ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

အကယ္၍သာ……..
သင့္အေနနဲ႕ ေကာင္းတယ္လို႕ယူဆထားတဲ့ အလုပ္တစ္ခုကို လုပ္ျပီးတဲ့ေနာက္မွာ….. ပညာရွိၾကီးတစ္ေယာက္က အဲဒီလုိလုပ္တာဟာ မွားယြင္းေၾကာင္း က်မ္းကိုးက်မ္းကားနဲ႕တကြ ေ၀ဖန္ေထာက္ျပလာခဲ့ရင္ သင့္အေနနဲ႕ဘယ္လုိခံစားမွာလဲ။
…………….ေနာင္တရမိမွာလား………။
———————————————————–
တစ္ခါက ပညာရွိၾကီးလုိ႔ အမ်ားက အသိအမွတ္ျပဳ အရိုအေသေပးရတဲ့ အဘိုးအို တစ္ေယာက္ရွိပါတယ္။ သူဟာ က်မ္းစာအုပ္ၾကီးေတြထဲက အဆိုအမိန္႕ေတြ၊ အေတြးအေခၚေတြကို အလြတ္ အာဂံုေဆာင္ႏိုင္ယံုတင္ မကဘူး သြားေလရာ ယူသြားျပီး လူအမ်ားကို ေဟာေျပာပို႔ခ်ေနတဲ့ သူတစ္ဦးေပါ့…။
တစ္ေန႕မွာေတာ့ ရြာတစ္ရြာကို ေဟာေျပာဖို႔လာရင္း ငွက္ခတ္သမားနဲ႔ေတြ႕လို႔ ငွက္တစ္ေကာင္ကို ၀ယ္ခဲ့တယ္…။ အိမ္ေရာက္ရင္ ငွက္ကို သတ္ၿပီး ခ်က္စားရမယ္လုိ႔ ေျပာလုိက္မိတာနဲ႔ တစ္ျပိဳင္တည္း…
“မလုပ္ပါနဲ႕ ကၽြႏု္ပ္အသက္ကို ခ်မ္းသာေပးပါ” လုိ႕ လူလုိ ေျပာလုိက္ေတာ့ ပညာရွိၾကီးက အံ့ၾသသြားတာေပါ့..။ ျပီးေတာ့ “သင္က လူလို စကားေျပာတတ္တယ္၊ ဟုတ္လား”

“ဟုတ္ပါတယ္၊ ကၽြႏု္ပ္ဟာ သာမန္ငွက္ မဟုတ္ပါဘူူး၊ ငွက္ေလာကမွာေတာ့ ပညာရွိ တစ္ဆူပါပဲ။ သင္နဲ႔ အေပးအယူ လုပ္ခ်င္ပါတယ္ ။ အသက္ကို ခ်မ္းသာေပးျပီး ျပန္လႊတ္ေပးမယ္ဆုိရင္ တစ္သက္လံုး လုိက္နာရေလာက္ေအာင္ တန္ဖိုးရွိတဲ့ စကားသံံုးခြန္းကို ေျပာျပပါမယ္”

ပညာရွိၾကီးလည္း စိတ္၀င္စားသြားတယ္။ ပညာကို တန္ဖိုးထားသူ ပညာရွိကို ေလးစားတတ္သူ ျဖစ္ေလေတာ့ ခ်က္ခ်င္းပဲ သေဘာတူလိုက္ေလရဲ႕။ စကားသံုးခြန္းကိုသာ ေျပာပါဆိုျပီးေတာ့ ျပန္လြတ္ေပးလုိက္တယ္..။
“ဒါဆို ေသခ်ာမွတ္သားထားပါ။ ပထမတစ္ခြန္းက ဘယ္စကားကိုမဆို ပညာရွိကပဲေျပာေျပာ က်မ္းၾကီးက်မ္းငယ္ အထဲကလို႔ပဲ ေျပာေျပာ ကုိးကြယ္ဆည္းကပ္တဲ့ သူေတြကပဲေျပာေျပာ ယုတ္တိယုတ္တာ မရွိတဲ့စကား မျဖစ္ႏိုင္တဲ့ စကားဆိုရင္ ယံုကို မယံုနဲ႕ …….

