လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

အဆုိေတာ္အျဖစ္နဲ႔ ပရိသတ္အခုိင္အမာရွိေနၿပီျဖစ္တဲ့ ေရႊထူးဟာ အခုဆုိရင္ သ႐ုပ္ေဆာင္အလုပ္ကိုပါ တြဲဖက္လုပ္ေဆာင္လာၿပီျဖစ္ၿပီး သ႐ုပ္ေဆာင္အလုပ္နဲ႔ ပတ္သက္လို႔ အေတြ႕အၾကံဳေတြနဲ႔ ခံစားခ်က္ေတြကို Duwun Media ကို ေဝမွ်ခဲ့ပါတယ္။

သ႐ုပ္ေဆာင္သစ္တစ္ေယာက္အေနနဲ႔ အခက္အခဲေတြ အမ်ားႀကီးရွိခဲ့ရတဲ့ ေရႊထူးဟာ အားလံုးရဲ႕ လက္တြဲကူညီမႈကို ရရွိတဲ့အတြက္ ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

"ကၽြန္ေတာ့္ကုိ ဝုိင္းဝန္း သင္ေပးၾကတယ္၊ တြဲေခၚေပးၾကတယ္။ကၽြန္ေတာ့္ကုိ ကုိသားညီ၊ ကုိေနတုိး၊ အကုန္လုံးပါပဲ ကၽြန္ေတာ္တုိ႔ ရုိက္ကြင္းမွာရွိတဲ့ ဒါ႐ိုက္တာ ဖိုတုိဂရပ္ဖီေတြကအစ မီးကူညီေပးတဲ့အစ္ကိုေတြ အကုန္လုံးကုိ Respect ပါ။ လုိအပ္တာေလးေတြ ကၽြန္ေတာ့္ကုိ ေထာက္ျပေပးတယ္။အသစ္တစ္ေယာက္ဆုိေပမယ့္လည္း ကၽြန္ေတာ့္ကုိ ေႏြးေႏြးေထြးေထြးဆက္ဆံၾကတယ္။ ၾကိဳဆုိၾကတယ္။ ကၽြန္ေတာ္လုပ္ရဲသြားတယ္ ကၽြန္ေတာ္သရုပ္ေဆာင္ရဲတယ္ဆိုတာက သူတုိ႔ေၾကာင့္လည္းအမ်ားႀကီးပါ ပါတယ္။ အဲ့ဒီေတာ့ သူတုိ႔ကိုလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ သူတုိ႔ေၾကာင့္ပဲ ဒီဇာတ္ကားကုိ အၿပီးထိရုိက္ျဖစ္သြားတာပါ" လို႔ ေရႊထူးက ဆုိပါတယ္။

ေရႊထူးဟာ ဇာတ္လမ္း ဇာတ္ၫႊန္း မိုးနီလြင္က ေရးသားေပးထားျပီး ဒါရိုက္တာ သားညီက ရိုက္ကူးပံုေဖာ္တဲ့ ပက္ပက္စက္စက္ညႇဳိ႕ဆုိတဲ့ ႐ုပ္႐ုပ္ဇာတ္ကားမွာ အကယ္ဒမီ ေနတုိး၊ မိုးစက္ဝိုင္တုိ႔နဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

မၾကာခင္႐ံုတင္ေတာ့မယ့္ ဒီဇာတ္ကားမွာ ေရႊထူးက ဘယ္သူမွ လူမထင္တဲ့ ႏိုင္ငံျခားျပန္ သူေဌးသားတစ္ဦးအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားတယ္လို႔သိရပါတယ္။ ဒါေပမဲ့ သူႀကိဳက္တဲ့ မိန္းကေလး (မိုးစက္ဝိုင္) ကို ေတြ႕တဲ့အခါမွာေတာ့ ပိုက္ဆံရွိတဲ့အတြက္ လိုခ်င္တဲ့ မိန္းမကို ရေအယာင္ယူႏုိင္တယ္ဆုိတဲ့ အေတြးနဲ႔ ရေအာင္လုိက္တဲ့ သူတစ္ေယာက္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားတယ္လို႔ သိရပါတယ္။

သူရဲ႕႔ပထမဆံုး ႐ုပ္ရွင္ကားကို အရင္ဆံုး ျပခ်င္တဲ့သူေတြကေတာ့ သူ႔ရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းေတြလို႔ ဆုိလာပါတယ္။

