ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရက္လည္ဆြမ္းတရာ းမွာ ပရိတ္ရြတ္ၿပီးမွေရစက္ခ်ျခင္းႏွင့္ ေရစက္ခ်ၿပီးမွ ပရိတ္ရြတ္ျခင္းတြင္ မည္သည့္အယူအဆက မွန္,မမွန္

“အမွတ္(၁)အေျဖကိုေတာ့ သေဘာက်ပါၿပီ၊အမွတ္( ၂) အေျဖကို ဆက္လက္ေျဖဆိုေပးပါဦးဘုရား”

“အမွတ္(၂)ျပႆနာက ရက္လည္ဆြမ္းတရားမွာပရိတ္ရြတ္ၿပီးမွ ေရစက္ခ်ရမွာလား (သို႔မဟုတ္) ေရစက္ခ်ၿပီးမွ ပရိတ္ရြတ္ရမွာလားဆိုတဲ့ျပႆနာေပါ့”

“မွန္ပါတယ္ဘုရား”

“ဒီျပႆနာကို မေျဖမီ ရက္လည္ဆြမ္းေကၽြးတဲ့အယူအဆအနည္းငယ္ေျပာျပဦးမယ္၊ မ် ားေသာအားျဖင့္ ပုထုဇဥ္ေတြဟာ အတၱအယူရွိတဲ့ သူေတြခ်ည္းပဲျဖစ္ၾကတယ္၊အတၱအယူဆိုတာ ငါဟာ ဟိုဘဝက ေသၿပီးဒီဘဝမွာ ျဖစ္တယ္၊ ဒီဘဝကေသၿပီးေနာင္ဘဝမွာ ျဖစ္ဦးမယ္ဆိုတဲ့အယူအဆထဲက (ငါ) ဆိုတဲ့ အယူအဆဟာ အတၱအယူအဆပဲ၊ ဗုဒၶဝါဒအတြင္းမွာ အဝိဇၨာမကင္းေသးသမွ် ဘဝကမကင္းဘူးလိ ု႔ေဟာထားတာ ရွိတယ္၊ ႐ုတ္တရက္ၾကည့္လွ်င္ အတၱအယူအဆႏွင့္တူသလိုလို ျဖစ္ေနေသာ္လည္းဗုဒၶဝါဒကဤဘဝမွ ထိုဘဝျဖစ္တာ ပါေသာ္လည္း ထိုဘဝႏွစ္ခုအတြင္းမွာ (ငါ)ဆိုတဲ့ အတၱ မပါဘူး၊ အခ်ိဳ႕ေသာပုဂၢိဳလ္မ်ားက အဲဒီအတၱကို နတ္ဘုရားက ဖန္ဆင္းထည့္လိုက္တယ္၊ အဲဒီ အတၱ နတ္ဘုရားထံ ျပန္မေရာက္သမွ်ဘဝမ်ားစြာ က်င္လည္တယ္လို႔ ယူဆၾကတယ္။

ေလာကမွာ သတၱဝါေသေသာ္လည္း နတ္ဘုရားထည့္ေပးလုိက္တဲ့အတၱကေတာ့ ေသ႐ိုးမရွိ၊ လူ႔ဘဝက ေသၿပီ းနတ္ျဖစ္လွ်င္ လူ႔ဘဝက အတၱဟာ နတ္ဘဝေရာက္ သြားတယ္၊နတ္ဘဝက စုတိၿပီး ငရဲက်သြားလွ်င္ နတ္ဘဝက အတၱဟာ ငရဲသူထံ ေရာက္သြားတယ္လို႔ ယူဆတတ္ၾကတယ္၊အဲဒီ အတၱကို ျမန္မာလူမ်ိဳးမ်ားကငါလို႔လည္း သံုးတယ္၊လိပ္ျပာေကာင္ ဝိညာဉ္ေကာင္လို႔လည္းသံုးတယ္၊ အဲဒီ ပုဂၢိဳလ္မ်ားငါ, ဝိညာဉ္, လိပ္ျပာလို႔ ယူဆၾကတဲ့ အတၱဟာ လူေသၿပီးတဲ့ေနာက္ေနာက္ဘဝမွာ ခ်က္ခ်င္း မျဖစ္ေသးဘဲ ေသတဲ့ဌာနအနီးအပါးမွာ (ခုနစ္ရက္)ေနရေသးတယ္လို႔ ယူဆတတ္ၾကသတဲ့၊အဲဒီအယူအဆကို (အႏၲရ ဘဝဝါဒီ)လို႔ ေခၚဆိုၾကတယ္ကြယ့္။

