လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

မ်က္လံုးေအာက္ဖက္နားမွာက မ်က္အိတ္ေတြ ေဖာင္းတာ၊တြဲတာဟာ သင့္မ်က္နွာကို ၾကည့္ရဆိုးေစျပီး ဆြဲေဆာင္မႈေလ်ာ့နည္းေစပါတယ္ ။ ဆာဂ်ရီလုပ္ျပီး ကုသမယ္ဆိုရင္လည္း ကုန္က်စရိတ္က မ်ားျပားလြန္းပါတယ္ ။ စိတ္မပူပါနဲ႕ ..ဒီလိုမ်က္အိတ္တြဲတာအတြက္ ပိုက္ဆံမကုန္ဘဲ ကုသလို႔ရတဲ့ အလြယ္နည္းလမ္းေလးေတြ ရွိပါတယ္ ။

၁။အိပ္ေရးဝဝအိပ္ပါ
ဒီလို မ်က္အိပ္တြဲတာ ၊ေဖာင္းတာမ်ိဳးေတြ ျဖစ္ရျခင္းရဲ႕ အေၾကာင္းအရင္းထဲမွာ အိပ္ေရးပ်က္ျခင္း ၊ အိပ္ခ်ိန္နည္းပါးျခင္းေၾကာင့္လည္း ျဖစ္ပါတယ္ ။ ဒီနည္းလမ္းကေတာ့ ပိုက္ဆံတျပားမွ ကုန္စရာမလိုဘဲ ထိေရာက္တဲ့ နညး္လမး္တစ္ခုပဲ ျဖစ္ပါတယ္။ တစ္ေန႔ကို အိပ္ခ်ိန္ ၇နာရီ မွ ၈နာရီထိ ထားရွိေပးပါ။

၂။Tea bags ျဖင့္ကုသနိုင္
Image result for get-rid-of-puffy-eyes
တစ္ခါသံုး လက္ဖက္ရည္ထုပ္ေလးေတြကို ေသာက္ျပီးတဲ့အခါ မလႊင္ပစ္လိုက္ပါနဲ႕ ။ ဒီလိုသံုးျပီးသား လက္ဖက္ရည္ထုပ္ေလးက သင့္ရဲ႕ မ်က္လံုးအလွအတြက္ မ်ားစြာ အက်ိဳးေက်းဇူးေတြရွိပါတယ္။ ဒီလိုအသံုးျပဳျပီးသား ကဖင္းဓါတ္ပါဝင္တဲ့ လက္ဖက္ေျခာက္အိတ္ေလးေတြဟာ မ်က္အိတ္တြဲျခင္း ၊ မ်က္တြင္းနက္ျခင္းေတြကို သက္သာေပ်ာက္ကင္းေစနို္င္ပါတယ္ ။ ေရေႏြးထဲ အနည္းဆံုး ၅မိနစ္ၾကာေအာင္ စိမ္ျပီးေသာ လက္ဖက္ရည္ထုပ္ နွစ္ခုကို ယူျပီး ေရခဲေသတၱာထဲသို႔ ေအးသြားေအာင္ မိနစ္အနည္းငယ္ခန္႔ ထည့္ထားေပးပါ ။ ထို႔ေနာက္ လက္ဖက္ရည္ထုတ္တစ္ထုပ္စီကို မ်က္လံုးတစ္ဖက္စီမွာ ၅မိနစ္ၾကာ အုပ္ေပးထားပါ။ ဒါဆိုရင္ေတာ့ သင့္ရဲ႕မ်က္လံုးဟာ ၾကည္လင္မႈကိုခံစားရျပီး ညိဳမည္းမႈကင္းကာ မ်က္အိတ္တြဲတာကို သက္သာေစလာမွာပါ ။ ပံုမွန္ျပဳလုပ္ေပးဖို႔ေတာ့ လုိပါတယ္။