" ကၽြန္ေတာ္က ရုပ္ရွင္ဇာတ္ကားမထြက္ခင္မွာ ကုိေဝမင္းေမာင္ကုိေျပာထားတာရွိပါတယ္။ ကၽြန္ေတာ့္ကုိ ပရက္ရႈိးျပလုိ႔ရွိရင္ ကၽြန္ေတာ့္အတြက္တစ္ခ်ိန္ေလးေပးပါ။ ဘာျဖစ္လုိ႔လည္းဆုိေတာ့ ကၽြန္ေတာ့္မွာသူငယ္ခ်င္းေတြရွိလုိ႔ပါ သူငယ္ခ်င္းေတြကလည္း အႏုပညာအသုိင္းအဝိုင္းထဲကမဟုတ္ပါဘူး၊ ကၽြန္ေတာ္အဆုိေတာ္မျဖစ္ခက္ ကေလကေခ်ဘဝကတည္းက ကၽြန္ေတာ့္ကုိေပါင္းသင္းဆက္ဆံလာခဲ့ၾကတဲ့ သူငယ္ခ်င္းေတြပါ။အဲ့ဒီသူငယ္ခ်င္းေတြအကုန္လုံးကုိ ရုပ္ရွင္ရုံမွာျပခ်င္တယ္။ဘာျဖစ္လုိ႔လဲဆုိေတာ့ ကၽြန္ေတာ္အရင္ကတည္းက သီခ်င္းထြက္ရင္ ဒီေကာင္ေတြကုိျပေနၾက ဒီေကာင္ေတြကလည္း ကၽြန္ေတာ့္ကုိ ပုိးဆုိးပက္စက္ေျပာပါတယ္။ ခ်ဳိးခ်ဳိးႏွိမ္ႏွိမ္ေျပာတဲ့အတြက္ေၾကာင့္ ကၽြန္ေတာ္ႀကိဳးစားခ်င္တဲ့စိတ္ေတြ ျဖစ္ပါတယ္။ အဲ့ဒီအတြက္ သူတုိ႔ကိုအရင္ျပၿပီး သူတုိ႔ကုိအရင္ဟားခုိင္းပါမယ္။ကၽြန္ေတာ့္ရုပ္ကုိၾကည့္ၿပီးေတာ့ သူတို႔ေျပာတာခံႏုိင္ၿပီဆုိမွ ပရိသတ္ဆီကုိပုိ႔ေပးမွာပါ။ အဲ့ဒီအခါက်မွ ကၽြန္ေတာ့္ကုိမႀကိဳက္တဲ့သူေတြရဲ႕ ေျပာတဲ့စကားကုိပုိၿပီးေတာ့ခံႏုိင္သြားမွာပါ။ သူတုိ႔ေျပာတာ အရမ္းပက္စက္ပါတယ္" လို႔ ေရႊထူးက ရယ္ေမာလို႔ ေျပာခဲ့ပါတယ္။

သ႐ုပ္ေဆာင္လုပ္ဖို႔ ကမ္းလွမ္းတာေတြရွိေပမဲ့ လက္ရွိလုပ္ေနတဲ့ အေခြၿပီးမွ သ႐ုပ္ေဆာင္အလုပ္ကို ျပန္ၿပီးလုပ္ဖို႔ စိတ္ကူးထားတဲ့ ေရႊထူးကေတာ့ သ႐ုပ္ေဆာင္ခ်င္တဲ့ ကာ႐ိုက္တာပံုစံကို ေမးျမန္းစဥ္မွာေတာ့ "ကၽြန္ေတာ္ လူဆိုးပဲ လုပ္ခ်င္ပါတယ္" လုိ႔ ေျဖၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
အဆိုတော်အဖြစ်နဲ့ ပရိသတ်အခိုင်အမာရှိနေပြီဖြစ်တဲ့ ရွှေထူးဟာ အခုဆိုရင် သရုပ်ဆောင်အလုပ်ကိုပါ တွဲဖက်လုပ်ဆောင်လာပြီဖြစ်ပြီး သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့ အတွေ့အကြုံတွေနဲ့ ခံစားချက်တွေကို Duwun Media ကို ဝေမျှခဲ့ပါတယ်။