ဗုဒၶရဲ႕ဝါဒအတိုင္းဆိုလွ်င္ အဝိဇၨာက်န္ေသးတဲ့သတၱဝါတစ္ဦး ေသလြန္သည္ကို စုတိလို႔ ေခၚတယ္၊ ေနာက္ဘဝ ျဖစ္တာကို ပဋိသေႏၶလို႔ ေခၚတယ္၊ မရဏာသႏၷဝီထိမွာ စုတိၿပီးလွ်င္ ပဋိသေႏၶပဲ၊ စုတိႏွင့္ ပဋိသေႏၶၾကားမွာ ဘာဘဝမွ်မရွိဘူး၊အႏၲရဘဝ မရိွတဲ့အေၾကာင္းကို သၿဂၤ ိဳဟ္ဝီထိမုတ္ မရဏုပၸတိၱအဖြင့္မွာ -“တသိၼံ နိ႐ုဒါၶဝသာေနတႆာနႏၲရေမဝ ”ဆိုတဲ့ စကားအထူးကို ထည့္ထားတယ္၊အဓိပၸာယ္ကထို စုတိစိတ္ခ်ဳပ္လွ်င္ ထိုစုတိစိတ္ အျခားမဲ့မွာ ပဋိသေႏၶစိတ္ကို ျဖစ္ေစသတဲ့၊ စုတိဆိုတဲ့ေသလြန္ၿပီးေနာက္ ၾကားကာလ မရွိေတာ့ဘဲ ေနာက္ဘဝမွာ ခ်က္ခ်င္း ပဋိသေႏၶကို ျဖစ္ေစတယ္ဆိုတဲ့အယူအဆကိုအခ်ိဳ႕ကမႏွစ္သက္ၾကဘူး၊ စုတိႏွင့္ ပဋိသေႏၶအၾကားမွ ာ ဘဝထူးတစ္ခု ရွိေသးတယ္လို႔ ယူဆတတ္ၾကတယ္၊ ေသသူကို ေကၽြးတဲ့ ကုဗၺီထမင္းဆိုတာအမွန္ကေတာ့ ေသေနတဲ့အေလာင္းေကာင္ကို ေကၽြးတာမဟုတ္ဘူး၊ခႏၶာကိုယ္ အစြဲအ လမ္းျဖင့္ အျခားဘဝမွာမျဖစ္ႏိုင္ေသးဘဲ အိမ္မွာကပ္ေနတဲ့ အတၱေခၚတဲ့ လိပ္ျပာေကာင္ကိုေကၽြးတာ ျဖစ္တယ္၊အဲဒီအတၱေခၚတဲ့ လိပ္ျပာေကာင္ဟာ ေသၿပီးတဲ့ေနာက္ အိမ္မွာ(ခုနစ္ရက္) ျဖစ္ေနေသးသတဲ့၊ အဲဒီလိုျဖစ္ေနခိုက္ျမင္ခ်င္တာကို ျမင္ႏိုင္တယ္၊လိုရာကို သြားႏိုင္တယ္လို႔ ယူဆတတ္ၾကေသးတယ္။

ဒီအယူအဆဟာ ဘယ္သူေတြမွာ ရွိတာလဲဆိုေတာ့ ေရွးဟိႏၵဴႀကီးေတြမွာရွိၾကတယ္၊အဲဒီအယူအဆေၾကာင့္ ကြယ္လြန္သူ ဒုတိယဘဝမျဖစ္မီခုနစ္ရက္ အခ်ိန္မွာ ကုသိုလ္ျပဳၿပီးေသသူကိုအမွ်ေပးေဝၾကရတယ္၊ ေရွးဟိႏၵဴႀကီးမ်ားရဲ႕အယူအဆဟာ ဗုဒၶဘာသာအတြင္း ဝင္ေရာက္လာၿပ။ိးလူေသလို႔ခုနစ္ရက္လည္မွာ ဆြမ္းေကၽြးပဲြ ျပဳလုပ္ၾကျခင္းျဖစ္တယ္၊ ယခု ေျပာခဲ့တာက ဆြမ္းေကၽြးရက္လည္းအေၾကာင္းကိုးကြယ့္၊ သူ႔အေမးႏွင့္ေတာ့ မပတ္သက္ေသးပါဘူး၊သူ႔အေမးက ဆြမ္းေကၽြးပြဲမွာ ပရိတ္ရြတ္ၿပီးမွေရစက္ခ်ရမွာလား၊ ဒါမွမဟုတ္ေရစက္ခ်ၿပီးမွ ပရိတ္ရြတ္ရမွာလားကိုးကြယ့္။

လူေသလွ်င္ဆြမ္းေကၽြးတယ္ဆိုတာ ေရွးျဗဟၼဏမ်ားလက္ထက္ကပင္ ရွိေၾကာင္း အဂၤုတၱရ ဒသနိပါတ္ ဇာဏုေႆာဏိသုတ္မွာ ဇာဏုေႆာဏိပုဏၰားႀကီးရဲ႕ ေလွ်ာက္ထားခ်က္ျဖင့္သိသာတယ္၊ေသသူ ၿပိတၱာျဖစ္ခဲ့လွ်င္ ရွင္သူက အမွ်ေဝလို႔ ၿပိတၱာဘဝက ကၽြတ္လြတ္ေၾကာင္းလည္းဇာဏုေႆာဏိသုတ္မွာပဲ ဘုရားေဟာခ်က္ရွိတယ္။

အဲဒီ ဇာဏုေႆာဏိသုတ္အရ ဗုဒၶဘာသာဝင္မ်ား ကြယ္လြန္တဲ့အခါကြယ္လြန္သူ ၿပိတၱာျဖစ္ခဲ့လွ်င္ ၿပိတၱာဘဝက ကၽြတ္လြတ္ေအာင္ကြယ္လြန္သူ ၿပိတၱာမျဖစ္ခ်င္လွ်င္လည္းက်န္ရစ္သူမ်ား ကုသိုလ္ရေအာင္ရယ္လို႔ ဆြမ္းေကၽြးပြဲ ေရစက္ခ်အမွ်ေပးေဝပြဲ ျပဳလုပ္ၾကျခင္းျဖစ္တယ္၊ဒီလို ဆြမ္းေကၽြးေရစက္ခ် အမွ်ေပးေဝတဲ့ပြဲမွာ (တေထဝ သီလ သမၸေႏၷာ၊သေဒါၶ ပုရိသပုဂၢေလာ)ဆိုတဲ့အဂုၤတၱိဳရ္ ပဥၥကနိပါတ္လာတဲ့အတိုင္း သီလရွိသူရဲ႕ေပးလွဴျခငး္ဟာ ျမတ္တယ္ဆိုတဲ့ဘုရားေဟာႏွင့္ညီညြတ္ေအာင္ ေရွးဦးစြာ သီလခံယူၾကတယ္၊ သီလခံယူၿပီးေတာ့ ေရစက္ မခ်မီ အလွဴခံကိုယ္ေတာ္ကအသုဘႏွင့္စပ္တဲ့ တရားေတာ္ကို ေဟာတယ္၊တရားေဟာၿပီးလို႔ အလွဴရွင္ရဲ႕စိတ္ဓာတ္ ၿငိမ္သက္တဲ့အခ်ိန္မွာေရစက္ခ် အမွ်ေပးေဝ ရသကိုးကြယ့္။

