လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×
"အထုးသတိထားစရာ အုန်းသီး ငှက်ပျောသီးနှင့် သာသနာပွဲ"
****************************************************************
အထူးသဖြင့် အပေါ်ကပြောတဲ့အတိုင်း သာသနာပွဲဆိုပြီး အုန်းသီးစိမ်း၊ ငှက်ပျောသီစိမ်းများကို မှည့်သည်အထိ ပွဲထိုးတာကို တွေ့နေရပါတယ်။ တချို့ဆိုပါလျှင် ပလပ်စတစ်နှင့် ပြုလုပ်ထားသော အုန်းသီးအတု၊ ငှက်ပျောသီးအတု၊ သစ်သီးအတုများကို ဘုရားစင်တင်ကာ လှူဒါန်းထာတာမျိုးကိုလည်း တွေ့မြင်နေရပါတယ်။ ဒါကမလုပ်ကောင်းပါဘူး။ အုန်းသီး၊ ငှက်ပျောသီးလို့ ဆိုလိုက်တာနဲ့ နေ့လွဲသွားရင် (အကာလ) အခါမဟုတ်ချိန်ဖြစ်သွားလျှင် ဥပုသ်သည်များ၊ ရဟန်းသံဃာများနှင့် ဘယ်လိုမှ မအပ်စပ်တော့ပါ။ ထိုနည်းတူစွာ မြတ်စွာဘုရားရှင်အတွက်ဆိုပါအလျှင် ပိုလို့ပင် မအပ်စပ်တော့ပါ။ ယာဝကာလိကမှာ အရုဏ်တက်ချိန်မှစ၍ မွန်းတည့်ချိန်အထိ ကာလအတွင်း၌ စားရသည့် စားဖွယ်၊ ခဲဖွယ်များဖြစ်၏။ ဟင်းချက်၍ စားရကောင်းသော မုန်လာဥ၊ မျှစ် စသောအမြစ်ခဲဖွယ်၊ ပိန္နဲသီး၊ထန်းသီး အုန်းသီး၊ သရက်သီး၊ စသော အသီးခဲဖွယ်၊ မုန့်ခဲဖွယ်များနှင့် နို့ရည် နို့ဓမ်းစသော အာဟာရများဖြစ်သည်။ ထို့ကြောင့် ယာဝကာလိကလို့ခေါ်တဲ့ အုန်းသီး ငှက်ပျောသီးများကို အခါမဟုတ်သည့် အချိန်များတွင် သာသနာပွဲဆိုပြီး ၃ရက်၊ ၇ရက်၊ အောက်ထစ်ဆုံး (၂၄)နာရီစတဲ့ မမှည့်မချင်းသော်ကောင်း၊အချိန်အခါမဟုတ်သည့် အချိန်များတွင်လည်းကောင်း၊ အသင့်ဘုဉ်းပေးသုံးဆောင်နိုင်သည့်အနေအထား မရှိသည့် အခြေအနေများတွင်လည်းကောင်း တင်လှူသည့်လုပ်ရပ်များကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ တစ်ဆက်တည်းပြောလိုသည်မှာ မိမိတို့ အိမ်တွင် အလှူအတန်းလုပ်သည့်အခါ အချိုပွဲစသည်များကို ရဟန်းသံဃာများ ကပ်လှူသည့်အခါ၌လည်း အသင့်ဘုဉ်ပေးနိုင်စေရန် အသီးများကို ခွဲစိတ်၍လည်းကောင်း၊ အခွံခွာ၍လည်းကောင်း၊ လှူဒါန်းဆက်ကပ်ရမည်ဖြစ်ပါသည်။ ဆွမ်းလောင်းသည့်အခါ၌ကား သစ်သီးများကို အရှင်ဘုရား ကျောင်းရောက်သည့်အခါ အပ်စပ်အောင် စီမံ၍ ဘုဉ်းပေးပါဟု လျှောက်ထားလှူဒါန်းမည်ဆိုပါက ဝိနည်းနှင့်ညီသလို၊ အပြစ်ကင်းလည်း ကင်းမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
#Unicode Version#
"အထုူးသတိထားစရာ အုုန်းသီး ငှက်ပျောသီးနှင့် သာသနာပွဲ"
