ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေဈးကြက္အတြင္းေရာင္းခ်ေနေသာ ဖုန္းဟန္းဆက္မ်ားကို ျပသထားစဥ္ (ဓာတ္ပံု − လင္းဘိုဘို/အီးပီေအ)
ဖုန္းဟန္းဆက္ေရာင္းသူမ်ားထံမွ ကုန္သြယ္ခြန္ အျပည့္အ၀ရရွိလိုသျဖင့္ ေရာင္းခ်သည့္ဟန္းဆက္တိုင္းတြင္ အခြန္တံဆိပ္ ေခါင္းကပ္သည့္စနစ္ က်င့္သံုးမည္ဟု ျပည္တြင္းအခြန္မ်ားဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္းထြဋ္က ေျပာသည္။

ဟန္းဆက္၀ယ္ယူသူမ်ားထံမွ ဟန္းဆက္တန္ဖိုး၏ ၅ ရာခုိင္နွဳန္းကို ကုန္သြယ္ခြန္အျဖစ္ ထပ္မံေကာက္ခံမည္
ဟူေသာ သတင္း မွားယြင္းေၾကာင္း၊ ကုန္သြယ္ခြန္ကို ၁၉၉၀ ကတည္းက ေကာက္ခံခဲ့ၿပီး တံဆိပ္ေခါင္း
ကပ္ခုိင္းျခင္းမွာ အခြန္အျပည့္အ၀ရရွိလိုသည့္ အတြက္သာျဖစ္ေၾကာင္း ဦးမင္းထြဋ္က ေျပာသည္။

ဟန္းဆက္ေစ်းကြက္အတြင္း အခြန္ေပးေဆာင္ျခင္းမရွိဘဲ တင္သြင္းေရာင္းခ်ေနသည့္ဟန္းဆက္အေရအတြက္ အလြန္ မ်ားျပားေနသျဖင့္ အခြန္ေပး ေဆာင္တင္သြင္းသည့္ ဟန္းဆက္ ေစ်းကြက္သည္ ထိခိုက္နစ္နာမႈ မ်ားရွိေနသည္။

ဟန္းဆက္ တံဆိပ္ေခါင္း ကပ္၍ ေရာင္းခ်ျခင္းသည္ အခြန္ ေပးေဆာင္ထားသည့္ ဟန္းဆက္မ်ားအတြက္ အခက္အခဲမရွိႏုိင္ ေသာ္လည္း အခြန္ေပးေဆာင္ ထားျခင္းမရွိသည့္ ဟန္းဆက္မ်ား ေရာင္းခ်ရာတြင္ အခက္အခဲတစ္ ခုျဖစ္ေစႏုိင္ေၾကာင္း Samsung မွ ေျပာေရးဆိုခြင့္ရွိသူ ကိုဇာနည္ ၀င္းထက္က ေျပာသည္။

လက္ရွိအခ်ိန္တြင္ ၿမိဳ႕နယ္ မ်ားအလုိက္ ဟန္းဆက္အေရာင္း ဆိုင္မ်ားကို အခြန္ဦးစီးဌာနက ေခၚယူေတြ႕ဆံုၿပီး လစဥ္ေရာင္းခ် ရသည့္ ဟန္းဆက္အေရအတြက္ အလိုက္ တံဆိပ္ေခါင္းမ်ားရယူရန္ ၫႊန္ၾကားခဲ့သည္။

‘‘အရက္ေစ်းကြက္လိုျဖစ္ လာမွာပဲ ကၽြန္ေတာ္တို႔က ေၾကာက္တာ။ ေဆာင္တဲ့လူက ေဆာင္၊ မေဆာင္တဲ့လူက မ ေဆာင္ဆုိရင္ ေဆာင္ေနတဲ့ကၽြန္ ေတာ္တုိ႔က လမ္းေဘးေရာက္ သြားမွာ’’ဟု Unique ဟန္းဆက္ အေရာင္းဆိုင္ မန္ေနဂ်င္းဒါ႐ိုက္ တာ ကိုေက်ာ္ဆန္းဦးက ေျပာ သည္။

လက္ရွိအခ်ိန္၌ ဟန္းဆက္ မ်ားကို တ႐ုတ္ႏုိင္ငံလမ္းေၾကာင္း မွ တင္သြင္းရာတြင္ အခြန္စုစု ေပါင္း ၁၂ ရာခုိင္ႏႈန္း၀န္းက်င္ ေပးေဆာင္ေနရေၾကာင္း၊ ၂၀၁၈ ၌ ဟန္းဆက္တင္သြင္းျခင္းအ တြက္ အခြန္အခ်ိဳ႕ ေလ်ာ့က်လာ မည္ဟု ခန္႔မွန္းထားေၾကာင္း ဟန္းဆက္တင္သြင္းေရာင္းခ်သူ မ်ားက ေျပာသည္။