သီလခံယူၿပီးလွ်င္ တရားေဟာ ေနာက္ ေရစက္ခ်အမွ်ေဝ ဒီအစီအစဥ္က ေရွး႐ိုးအစီအစဥ္ပဲကြယ့္၊ ေနာက္ေတာ့ တရားေဟာေနရာမွာ အသုဘတရားမေဟာေတာ့ဘဲေမတၱာသုတ္ပရိတ္ေတာ္ ရြတ္ၿပီး ေရစက္ခ်ၾကတယ္၊ေမတၱာသုတ္ပရိတ္ေတာ္ရြတ္တာလည္း တရားေဟာတာပဲေပါ့ေလ၊သို႔ေသာ္လည္းဒီေနရာမွာ အခု ျပႆနာေပၚလာသကိုးကြယ့္၊လူေတြရဲ႕အယူအဆက ပရိတ္ရြတ္တယ္ဆိုတာတေစၧ သရဲကို ေမာင္းထုတ္တယ္လို႔ မွတ္ေနၾကတယ္။

ေဝသာလီျပည္မွာ မိုးေခါင္ၿပီး ငတ္မြတ္ေခါင္းပါးတဲ့ေဘးေၾကာင့္လူေတြ ငတ္ျပတ္ၿပီး ေသၾကတယ္၊လူေသအေလာင္းမ်ား ၿမိဳ႕ျပင္ ပစ္ထားၾကတဲ့အတြက္ အပုပ္နံ႔ေၾကာင့္ၿမိဳ႕တြင္းကို ဘီလူးမ်ား ဝင္ေရာက္ ဖမ္းစားလို႔ ေရာဂါအမ်ိဳးမ်ိဳး ျဖစ္ၿပီးေသၾကျပန္တယ္၊ ဒီအခါမွာ အရွင္အာနႏၵာ ရြတ္ဆုိတဲ့ ရတနသုတ္ပရိတ္ေတာ္ေၾကာင့္ၿမိဳ႕တြင္းကဘီလူးေတြ ထြက္ေျပးၾကၿပီး လူေတြ အနာရာဂါကင္းစင္ၾကေၾကာင္း ခုဒၵကပါဠိ အ႒ကထာကဆိုထားတယ္၊ အဲဒီ အဆုိေၾကာင့္ ပရိတ္ရြတ္လွ်င္ တေစၧ, သရဲ, ဘီလူးမ်ား ထြက္ေျပးၾကတယ္လို႔မွတ္ယူေနၾကတယ္၊အမွန္ကေတာ့ ပရိတ္ရြတ္တာဟာ တေစၧ, သရဲ ကို ေမာင္းထုတ္တာ မဟုတ္ပါဘူး၊ ပရိတ္တရားအတြင္းမွာလညး္မေကာင္းဆုိးဝါးေတြကို ေမာင္းထုတ္တဲ့စကားတစ္လံုးမွ် မပါပါဘူး၊သို႔ေသာ္လည္း မေကာင္းတဲ့တရားႏွင့္ေကာင္းတဲ့တရားဟာ ဘယ္ေသာအခါမွ် အတူေနလို႔ မျဖစ္ဘူး၊ အပူေရာက္လွ်င္ အေအးေပ်ာက္၊ အေအးေရာက္လွ်င္ အပူေပ်ာက္သလိုေကာင္းတဲ့တရားေတာ္မ်ားေရာက္ခဲ့လို႔ မေကာင္းတဲ့တရားရွိသူမ်ားထြက္ေျပးၾကရျခင္းျဖစ္တယ္။

ခုဒၵကပါဌ အ႒ကထာကလာတဲ့ ေမတၱသုတ္အဖြင့္ကိုၾကည့္လွ်င္ ယခင္က ႐ိုင္းစိုင္းေနတဲ့ နတ္ေတြ တေစၧေတြဟာ ေမတၱာသုတ္ စီးျဖန္းၾကတဲ့ ကိုယ္ေတာ္မ်ားအေပၚခ်စ္ခင္ျမတ္ႏိုးၿပီး ဝတ္ႀကီးဝတ္ငယ္ ျပဳလုပ္ၾကေၾကာင္းေဖာ္ျပထားတယ္၊ ဒါေၾကာင္ ေမတၱသုတ္စတဲ့ပရိတ္ေတာ္ဟာ နတ္မိစၧာ, တေစၧ, သရဲမ်ားကို ေမာင္းထုတ္တဲ့တရားမဟုတ္ပါဘူး။

ယခု ရက္လည္းဆြမ္းေကၽြးပြဲဆိုတာ ကြယ္လြန္သူကိုရည္စူးတဲ့ အလွဴျဖစ္တယ္၊ကြယ္လြန္သူ ၿပိတၱာျဖစ္ေနလွ်င္ယခုပြဲမွာ သာဓုေခၚႏိုင္ေအာင္လို႔တမပင္ ဖိတ္ေခၚထားၾကရပါေသးတယ္၊ သူ႔အတြက္ ရည္စူးူတဲ့ အလွဴပြဲမွာ အမွ်ေဝလွ်င္ သာဓုေခၚရန္လာေရာက္တဲ့ ၿပိတၱာ (သို႔မဟုတ္) တေစၧဟာဘယ္သူ႔ကို္မွ်ရန္ျပဳဖို႔ လာတာမဟုတ္တဲ့အတြက္တရားသံၾကား႐ံုနဲ႔ ထြက္ေျပးဖို႔ မလိုပါဘူး၊ ထြက္ေျပးဖို႔ မလိုတဲ့အျပင္ အထူး နားစိုက္ေထာင္ရမည့္အခ်ိန္အခါျဖစ္တယ္၊ဒီအေၾကာင္း သဂါထာဝဂၢ၊ယကၡသံယုတ္ကလာတဲ့ ပိယကၤရသုတ္၊ ပုနဗၺသုကသုတ္မ်ားကိုအက်ဥ္းခ်ဳပ္ ေျပာျပဦးမယ္ကြယ့္”

