ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

တစ္ေန႔တစ္ေန႔ စိတ္ေကာက္လိုက္ ရန္ျဖစ္လိုက္နဲ႔ပဲ အခ်ိန္ကုန္ေနတဲ႔ ခ်စ္သူစံုတြဲေတြအတြက္ အၾကံျပုခ်က္ေလးေတြ ေဖာ္ျပေပးခ်င္ပါတယ္။ တစ္ခါတစ္ေလ ရန္ျဖစ္တာ ျပသနာမဟုတ္ေပမယ့္ ခဏခဏ ရန္ျဖစ္ေနၾကရင္ေတာ့ သင္တို႔ ေရွ႕ေရးက စိုးရိမ္စရာေကာင္းလာပါျပီ။

ျပသနာကို အေကာင္းဆံုး ေျဖရွင္းနုိင္မွသာ နာက်င္စရာေတြ ထပ္ျဖစ္မလာမွာပါ။ သင္တို႔ ခ်စ္သူနွစ္ဦးၾကားမွာ ပိုမိုေကာင္းမြန္တဲ႔ ဆက္ဆံေရးတစ္ခု ရရွိေစဖို႔ ဒီအခ်က္ေလးေတြအတိုင္း လုပ္ေဆာင္လိုက္ပါေနာ္...

၁။ ေဒါသကို ထိန္းပါ။

လူတိုင္းက ေဒါသထြက္တတ္ၾကပါတယ္။ ေဒါသထြက္ေနခ်ိန္မွာ ေျပာမိတဲ႔ စကားေတြက အရမ္းဆိုးဝါးတတ္ပါတယ္။ ေဒါသထြက္ေနရင္ သင့္ခ်စ္သူနဲ႔ စကားမေျပာမိေအာင္ ေနတာ အေကာင္းဆံုးပါပဲ။ စိတ္ေျပသြားတဲ႔ အခ်ိန္က်မွ ေအးေအးေဆးေဆး ျပန္လည္ ေဆြးေႏြးပါ။ သင့္ခ်စ္သူက အရမ္းေဒါသထြက္ေနတယ္ဆိုရင္ သင္က စိတ္ေလွ်ာ့ထားလိုက္ပါ ။ နွစ္ေယာက္ျပိဳင္တူ ေဒါသထြက္တာ အေျခအေနကို ပိုဆိုးသြားေစနိုင္ပါတယ္။

၂။ ဖိအားေတြ မေပးပါနဲ႔။

ေျဖရွင္းခ်က္ေတြကို အဆံုးထိ နားမေထာင္ဘဲ တစ္ခုခ်င္းဆီ လိုက္ျပီး အျပစ္တင္ေနမယ္ဆိုရင္ေတာ့ ျပန္အဆင္ေျပဖို႔ ခက္ခဲသြားပါလိမ့္မယ္။ သူရွင္းျပတာကို ေသခ်ာနားေထာင္ပါ။ ျပီးမွ သင့္သေဘာထားကို ပြင့္ပြင့္လင္းလင္း ေျပာျပပါ။

၃။  ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနပါ။

တစ္ပတ္မွာ တစ္ရက္ေလာက္ ခ်စ္သူအတြက္ အခ်ိန္ေပးပါ။ ခ်စ္သူနဲ႔ အတူ မေရာက္ဖူးတဲ႔ ေနရာေတြကို သြားပါ။ မလုပ္ဖူးေသးတဲ႔ အရာေတြ အတူလုပ္ၾကည့္ပါ။ မစားဖူးေသးတဲ႔ အစားအစာေတြကို အတူစားၾကည့္ပါ။ အခုလို နွစ္ေယာက္သား ၾကည္ၾကည္နူးနူး ေနမယ္ဆိုရင္ ျပသနာေတြၾကားထဲကေန ရုန္းထြက္လာနိုင္မွာ ေသခ်ာပါတယ္။

၄။ မဆိုင္တာေတြ ဆြဲမထည့္ပါနဲ႔။

ျပသနာတစ္ခု ေျဖရွင္းေနစဥ္မွာ မဆိုင္တဲ႔ အေၾကာင္းအရာေတြကို ဆြဲမထည့္သင့္ပါဘူး။ အရင္က မေက်နပ္တာေတြကို စုထားျပီး တစ္ၾကိမ္တည္းမွာ ေပါင္းျပီး ျပသနာရွာတာမ်ိဳး မလုပ္သင့္ပါဘူး။

၅။ ကိုယ္ခ်င္းစာစိတ္ထားပါ။

တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္လြန္းလို႔ေတာင္ ခ်စ္သူေတြ ျဖစ္လာၾကပါျပီ။ အဲေတာ့ ကိုယ္သိပ္ခ်စ္ပါတယ္ဆုိတဲ့ ကိုယ့္ခ်စ္သူအေပၚ မ်က္စိေဒါက္ေထာက္ၾကည့္ၿပီး အျပစ္တင္တာမ်ိဳးေတြ လုပ္တတ္တယ္ဆုိရင္ အဲ့ဒီအက်င့္ေလးကိုျပင္လိုက္ပါ။ ဘယ္သူမဆို ခ်ိဳသာတဲ႔ စကားေလးေတြကိုပဲ ၾကားခ်င္ၾကတာပါ။ အဲေတာ့ ကိုယ့္ခ်စ္သူအေပၚကို ကိုယ္ခ်င္းစာစိတ္ထားျပီး ဆက္ဆံေပးဖို႔ လိုပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နင္ ဂ်ာ ( Love Shop )