ဟန္းဆက္ေရာင္းခ်ရာတြင္ အခြန္တံဆိပ္ေခါင္းကပ္ရမည္ဟူ ေသာ စည္းကမ္းခ်က္ေၾကာင့္ အ ခြန္ေပးေဆာင္ျခင္းမရွိဘဲ တင္ သြင္းလာသည့္ ဟန္းဆက္မ်ားအ ေနျဖင့္ ေစ်းကြက္အတြင္း ေစ်း ႏႈန္းေလွ်ာ့ခ်ယွဥ္ၿပိဳင္ျခင္းကို လုပ္ ေဆာင္ႏုိင္မည္မဟုတ္ေတာ့ေပ။ ‘‘ယခုဘ႑ာႏွစ္အတြင္း တံဆိပ္ ေခါင္းကပ္ႏုိင္ေအာင္ လုပ္ေနပါ တယ္’’ဟု ဦးမင္းထြဋ္က ေျပာ သည္။

ျပည္တြင္းမွ တယ္လီဖုန္း ကိရိယာႏွင့္ ဆက္စပ္ပစၥည္းမ်ား ေရာင္း၀ယ္ခြင့္လိုင္စင္ႏွင့္ စမ္း သပ္ျပသခြင့္ လုိင္စင္ရရွိသူ ၁၄၅ ဦးရွိၿပီး ေျခာက္ႏွစ္အတြင္း မိုဘိုင္း ဟန္းဆက္ အလံုးေရ ၁၇ သန္း ေက်ာ္ တင္သြင္းခဲ့ေၾကာင္း စီမံ ကိန္းႏွင့္ ဘ႑ာေရးက ထုတ္ျပန္ ထားသည္။

ေျခာက္ႏွစ္အတြင္း တယ္လီ ကြန္းေအာ္ပေရတာသံုးခုမွ မို ဘုိင္းဆင္းမ္ကတ္ ၈၇ သန္းေက်ာ္ ေရာင္းခ်ခဲ့ေသာ္လည္း တရား၀င္ တင္သြင္းခဲ့သည့္ ဟန္းဆက္အ ေရအတြက္သည္ ၁၇ သန္းေက်ာ္ သာရွိခဲ့သည္။ ၂၀၁၆-၁၇ ဘ႑ာ ႏွစ္ မိုဘုိင္းဖုန္းေရာင္းခ်ျခင္းလုပ္ငန္း ကုန္သြယ္လုပ္ငန္းခြန္ က်ပ္ ၁၄၈၈ ဒသမ ၂၆၈ ရရွိခဲ့ၿပီး ၂၀၁၅ စာရင္းဇယားအရ တရား ၀င္ခြင့္ျပဳခ်က္ျဖင့္ ေရာင္းခ်ေန သည့္ ဟန္းဆက္တံဆိပ္ ၁၀ ခု ခန္႔သာရွိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ဈေးကွက်အတွင်းရောင်းချနေသော ဖုန်းဟန်းဆက်များကို ပြသထားစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)

ဖုန်းဟန်းဆက်ရောင်းသူများထံမှ ကုန်သွယ်ခွန်အပြည့် အဝရရှိလိုသဖြင့် ရောင်းချသည့်ဟန်းဆက်တိုင်းတွင် အခွန်တံဆိပ် ခေါင်းကပ်သည့်စနစ် ကျင့်သုံးမည်ဟု ပြည်တွင်းအခွန်များဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

ဟန်းဆက်ဝယ်ယူသူများထံမှ ဟန်းဆက်တန်ဖိုး၏ ၅ ရာခိုင် နှုန်းကို ကုန်သွယ်ခွန်အဖြစ် ထပ်မံကောက်ခံမည်ဟူသော သတင်း မှားယွင်းကြောင်း၊ ကုန်သွယ်ခွန်ကို ၁၉၉၀ ကတည်းက ကောက်ခံ ခဲ့ပြီး တံဆိပ်ခေါင်းကပ်ခိုင်းခြင်းမှာ အခွန်အပြည့်အဝရရှိလိုသည့် အတွက်သာဖြစ်ကြောင်း ဦးမင်းထွဋ်က ပြောသည်။

ဟန်းဆက်ဈေးကွက်အတွင်း အခွန်ပေးဆောင်ခြင်းမရှိဘဲ တင်သွင်းရောင်းချနေသည့်

ဟန်းဆက်အရေအတွက် အလွန် များပြားနေသဖြင့် အခွန်ပေး ဆောင်တင်သွင်းသည့် ဟန်းဆက် ဈေးကွက်သည် ထိခိုက်နစ်နာမှု များရှိနေသည်။