“မိန္႔ေတာ္မူပါဘုရား”

“အခါတစ္ပါး အရွင္အႏု႐ုဒၶါဟာ သာဝတၳိျပည္ေဇတဝန္ေက်ာင္းေတာ္မွာ သီတင္းသံုးေနစဥ္က မိုးေသာက္ခ်ိန္ ေစာေစာထၿပီးတရားေတာ္ကို သရဇၩာယ္ေနသတဲ့၊ဒီအခ်ိန္မွာ ပိယကၤရအမည္ရွိတဲ့ ဘီလူးငယ္ရဲ႕ မိခင္ဟာ သားငယ္နဲ႔အတူ အစာရွာေဖြရင္း ေဇတဝန္ေက်ာင္းအနီးေရာက္လာတယ္၊အရွင္အႏု႐ုဒၶါရဲ႕ တရားရြတ္သံၾကားေတာ့ ဘီလူးမက ရပ္တန္႔ၿပီး နားစိုက္ေထာင္သတဲ့၊ခရီးသြားရင္းျဗဳန္းခနဲ မိခင္က ရပ္သြားေတာ့ သားပိယကၤရာက ‘မိခင္ - ဘာလုပ္ေနတာလဲ’ လို႔ ေမးသတဲ့၊ဒီေတာ့ ဘီလူးမႀကီးက‘ခ်စ္သားပိယကၤရ-အသံ မျပဳႏွင့္၊ ရဟန္းေတာ္တရားရြတ္ ေနတယ္၊ ငါတို႔ဟာ ဒီတရားရဲ႕ အဓိပၸာယ္ကို သိၿပီး က်င့္ႏိုင္တဲ့ အတြက္ ေျမဖုတ္ဘီလူးဘဝကလြတ္မည္လား မသိႏိုင္ဘူး’လို႔ ေျပာသတဲ့ကြယ့္၊ပုနဗၺသုကသုတ္မွာလည္း-

ပုနဗၺသုကမာတာဘီလူးမဟာ ေဇတဝန္ေက်ာင္းေတာ္အတြင္းရဟန္းမ်ားကို ဘုရားရွင္ တရားေဟာသံၾကားလို႔ ေခတၱရပ္ၿပီးတရားနာေနတုန္း သားျဖစ္သူ ပုနဗၺသုကႏွင့္သမီးျဖစ္သူ ဥတၱရာတို႔က သူ႔အေမ ရပ္ေနရမလားလို႔ေျပာၾကေတာ့ ဘီလူးမႀကီးက “သားတို႔သမီးတို႔ မဆူၾကနဲ႔၊ဘုရားရွင္ တရားေဟာေနတယ္၊ တရားေတာ္ကို ငါတို႔ဟာ ခုမွ ကံေတာ္ကံျငားနားၾကားရတယ္၊ ေလာကမွာ ငါဟာ သားသမီးကိုလည္း ခ်စ္တယ္၊ လင္ကိုလည္းခ်စ္တယ္၊ သားသမီးအခ်စ္လင္အခ်စ္ထက္ တရားေတာ္ကို သာလြန္ၿပီးခ်စ္တယ္၊ဘာေၾကာင့္လဲဆုိေတာ့ တရားေတာ္က ငါ့တု႔ိရဲ႕ဆိုးသြမ္းတဲ့ဘဝကို ကၽြတ္လြတ္ေစလို႔ပဲ”လို႔ ေျပာသတဲ့ကြယ္။

ပိယကၤရာမတာတို႔ ပုနဗၺသုကမာတာတို႔ ဆိုတာေတြဟာေျမဖုတ္ဘီလူးေတြပဲ၊ေျမဖုတ္ဘီလူးဆိုတာ အခု လူေတြေျပာေနၾကတဲ့ တေစၲၧ, သရဲ, ၿပိတၱာမ်ိဳးေတြပဲ၊ သူတို႔ကၽြတ္ခြင့္ႀကံဳခ်င္ေတာ့တရားေတာ္ကို မေၾကာက္ဘူး၊ တရားေတာ္ကို ခ်စ္တယ္၊ ရက္လည္ဆြမ္းသြတ္ပြဲမွာ ေဟာတဲ့ပရိတ္တရားေတာ္ဟာလည္းကြယ္လြန္သူအတြက္ ေၾကာက္စရာမဟုတ္ဘူး၊ ခ်စ္စရာသာ ျဖစ္တယ္၊ဒါေၾကာင့္ ပရိတ္ရြတ္ ပရိတ္နာၿပီးမွေရစက္ခ်အမွ်ေဝေပးေသာ္လည္း ကြယ္လြန္သူ ၿပိတၱာျဖစ္ေစကာမူထြက္ေျပးရန္ မလိုတဲ့အတြက္ တစ္စံုတစ္ရာ အျပစ္မျဖစ္ပါဘူးလို႔ ေျဖၾကားလိုက္ပါတယ္ကြယ္”

“သာဓု - သာဓု -သာဓု”

