သိပ္ေကာင္းတဲ့စာေလး.။မ်က္ရည္က်ေအာင္ခံစားရပါတယ္။ ဖတ္ၾကည့္ပါ ...

က်ေနာ့္ရဲ႕ ခ်စ္ဇနီးေလး
————————-

က်ေနာ့္အမ်ိဳးသမီးေလးက ခ်စ္စရာေလးပါ… က်ေနာ္ဘယ္ေရာက္ေနေန သူအဲဒီေနရာအထိေရာက္ေအာင္ကိုေမးတတ္တယ္…
က်ေနာ္ကေတာ့ စိတ္ရႈပ္လာတယ္… သူကေတာ့ ဒါေလးကို မပင္ပန္းတဲ့အျပင္ ေပ်ာ္ေမြ႔ေနတတ္တယ္…

ဒါေပမဲ့ သူ အဲဒီ မိုးအႀကီးအက်ယ္ရြာတဲ့ညတစ္ညမွာ ထာ၀ရေပ်ာက္ကြယ္သြားခဲ့ပါတယ္…
မဂၤလာေဆာင္တဲ့ေန႔က က်ေနာ့္ အမ်ိဳးသမီးက က်ေနာ့္ကို လက္ကိုင္ဖုန္းအသစ္တစ္လံုး လက္ေဆာင္ေပးတယ္…
အဲဒီညက က်ေနာ္တို႔ႏွစ္ေယာက္ အိပ္ယာထဲမွာ ဖုန္းကို ကလိေနတယ္… ဖုန္းျမည္သံ ကိုအမ်ိဳးမ်ိဳးေျပာင္းၿပီး စမ္းၾကည့္ေနၾကတယ္…

အဲဒီအခ်ိန္တုန္းက က်ေနာ္တို႔ ရဲ႕အခ်စ္ဟာ ဖုန္းျမည္တဲ့အသံလိုဘဲ နား၀င္ခ်ိဳေနတယ္… နားေထာင္လို႔ေကာင္းေနတယ္… ေမွ်ာ္လင့္ခ်က္ေတြနဲ႔စိတ္ကူးေတြ ဖုန္းလြမ္းေနတယ္…
ေနာက္ပိုင္းမွာေတ့ာ သူခဏခဏဖုန္းဆက္လာတယ္…

“ေယာက်ာ္းေရ… ရံုးဆင္းရင္ အိမ္ေစာေစာျပန္ခဲ့ေနာ္…”
“ေယာက်္ားေရ ရွင့္ကို သတိရတယ္… ရွင့္ကိုခ်စ္တယ္…”
“ေယာက်ာ္းေရ ညက်ရင္ အျပင္မွာ အတူတူသြာစားရေအာင္ေလ…”
က်ေနာ့္စိတ္ထဲမွာ ေတာ့ အရမ္းကို ေႏြးေထြးေစတယ္ဗ်…
တစ္ေခါက္က က်ေနာ္ဖုန္းအားသြင္းဖို႔ေမ့သြားတယ္… ေနာက္ အလုပ္ကိစၥနဲ႔ စားပြဲေသာက္ပြဲေတြရွိေတာ့ ညသန္းေခါင္ေလာက္မွ အိမ္ျပန္ေရာက္တယ္…
အိမ္တံခါးကို တြန္းဖြင့္လိုက္တဲ့အခ်ိန္ ေတြ႕ရတာကေတာ့ မ်က္လံုးေတြနီရဲေဖာင္းအစ္ေအာင္ ငိုထားတဲ့ က်ေနာ့္ မိန္းမရဲ႕ မ်က္လံုးေတြပါ…
က်ေနာ္ ရံုးဆင္းၿပီးကတည္းက သူက နာရီ၀က္တစ္ခါ ဖုန္းေခၚေနပါတယ္…
က်ေနာ္ အျပင္မွာ တစ္ခုခုမ်ားျဖစ္ေနၿပီလား လို႕စိတ္ပူေနရွာတာပါ…
က်ေနာ္ အိမ္တံခါးကို တြန္းဖြင့္လိုက္ေတာ့မွ သူလက္ထဲက ဖုန္းခြက္ကိုခ်လိုက္တာပါ…