၃။သခြားသီးျဖင့္ကပ္နည္း
ပံုမွန္ အသားအေရထိန္းသိမ္းသလို သခြားသီးကိုခပ္ပါးပါးလွီးျပီး မ်က္နွာမွာ ကပ္သကဲ့သို႔ မ်က္လံုးေပၚကိုလည္း ကပ္ေပးပါ ။ ဒီလိုကပ္ေပးတာက မ်က္ကြင္းညိဳတာေတြကိုလည္း သက္သာေစျပီး မ်က္အိတ္ေဖာင္းတာကိုလည္း တေျဖးေျဖး ေလ်ာ့နည္း သက္သာလာေစမွာပါ ။ ဒါ့အျပင္ ဒီလို သခြားသီးကပ္တဲ့ နည္းလမ္းေလးက မ်က္လံုးေညာင္းညာျခင္းကိုလည္း သက္သာေစျပီး မ်က္လုံးက်န္းမာေရးအတြက္လည္း ျပဳလုပ္သင့္တဲ့ နည္းလမ္းေလး ျဖစ္ပါတယ္ ။
၄။အငန္ေလွ်ာ့စားပါ
ဆားမွာပါဝင္တဲ့ ဆိုဒီယမ္က သင့္မ်က္လံုးေအာက္မွာ မ်က္အိတ္ေတြကို ျဖစ္ေပၚလာေစနိုင္တာကို ေလ့လာေတြ႕ရွိရပါတယ္ ။ ဒါ့ေၾကာင့္ မ်က္အိတ္တြဲတဲ့သူေတြအေနနဲ႕ ဆားကို ေလွ်ာ့စားဖို႔ လိုပါတယ္ ။

၄။ေဆးလိပ္မေသာက္ပါနွင့္
စီးကရက္ ေဆးလိပ္ေသာက္သံုးျခင္းက မ်က္ကြင္းေတြကို ညိဳမည္းေစျပီး မ်က္လံုးတဝိုက္ အေရျပားေနရာေတြကို ပ်က္စီးေစပါတယ္ ။ ဒါ့ေၾကာင့္ ေဆးလိပ္ေသာက္တတ္တယ္ဆိုရင္ေတာ့ ေဆးလိပ္ျဖတ္နိုင္ေအာင္ ၾကိဳးစားဖို႔ လိုပါမယ္။

၅။ေရမ်ားမ်ားေသာက္ပါ။
ေရကေတာ့ ျဖစ္နိုင္လွ်င္ မ်ားမ်ားသာေသာက္ေပးပါ ။ ေရမ်ားမ်ားေသာက္လို႔ ဆိုးက်ိဳးမရွိပါဘူး ။ ေရဓါတ္နည္းျခင္းက သင့္ရဲ႕က်န္းမာေရး ၊ အေရျပားအတြက္ ဆိုးက်ိဳးေတြသာ ရွိနိုင္မွာပါ ။ ဒါ့အျပင္ မ်က္အိတ္တြဲရျခင္းဟာလည္း ေရဓါတ္နည္းလွ်င္ ျဖစ္နိင္ပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN(ေရႊအင္းေလး)

#Unicode Version#
မျက်လုံးအောက်ဖက်နားမှာက မျက်အိတ်တွေ ဖောင်းတာ၊တွဲတာဟာ သင့်မျက်နှာကို ကြည့်ရဆိုးစေပြီး ဆွဲဆောင်မှုလျော့နည်းစေပါတယ် ။ ဆာဂျရီလုပ်ပြီး ကုသမယ်ဆိုရင်လည်း ကုန်ကျစရိတ်က များပြားလွန်းပါတယ် ။ စိတ်မပူပါနဲ့ ..ဒီလိုမျက်အိတ်တွဲတာအတွက် ပိုက်ဆံမကုန်ဘဲ ကုသလို့ရတဲ့ အလွယ်နည်းလမ်းလေးတွေ ရှိပါတယ် ။

၁။အိပ်ရေးဝဝအိပ်ပါ
ဒီလို မျက်အိပ်တွဲတာ ၊ဖောင်းတာမျိုးတွေ ဖြစ်ရခြင်းရဲ့ အကြောင်းအရင်းထဲမှာ အိပ်ရေးပျက်ခြင်း ၊ အိပ်ချိန်နည်းပါးခြင်းကြောင့်လည်း ဖြစ်ပါတယ် ။ ဒီနည်းလမ်းကတော့ ပိုက်ဆံတပြားမှ ကုန်စရာမလိုဘဲ ထိရောက်တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ တစ်နေ့ကို အိပ်ချိန် ၇နာရီ မှ ၈နာရီထိ ထားရှိပေးပါ။