ဒုတိယတစ္ခြန္းက ကိုယ္လုပ္ႏိုင္စြမ္း ရွိတဲ့အတိုင္းအတာ အကန္႔အသတ္ကို ကိုယ့္ဖာသာကိုယ္ သိရမယ္ …….
တတိယတစ္ခြန္းက ေကာင္းတယ္လို႔ ဆံုးျဖတ္ျပီး ကိုယ္လုပ္လုိက္တဲ့ အလုပ္ကို ဘယ္ေတာ့မွ ေနာင္တမရနဲ႔။ အဲ႔ဒါဟာ ၀မ္းနည္းေၾကကြဲတာပဲ အဖတ္တင္မယ္။ ဒါပါပဲ”

ပညာ၇ွိၾကီးဟာ စကားၾကီးသံုးခြန္းကို တတြတ္တြတ္ေရရြတ္ရင္း အရမး္ကို ေက်နပ္ေနျပီး သူမ်ားေတြကိုလည္း ေဟာေျပာျပီး အိမ္မွာလည္း စာရြက္နဲ႔ေရးျပီး ကတ္ထားရမယ္လုိ႔ ေတြးေတာကာ ေလွ်ာက္လာေနတုန္းမွာ သူ႕ေရွ႕က သစ္ပင္ထက္ဆီက ရယ္သံသဲ့သဲ့ၾကားလို႔ ေမာ့ၾကည့္လုိက္ေတာ့ သူလႊတ္ေပးလုိက္တဲ့ ငွက္ဟာ သူ႕ ကိုၾကည့္ျပီး ရယ္ေနတာကို ေတြ႕လုိက္ရတယ္။

“ဘာကိုရယ္ေနတာလဲ” လုိ႕လွမး္ေမးလုိက္တယ္။
“သင္ဟာ အင္မတန္မွ မိုက္မဲျပီး ထံုထိုင္းညံ့ဖ်င္းလြန္းလုိ႕သာ ကြ်ႏု္ပ္ကို လႊတ္ေပးလုိက္တာျဖစ္တယ္။ တကယ္ဆုိရင္ ကြ်ႏု္ပ္ရဲ႕ ကိုယ္ခႏၶာတြင္းမွာ အဖိုးအနဂၢ ထိုက္တန္တဲ့ ပတၱျမားလက္စြပ္ တစ္ကြင္းရွိတယ္။ ရလုိ႔ကေတာ့ သင္ဟာ ကမၻာေပၚမွာ အခ်မး္သာဆံုးျဖစ္မွာ မလြဲဘူး။”

အဲဒီစကားကို ၾကားလုိက္တာနဲ႔ပဲ ပိုဆုိးကို ခါးေတာင္းၾကိဳက္ျပီး အပင္ေပၚတတ္ဖို႔ လုပ္ေတာ့တာေပါ့။ ငွက္ကို ဖမ္းဖို႔ အပင္ေပၚကို တတ္သြားတယ္။ သူ႕လက္နဲ႔ မီွလုမွီခင္ျဖစ္ျပီ ဆုိတာနဲ႕ ငွက္ကေလးဟာ ပိုျပီးျမင့္တဲ့ဆီကို ကူးသြားတယ္။ သူက ထပ္တတ္လုိက္ ငွက္ကေလးက အေပၚကို တုိးသြားလိုက္နဲ႕ တျဖည္းျဖည္း သစ္ပင္ထိပ္ဖ်ားကို ေရာက္လာပါေလေရာ။ သစ္ပင္ထိပ္ဖ်ားက အကိုင္းေတြက ေသးသြယ္တဲ့အတြက္ သူ႕ရဲ႕ ကိုယ္အေလးခ်ိန္ကုိ မခံႏိုင္ဘဲ က်ဳိးက်တယ္၊ သူကိုယ္တိုင္ကလညး္ အုိမင္းေနသူျဖစ္လို႔ ၿမဲၿမဲၿမံၿမံ ကိုင္စြဲမထားႏိုင္ဘူး။ ဒါနဲ႕ပဲ ေျမၾကီးေပၚကို ဘုန္းခနဲ ျပဳတ္က်ပါေလေရာ၊ က်ဳိးပဲဒဏ္ရာေတြနဲ႕ ညည္းညဴလဲက်ေနတဲ့ ပညာရွိၾကီးအနားမွာ ငွက္ကေလးက လာနားရင္းေျပာျပတယ္။