က်ေနာ္ သူဒီလို ကိစၥအေသးေလးကို ပံုႀကီးခ်ဲ႕ၿပီးလုပ္ေနတာကို ဘ၀င္မက်ဘူး…
“ကေလးေလးမွ မဟုတ္ေတာ့တာ… အျပင္မွာ ဘာျဖစ္ႏိုင္မွာမို႔လို႔လဲ?”
အိမ္ေထာင္က်ၿပီးေနာက္ပိုင္း အခ်ိန္ေတြဟာ အရမ္းကုန္ျမန္တယ္…
က်ေနာ္လဲ ရာထူးေတြတိုးလို႔ ပိုက္ဆံလဲ နည္းနည္းပါးပါးစုမိေနၿပီ…
ဖုန္းကို လဲလိုက္တာလဲ ေတာ္ေတာ္မ်ားေနၿပီ… ေနာက္ဆံုးေပၚေတြဘဲ…
က်ေနာ္လဲ က်ေနာ့္မိန္းမနဲ႔ အျမဲတမ္း စာအျပန္အလွန္ပို႔ေလ့ရွိတယ္…
လက္ကိုင္ဖုန္းဟာ တကယ့္ကို အသံုး၀င္တဲ့ လူသားေတြကို အက်ိဳးျပဴတဲ့ တီထြင္မႈတစ္ရပ္လို႔ထင္ခဲ့ပါတယ္…

တစ္ညမွာ က်ေနာ္ က်ေနာ့္သူငယ္ခ်င္းအိမ္မွာ ၀ိုင္းေကာင္းေနတုန္း သူ႔ဆီကေန ဖုန္း၀င္လာတယ္…
“ရွင္ဘယ္မွာလဲ… အိမ္မျပန္ေသးဘူးလား?”
“ကို သူငယ္ခ်င္းအိမ္မွာ ၀ိုင္းေကာင္းေနတယ္…”
“ဘယ္ေတာ့ျပန္လာမွာလဲ?”
“ခဏေနေလာက္ေပါ့…”
ေသာက္စား ေနၾကတုန္း ဖုန္းသံက ခဏခဏ ျမည္ေနတယ္…
အျပင္မွာ မိုးကလဲ အႀကီးအက်ယ္ ရြာခ်ေနတယ္… ဖုန္းသံက ျမည္ျပန္ၿပီ…
“ေတာ္ေတာ္ရႈပ္တာဘဲ… သူငယ္ခ်င္းအိမ္မွာ ပါဆို… မိုးဒီေလာက္ရြာေနတာ ဘယ္လိုျပန္ရမွာလဲ?”
“အခုဘယ္နားမွာလဲ… လာႀကိဳမယ္ေလ…”
“မလိုဘူး…”

သူငယ္ခ်င္းေတြက က်ေနာ့္ကို ပ်က္ရယ္ျပဳလာၾကၿပီ… စိတ္တိုတိုနဲ႔ ဖုန္းကို ပိတ္ပစ္လိုက္တယ္…
မိုးလင္းၿပီ… ေလးလံတဲ့ခႏၶာကိုယ္ကို သယ္ၿပီး အိမ္ျပန္လာခဲ့တယ္…
မထင္မွတ္ထားတာက အိမ္တံခါးက ေသာ့ခတ္ထားတယ္… တံခါးဘယ္ေလာက္ေခါက္ေခါက္ အထဲက ဘာတုန္႔ျပန္မႈမွ မလာဘူး…
အဲဒီအခ်ိန္မွာ ဖုန္းသံျမည္လာတယ္…
ေယာက္ခမဆီကပါ…

“သူ မေန႔ညက စက္ဘီးစီးၿပီး ထီးယူၿပီးေတာ့ မိုးရြာေနတာကိုမေရွာင္ဘဲ မင္း သူငယ္ခ်င္းအိမ္ကိုသြားခဲ့တယ္… သူ႔ဆီကို တိုက္ရိုက္ဦးတည္လာတဲ့ ကားကိုေရွာင္လိုက္တာ… ေဆာက္လုပ္ေရးက ေဖာက္ထားတဲ့ေျမာင္းထဲက်သြားတယ္… သူ ျပန္မႏိုးလာေတာ့ဘူး…”

က်ေနာ္ရုတ္တရက္ ထူပူသြားတယ္… ေျမႀကီးေပၚကို ထိုင္ခ်မိလိုက္တယ္…
ဖုန္းကိုဖြင့္ၾကည့္လိုက္ေတာ့ မဖတ္ရေသးတဲ့စာတစ္ေစာင္၀င္ေနတယ္…
“ရွင္ေမ့ေနၿပီေနာ္… ဒီေန႕ဟာ ငါတို႔ရဲ႕မဂၤလာေဆာင္ႏွစ္ပတ္လည္ေန႔ေလ…
ရွင့္ကိုလာေခၚမယ္… ေလွ်ာက္မသြားနဲ႔ေတာ့ေနာ္… ထီးယူလာခဲ့မယ္…”

သူကေတာ့ ေလာကၾကီးကေနထြက္သြားပါၿပီ… က်ေနာ့္ကိုလာရွာတဲ့လမ္းမွာပါ…
သူထာ၀ရ ျပန္မႏိုးလာတတ္ေတာ့ပါဘူး…
က်ေနာ္ စာကိုထပ္ခါထပ္ခါဖတ္ေနမိတယ္… မ်က္ရည္ေတြက အဆက္မပ်က္ပါဘဲ…
အဲဒီညမွာ က်ေနာ္ ေလာကတစ္ခုလံုးကို အရႈံေပးခဲ့လိုက္ရပါတယ္…

ေရးသူ = HZ Zane
ပ်ိဳေမတို့ကမၻာ

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Mitta Online Service




#Unicode Version#
သိပ်ကောင်းတဲ့စာလေး.။မျက်ရည်ကျအောင်ခံစားရပါတယ်။ ဖတ်ကြည့်ပါ ...