၂။Tea bags ဖြင့်ကုသနိုင်

တစ်ခါသုံး လက်ဖက်ရည်ထုပ်လေးတွေကို သောက်ပြီးတဲ့အခါ မလွှင်ပစ်လိုက်ပါနဲ့ ။ ဒီလိုသုံးပြီးသား လက်ဖက်ရည်ထုပ်လေးက သင့်ရဲ့ မျက်လုံးအလှအတွက် များစွာ အကျိုးကျေးဇူးတွေရှိပါတယ်။ ဒီလိုအသုံးပြုပြီးသား ကဖင်းဓါတ်ပါဝင်တဲ့ လက်ဖက်ခြောက်အိတ်လေးတွေဟာ မျက်အိတ်တွဲခြင်း ၊ မျက်တွင်းနက်ခြင်းတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ် ။ ရေနွေးထဲ အနည်းဆုံး ၅မိနစ်ကြာအောင် စိမ်ပြီးသော လက်ဖက်ရည်ထုပ် နှစ်ခုကို ယူပြီး ရေခဲသေတ္တာထဲသို့ အေးသွားအောင် မိနစ်အနည်းငယ်ခန့် ထည့်ထားပေးပါ ။ ထို့နောက် လက်ဖက်ရည်ထုတ်တစ်ထုပ်စီကို မျက်လုံးတစ်ဖက်စီမှာ ၅မိနစ်ကြာ အုပ်ပေးထားပါ။ ဒါဆိုရင်တော့ သင့်ရဲ့မျက်လုံးဟာ ကြည်လင်မှုကိုခံစားရပြီး ညိုမည်းမှုကင်းကာ မျက်အိတ်တွဲတာကို သက်သာစေလာမှာပါ ။ ပုံမှန်ပြုလုပ်ပေးဖို့တော့ လိုပါတယ်။

၃။သခွားသီးဖြင့်ကပ်နည်း
ပုံမှန် အသားအရေထိန်းသိမ်းသလို သခွားသီးကိုခပ်ပါးပါးလှီးပြီး မျက်နှာမှာ ကပ်သကဲ့သို့ မျက်လုံးပေါ်ကိုလည်း ကပ်ပေးပါ ။ ဒီလိုကပ်ပေးတာက မျက်ကွင်းညိုတာတွေကိုလည်း သက်သာစေပြီး မျက်အိတ်ဖောင်းတာကိုလည်း တဖြေးဖြေး လျော့နည်း သက်သာလာစေမှာပါ ။ ဒါ့အပြင် ဒီလို သခွားသီးကပ်တဲ့ နည်းလမ်းလေးက မျက်လုံးညောင်းညာခြင်းကိုလည်း သက်သာစေပြီး မျက်လုံးကျန်းမာရေးအတွက်လည်း ပြုလုပ်သင့်တဲ့ နည်းလမ်းလေး ဖြစ်ပါတယ် ။
၄။အငန်လျှော့စားပါ
ဆားမှာပါဝင်တဲ့ ဆိုဒီယမ်က သင့်မျက်လုံးအောက်မှာ မျက်အိတ်တွေကို ဖြစ်ပေါ်လာစေနိုင်တာကို လေ့လာတွေ့ရှိရပါတယ် ။ ဒါ့ကြောင့် မျက်အိတ်တွဲတဲ့သူတွေအနေနဲ့ ဆားကို လျှော့စားဖို့ လိုပါတယ် ။

၄။ဆေးလိပ်မသောက်ပါနှင့်
စီးကရက် ဆေးလိပ်သောက်သုံးခြင်းက မျက်ကွင်းတွေကို ညိုမည်းစေပြီး မျက်လုံးတဝိုက် အရေပြားနေရာတွေကို ပျက်စီးစေပါတယ် ။ ဒါ့ကြောင့် ဆေးလိပ်သောက်တတ်တယ်ဆိုရင်တော့ ဆေးလိပ်ဖြတ်နိုင်အောင် ကြိုးစားဖို့ လိုပါမယ်။

၅။ရေများများသောက်ပါ။
ရေကတော့ ဖြစ်နိုင်လျှင် များများသာသောက်ပေးပါ ။ ရေများများသောက်လို့ ဆိုးကျိုးမရှိပါဘူး ။ ရေဓါတ်နည်းခြင်းက သင့်ရဲ့ကျန်းမာရေး ၊ အရေပြားအတွက် ဆိုးကျိုးတွေသာ ရှိနိုင်မှာပါ ။ ဒါ့အပြင် မျက်အိတ်တွဲရခြင်းဟာလည်း ရေဓါတ်နည်းလျှင် ဖြစ်နိင်ပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN(ရွှေအင်းလေး)


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top