဇာတပ်က္သုဥ္းမႈ အပါအ၀င္ စိန္ေခၚမႈမ်ား ရင္ဆိုင္ေနရေၾကာင္း ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က သတိေပးေျပာၾကားသည္။

ၾသဂုတ္ ၁၄ ရက္က ေနျပည္ ေတာ္ရွိ ျမန္မာအျပည္ျပည္ဆုိင္ ရာ ကြန္ဗင္းရွင္းဗဟုိဌာန-၂ တြင္ က်င္းပခဲ့သည့္ အာဆီယံ ႏွစ္ (၅၀) ျပည့္ အထိမ္းအမွတ္အခမ္းအနားမိန္႔ခြန္း၌ ေဒၚေအာင္ဆန္းစုၾကည္က ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

‘‘အာဆီယံအဖဲြ႕ႀကီးဟာ ေဒ သတြင္းေပါင္းစည္းမႈ ေခတ္သစ္ တစ္ရပ္ကုိ ခ်င္းနင္း၀င္ေရာက္ လာေနၿပီး ေရရွည္တည္တံ့မႈနဲ႔ ပတ္သက္တဲ့ စိန္ေခၚမႈေတြျဖစ္တဲ့ အဖဲြ႕၀င္ႏုိင္ငံမ်ားအတြင္း ဆင္းရဲ ႏြမ္းပါးမႈ၊ မညီမွ်မႈအျပင္ ဘာသာ ေရးကိုအေျခခံတဲ့ အၾကမ္းဖက္မႈ နဲ႔ သဘာ၀သယံဇာတပ်က္သုဥ္းမႈေတြကို ရင္ဆုိင္လာေနရပါၿပီ။ စည္းစည္းလံုးလံုး၊ ညီညီၫြတ္ ၫြတ္၊ ခုိင္ခုိင္မာမာရပ္တည္ႏုိင္ဖို႔ ကၽြန္မတုိ႔ရဲ႕ စြမ္းရည္ေတြကို ထပ္မံျမႇင့္တင္ၿပီး ဒီစိန္ေခၚမႈေတြကို ရင္ဆိုင္ေျဖရွင္းရမွာပါ’’ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသည္။

ထို႔အျပင္ အာဆီယံအသိုက္ အ၀န္းတည္ေဆာက္မႈ ေအာင္ ျမင္ေရး ေက်ပြန္ရမည့္ တာ၀န္၀တၱရားမ်ားရွိၿပီး ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရး၊ လံုၿခံဳေရးႏွင့္ သာယာ၀ေျပာေရးအတြက္ အဖဲြ႕၀င္မ်ား ႀကိဳးပမ္းေဆာင္ရြက္မႈကို ျမန္မာႏုိင္ငံအေနျဖင့္ ေ၀မွ်ထမ္း ေဆာင္မည္ဟု ၎က ဆုိသည္။

‘‘အနာဂတ္ကာလ ႏုိင္ငံေရး မတည္ၿငိမ္မႈေတြ၊ မေသခ်ာမေရ ရာမႈေတြကိုလည္း အာဆီယံအ ေနနဲ႔ အာဆီယံရဲ႕ အခ်က္အခ်ာ က်မႈ၊ စုစည္းညီၫြတ္စြာ ရပ္ တည္မႈနဲ႔ အျပဳသေဘာေဆာင္မႈ တို႔ကို အေျခခံၿပီး ေအာင္ျမင္စြာ ေက်ာ္လႊားသြားႏုိင္မယ္လို႔ အ ျပည့္အ၀ယံုၾကည္ပါတယ္’’ဟု ေဒၚေအာင္ဆန္းစုၾကည္က ဆက္ လက္ေျပာၾကားသည္။

အာဆီယံ၏ ႀကိဳးပမ္းအား ထုတ္မႈ ရလဒ္တစ္ခုအျဖစ္ ၂၀၁၆ တြင္ ေမြးဖြားခဲ့ေသာ ကေလးမ်ား သည္ ၁၉၆၇ က ေမြးဖြားခဲ့ေသာ သူမ်ားထက္ ပ်မ္းမွ် ၁၅ ႏွစ္ခန္႔ပို မိုၿပီး အသက္ရွည္လာခဲ့ၿပီျဖစ္ ေၾကာင္းႏွင့္ သန္႔ရွင္းေသာ ေသာက္သံုးေရရရွိမႈသည္လည္း ၁၉၉၉ တြင္ ၆၈ ဒသမ ၁ ရာခုိင္ ႏႈန္းသာရွိရာမွ ၉၀ ရာခိုင္ႏႈန္းအ ထိ တိုးတက္လာၿပီျဖစ္ေၾကာင္း ႏုိင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္က ထည့္သြင္းေျပာၾကားခဲ့သည္။