***ဆက္ရန္*** ယေန႔ဗုဒၶဝါဒဆိုင္ရာ အေမးအေျဖမ်ား- အမွတ္စဥ္(၁၄၄) - ေညာင္ပင္ျပႆနာ

***ေကာက္ႏုတ္ခ်က္*** ႏိုင္ငံေတာ္ ၾသဝါဒါစရိယ၊ ျမန္မာစာၾသဝါဒါစရိယ အဂၢမဟာသဒၶမေဇာတိကဓဇ ဘဒၵႏၲေဒဝိႏၵာဓိပတိ (ထီးခ်ိဳင့္ၿမိဳ႕ -တည္ေတာဆရာေတာ္ႀကီး) ယေန႔ဗုဒၶဝါဒဆိုင္ရာ အေမးအေျဖမ်ားအတြဲ(၄) (စာမ်က္မွာ -၁၁၆ ~၁၂၀) မွ ေကာက္ႏုတ္ပူေဇာ္ပါသည္။

ဤအေမး-အေျဖအား ကိုယ္တိုင္ျပန္လည္ေရးသား၍ ထီးခ်ိဳင့္ၿမိဳ႕ - တည္ေတာဆရာေတာ္ဘုရားႀကီး ႏွင့္ တကြ ဆရာ- အရွင္ ေတဇာနႏၵ(Tay Ling) တို႔အား ျပန္လည္ေက်းဇူးျပဳပူေဇာ္အပ္ပါသည္။

(ကပိၸယေမာင္ရဲ)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နနး္ေရွ့သား

#Unicode Version#
ရက်လည်ဆွမ်းတရာ းမှာ ပရိတ်ရွတ်ပြီးမှရေစက်ချခြင်းနှင့် ရေစက်ချပြီးမှ ပရိတ်ရွတ်ခြင်းတွင် မည်သည့်အယူအဆက မှန်,မမှန်

“အမှတ်(၁)အဖြေကိုတော့ သဘောကျပါပြီ၊အမှတ်( ၂) အဖြေကို ဆက်လက်ဖြေဆိုပေးပါဦးဘုရား”

“အမှတ်(၂)ပြဿနာက ရက်လည်ဆွမ်းတရားမှာပရိတ်ရွတ်ပြီးမှ ရေစက်ချရမှာလား (သို့မဟုတ်) ရေစက်ချပြီးမှ ပရိတ်ရွတ်ရမှာလားဆိုတဲ့ပြဿနာပေါ့”

“မှန်ပါတယ်ဘုရား”

“ဒီပြဿနာကို မဖြေမီ ရက်လည်ဆွမ်းကျွေးတဲ့အယူအဆအနည်းငယ်ပြောပြဦးမယ်၊ မျ ားသောအားဖြင့် ပုထုဇဉ်တွေဟာ အတ္တအယူရှိတဲ့ သူတွေချည်းပဲဖြစ်ကြတယ်၊အတ္တအယူဆိုတာ ငါဟာ ဟိုဘဝက သေပြီးဒီဘဝမှာ ဖြစ်တယ်၊ ဒီဘဝကသေပြီးနောင်ဘဝမှာ ဖြစ်ဦးမယ်ဆိုတဲ့အယူအဆထဲက (ငါ) ဆိုတဲ့ အယူအဆဟာ အတ္တအယူအဆပဲ၊ ဗုဒ္ဓဝါဒအတွင်းမှာ အဝိဇ္ဇာမကင်းသေးသမျှ ဘဝကမကင်းဘူးလိ ု့ဟောထားတာ ရှိတယ်၊ ရုတ်တရက်ကြည့်လျှင် အတ္တအယူအဆနှင့်တူသလိုလို ဖြစ်နေသော်လည်းဗုဒ္ဓဝါဒကဤဘဝမှ ထိုဘဝဖြစ်တာ ပါသော်လည်း ထိုဘဝနှစ်ခုအတွင်းမှာ (ငါ)ဆိုတဲ့ အတ္တ မပါဘူး၊ အချို့သောပုဂ္ဂိုလ်များက အဲဒီအတ္တကို နတ်ဘုရားက ဖန်ဆင်းထည့်လိုက်တယ်၊ အဲဒီ အတ္တ နတ်ဘုရားထံ ပြန်မရောက်သမျှဘဝများစွာ ကျင်လည်တယ်လို့ ယူဆကြတယ်။

လောကမှာ သတ္တဝါသေသော်လည်း နတ်ဘုရားထည့်ပေးလိုက်တဲ့အတ္တကတော့ သေရိုးမရှိ၊ လူ့ဘဝက သေပြီ းနတ်ဖြစ်လျှင် လူ့ဘဝက အတ္တဟာ နတ်ဘဝရောက် သွားတယ်၊နတ်ဘဝက စုတိပြီး ငရဲကျသွားလျှင် နတ်ဘဝက အတ္တဟာ ငရဲသူထံ ရောက်သွားတယ်လို့ ယူဆတတ်ကြတယ်၊အဲဒီ အတ္တကို မြန်မာလူမျိုးများကငါလို့လည်း သုံးတယ်၊လိပ်ပြာကောင် ဝိညာဉ်ကောင်လို့လည်းသုံးတယ်၊ အဲဒီ ပုဂ္ဂိုလ်များငါ, ဝိညာဉ်, လိပ်ပြာလို့ ယူဆကြတဲ့ အတ္တဟာ လူသေပြီးတဲ့နောက်နောက်ဘဝမှာ ချက်ချင်း မဖြစ်သေးဘဲ သေတဲ့ဌာနအနီးအပါးမှာ (ခုနစ်ရက်)နေရသေးတယ်လို့ ယူဆတတ်ကြသတဲ့၊အဲဒီအယူအဆကို (အန္တရ ဘဝဝါဒီ)လို့ ခေါ်ဆိုကြတယ်ကွယ့်။

