ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေၾကးနီနဲ႔ျပဳလုပ္ထားတဲ့ အသံုးအေဆာင္ပစၥည္းေတြကို အိမ္မွာ အျမတ္တႏိုးသံုးၾကသူေတြလည္း ႐ွိဦးမယ္ ထင္ပါတယ္။ အစားအေသာက္တိုင္းကို ေၾကးနီခြက္၊ ပန္းကန္ ထဲမွာ ထည့္ၿပီး စားလို႔မရပါဘူး။ လူကို မက်န္းမမာျဖစ္သြားေစႏုိင္တယ္လို႔ The State of Iowa Alcoholic Beverages Division က ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

ဘာေၾကာင့္ ဒီလိုထုတ္ျပန္ရတာလဲဆုိေတာ့ Moscow Mule လို႔ေခၚတဲ့ cocktail တစ္မ်ိဳးဟာ တစ္ေန႔တစ္ျခား လူႀကိဳက္မ်ားလာတာနဲ႔လည္း ဆက္စပ္ေနပါတယ္။ Moscow Mule ေကာ့ေတးလ္ကို ေဗာ့ဒ္ကာအရက္၊ ဂ်င္းနဲ႔ျပဳလုပ္တဲ့ဘီယာ၊ သံပရာရည္တို႔နဲ႔ အဓိကအသံုးျပဳေဖ်ာ္စပ္ကာ ေၾကးနီခြက္ထဲထည့္ၿပီး ေသာက္ၾကပါတယ္။ Moscow Mule ေသာက္သံုးသူေတြ မ်ားျပားလာတဲ့အေပၚ ေဘးထြက္ဆိုးက်ိဳးကို ယခုလို သတိေပးထုတ္ျပန္လုိက္ရတာ ျဖစ္ပါတယ္။

pH ပမာဏ 6.0 ထက္ နည္းပါးတဲ့ အစားအေသာက္ေတြကို ေၾကးနီ၊ ေၾကးနီသတၱဳစပ္ ခြက္ေတြထဲကိုထည့္ၿပီး မစားေသာက္သင့္ပါဘူး။ ဝိုင္၊ သစ္သီးေဖ်ာ္ရည္၊ ဗီနီဂါ (႐ွာလကာရည္)တုိ႔လို အရည္ေတြနဲ႔ Moscow Mule တုိ႔ဟာ PH ပမာဏ 6.0 ထက္ နည္းပါးပါတယ္။ pH 6.0 ထက္ နည္းပါးျခင္းက အက္ဆစ္ဓာတ္ပိုမ်ားတယ္လို႔ ဆိုလိုတဲ့သေဘာပါပဲ။ အက္ဆစ္ဓာတ္မ်ားတဲ့အစားအေသာက္ေတြကို ေၾကးနီခြက္ထဲထည့္ၿပီး စားေသာက္တဲ့အခါ ေၾကးနီေတြက အစားအေသာက္ထဲကိုေပ်ာ္ဝင္သြားၿပီး လူ႔ခႏၶာကိုယ္ထဲ ေရာက္သြားပါတယ္။ ေၾကးနီေတြခႏၶာကိုယ္ထဲေရာက္မႈေၾကာင့္ မအီမသာ ပ်ိဳ႕ခ်င္အန္ျခင္ျဖစ္ျခင္း၊ ေခါင္းမူးေခါင္းကိုက္ျခင္း၊ ပါးစပ္၊ ႏွာေခါင္းနဲ႔ မ်က္လံုးတုိ႔ ယားယံမႈေတြ ျဖစ္ေစႏုိင္ပါတယ္။

Source : Webmd
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ကြေးနီနဲ့ပြုလုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို အိမ်မှာ အမြတ်တနိုးသုံးကြသူတွေလည်း ရှိဦးမယ် ထင်ပါတယ်။ အစားအသောက်တိုင်းကို ကြေးနီခွက်၊ ပန်းကန် ထဲမှာ ထည့်ပြီး စားလို့မရပါဘူး။ လူကို မကျန်းမမာဖြစ်သွားစေနိုင်တယ်လို့ The State of Iowa Alcoholic Beverages Division က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဘာကြောင့် ဒီလိုထုတ်ပြန်ရတာလဲဆိုတော့ Moscow Mule လို့ခေါ်တဲ့ cocktail တစ်မျိုးဟာ တစ်နေ့တစ်ခြား လူကြိုက်များလာတာနဲ့လည်း ဆက်စပ်နေပါတယ်။ Moscow Mule ကော့တေးလ်ကို ဗော့ဒ်ကာအရက်၊ ဂျင်းနဲ့ပြုလုပ်တဲ့ဘီယာ၊ သံပရာရည်တို့နဲ့ အဓိကအသုံးပြုဖျော်စပ်ကာ ကြေးနီခွက်ထဲထည့်ပြီး သောက်ကြပါတယ်။ Moscow Mule သောက်သုံးသူတွေ များပြားလာတဲ့အပေါ် ဘေးထွက်ဆိုးကျိုးကို ယခုလို သတိပေးထုတ်ပြန်လိုက်ရတာ ဖြစ်ပါတယ်။

pH ပမာဏ 6.0 ထက် နည်းပါးတဲ့ အစားအသောက်တွေကို ကြေးနီ၊ ကြေးနီသတ္တုစပ် ခွက်တွေထဲကိုထည့်ပြီး မစားသောက်သင့်ပါဘူး။ ဝိုင်၊ သစ်သီးဖျော်ရည်၊ ဗီနီဂါ (ရှာလကာရည်)တို့လို အရည်တွေနဲ့ Moscow Mule တို့ဟာ PH ပမာဏ 6.0 ထက် နည်းပါးပါတယ်။ pH 6.0 ထက် နည်းပါးခြင်းက အက်ဆစ်ဓာတ်ပိုများတယ်လို့ ဆိုလိုတဲ့သဘောပါပဲ။ အက်ဆစ်ဓာတ်များတဲ့အစားအသောက်တွေကို ကြေးနီခွက်ထဲထည့်ပြီး စားသောက်တဲ့အခါ ကြေးနီတွေက အစားအသောက်ထဲကိုပျော်ဝင်သွားပြီး လူ့ခန္ဓာကိုယ်ထဲ ရောက်သွားပါတယ်။ ကြေးနီတွေခန္ဓာကိုယ်ထဲရောက်မှုကြောင့် မအီမသာ ပျို့ချင်အန်ခြင်ဖြစ်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ ပါးစပ်၊ နှာခေါင်းနဲ့ မျက်လုံးတို့ ယားယံမှုတွေ ဖြစ်စေနိုင်ပါတယ်။

Source : Webmd

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top