Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရာသီတုပ္ေကြးေၾကာင့္ ႏွာေခါင္းစည္းတပ္ကာ သြားလာေနသူႏွစ္ဦး (ဓာတ္ပံု − ေဂ်ေမာင္ေမာင္(အမရပူရ))
ရာသီတုပ္ေကြးေရာဂါ (H1N1)ကုိ ကပ္ေရာဂါအသြင္ သတ္မွတ္ကာ ဆက္လက္ထိန္း ခ်ဳပ္မည္ျဖစ္ေၾကာင္း က်န္းမာ ေရးႏွင့္ အားကစား၀န္ႀကီးဌာန၊ သဘာ၀ေဘးအႏၲရာယ္ႏွင့္ ကူး စက္ေရာဂါ ကာကြယ္တိုက္ဖ်က္ေရးဌာန ဒုတိယၫႊန္ၾကားေရးမွဴး ခ်ဳပ္ ေဒါက္တာသန္းထြန္းေအာင္ က ဩဂုတ္ ၆ ရက္ကျပဳလုပ္သည့္ ရာသီတုပ္ေကြးေရာဂါ ေဆြးေႏြးပြဲ တြင္ ေျပာသည္။

‘‘ဒါကုိ Outbreak (ကပ္အ သြင္)လုိ႔ သတ္မွတ္ရမွာ ျဖစ္ပါ တယ္။ ဘာလုိ႔လဲဆုိေတာ့ ျဖစ္ပြား ႏႈန္းက အရင္ထက္မမ်ားေပမယ့္ အခုခ်ိန္မွာ ေသဆုံးႏႈန္းကမ်ားေန တဲ့အတြက္ Outbreak လုိ႔ ယူဆ ၿပီး ေဆာင္ရြက္မွာျဖစ္ပါတယ္။ တုိုင္းနဲ႔ျပည္နယ္အလုိက္ အသက္ ႐ွဴလမ္းေၾကာင္းဆုိင္ရာ ေရာဂါ ျဖစ္ပြားႏႈန္းကုိၾကည့္ရင္လည္း ရန္ ကုန္နဲ႔ ပဲခူးက အမ်ားဆုံးပဲ။ ဒီႏႈန္း ကုိ ၾကည့္တဲ့အခါမွာ တျဖည္း ျဖည္း တက္ေနတာကုိ ေတြ႕ရ တယ္’’ ဟု ၎ကဆက္လက္ေျပာ ၾကားသည္။


ကပ္ေရာဂါကုိ ပုံမွန္အားျဖင့္ ယခင္ႏွစ္မ်ားက ေရာဂါျဖစ္ပြား ႏႈန္း၏ ႏွစ္ဆခန္႔ပုိမုိျဖစ္ပြားကာ ေသဆုံးမႈမ်ားလာမွသာ ကပ္ေရာဂါအျဖစ္ သတ္မွတ္ျခင္းျဖစ္ ေၾကာင္း ၎ကေျပာသည္။ သုိ႔ ေသာ္ ရာသီတုပ္ေကြးသည္ယခင္ က ျဖစ္ပြားႏႈန္းမ်ားေသာ္လည္း ေသဆုံးမႈမရွိခဲ့ေၾကာင္း၊ ယခုႏွစ္ တြင္မူ ျဖစ္ပြားႏႈန္းနည္းပါးၿပီး ေသဆုံးႏႈန္းမ်ားေနသျဖင့္ ကပ္အသြင္ သတ္မွတ္ရျခင္းျဖစ္ ေၾကာင္း ရွင္းျပသည္။

‘‘ဒီလုိ Outbreak ကုိ ေအာင္ ျမင္ဖုိ႔အတြက္ ၁၀ ရက္နဲ႔ထိန္းခ်ဳပ္ ႏုိင္မလား၊ တစ္လနဲ႔ထိန္းခ်ဳပ္ႏုိင္ မလား၊ ေျခာက္လနဲ႔ထိန္းခ်ဳပ္ႏုိင္ မလားဆုိတာက ေဆး႐ုံတစ္႐ုံမွာ ျဖစ္ၿပီဆုိရင္ ခ်က္ခ်င္းအေၾကာင္း ၾကားရမယ္။ မွားၿပီးအေၾကာင္း ၾကားလုိ႔မရဘူး။ ဒါေၾကာင့္ သ တင္းအခ်က္အလက္ကလည္း အ ရမ္းအေရးႀကီးတယ္။ ဒါေၾကာင့္ ၫႊန္ၾကားခ်က္ေတြလည္း ထုတ္ ေနပါတယ္။ ကြၽန္ေတာ္ ၀န္ႀကီး လက္ထက္မွာ ဒီလုိမ်ိဳးအမ်ားဆုံး ျဖစ္တာ ဒါပထမဆုံးပဲ’’ ဟု ေဆြး ေႏြးပြဲတြင္ က်န္းမာေရးႏွင့္အား ကစား၀န္ႀကီးဌာန ျပည္ေထာင္စု ၀န္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာသည္။