ဗုဒ္ဓရဲ့ဝါဒအတိုင်းဆိုလျှင် အဝိဇ္ဇာကျန်သေးတဲ့သတ္တဝါတစ်ဦး သေလွန်သည်ကို စုတိလို့ ခေါ်တယ်၊ နောက်ဘဝ ဖြစ်တာကို ပဋိသန္ဓေလို့ ခေါ်တယ်၊ မရဏာသန္နဝီထိမှာ စုတိပြီးလျှင် ပဋိသန္ဓေပဲ၊ စုတိနှင့် ပဋိသန္ဓေကြားမှာ ဘာဘဝမျှမရှိဘူး၊အန္တရဘဝ မရှိတဲ့အကြောင်းကို သင်္ဂြ ိုဟ်ဝီထိမုတ် မရဏုပ္ပတ္တိအဖွင့်မှာ -“တသ္မိံ နိရုဒါ္ဓဝသာနေတဿာနန္တရမေဝ ”ဆိုတဲ့ စကားအထူးကို ထည့်ထားတယ်၊အဓိပ္ပာယ်ကထို စုတိစိတ်ချုပ်လျှင် ထိုစုတိစိတ် အခြားမဲ့မှာ ပဋိသန္ဓေစိတ်ကို ဖြစ်စေသတဲ့၊ စုတိဆိုတဲ့သေလွန်ပြီးနောက် ကြားကာလ မရှိတော့ဘဲ နောက်ဘဝမှာ ချက်ချင်း ပဋိသန္ဓေကို ဖြစ်စေတယ်ဆိုတဲ့အယူအဆကိုအချို့ကမနှစ်သက်ကြဘူး၊ စုတိနှင့် ပဋိသန္ဓေအကြားမှ ာ ဘဝထူးတစ်ခု ရှိသေးတယ်လို့ ယူဆတတ်ကြတယ်၊ သေသူကို ကျွေးတဲ့ ကုဗ္ဗီထမင်းဆိုတာအမှန်ကတော့ သေနေတဲ့အလောင်းကောင်ကို ကျွေးတာမဟုတ်ဘူး၊ခန္ဓာကိုယ် အစွဲအ လမ်းဖြင့် အခြားဘဝမှာမဖြစ်နိုင်သေးဘဲ အိမ်မှာကပ်နေတဲ့ အတ္တခေါ်တဲ့ လိပ်ပြာကောင်ကိုကျွေးတာ ဖြစ်တယ်၊အဲဒီအတ္တခေါ်တဲ့ လိပ်ပြာကောင်ဟာ သေပြီးတဲ့နောက် အိမ်မှာ(ခုနစ်ရက်) ဖြစ်နေသေးသတဲ့၊ အဲဒီလိုဖြစ်နေခိုက်မြင်ချင်တာကို မြင်နိုင်တယ်၊လိုရာကို သွားနိုင်တယ်လို့ ယူဆတတ်ကြသေးတယ်။

ဒီအယူအဆဟာ ဘယ်သူတွေမှာ ရှိတာလဲဆိုတော့ ရှေးဟိန္ဒူကြီးတွေမှာရှိကြတယ်၊အဲဒီအယူအဆကြောင့် ကွယ်လွန်သူ ဒုတိယဘဝမဖြစ်မီခုနစ်ရက် အချိန်မှာ ကုသိုလ်ပြုပြီးသေသူကိုအမျှပေးဝေကြရတယ်၊ ရှေးဟိန္ဒူကြီးများရဲ့အယူအဆဟာ ဗုဒ္ဓဘာသာအတွင်း ဝင်ရောက်လာပြ။ိးလူသေလို့ခုနစ်ရက်လည်မှာ ဆွမ်းကျွေးပွဲ ပြုလုပ်ကြခြင်းဖြစ်တယ်၊ ယခု ပြောခဲ့တာက ဆွမ်းကျွေးရက်လည်းအကြောင်းကိုးကွယ့်၊ သူ့အမေးနှင့်တော့ မပတ်သက်သေးပါဘူး၊သူ့အမေးက ဆွမ်းကျွေးပွဲမှာ ပရိတ်ရွတ်ပြီးမှရေစက်ချရမှာလား၊ ဒါမှမဟုတ်ရေစက်ချပြီးမှ ပရိတ်ရွတ်ရမှာလားကိုးကွယ့်။

လူသေလျှင်ဆွမ်းကျွေးတယ်ဆိုတာ ရှေးဗြဟ္မဏများလက်ထက်ကပင် ရှိကြောင်း အင်္ဂုတ္တရ ဒသနိပါတ် ဇာဏုေဿာဏိသုတ်မှာ ဇာဏုေဿာဏိပုဏ္ဏားကြီးရဲ့ လျှောက်ထားချက်ဖြင့်သိသာတယ်၊သေသူ ပြိတ္တာဖြစ်ခဲ့လျှင် ရှင်သူက အမျှဝေလို့ ပြိတ္တာဘဝက ကျွတ်လွတ်ကြောင်းလည်းဇာဏုေဿာဏိသုတ်မှာပဲ ဘုရားဟောချက်ရှိတယ်။