“မုိက္မဲလွခ်ည္လား၊ ငွက္တစ္ေကာင္ရဲ႕ ခႏၶာကိုယ္ထဲမွာ ပတၱျမားလက္စြပ္ ရွိတယ္ဆိုတာ ျဖစ္ႏုိင္ပါမလား၊ ဒါေတာင္ မစဥ္းစားတတ္ဘူးလား ၊ ဒါေပမယ့္လညး္ သင္ဟာ ကြ်ႏု္ပ္ကို လူစကား ေျပာတတ္တဲ့ ငွက္ပညာရွိလုိ႔ အထင္ၾကီးျပီး ကၽြႏ္ုပ္ေျပာသမွ် ယုတိၱမရွိတာကို ယံုခဲ့တယ္။
ျပီးေတာ့ သင္ဟာ အိုမင္းမစြမ္းျဖစ္ေနရဲ႕နဲ႕ ကိုယ့္စြမ္းအားရဲ႕ အတိုင္းအဆ အကန္႔အသတ္ကို မသိဘူး။ ေလာဘေဇာတိုက္ျပီး သစ္ပင္ေပၚကို အတင္းတတ္တယ္။
၀မး္ေျမာက္ရမဲ့အစား ေနာက္ဆုံး သင္ဟာ ကြ်ႏု္ပ္ကို လႊတ္ေပးခဲ့တာကို ျပန္ေတြးျပီး ေနာင္တရေနတယ္။
အခုေတာ့ ေၾကကြဲျခင္းနဲ႕ မ်က္ရည္ပဲ အဖတ္တင္ရျပီ မဟုတ္လား။ ကဲ ေနရစ္ခဲ့ေပေတာ့ ” လုိ႔ ေျပာျပီး အေ၀းကို ပ်ံသန္းသြားပါေတာ့တယ္ ။

Via : Forward Mail

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thutazone

#UnicodeVersion#
အကယ်၍သာ……..
သင့်အနေနဲ့ ကောင်းတယ်လို့ယူဆထားတဲ့ အလုပ်တစ်ခုကို လုပ်ပြီးတဲ့နောက်မှာ….. ပညာရှိကြီးတစ်ယောက်က အဲဒီလိုလုပ်တာဟာ မှားယွင်းကြောင်း ကျမ်းကိုးကျမ်းကားနဲ့တကွ ဝေဖန်ထောက်ပြလာခဲ့ရင် သင့်အနေနဲ့ဘယ်လိုခံစားမှာလဲ။
…………….နောင်တရမိမှာလား………။
———————————————————–
တစ်ခါက ပညာရှိကြီးလို့ အများက အသိအမှတ်ပြု အရိုအသေပေးရတဲ့ အဘိုးအို တစ်ယောက်ရှိပါတယ်။ သူဟာ ကျမ်းစာအုပ်ကြီးတွေထဲက အဆိုအမိန့်တွေ၊ အတွေးအခေါ်တွေကို အလွတ် အာဂုံဆောင်နိုင်ယုံတင် မကဘူး သွားလေရာ ယူသွားပြီး လူအများကို ဟောပြောပို့ချနေတဲ့ သူတစ်ဦးပေါ့…။
တစ်နေ့မှာတော့ ရွာတစ်ရွာကို ဟောပြောဖို့လာရင်း ငှက်ခတ်သမားနဲ့တွေ့လို့ ငှက်တစ်ကောင်ကို ဝယ်ခဲ့တယ်…။ အိမ်ရောက်ရင် ငှက်ကို သတ်ပြီး ချက်စားရမယ်လို့ ပြောလိုက်မိတာနဲ့ တစ်ပြိုင်တည်း…
“မလုပ်ပါနဲ့ ကျွနု်ပ်အသက်ကို ချမ်းသာပေးပါ” လို့ လူလို ပြောလိုက်တော့ ပညာရှိကြီးက အံ့သြသွားတာပေါ့..။ ပြီးတော့ “သင်က လူလို စကားပြောတတ်တယ်၊ ဟုတ်လား”