ကမၻာ့က်န္းမာေရးအဖြဲ႕က ကမၻာ့ႏုိင္ငံမ်ား၏ က်န္းမာေရး ျပႆနာမ်ားအေပၚ အဆင့္သတ္ မွတ္ရာတြင္ အဆင့္ေျခာက္ခုရွိ သည္။ အဆင့္(၁)၊ (၂)သည္ တိရစၧာန္မ်ား၌သာ ကူးစက္တတ္ ၿပီး အဆင့္(၃)သည္ လူလူခ်င္း ကူးစက္တတ္သည္။ အစုလိုက္ အၿပံဳလုိက္(ကပ္အသြင္) ျဖစ္ပြား လွ်င္ အဆင့္(၄)ဟု သတ္မွတ္ သည္။ တစ္ႏုိင္ငံႏွင့္တစ္ႏုိင္ငံ ကူး စက္ပါက အဆင့္(၅) သတ္မွတ္ ကာ တစ္ကမၻာလုံးကူးစက္ပါက အဆင့္(၆)ဟု သတ္မွတ္သည္။

‘‘ပုိးေတြ႕ႏႈန္းကလည္း က် လာတယ္။ ေသဆုံးမႈကေတာ့ ျပင္းထန္တယ္။ ဒါကုိ ထပ္ၿပီး ေတာ့ ေစာင့္ၾကည့္မယ္။ တစ္ပတ္ အတြင္း ပုိးေတြ႕ႏႈန္းနဲ႔ေသဆုံးႏႈန္း က်သြားတယ္ဆုိရင္ေတာ့ ထိန္း ခ်ဳပ္ႏုိင္ၿပီလုိ႔ ေၾကညာမယ္။ အခု ေတာ့ ေန႔စဥ္ေတြ႕ေနရတုန္းပဲဆုိ ေတာ့ မေျပာႏုိင္ေသးဘူး။ ႏွိမ္ နင္းေရးလုပ္ငန္း မလုပ္ခင္က တည္းက ကူးစက္ေနတဲ့သူေတြ လည္းရွိတယ္။ ေဆး႐ုံမွာ ေသဆုံး ႏႈန္းက်ၿပီး ပုိးေတြ႕ႏႈန္းက်သြား မယ္ဆုိရင္ေတာ့ ေျပာႏုိင္မယ္။ အခုအခ်ိန္ထိေတာ့ တန္းေနေသး တယ္။ အခုအခ်ိန္မွာေတာ့ အ ဆင့္(၃)ပဲရွိတယ္။ ထိထိေရာက္ ေရာက္က်မသြားဘူး။ အဆင့္ (၄) အထိလည္း တက္မလာေသးဘူး’’ ဟု ေဒါက္တာသန္းထြန္းေအာင္ က ေျပာသည္။

ယခုျဖစ္ပြားေနသည့္ ရာသီ တုပ္ေကြး(H1N1)ေရာဂါးပုိးေတြ႕ ရွိမႈႏွင့္ ေသဆုံးႏႈန္းအေျခအေနကုိ ဆက္လက္ေစာင့္ၾကည့္ကာ တစ္ ပတ္အတြင္း ထိန္းခ်ဳပ္ႏုိင္မႈရွိ၊ မရွိ ေၾကညာမည္ျဖစ္ေၾကာင္း ၎က ေျပာသည္။