ဟန်းဆက် တံဆိပ်ခေါင်း ကပ်၍ ရောင်းချခြင်းသည် အခွန် ပေးဆောင်ထားသည့် ဟန်းဆက် များအတွက် အခက်အခဲမရှိနိုင် သော်လည်း အခွန်ပေးဆောင် ထားခြင်းမရှိသည့် ဟန်းဆက်များ ရောင်းချရာတွင် အခက်အခဲတစ် ခုဖြစ်စေနိုင်ကြောင်း Samsung မှ ပြောရေးဆိုခွင့်ရှိသူ ကိုဇာနည် ဝင်းထက်က ပြောသည်။

လက်ရှိအချိန်တွင် မြို့နယ် များအလိုက် ဟန်းဆက်အရောင်း ဆိုင်များကို အခွန်ဦးစီးဌာနက ခေါ်ယူတွေ့ဆုံပြီး လစဉ်ရောင်းချ ရသည့် ဟန်းဆက်အရေအတွက် အလိုက် တံဆိပ်ခေါင်းများရယူရန် ညွှန်ကြားခဲ့သည်။

‘‘အရက်ဈေးကွက်လိုဖြစ် လာမှာပဲ ကျွန်တော်တို့က ကြောက်တာ။ ဆောင်တဲ့လူက ဆောင်၊ မဆောင်တဲ့လူက မ ဆောင်ဆိုရင် ဆောင်နေတဲ့ကျွန် တော်တို့က လမ်းဘေးရောက် သွားမှာ’’ဟု Unique ဟန်းဆက် အရောင်းဆိုင် မန်နေဂျင်းဒါရိုက် တာ ကိုကျော်ဆန်းဦးက ပြော သည်။

လက်ရှိအချိန်၌ ဟန်းဆက် များကို တရုတ်နိုင်ငံလမ်းကြောင်း မှ တင်သွင်းရာတွင် အခွန်စုစု ပေါင်း ၁၂ ရာခိုင်နှုန်းဝန်းကျင် ပေးဆောင်နေရကြောင်း၊ ၂၀၁၈ ၌ ဟန်းဆက်တင်သွင်းခြင်းအ တွက် အခွန်အချို့ လျော့ကျလာ မည်ဟု ခန့်မှန်းထားကြောင်း ဟန်းဆက်တင်သွင်းရောင်းချသူ များက ပြောသည်။

ဟန်းဆက်ရောင်းချရာတွင် အခွန်တံဆိပ်ခေါင်းကပ်ရမည်ဟူ သော စည်းကမ်းချက်ကြောင့် အ ခွန်ပေးဆောင်ခြင်းမရှိဘဲ တင် သွင်းလာသည့် ဟန်းဆက်များအ နေဖြင့် ဈေးကွက်အတွင်း ဈေး နှုန်းလျှော့ချယှဉ်ပြိုင်ခြင်းကို လုပ် ဆောင်နိုင်မည်မဟုတ်တော့ပေ။ ‘‘ယခုဘဏ္ဍာနှစ်အတွင်း တံဆိပ် ခေါင်းကပ်နိုင်အောင် လုပ်နေပါ တယ်’’ဟု ဦးမင်းထွဋ်က ပြော သည်။

ပြည်တွင်းမှ တယ်လီဖုန်း ကိရိယာနှင့် ဆက်စပ်ပစ္စည်းများ ရောင်းဝယ်ခွင့်လိုင်စင်နှင့် စမ်း သပ်ပြသခွင့် လိုင်စင်ရရှိသူ ၁၄၅ ဦးရှိပြီး ခြောက်နှစ်အတွင်း မိုဘိုင်း ဟန်းဆက် အလုံးရေ ၁၇ သန်း ကျော် တင်သွင်းခဲ့ကြောင်း စီမံ ကိန်းနှင့် ဘဏ္ဍာရေးက ထုတ်ပြန် ထားသည်။

ခြောက်နှစ်အတွင်း တယ်လီ ကွန်းအော်ပရေတာသုံးခုမှ မို ဘိုင်းဆင်းမ်ကတ် ၈၇ သန်းကျော် ရောင်းချခဲ့သော်လည်း တရားဝင် တင်သွင်းခဲ့သည့် ဟန်းဆက်အ ရေအတွက်သည် ၁၇ သန်းကျော် သာရှိခဲ့သည်။ ၂၀၁၆-၁၇ ဘဏ္ဍာ နှစ် မိုဘိုင်းဖုန်းရောင်းချခြင်းလုပ်ငန်း ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၄၈၈ ဒသမ ၂၆၈ ရရှိခဲ့ပြီး ၂၀၁၅ စာရင်းဇယားအရ တရား ဝင်ခွင့်ပြုချက်ဖြင့် ရောင်းချနေ သည့် ဟန်းဆက်တံဆိပ် ၁၀ ခု ခန့်သာရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top