****************************************************************
သာသနာပွဲဆိုတာ တစ်နည်းအားဖြင့် ဘုရားကိုလှူထားတဲ့ ဘုရားပွဲ မဟုတ်လား။ ဘုရားမှာ အုန်းသီးစိမ်းနဲ့ ငှက်ပျောသီးစိမ်းကို ပွဲလုပ်ပြီးလှူတာ။ ဂိုဏ်းသမားတွေ လုပ်ကြတာပဲ။ သူတို့ကတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ကြတယ် မသိဘူး။ တကယ်ဆိုရင် ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို စားဖွယ်သောက်ဖွယ်တွေ လှူမယ်ဆိုရင် အဆင်သင့်ဘုဉ်းပေးသုံးဆောင်နိုင်အောင် စီစဉ်ပြီးလှူရတယ်။ သံဃာတော်တွေက အုန်းသီးကို ကိုယ်တိုင်ခွဲ၊ ငှက်ပျောသီးကို ကိုယ်တိုင်အုပ်ပြီးစားတာ တွေ့ဖူးလို့လား။ အဲဒီလိုလုပ်ရင်လည်း အာပတ်တွေ သင့်တော့မှာပေါ့။ နောက်ပြီး စားသောက်ဖွယ်ကိုလှူရင်လည်း မွန်းမတိမ်းခင်လှူရတယ်။ မွန်းတိမ်းသွားရင် ဘုရားအမှူးရှိတဲ့ သံဃာတော်တွေက အဲဒီ လှူဖွယ်ဝတ္ထုကို အကပ်မခံကြဘူး။ ကာလလွန်ပြီ ဖြစ်တဲ့အတွက် အလှူဒါန်းသူမှာလည်း အလှူရဲ့အကျိုးကို ရသင့်သလောက် မရဘူး။ အခုတော့ အုန်းပွဲငှက်ပျောပွဲကို ၂၄နာရီပတ်လုံးသာမ ငှက်ပျောသီး မမှည့်မချင်း၊ အုန်းမသီးမခြောက်မချင်း ဘုရားစင်ပေါ် တင်ထားတာဆိုတော့ ဘုရားရှင်ကို စောင့်ကြည့်ခိုင်းထားသလို ဖြစ်မနေဘူးလား။ ငှက်ပျောသီးလည်း မှည့်ရော၊ အစိမ်းနဲ့ လဲ၊ အမှည့် စားလိုက်ကြရော မဟုတ်လား။ တစ်ခါတလေ ငှက်ပျောသီးဟာ အမှည့်လွန်ပြီး ပုပ်နေတာတောင် တွေ့ဖူးတယ်။ အဲဒီတော့ သာသနာပွဲလှူတဲ့အဓိပ္ပာယ်က ဘယ်လိုအကျိုးသက်ရောက်တော့မှာလဲ။ တကယ်ဆိုရင် ပွဲက အဓိကမဟုတ်ပါဘူးဗျာ။ ကိုယ်ကျင့်တရားကသာ အဓိကပါ။ ကိုယ်ကျင့်တရားမကောင်းဘဲ ပွဲတွေ လမ်းတွေ ဘယ်လောက်လုပ်နေနေ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ အရှင်ဘုရားအဲ.ဒါဟုတ်သလားဖြေပေးပါ။ သာသနာပွဲလှုတာကောင်းမကောင်း။ (ဒကာမကြီး တစ်ဦး)
သာသနာလိုု့ဆိုုလိုုက်တာနဲ့ ရတနာသုုံးပါးနှင့်ဆက်နွယ်လျှက်ရှိနေမည်ဖြစ်သည်။ ဆိုုတော့ သာသနာပွဲ မလှူကောင်းဘူးလိုု့တော့ မပြောလိုုပါ။ ဒါပေမယ့် လှူတတ်ဖိုု့တော့ လိုုပါလိမ့်မယ်။ အပေါ်ကစာသားများက မှန်ပါတယ်။ဒကာမကြီး။ ဖြစ်သင့်တာက ငှက်ပျောသီးအမှည့် အုုန်းသီးအမှည့်များကိုု အရုုဏ်တက်ပြီးသည့်အချိန်မှာ ကပ်လှူပြီး မွန်းမတည့်ခင် စွန့်တာပိုုပြီးကောင်းလှပါတယ်။ ပြီးတော့ အထက်ကပြောတဲ့အတိုုင်း ငှက်ပျောသီးဆိုုပါလျှင် အဆင်သင့်ဘုုဉ်းပေးလိုု့ရသည့်အနေအထား အုုန်းသီးဆိုုပါလျှင်လည်း အဆင်သင့်ဘုုဉ်းပေးနိုုင်မည့် အနေအထား ဖြစ်အောင် စီမံလျှက် လှူဒါန်းသင့်လှပါတယ်။သိုု့မှသာ ဝိနည်းနဲ့လည်းညီပါတယ်။ အခုုဖြစ်နေတာက ဗုုဒ္ဓဘာသာဝင်များသည် သဒ္ဓါတရားတော့ ကေင်းကြပါလျှက် ပိုုင်းခြားဝေဖန်နိုုင်တဲ့ ပညာက မလိုုက်တော့ အလွဲတွေမှာ အမှန်ထင်လျှက် လုုပ်ဆောင်နေကြတာတွေ့ရပါတယ်။