အဲဒီ ဇာဏုေဿာဏိသုတ်အရ ဗုဒ္ဓဘာသာဝင်များ ကွယ်လွန်တဲ့အခါကွယ်လွန်သူ ပြိတ္တာဖြစ်ခဲ့လျှင် ပြိတ္တာဘဝက ကျွတ်လွတ်အောင်ကွယ်လွန်သူ ပြိတ္တာမဖြစ်ချင်လျှင်လည်းကျန်ရစ်သူများ ကုသိုလ်ရအောင်ရယ်လို့ ဆွမ်းကျွေးပွဲ ရေစက်ချအမျှပေးဝေပွဲ ပြုလုပ်ကြခြင်းဖြစ်တယ်၊ဒီလို ဆွမ်းကျွေးရေစက်ချ အမျှပေးဝေတဲ့ပွဲမှာ (တထေဝ သီလ သမ္ပန္နော၊သဒေါ္ဓ ပုရိသပုဂ္ဂလော)ဆိုတဲ့အဂုၤတ္တိုရ် ပဉ္စကနိပါတ်လာတဲ့အတိုင်း သီလရှိသူရဲ့ပေးလှူခြင်းဟာ မြတ်တယ်ဆိုတဲ့ဘုရားဟောနှင့်ညီညွတ်အောင် ရှေးဦးစွာ သီလခံယူကြတယ်၊ သီလခံယူပြီးတော့ ရေစက် မချမီ အလှူခံကိုယ်တော်ကအသုဘနှင့်စပ်တဲ့ တရားတော်ကို ဟောတယ်၊တရားဟောပြီးလို့ အလှူရှင်ရဲ့စိတ်ဓာတ် ငြိမ်သက်တဲ့အချိန်မှာရေစက်ချ အမျှပေးဝေ ရသကိုးကွယ့်။

သီလခံယူပြီးလျှင် တရားဟော နောက် ရေစက်ချအမျှဝေ ဒီအစီအစဉ်က ရှေးရိုးအစီအစဉ်ပဲကွယ့်၊ နောက်တော့ တရားဟောနေရာမှာ အသုဘတရားမဟောတော့ဘဲမေတ္တာသုတ်ပရိတ်တော် ရွတ်ပြီး ရေစက်ချကြတယ်၊မေတ္တာသုတ်ပရိတ်တော်ရွတ်တာလည်း တရားဟောတာပဲပေါ့လေ၊သို့သော်လည်းဒီနေရာမှာ အခု ပြဿနာပေါ်လာသကိုးကွယ့်၊လူတွေရဲ့အယူအဆက ပရိတ်ရွတ်တယ်ဆိုတာတစ္ဆေ သရဲကို မောင်းထုတ်တယ်လို့ မှတ်နေကြတယ်။

ဝေသာလီပြည်မှာ မိုးခေါင်ပြီး ငတ်မွတ်ခေါင်းပါးတဲ့ဘေးကြောင့်လူတွေ ငတ်ပြတ်ပြီး သေကြတယ်၊လူသေအလောင်းများ မြို့ပြင် ပစ်ထားကြတဲ့အတွက် အပုပ်နံ့ကြောင့်မြို့တွင်းကို ဘီလူးများ ဝင်ရောက် ဖမ်းစားလို့ ရောဂါအမျိုးမျိုး ဖြစ်ပြီးသေကြပြန်တယ်၊ ဒီအခါမှာ အရှင်အာနန္ဒာ ရွတ်ဆိုတဲ့ ရတနသုတ်ပရိတ်တော်ကြောင့်မြို့တွင်းကဘီလူးတွေ ထွက်ပြေးကြပြီး လူတွေ အနာရာဂါကင်းစင်ကြကြောင်း ခုဒ္ဒကပါဠိ အဋ္ဌကထာကဆိုထားတယ်၊ အဲဒီ အဆိုကြောင့် ပရိတ်ရွတ်လျှင် တစ္ဆေ, သရဲ, ဘီလူးများ ထွက်ပြေးကြတယ်လို့မှတ်ယူနေကြတယ်၊အမှန်ကတော့ ပရိတ်ရွတ်တာဟာ တစ္ဆေ, သရဲ ကို မောင်းထုတ်တာ မဟုတ်ပါဘူး၊ ပရိတ်တရားအတွင်းမှာလည်းမကောင်းဆိုးဝါးတွေကို မောင်းထုတ်တဲ့စကားတစ်လုံးမျှ မပါပါဘူး၊သို့သော်လည်း မကောင်းတဲ့တရားနှင့်ကောင်းတဲ့တရားဟာ ဘယ်သောအခါမျှ အတူနေလို့ မဖြစ်ဘူး၊ အပူရောက်လျှင် အအေးပျောက်၊ အအေးရောက်လျှင် အပူပျောက်သလိုကောင်းတဲ့တရားတော်များရောက်ခဲ့လို့ မကောင်းတဲ့တရားရှိသူများထွက်ပြေးကြရခြင်းဖြစ်တယ်။

ခုဒ္ဒကပါဌ အဋ္ဌကထာကလာတဲ့ မေတ္တသုတ်အဖွင့်ကိုကြည့်လျှင် ယခင်က ရိုင်းစိုင်းနေတဲ့ နတ်တွေ တစ္ဆေတွေဟာ မေတ္တာသုတ် စီးဖြန်းကြတဲ့ ကိုယ်တော်များအပေါ်ချစ်ခင်မြတ်နိုးပြီး ဝတ်ကြီးဝတ်ငယ် ပြုလုပ်ကြကြောင်းဖော်ပြထားတယ်၊ ဒါကြောင် မေတ္တသုတ်စတဲ့ပရိတ်တော်ဟာ နတ်မိစ္ဆာ, တစ္ဆေ, သရဲများကို မောင်းထုတ်တဲ့တရားမဟုတ်ပါဘူး။

ယခု ရက်လည်းဆွမ်းကျွေးပွဲဆိုတာ ကွယ်လွန်သူကိုရည်စူးတဲ့ အလှူဖြစ်တယ်၊ကွယ်လွန်သူ ပြိတ္တာဖြစ်နေလျှင်ယခုပွဲမှာ သာဓုခေါ်နိုင်အောင်လို့တမပင် ဖိတ်ခေါ်ထားကြရပါသေးတယ်၊ သူ့အတွက် ရည်စူးူတဲ့ အလှူပွဲမှာ အမျှဝေလျှင် သာဓုခေါ်ရန်လာရောက်တဲ့ ပြိတ္တာ (သို့မဟုတ်) တစ္ဆေဟာဘယ်သူ့ကိုမျှရန်ပြုဖို့ လာတာမဟုတ်တဲ့အတွက်တရားသံကြားရုံနဲ့ ထွက်ပြေးဖို့ မလိုပါဘူး၊ ထွက်ပြေးဖို့ မလိုတဲ့အပြင် အထူး နားစိုက်ထောင်ရမည့်အချိန်အခါဖြစ်တယ်၊ဒီအကြောင်း သဂါထာဝဂ္ဂ၊ယက္ခသံယုတ်ကလာတဲ့ ပိယင်္ကရသုတ်၊ ပုနဗ္ဗသုကသုတ်များကိုအကျဉ်းချုပ် ပြောပြဦးမယ်ကွယ့်”