“ဟုတ်ပါတယ်၊ ကျွနု်ပ်ဟာ သာမန်ငှက် မဟုတ်ပါဘူူး၊ ငှက်လောကမှာတော့ ပညာရှိ တစ်ဆူပါပဲ။ သင်နဲ့ အပေးအယူ လုပ်ချင်ပါတယ် ။ အသက်ကို ချမ်းသာပေးပြီး ပြန်လွှတ်ပေးမယ်ဆိုရင် တစ်သက်လုံး လိုက်နာရလောက်အောင် တန်ဖိုးရှိတဲ့ စကားသံုံးခွန်းကို ပြောပြပါမယ်”

ပညာရှိကြီးလည်း စိတ်ဝင်စားသွားတယ်။ ပညာကို တန်ဖိုးထားသူ ပညာရှိကို လေးစားတတ်သူ ဖြစ်လေတော့ ချက်ချင်းပဲ သဘောတူလိုက်လေရဲ့။ စကားသုံးခွန်းကိုသာ ပြောပါဆိုပြီးတော့ ပြန်လွတ်ပေးလိုက်တယ်..။
“ဒါဆို သေချာမှတ်သားထားပါ။ ပထမတစ်ခွန်းက ဘယ်စကားကိုမဆို ပညာရှိကပဲပြောပြော ကျမ်းကြီးကျမ်းငယ် အထဲကလို့ပဲ ပြောပြော ကိုးကွယ်ဆည်းကပ်တဲ့ သူတွေကပဲပြောပြော ယုတ်တိယုတ်တာ မရှိတဲ့စကား မဖြစ်နိုင်တဲ့ စကားဆိုရင် ယုံကို မယုံနဲ့ …….

ဒုတိယတစ်ခွန်းက ကိုယ်လုပ်နိုင်စွမ်း ရှိတဲ့အတိုင်းအတာ အကန့်အသတ်ကို ကိုယ့်ဖာသာကိုယ် သိရမယ် …….
တတိယတစ်ခွန်းက ကောင်းတယ်လို့ ဆုံးဖြတ်ပြီး ကိုယ်လုပ်လိုက်တဲ့ အလုပ်ကို ဘယ်တော့မှ နောင်တမရနဲ့။ အဲ့ဒါဟာ ဝမ်းနည်းကြေကွဲတာပဲ အဖတ်တင်မယ်။ ဒါပါပဲ”

ပညာ၇ှိကြီးဟာ စကားကြီးသုံးခွန်းကို တတွတ်တွတ်ရေရွတ်ရင်း အရမ်းကို ကျေနပ်နေပြီး သူများတွေကိုလည်း ဟောပြောပြီး အိမ်မှာလည်း စာရွက်နဲ့ရေးပြီး ကတ်ထားရမယ်လို့ တွေးတောကာ လျှောက်လာနေတုန်းမှာ သူ့ရှေ့က သစ်ပင်ထက်ဆီက ရယ်သံသဲ့သဲ့ကြားလို့ မော့ကြည့်လိုက်တော့ သူလွှတ်ပေးလိုက်တဲ့ ငှက်ဟာ သူ့ ကိုကြည့်ပြီး ရယ်နေတာကို တွေ့လိုက်ရတယ်။