ေရာဂါစတင္ျဖစ္ပြားခဲ့သည့္ ဇူလုိင္ ၂၁ ရက္မွ ဩဂုတ္ ၆ ရက္ အထိ ၁၆ ရက္အတြင္း  ေရာဂါပုိး ေတြ႕ရွိမႈႏွင့္ ေသဆုံးႏႈန္း ဆက္ လက္ျမင့္တက္ေနဆဲျဖစ္၍ ေရာဂါထိန္းခ်ဳပ္ႏုိင္မႈရွိ၊မရွိ တရား၀င္ ထုတ္ေဖာ္ေျပာဆုိႏုိင္သည့္ အေျခ အေန မရွိေသးေၾကာင္း ဩဂုတ္ ၆ ရက္က ျမန္မာႏုိင္ငံ ဆရာ၀န္ အသင္း၌ ျပဳလုပ္သည့္ ရာသီ တုပ္ေကြးေရာဂါအေၾကာင္း ရွင္း လင္းပြဲတြင္ ၎ကေျပာသည္။

ထုိ႔ေၾကာင့္ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနက Out-break Response Center ဖြင့္လွစ္ကာ ကူးစက္ေရာဂါျဖစ္ပြားမႈ သတင္းမ်ားကုိ ေထာက္လွမ္း စုံစမ္းျခင္း၊ ေကာလာဟလသ တင္းမ်ားကုိ စုံစမ္းအတည္ျပဳျခင္း၊ ႏွီးႏႊယ္ဌာနမ်ား၊ အဖြဲ႕အစည္းမ်ားျဖင့္ ပူးေပါင္းေဆာင္ရြက္ျခင္း၊ ေဆးႏွင့္ ေဆးပစၥည္းမ်ား ေထာက္ပ့ံေပးျခင္း၊ ျပည္သူလူထုထံသုိ႔ သတင္းထုတ္ျပန္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ျခင္း၊ ေဆးကုသမႈလုပ္ငန္းမ်ားအတြက္ လုိ အပ္သည္မ်ားကုိ ပံ့ပုိးေပးျခင္း၊ ေရာဂါကာကြယ္ေရး က်န္းမာ ေရးအသိပညာေပးျခင္း စသည့္ လုပ္ငန္းမ်ားကုိ ေဆာင္ရြက္ရန္ စီစဥ္ထားသည္။

ဇူလုိင္ ၂၁ ရက္မွ ဩဂုတ္ ၆ ရက္အထိ လတ္တေလာျပင္းထန္ အသက္႐ွဴလမ္းေၾကာင္းေရာဂါ ျဖင့္ ေဆး႐ုံတက္ေရာက္ကုသသူ စုစုေပါင္းလူနာ ၃၈၇ ဦးအနက္ H1N1 ပုိးေတြ႕လူနာ ၁၄၆ ဦးရွိခဲ့ ၿပီး ေသဆုံးသူစုစုေပါင္း ၁၅ ဦး ရွိေၾကာင္း က်န္းမာေရးႏွင့္ အား ကစား၀န္ႀကီးဌာနက ထုတ္ျပန္ ထားသည္။

ေရာဂါျဖစ္ပြားမႈစာရင္းမ်ား ကုိ ပုိမိုသိရွိႏုိင္ေစရန္ အစုိးရေဆး ႐ုံမ်ားႏွင့္ ပုဂၢလိကေဆး႐ုံမ်ားမွ ရရွိေသာ စာရင္းမ်ားအျပင္ ဆင္ ေျခဖုံးရပ္ကြက္အတြင္း ဖြင့္လွစ္ ကုသေပးေနသည့္ အေထြေထြ ေရာဂါကုေဆးခန္းမ်ားမွ ဆရာ ၀န္မ်ားႏွင့္ခ်ိတ္ဆက္ကာ မွန္ကန္ ေသာ သတင္းအခ်က္အလက္မ်ား ေတာင္းခံမည္ဟု ဆုိသည္။

 ရာသီတုပ္ေကြးေရာဂါ (H1N1) ျဖစ္ပြားမႈအမ်ားဆုံးေနရာ မ်ားျဖစ္သည့္ ရန္ကုန္၊ ပဲခူးႏွင့္ ဧရာ၀တီတုိင္းေဒသႀကီးမ်ားတြင္ အထူးစီမံခ်က္မ်ားခ်ကာ ကာ ကြယ္ေရးလုပ္ငန္းမ်ား ေဆာင္ ရြက္မည္ျဖစ္ေၾကာင္း ေဒါက္တာ သန္းထြန္းေအာင္က ေျပာသည္။