#Unicode Version#
တစ်နေ့တစ်နေ့ စိတ်ကောက်လိုက် ရန်ဖြစ်လိုက်နဲ့ပဲ အချိန်ကုန်နေတဲ့ ချစ်သူစုံတွဲတွေအတွက် အကြံပြုချက်လေးတွေ ဖော်ပြပေးချင်ပါတယ်။ တစ်ခါတစ်လေ ရန်ဖြစ်တာ ပြသနာမဟုတ်ပေမယ့် ခဏခဏ ရန်ဖြစ်နေကြရင်တော့ သင်တို့ ရှေ့ရေးက စိုးရိမ်စရာကောင်းလာပါပြီ။

ပြသနာကို အကောင်းဆုံး ဖြေရှင်းနိုင်မှသာ နာကျင်စရာတွေ ထပ်ဖြစ်မလာမှာပါ။ သင်တို့ ချစ်သူနှစ်ဦးကြားမှာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရရှိစေဖို့ ဒီအချက်လေးတွေအတိုင်း လုပ်ဆောင်လိုက်ပါနော်...

၁။ ဒေါသကို ထိန်းပါ။

လူတိုင်းက ဒေါသထွက်တတ်ကြပါတယ်။ ဒေါသထွက်နေချိန်မှာ ပြောမိတဲ့ စကားတွေက အရမ်းဆိုးဝါးတတ်ပါတယ်။ ဒေါသထွက်နေရင် သင့်ချစ်သူနဲ့ စကားမပြောမိအောင် နေတာ အကောင်းဆုံးပါပဲ။ စိတ်ပြေသွားတဲ့ အချိန်ကျမှ အေးအေးဆေးဆေး ပြန်လည် ဆွေးနွေးပါ။ သင့်ချစ်သူက အရမ်းဒေါသထွက်နေတယ်ဆိုရင် သင်က စိတ်လျှော့ထားလိုက်ပါ ။ နှစ်ယောက်ပြိုင်တူ ဒေါသထွက်တာ အခြေအနေကို ပိုဆိုးသွားစေနိုင်ပါတယ်။

၂။ ဖိအားတွေ မပေးပါနဲ့။

ဖြေရှင်းချက်တွေကို အဆုံးထိ နားမထောင်ဘဲ တစ်ခုချင်းဆီ လိုက်ပြီး အပြစ်တင်နေမယ်ဆိုရင်တော့ ပြန်အဆင်ပြေဖို့ ခက်ခဲသွားပါလိမ့်မယ်။ သူရှင်းပြတာကို သေချာနားထောင်ပါ။ ပြီးမှ သင့်သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။

၃။  ပျော်ပျော်ရွှင်ရွှင်နေပါ။

တစ်ပတ်မှာ တစ်ရက်လောက် ချစ်သူအတွက် အချိန်ပေးပါ။ ချစ်သူနဲ့ အတူ မရောက်ဖူးတဲ့ နေရာတွေကို သွားပါ။ မလုပ်ဖူးသေးတဲ့ အရာတွေ အတူလုပ်ကြည့်ပါ။ မစားဖူးသေးတဲ့ အစားအစာတွေကို အတူစားကြည့်ပါ။ အခုလို နှစ်ယောက်သား ကြည်ကြည်နူးနူး နေမယ်ဆိုရင် ပြသနာတွေကြားထဲကနေ ရုန်းထွက်လာနိုင်မှာ သေချာပါတယ်။

၄။ မဆိုင်တာတွေ ဆွဲမထည့်ပါနဲ့။

ပြသနာတစ်ခု ဖြေရှင်းနေစဉ်မှာ မဆိုင်တဲ့ အကြောင်းအရာတွေကို ဆွဲမထည့်သင့်ပါဘူး။ အရင်က မကျေနပ်တာတွေကို စုထားပြီး တစ်ကြိမ်တည်းမှာ ပေါင်းပြီး ပြသနာရှာတာမျိုး မလုပ်သင့်ပါဘူး။

၅။ ကိုယ်ချင်းစာစိတ်ထားပါ။

တစ်ယောက်နဲ့ တစ်ယောက် ချစ်လွန်းလို့တောင် ချစ်သူတွေ ဖြစ်လာကြပါပြီ။ အဲတော့ ကိုယ်သိပ်ချစ်ပါတယ်ဆိုတဲ့ ကိုယ့်ချစ်သူအပေါ် မျက်စိဒေါက်ထောက်ကြည့်ပြီး အပြစ်တင်တာမျိုးတွေ လုပ်တတ်တယ်ဆိုရင် အဲ့ဒီအကျင့်လေးကိုပြင်လိုက်ပါ။ ဘယ်သူမဆို ချိုသာတဲ့ စကားလေးတွေကိုပဲ ကြားချင်ကြတာပါ။ အဲတော့ ကိုယ့်ချစ်သူအပေါ်ကို ကိုယ်ချင်းစာစိတ်ထားပြီး ဆက်ဆံပေးဖို့ လိုပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နင် ဂျာ ( Love Shop )


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top