ကျနော့်ရဲ့ ချစ်ဇနီးလေး
————————-

ကျနော့်အမျိုးသမီးလေးက ချစ်စရာလေးပါ… ကျနော်ဘယ်ရောက်နေနေ သူအဲဒီနေရာအထိရောက်အောင်ကိုမေးတတ်တယ်…
ကျနော်ကတော့ စိတ်ရှုပ်လာတယ်… သူကတော့ ဒါလေးကို မပင်ပန်းတဲ့အပြင် ပျော်မွေ့နေတတ်တယ်…

ဒါပေမဲ့ သူ အဲဒီ မိုးအကြီးအကျယ်ရွာတဲ့ညတစ်ညမှာ ထာဝရပျောက်ကွယ်သွားခဲ့ပါတယ်…
မင်္ဂလာဆောင်တဲ့နေ့က ကျနော့် အမျိုးသမီးက ကျနော့်ကို လက်ကိုင်ဖုန်းအသစ်တစ်လုံး လက်ဆောင်ပေးတယ်…
အဲဒီညက ကျနော်တို့နှစ်ယောက် အိပ်ယာထဲမှာ ဖုန်းကို ကလိနေတယ်… ဖုန်းမြည်သံ ကိုအမျိုးမျိုးပြောင်းပြီး စမ်းကြည့်နေကြတယ်…

အဲဒီအချိန်တုန်းက ကျနော်တို့ ရဲ့အချစ်ဟာ ဖုန်းမြည်တဲ့အသံလိုဘဲ နားဝင်ချိုနေတယ်… နားထောင်လို့ကောင်းနေတယ်… မျှော်လင့်ချက်တွေနဲ့စိတ်ကူးတွေ ဖုန်းလွမ်းနေတယ်…
နောက်ပိုင်းမှာတေ့ာ သူခဏခဏဖုန်းဆက်လာတယ်…

“ယောကျာ်းရေ… ရုံးဆင်းရင် အိမ်စောစောပြန်ခဲ့နော်…”
“ယောကျ်ားရေ ရှင့်ကို သတိရတယ်… ရှင့်ကိုချစ်တယ်…”
“ယောကျာ်းရေ ညကျရင် အပြင်မှာ အတူတူသွာစားရအောင်လေ…”
ကျနော့်စိတ်ထဲမှာ တော့ အရမ်းကို နွေးထွေးစေတယ်ဗျ…
တစ်ခေါက်က ကျနော်ဖုန်းအားသွင်းဖို့မေ့သွားတယ်… နောက် အလုပ်ကိစ္စနဲ့ စားပွဲသောက်ပွဲတွေရှိတော့ ညသန်းခေါင်လောက်မှ အိမ်ပြန်ရောက်တယ်…
အိမ်တံခါးကို တွန်းဖွင့်လိုက်တဲ့အချိန် တွေ့ရတာကတော့ မျက်လုံးတွေနီရဲဖောင်းအစ်အောင် ငိုထားတဲ့ ကျနော့် မိန်းမရဲ့ မျက်လုံးတွေပါ…
ကျနော် ရုံးဆင်းပြီးကတည်းက သူက နာရီဝက်တစ်ခါ ဖုန်းခေါ်နေပါတယ်…
ကျနော် အပြင်မှာ တစ်ခုခုများဖြစ်နေပြီလား လို့စိတ်ပူနေရှာတာပါ…
ကျနော် အိမ်တံခါးကို တွန်းဖွင့်လိုက်တော့မှ သူလက်ထဲက ဖုန်းခွက်ကိုချလိုက်တာပါ…