“မိန့်တော်မူပါဘုရား”

“အခါတစ်ပါး အရှင်အနုရုဒ္ဓါဟာ သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေစဉ်က မိုးသောက်ချိန် စောစောထပြီးတရားတော်ကို သရဇ္ဈာယ်နေသတဲ့၊ဒီအချိန်မှာ ပိယင်္ကရအမည်ရှိတဲ့ ဘီလူးငယ်ရဲ့ မိခင်ဟာ သားငယ်နဲ့အတူ အစာရှာဖွေရင်း ဇေတဝန်ကျောင်းအနီးရောက်လာတယ်၊အရှင်အနုရုဒ္ဓါရဲ့ တရားရွတ်သံကြားတော့ ဘီလူးမက ရပ်တန့်ပြီး နားစိုက်ထောင်သတဲ့၊ခရီးသွားရင်းဗြုန်းခနဲ မိခင်က ရပ်သွားတော့ သားပိယင်္ကရာက ‘မိခင် - ဘာလုပ်နေတာလဲ’ လို့ မေးသတဲ့၊ဒီတော့ ဘီလူးမကြီးက‘ချစ်သားပိယင်္ကရ-အသံ မပြုနှင့်၊ ရဟန်းတော်တရားရွတ် နေတယ်၊ ငါတို့ဟာ ဒီတရားရဲ့ အဓိပ္ပာယ်ကို သိပြီး ကျင့်နိုင်တဲ့ အတွက် မြေဖုတ်ဘီလူးဘဝကလွတ်မည်လား မသိနိုင်ဘူး’လို့ ပြောသတဲ့ကွယ့်၊ပုနဗ္ဗသုကသုတ်မှာလည်း-

ပုနဗ္ဗသုကမာတာဘီလူးမဟာ ဇေတဝန်ကျောင်းတော်အတွင်းရဟန်းများကို ဘုရားရှင် တရားဟောသံကြားလို့ ခေတ္တရပ်ပြီးတရားနာနေတုန်း သားဖြစ်သူ ပုနဗ္ဗသုကနှင့်သမီးဖြစ်သူ ဥတ္တရာတို့က သူ့အမေ ရပ်နေရမလားလို့ပြောကြတော့ ဘီလူးမကြီးက “သားတို့သမီးတို့ မဆူကြနဲ့၊ဘုရားရှင် တရားဟောနေတယ်၊ တရားတော်ကို ငါတို့ဟာ ခုမှ ကံတော်ကံငြားနားကြားရတယ်၊ လောကမှာ ငါဟာ သားသမီးကိုလည်း ချစ်တယ်၊ လင်ကိုလည်းချစ်တယ်၊ သားသမီးအချစ်လင်အချစ်ထက် တရားတော်ကို သာလွန်ပြီးချစ်တယ်၊ဘာကြောင့်လဲဆိုတော့ တရားတော်က ငါ့တု့ိရဲ့ဆိုးသွမ်းတဲ့ဘဝကို ကျွတ်လွတ်စေလို့ပဲ”လို့ ပြောသတဲ့ကွယ်။

ပိယင်္ကရာမတာတို့ ပုနဗ္ဗသုကမာတာတို့ ဆိုတာတွေဟာမြေဖုတ်ဘီလူးတွေပဲ၊မြေဖုတ်ဘီလူးဆိုတာ အခု လူတွေပြောနေကြတဲ့ တစ္တေ္ဆ, သရဲ, ပြိတ္တာမျိုးတွေပဲ၊ သူတို့ကျွတ်ခွင့်ကြုံချင်တော့တရားတော်ကို မကြောက်ဘူး၊ တရားတော်ကို ချစ်တယ်၊ ရက်လည်ဆွမ်းသွတ်ပွဲမှာ ဟောတဲ့ပရိတ်တရားတော်ဟာလည်းကွယ်လွန်သူအတွက် ကြောက်စရာမဟုတ်ဘူး၊ ချစ်စရာသာ ဖြစ်တယ်၊ဒါကြောင့် ပရိတ်ရွတ် ပရိတ်နာပြီးမှရေစက်ချအမျှဝေပေးသော်လည်း ကွယ်လွန်သူ ပြိတ္တာဖြစ်စေကာမူထွက်ပြေးရန် မလိုတဲ့အတွက် တစ်စုံတစ်ရာ အပြစ်မဖြစ်ပါဘူးလို့ ဖြေကြားလိုက်ပါတယ်ကွယ်”

“သာဓု - သာဓု -သာဓု”

***ဆက်ရန်*** ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ- အမှတ်စဉ်(၁၄၄) - ညောင်ပင်ပြဿနာ

***ကောက်နုတ်ချက်*** နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ -တည်တောဆရာတော်ကြီး) ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများအတွဲ(၄) (စာမျက်မှာ -၁၁၆ ~၁၂၀) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤအမေး-အဖြေအား ကိုယ်တိုင်ပြန်လည်ရေးသား၍ ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ ဆရာ- အရှင် တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

(ကပ္ပိယမောင်ရဲ)

ဖိုးသူတော် (www.phothutaw.com)
Credit: နန်းရှေ့သား
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top