အထူးသဖြင့် အပေါ်ကပြောတဲ့အတိုုင်း သာသနာပွဲဆိုုပြီး အုုန်းသီးစိမ်း၊ ငှက်ပျောသီစိမ်းများကိုု မှည့်သည်အထိ ပွဲထိုုးတာကိုု တွေ့နေရပါတယ်။ တချို့ဆိုုပါလျှင် ပလပ်စတစ်နှင့် ပြုလုုပ်ထားသော အုုန်းသီးအတုု၊ ငှက်ပျောသီးအတုု၊ သစ်သီးအတုုများကိုု ဘုုရားစင်တင်ကာ လှူဒါန်းထာတာမျိုးကိုုလည်း တွေ့မြင်နေရပါတယ်။ ဒါကမလုပ်ကောင်းပါဘူး။ အုုန်းသီး၊ ငှက်ပျောသီးလိုု့ ဆိုုလိုုက်တာနဲ့ နေ့လွဲသွားရင် (အကာလ) အခါမဟုုတ်ချိန်ဖြစ်သွားလျှင် ဥပုုသ်သည်များ၊ ရဟန်းသံဃာများနှင့် ဘယ်လိုုမှ မအပ်စပ်တော့ပါ။ ထိုုနည်းတူစွာ မြတ်စွာဘုုရားရှင်အတွက်ဆိုုပါအလျှင် ပိုုလိုု့ပင် မအပ်စပ်တော့ပါ။ ယာဝကာလိကမှာ အရုုဏ်တက်ချိန်မှစ၍ မွန်းတည့်ချိန်အထိ ကာလအတွင်း၌ စားရသည့် စားဖွယ်၊ ခဲဖွယ်များဖြစ်၏။ ဟင်းချက်၍ စားရကောင်းသော မုုန်လာဥ၊ မျှစ် စသောအမြစ်ခဲဖွယ်၊ ပိန္နဲသီး၊ထန်းသီး အုုန်းသီး၊ သရက်သီး၊ စသော အသီးခဲဖွယ်၊ မုုန့်ခဲဖွယ်များနှင့် နိုု့ရည် နိုု့ဓမ်းစသော အာဟာရများဖြစ်သည်။ ထိုု့ကြောင့် ယာဝကာလိကလိုု့ခေါ်တဲ့ အုုန်းသီး ငှက်ပျောသီးများကိုု အခါမဟုုတ်သည့် အချိန်များတွင် သာသနာပွဲဆိုုပြီး ၃ရက်၊ ၇ရက်၊ အောက်ထစ်ဆုုံး (၂၄)နာရီစတဲ့ မမှည့်မချင်းသော်ကောင်း၊အချိန်အခါမဟုုတ်သည့် အချိန်များတွင်လည်းကောင်း၊ အသင့်ဘုုဉ်းပေးသုုံးဆောင်နိုုင်သည့်အနေအထား မရှိသည့် အခြေအနေများတွင်လည်းကောင်း တင်လှူသည့်လုုပ်ရပ်များကိုု ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ တစ်ဆက်တည်းပြောလိုုသည်မှာ မိမိတိုု့ အိမ်တွင် အလှူအတန်းလုုပ်သည့်အခါ အချိုပွဲစသည်များကိုု ရဟန်းသံဃာများ ကပ်လှူသည့်အခါ၌လည်း အသင့်ဘုုဉ်ပေးနိုုင်စေရန် အသီးများကိုု ခွဲစိတ်၍လည်းကောင်း၊ အခွံခွာ၍လည်းကောင်း၊ လှူဒါန်းဆက်ကပ်ရမည်ဖြစ်ပါသည်။ ဆွမ်းလောင်းသည့်အခါ၌ကား သစ်သီးများကိုု အရှင်ဘုုရား ကျောင်းရောက်သည့်အခါ အပ်စပ်အောင် စီမံ၍ ဘုုဉ်းပေးပါဟုု လျှောက်ထားလှူဒါန်းမည်ဆိုုပါက ဝိနည်းနှင့်ညီသလိုု၊ အပြစ်ကင်းလည်း ကင်းမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
စာဖတ်သူအားလုုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုုရာဆန္ဒများ တစ်လုုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုုလ်)
ဖိုးသူတော် (www.phothutaw.com)
Credit:  သင်ကြားလေ့လာဗုဒ္ဓဘာသာ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top