အဆုိပါစီမံခ်က္ကုိ ပုိးေတြ႕ မႈအမ်ားဆုံးႏွင့္ ေဆး႐ုံတက္ ေရာက္မႈ အမ်ားဆုံးၿမိဳ႕နယ္မ်ား ျဖစ္သည့္ ရန္ကုန္တိုင္းရွိ အင္း စိန္၊ လႈိင္သာယာ၊ ဒလႏွင့္ ဒဂုံၿမိဳ႕ သစ္ဆိပ္ကမ္း၊ ပဲခူးတိုင္းတြင္ ပဲခူးၿမိဳ႕နယ္၊ ဧရာ၀တီတိုင္းတြင္ ပုသိမ္ႏွင့္ ဖ်ာပုံ စသည့္ ၿမိဳ႕နယ္ ခုနစ္ခုကုိ ေရြးခ်ယ္ေဆာင္ရြက္ မည္ဟုဆုိသည္။

‘‘ကြင္းဆင္းမယ္။ ဘတ္စ္ ကားေတြကအစ ကူးစက္မႈမရွိ ေအာင္တို႔လုပ္မယ္။ ဂ်ယ္ေတြ၊ မက္စ္ေတြကုိ အထူးစီမံခ်က္နဲ႔ လုပ္သြားမယ္’’ဟု ၎ကေျပာ သည္။

ယခုခ်ိန္အထိ ရန္ကုန္၊ ဧ ရာ၀တီ၊ ပဲခူး၊ မြန္၊ ခ်င္း၊ ေနျပည္ ေတာ္၊ မေကြး၊ စစ္ကုိင္း၊ မႏၲေလး၊ တနသၤာရီတို႔တြင္ ေရာဂါျဖစ္ပြားေနၿပီး ရခုိင္၊ ကယား၊ ခ်င္းႏွင့္ ကရင္တို႔တြင္မူ ေရာဂါကူးစက္ျဖစ္ပြားမႈ မရွိေသး ေၾကာင္း ေဒါက္တာျမင့္ေထြးက ဩဂုတ္ ၆ ရက္က ျပဳလုပ္သည့္ ရာသီတုပ္ေကြးေရာဂါေဆြးေႏြးပြဲတြင္ ေျပာၾကားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ရာသီတုပ်ကွေးကြောင့် နှာခေါင်းစည်းတပ်ကာ သွားလာနေသူနှစ်ဦး (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ရာသီတုပ်ကွေးရောဂါ (H1N1)ကို ကပ်ရောဂါအသွင် သတ်မှတ်ကာ ဆက်လက်ထိန်း ချုပ်မည်ဖြစ်ကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်နှင့် ကူး စက်ရောဂါ ကာကွယ်တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသန်းထွန်းအောင် က ဩဂုတ် ၆ ရက်ကပြုလုပ်သည့် ရာသီတုပ်ကွေးရောဂါ ဆွေးနွေးပွဲ တွင် ပြောသည်။

‘‘ဒါကို Outbreak (ကပ်အ သွင်)လို့ သတ်မှတ်ရမှာ ဖြစ်ပါ တယ်။ ဘာလို့လဲဆိုတော့ ဖြစ်ပွား နှုန်းက အရင်ထက်မများပေမယ့် အခုချိန်မှာ သေဆုံးနှုန်းကများနေ တဲ့အတွက် Outbreak လို့ ယူဆ ပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်အလိုက် အသက် ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားနှုန်းကိုကြည့်ရင်လည်း ရန် ကုန်နဲ့ ပဲခူးက အများဆုံးပဲ။ ဒီနှုန်း ကို ကြည့်တဲ့အခါမှာ တဖြည်း ဖြည်း တက်နေတာကို တွေ့ရ တယ်’’ ဟု ၎င်းကဆက်လက်ပြော ကြားသည်။


ကပ်ရောဂါကို ပုံမှန်အားဖြင့် ယခင်နှစ်များက ရောဂါဖြစ်ပွား နှုန်း၏ နှစ်ဆခန့်ပိုမိုဖြစ်ပွားကာ သေဆုံးမှုများလာမှသာ ကပ်ရောဂါအဖြစ် သတ်မှတ်ခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။ သို့ သော် ရာသီတုပ်ကွေးသည်ယခင် က ဖြစ်ပွားနှုန်းများသော်လည်း သေဆုံးမှုမရှိခဲ့ကြောင်း၊ ယခုနှစ် တွင်မူ ဖြစ်ပွားနှုန်းနည်းပါးပြီး သေဆုံးနှုန်းများနေသဖြင့် ကပ်အသွင် သတ်မှတ်ရခြင်းဖြစ် ကြောင်း ရှင်းပြသည်။