“ဘာကိုရယ်နေတာလဲ” လို့လှမ်းမေးလိုက်တယ်။
“သင်ဟာ အင်မတန်မှ မိုက်မဲပြီး ထုံထိုင်းညံ့ဖျင်းလွန်းလို့သာ ကျွနု်ပ်ကို လွှတ်ပေးလိုက်တာဖြစ်တယ်။ တကယ်ဆိုရင် ကျွနု်ပ်ရဲ့ ကိုယ်ခန္ဓာတွင်းမှာ အဖိုးအနဂ္ဂ ထိုက်တန်တဲ့ ပတ္တမြားလက်စွပ် တစ်ကွင်းရှိတယ်။ ရလို့ကတော့ သင်ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်မှာ မလွဲဘူး။”

အဲဒီစကားကို ကြားလိုက်တာနဲ့ပဲ ပိုဆိုးကို ခါးတောင်းကြိုက်ပြီး အပင်ပေါ်တတ်ဖို့ လုပ်တော့တာပေါ့။ ငှက်ကို ဖမ်းဖို့ အပင်ပေါ်ကို တတ်သွားတယ်။ သူ့လက်နဲ့ မှီလုမှီခင်ဖြစ်ပြီ ဆိုတာနဲ့ ငှက်ကလေးဟာ ပိုပြီးမြင့်တဲ့ဆီကို ကူးသွားတယ်။ သူက ထပ်တတ်လိုက် ငှက်ကလေးက အပေါ်ကို တိုးသွားလိုက်နဲ့ တဖြည်းဖြည်း သစ်ပင်ထိပ်ဖျားကို ရောက်လာပါလေရော။ သစ်ပင်ထိပ်ဖျားက အကိုင်းတွေက သေးသွယ်တဲ့အတွက် သူ့ရဲ့ ကိုယ်အလေးချိန်ကို မခံနိုင်ဘဲ ကျိုးကျတယ်၊ သူကိုယ်တိုင်ကလည်း အိုမင်းနေသူဖြစ်လို့ မြဲမြဲမြံမြံ ကိုင်စွဲမထားနိုင်ဘူး။ ဒါနဲ့ပဲ မြေကြီးပေါ်ကို ဘုန်းခနဲ ပြုတ်ကျပါလေရော၊ ကျိုးပဲဒဏ်ရာတွေနဲ့ ညည်းညူလဲကျနေတဲ့ ပညာရှိကြီးအနားမှာ ငှက်ကလေးက လာနားရင်းပြောပြတယ်။

“မိုက်မဲလှချည်လား၊ ငှက်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပတ္တမြားလက်စွပ် ရှိတယ်ဆိုတာ ဖြစ်နိုင်ပါမလား၊ ဒါတောင် မစဉ်းစားတတ်ဘူးလား ၊ ဒါပေမယ့်လည်း သင်ဟာ ကျွနု်ပ်ကို လူစကား ပြောတတ်တဲ့ ငှက်ပညာရှိလို့ အထင်ကြီးပြီး ကျွန်ုပ်ပြောသမျှ ယုတ္တိမရှိတာကို ယုံခဲ့တယ်။
ပြီးတော့ သင်ဟာ အိုမင်းမစွမ်းဖြစ်နေရဲ့နဲ့ ကိုယ့်စွမ်းအားရဲ့ အတိုင်းအဆ အကန့်အသတ်ကို မသိဘူး။ လောဘဇောတိုက်ပြီး သစ်ပင်ပေါ်ကို အတင်းတတ်တယ်။
ဝမ်းမြောက်ရမဲ့အစား နောက်ဆုံး သင်ဟာ ကျွနု်ပ်ကို လွှတ်ပေးခဲ့တာကို ပြန်တွေးပြီး နောင်တရနေတယ်။
အခုတော့ ကြေကွဲခြင်းနဲ့ မျက်ရည်ပဲ အဖတ်တင်ရပြီ မဟုတ်လား။ ကဲ နေရစ်ခဲ့ပေတော့ ” လို့ ပြောပြီး အဝေးကို ပျံသန်းသွားပါတော့တယ် ။

Via : Forward Mail

ဖိုးသူတော် (www.phothutaw.com)
Credit: Thutazone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top