ထို႔အျပင္ အာဆီယံေဒသ အတြင္း လက္ရွိ ျပည္တြင္းအသား တင္ထုတ္ကုန္ စုစုေပါင္း တန္ဖိုး သည္ ကန္ေဒၚလာ ၂ ဒသမ ၄ ထရီလီယံရွိေနၿပီဟု ေဒၚေအာင္ဆန္းစုၾကည္က ဆုိသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
#Unicode Version#
 အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ဘာသာရေး အခြေခံသော အကြမ်းဖက်မှုများ၊ သဘာဝသယံဇာတပျက်သုဉ်းမှု အပါအဝင် စိန်ခေါ်မှုများ ရင်ဆိုင်နေရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားသည်။

သြဂုတ် ၁၄ ရက်က နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင် ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပခဲ့သည့် အာဆီယံ နှစ် (၅၀) ပြည့် အထိမ်းအမှတ်အခမ်းအနားမိန့်ခွန်း၌ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘အာဆီယံအဖွဲ့ကြီးဟာ ဒေ သတွင်းပေါင်းစည်းမှု ခေတ်သစ် တစ်ရပ်ကို ချင်းနင်းဝင်ရောက် လာနေပြီး ရေရှည်တည်တံ့မှုနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေဖြစ်တဲ့ အဖွဲ့ဝင်နိုင်ငံများအတွင်း ဆင်းရဲ နွမ်းပါးမှု၊ မညီမျှမှုအပြင် ဘာသာ ရေးကိုအခြေခံတဲ့ အကြမ်းဖက်မှု နဲ့ သဘာဝသယံဇာတပျက်သုဉ်းမှုတွေကို ရင်ဆိုင်လာနေရပါပြီ။ စည်းစည်းလုံးလုံး၊ ညီညီညွတ် ညွတ်၊ ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့ ကျွန်မတို့ရဲ့ စွမ်းရည်တွေကို ထပ်မံမြှင့်တင်ပြီး ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရမှာပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အပြင် အာဆီယံအသိုက် အဝန်းတည်ဆောက်မှု အောင် မြင်ရေး ကျေပွန်ရမည့် တာဝန်ဝတ္တရားများရှိပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် သာယာဝပြောရေးအတွက် အဖွဲ့ဝင်များ ကြိုးပမ်းဆောင်ရွက်မှုကို မြန်မာနိုင်ငံအနေဖြင့် ဝေမျှထမ်း ဆောင်မည်ဟု ၎င်းက ဆိုသည်။

‘‘အနာဂတ်ကာလ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ မသေချာမရေ ရာမှုတွေကိုလည်း အာဆီယံအ နေနဲ့ အာဆီယံရဲ့ အချက်အချာ ကျမှု၊ စုစည်းညီညွတ်စွာ ရပ် တည်မှုနဲ့ အပြုသဘောဆောင်မှု တို့ကို အခြေခံပြီး အောင်မြင်စွာ ကျော်လွှားသွားနိုင်မယ်လို့ အ ပြည့်အဝယုံကြည်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက် လက်ပြောကြားသည်။

အာဆီယံ၏ ကြိုးပမ်းအား ထုတ်မှု ရလဒ်တစ်ခုအဖြစ် ၂၀၁၆ တွင် မွေးဖွားခဲ့သော ကလေးများ သည် ၁၉၆၇ က မွေးဖွားခဲ့သော သူများထက် ပျမ်းမျှ ၁၅ နှစ်ခန့်ပို မိုပြီး အသက်ရှည်လာခဲ့ပြီဖြစ် ကြောင်းနှင့် သန့်ရှင်းသော သောက်သုံးရေရရှိမှုသည်လည်း ၁၉၉၉ တွင် ၆၈ ဒသမ ၁ ရာခိုင် နှုန်းသာရှိရာမှ ၉၀ ရာခိုင်နှုန်းအ ထိ တိုးတက်လာပြီဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် အာဆီယံဒေသ အတွင်း လက်ရှိ ပြည်တွင်းအသား တင်ထုတ်ကုန် စုစုပေါင်း တန်ဖိုး သည် ကန်ဒေါ်လာ ၂ ဒသမ ၄ ထရီလီယံရှိနေပြီဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top