‘‘ဒီလို Outbreak ကို အောင် မြင်ဖို့အတွက် ၁၀ ရက်နဲ့ထိန်းချုပ် နိုင်မလား၊ တစ်လနဲ့ထိန်းချုပ်နိုင် မလား၊ ခြောက်လနဲ့ထိန်းချုပ်နိုင် မလားဆိုတာက ဆေးရုံတစ်ရုံမှာ ဖြစ်ပြီဆိုရင် ချက်ချင်းအကြောင်း ကြားရမယ်။ မှားပြီးအကြောင်း ကြားလို့မရဘူး။ ဒါကြောင့် သ တင်းအချက်အလက်ကလည်း အ ရမ်းအရေးကြီးတယ်။ ဒါကြောင့် ညွှန်ကြားချက်တွေလည်း ထုတ် နေပါတယ်။ ကျွန်တော် ဝန်ကြီး လက်ထက်မှာ ဒီလိုမျိုးအများဆုံး ဖြစ်တာ ဒါပထမဆုံးပဲ’’ ဟု ဆွေး နွေးပွဲတွင် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့နိုင်ငံများ၏ ကျန်းမာရေး ပြဿနာများအပေါ် အဆင့်သတ် မှတ်ရာတွင် အဆင့်ခြောက်ခုရှိ သည်။ အဆင့်(၁)၊ (၂)သည် တိရစ္ဆာန်များ၌သာ ကူးစက်တတ် ပြီး အဆင့်(၃)သည် လူလူချင်း ကူးစက်တတ်သည်။ အစုလိုက် အပြုံလိုက်(ကပ်အသွင်) ဖြစ်ပွား လျှင် အဆင့်(၄)ဟု သတ်မှတ် သည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူး စက်ပါက အဆင့်(၅) သတ်မှတ် ကာ တစ်ကမ္ဘာလုံးကူးစက်ပါက အဆင့်(၆)ဟု သတ်မှတ်သည်။

‘‘ပိုးတွေ့နှုန်းကလည်း ကျ လာတယ်။ သေဆုံးမှုကတော့ ပြင်းထန်တယ်။ ဒါကို ထပ်ပြီး တော့ စောင့်ကြည့်မယ်။ တစ်ပတ် အတွင်း ပိုးတွေ့နှုန်းနဲ့သေဆုံးနှုန်း ကျသွားတယ်ဆိုရင်တော့ ထိန်း ချုပ်နိုင်ပြီလို့ ကြေညာမယ်။ အခု တော့ နေ့စဉ်တွေ့နေရတုန်းပဲဆို တော့ မပြောနိုင်သေးဘူး။ နှိမ် နင်းရေးလုပ်ငန်း မလုပ်ခင်က တည်းက ကူးစက်နေတဲ့သူတွေ လည်းရှိတယ်။ ဆေးရုံမှာ သေဆုံး နှုန်းကျပြီး ပိုးတွေ့နှုန်းကျသွား မယ်ဆိုရင်တော့ ပြောနိုင်မယ်။ အခုအချိန်ထိတော့ တန်းနေသေး တယ်။ အခုအချိန်မှာတော့ အ ဆင့်(၃)ပဲရှိတယ်။ ထိထိရောက် ရောက်ကျမသွားဘူး။ အဆင့် (၄) အထိလည်း တက်မလာသေးဘူး’’ ဟု ဒေါက်တာသန်းထွန်းအောင် က ပြောသည်။

ယခုဖြစ်ပွားနေသည့် ရာသီ တုပ်ကွေး(H1N1)ရောဂါးပိုးတွေ့ ရှိမှုနှင့် သေဆုံးနှုန်းအခြေအနေကို ဆက်လက်စောင့်ကြည့်ကာ တစ် ပတ်အတွင်း ထိန်းချုပ်နိုင်မှုရှိ၊ မရှိ ကြေညာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရောဂါစတင်ဖြစ်ပွားခဲ့သည့် ဇူလိုင် ၂၁ ရက်မှ ဩဂုတ် ၆ ရက် အထိ ၁၆ ရက်အတွင်း  ရောဂါပိုး တွေ့ရှိမှုနှင့် သေဆုံးနှုန်း ဆက် လက်မြင့်တက်နေဆဲဖြစ်၍ ရောဂါထိန်းချုပ်နိုင်မှုရှိ၊မရှိ တရားဝင် ထုတ်ဖော်ပြောဆိုနိုင်သည့် အခြေ အနေ မရှိသေးကြောင်း ဩဂုတ် ၆ ရက်က မြန်မာနိုင်ငံ ဆရာဝန် အသင်း၌ ပြုလုပ်သည့် ရာသီ တုပ်ကွေးရောဂါအကြောင်း ရှင်း လင်းပွဲတွင် ၎င်းကပြောသည်။

ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Out-break Response Center ဖွင့်လှစ်ကာ ကူးစက်ရောဂါဖြစ်ပွားမှု သတင်းများကို ထောက်လှမ်း စုံစမ်းခြင်း၊ ကောလာဟလသ တင်းများကို စုံစမ်းအတည်ပြုခြင်း၊ နှီးနွှယ်ဌာနများ၊ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆေးနှင့် ဆေးပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ပြည်သူလူထုထံသို့ သတင်းထုတ်ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆေးကုသမှုလုပ်ငန်းများအတွက် လို အပ်သည်များကို ပံ့ပိုးပေးခြင်း၊ ရောဂါကာကွယ်ရေး ကျန်းမာ ရေးအသိပညာပေးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ရန် စီစဉ်ထားသည်။

ဇူလိုင် ၂၁ ရက်မှ ဩဂုတ် ၆ ရက်အထိ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါ ဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်းလူနာ ၃၈၇ ဦးအနက် H1N1 ပိုးတွေ့လူနာ ၁၄၆ ဦးရှိခဲ့ ပြီး သေဆုံးသူစုစုပေါင်း ၁၅ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ရောဂါဖြစ်ပွားမှုစာရင်းများ ကို ပိုမိုသိရှိနိုင်စေရန် အစိုးရဆေး ရုံများနှင့် ပုဂ္ဂလိကဆေးရုံများမှ ရရှိသော စာရင်းများအပြင် ဆင် ခြေဖုံးရပ်ကွက်အတွင်း ဖွင့်လှစ် ကုသပေးနေသည့် အထွေထွေ ရောဂါကုဆေးခန်းများမှ ဆရာ ဝန်များနှင့်ချိတ်ဆက်ကာ မှန်ကန် သော သတင်းအချက်အလက်များ တောင်းခံမည်ဟု ဆိုသည်။

 ရာသီတုပ်ကွေးရောဂါ (H1N1) ဖြစ်ပွားမှုအများဆုံးနေရာ များဖြစ်သည့် ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် အထူးစီမံချက်များချကာ ကာ ကွယ်ရေးလုပ်ငန်းများ ဆောင် ရွက်မည်ဖြစ်ကြောင်း ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

အဆိုပါစီမံချက်ကို ပိုးတွေ့ မှုအများဆုံးနှင့် ဆေးရုံတက် ရောက်မှု အများဆုံးမြို့နယ်များ ဖြစ်သည့် ရန်ကုန်တိုင်းရှိ အင်း စိန်၊ လှိုင်သာယာ၊ ဒလနှင့် ဒဂုံမြို့ သစ်ဆိပ်ကမ်း၊ ပဲခူးတိုင်းတွင် ပဲခူးမြို့နယ်၊ ဧရာဝတီတိုင်းတွင် ပုသိမ်နှင့် ဖျာပုံ စသည့် မြို့နယ် ခုနစ်ခုကို ရွေးချယ်ဆောင်ရွက် မည်ဟုဆိုသည်။

‘‘ကွင်းဆင်းမယ်။ ဘတ်စ် ကားတွေကအစ ကူးစက်မှုမရှိ အောင်တို့လုပ်မယ်။ ဂျယ်တွေ၊ မက်စ်တွေကို အထူးစီမံချက်နဲ့ လုပ်သွားမယ်’’ဟု ၎င်းကပြော သည်။

ယခုချိန်အထိ ရန်ကုန်၊ ဧ ရာဝတီ၊ ပဲခူး၊ မွန်၊ ချင်း၊ နေပြည် တော်၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ တနင်္သာရီတို့တွင် ရောဂါဖြစ်ပွားနေပြီး ရခိုင်၊ ကယား၊ ချင်းနှင့် ကရင်တို့တွင်မူ ရောဂါကူးစက်ဖြစ်ပွားမှု မရှိသေး ကြောင်း ဒေါက်တာမြင့်ထွေးက ဩဂုတ် ၆ ရက်က ပြုလုပ်သည့် ရာသီတုပ်ကွေးရောဂါဆွေးနွေးပွဲတွင် ပြောကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top