ကျနော် သူဒီလို ကိစ္စအသေးလေးကို ပုံကြီးချဲ့ပြီးလုပ်နေတာကို ဘဝင်မကျဘူး…
“ကလေးလေးမှ မဟုတ်တော့တာ… အပြင်မှာ ဘာဖြစ်နိုင်မှာမို့လို့လဲ?”
အိမ်ထောင်ကျပြီးနောက်ပိုင်း အချိန်တွေဟာ အရမ်းကုန်မြန်တယ်…
ကျနော်လဲ ရာထူးတွေတိုးလို့ ပိုက်ဆံလဲ နည်းနည်းပါးပါးစုမိနေပြီ…
ဖုန်းကို လဲလိုက်တာလဲ တော်တော်များနေပြီ… နောက်ဆုံးပေါ်တွေဘဲ…
ကျနော်လဲ ကျနော့်မိန်းမနဲ့ အမြဲတမ်း စာအပြန်အလှန်ပို့လေ့ရှိတယ်…
လက်ကိုင်ဖုန်းဟာ တကယ့်ကို အသုံးဝင်တဲ့ လူသားတွေကို အကျိုးပြူတဲ့ တီထွင်မှုတစ်ရပ်လို့ထင်ခဲ့ပါတယ်…

တစ်ညမှာ ကျနော် ကျနော့်သူငယ်ချင်းအိမ်မှာ ဝိုင်းကောင်းနေတုန်း သူ့ဆီကနေ ဖုန်းဝင်လာတယ်…
“ရှင်ဘယ်မှာလဲ… အိမ်မပြန်သေးဘူးလား?”
“ကို သူငယ်ချင်းအိမ်မှာ ဝိုင်းကောင်းနေတယ်…”
“ဘယ်တော့ပြန်လာမှာလဲ?”
“ခဏနေလောက်ပေါ့…”
သောက်စား နေကြတုန်း ဖုန်းသံက ခဏခဏ မြည်နေတယ်…
အပြင်မှာ မိုးကလဲ အကြီးအကျယ် ရွာချနေတယ်… ဖုန်းသံက မြည်ပြန်ပြီ…
“တော်တော်ရှုပ်တာဘဲ… သူငယ်ချင်းအိမ်မှာ ပါဆို… မိုးဒီလောက်ရွာနေတာ ဘယ်လိုပြန်ရမှာလဲ?”
“အခုဘယ်နားမှာလဲ… လာကြိုမယ်လေ…”
“မလိုဘူး…”

သူငယ်ချင်းတွေက ကျနော့်ကို ပျက်ရယ်ပြုလာကြပြီ… စိတ်တိုတိုနဲ့ ဖုန်းကို ပိတ်ပစ်လိုက်တယ်…
မိုးလင်းပြီ… လေးလံတဲ့ခန္ဓာကိုယ်ကို သယ်ပြီး အိမ်ပြန်လာခဲ့တယ်…
မထင်မှတ်ထားတာက အိမ်တံခါးက သော့ခတ်ထားတယ်… တံခါးဘယ်လောက်ခေါက်ခေါက် အထဲက ဘာတုန့်ပြန်မှုမှ မလာဘူး…
အဲဒီအချိန်မှာ ဖုန်းသံမြည်လာတယ်…
ယောက်ခမဆီကပါ…

“သူ မနေ့ညက စက်ဘီးစီးပြီး ထီးယူပြီးတော့ မိုးရွာနေတာကိုမရှောင်ဘဲ မင်း သူငယ်ချင်းအိမ်ကိုသွားခဲ့တယ်… သူ့ဆီကို တိုက်ရိုက်ဦးတည်လာတဲ့ ကားကိုရှောင်လိုက်တာ… ဆောက်လုပ်ရေးက ဖောက်ထားတဲ့မြောင်းထဲကျသွားတယ်… သူ ပြန်မနိုးလာတော့ဘူး…”

ကျနော်ရုတ်တရက် ထူပူသွားတယ်… မြေကြီးပေါ်ကို ထိုင်ချမိလိုက်တယ်…
ဖုန်းကိုဖွင့်ကြည့်လိုက်တော့ မဖတ်ရသေးတဲ့စာတစ်စောင်ဝင်နေတယ်…
“ရှင်မေ့နေပြီနော်… ဒီနေ့ဟာ ငါတို့ရဲ့မင်္ဂလာဆောင်နှစ်ပတ်လည်နေ့လေ…
ရှင့်ကိုလာခေါ်မယ်… လျှောက်မသွားနဲ့တော့နော်… ထီးယူလာခဲ့မယ်…”

သူကတော့ လောကကြီးကနေထွက်သွားပါပြီ… ကျနော့်ကိုလာရှာတဲ့လမ်းမှာပါ…
သူထာဝရ ပြန်မနိုးလာတတ်တော့ပါဘူး…
ကျနော် စာကိုထပ်ခါထပ်ခါဖတ်နေမိတယ်… မျက်ရည်တွေက အဆက်မပျက်ပါဘဲ…
အဲဒီညမှာ ကျနော် လောကတစ်ခုလုံးကို အရှုံပေးခဲ့လိုက်ရပါတယ်…

ရေးသူ = HZ Zane
ပျိုမေတို့ကမ္ဘာ



ဖိုးသူတော် (www.phothutaw.com)
Credit:  Mitta Online Service

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top