သရုပ်ဆောင်သစ်တစ်ယောက်အနေနဲ့ အခက်အခဲတွေ အများကြီးရှိခဲ့ရတဲ့ ရွှေထူးဟာ အားလုံးရဲ့ လက်တွဲကူညီမှုကို ရရှိတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်ကို ဝိုင်းဝန်း သင်ပေးကြတယ်၊ တွဲခေါ်ပေးကြတယ်။ကျွန်တော့်ကို ကိုသားညီ၊ ကိုနေတိုး၊ အကုန်လုံးပါပဲ ကျွန်တော်တို့ ရိုက်ကွင်းမှာရှိတဲ့ ဒါရိုက်တာ ဖိုတိုဂရပ်ဖီတွေကအစ မီးကူညီပေးတဲ့အစ်ကိုတွေ အကုန်လုံးကို Respect ပါ။ လိုအပ်တာလေးတွေ ကျွန်တော့်ကို ထောက်ပြပေးတယ်။အသစ်တစ်ယောက်ဆိုပေမယ့်လည်း ကျွန်တော့်ကို နွေးနွေးထွေးထွေးဆက်ဆံကြတယ်။ ကြိုဆိုကြတယ်။ ကျွန်တော်လုပ်ရဲသွားတယ် ကျွန်တော်သရုပ်ဆောင်ရဲတယ်ဆိုတာက သူတို့ကြောင့်လည်းအများကြီးပါ ပါတယ်။ အဲ့ဒီတော့ သူတို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ သူတို့ကြောင့်ပဲ ဒီဇာတ်ကားကို အပြီးထိရိုက်ဖြစ်သွားတာပါ" လို့ ရွှေထူးက ဆိုပါတယ်။

ရွှေထူးဟာ ဇာတ်လမ်း ဇာတ်ညွှန်း မိုးနီလွင်က ရေးသားပေးထားပြီး ဒါရိုက်တာ သားညီက ရိုက်ကူးပုံဖော်တဲ့ ပက်ပက်စက်စက်ညှို့ဆိုတဲ့ ရုပ်ရုပ်ဇာတ်ကားမှာ အကယ်ဒမီ နေတိုး၊ မိုးစက်ဝိုင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။

မကြာခင်ရုံတင်တော့မယ့် ဒီဇာတ်ကားမှာ ရွှေထူးက ဘယ်သူမှ လူမထင်တဲ့ နိုင်ငံခြားပြန် သူဌေးသားတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။ ဒါပေမဲ့ သူကြိုက်တဲ့ မိန်းကလေး (မိုးစက်ဝိုင်) ကို တွေ့တဲ့အခါမှာတော့ ပိုက်ဆံရှိတဲ့အတွက် လိုချင်တဲ့ မိန်းမကို ရအေယာင်ယူနိုင်တယ်ဆိုတဲ့ အတွေးနဲ့ ရအောင်လိုက်တဲ့ သူတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

သူရဲ့ပထမဆုံး ရုပ်ရှင်ကားကို အရင်ဆုံး ပြချင်တဲ့သူတွေကတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတွေလို့ ဆိုလာပါတယ်။

" ကျွန်တော်က ရုပ်ရှင်ဇာတ်ကားမထွက်ခင်မှာ ကိုဝေမင်းမောင်ကိုပြောထားတာရှိပါတယ်။ ကျွန်တော့်ကို ပရက်ရှိုးပြလို့ရှိရင် ကျွန်တော့်အတွက်တစ်ချိန်လေးပေးပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့်မှာသူငယ်ချင်းတွေရှိလို့ပါ သူငယ်ချင်းတွေကလည်း အနုပညာအသိုင်းအဝိုင်းထဲကမဟုတ်ပါဘူး၊ ကျွန်တော်အဆိုတော်မဖြစ်ခက် ကလေကချေဘဝကတည်းက ကျွန်တော့်ကိုပေါင်းသင်းဆက်ဆံလာခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။အဲ့ဒီသူငယ်ချင်းတွေအကုန်လုံးကို ရုပ်ရှင်ရုံမှာပြချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်အရင်ကတည်းက သီချင်းထွက်ရင် ဒီကောင်တွေကိုပြနေကြ ဒီကောင်တွေကလည်း ကျွန်တော့်ကို ပိုးဆိုးပက်စက်ပြောပါတယ်။ ချိုးချိုးနှိမ်နှိမ်ပြောတဲ့အတွက်ကြောင့် ကျွန်တော်ကြိုးစားချင်တဲ့စိတ်တွေ ဖြစ်ပါတယ်။ အဲ့ဒီအတွက် သူတို့ကိုအရင်ပြပြီး သူတို့ကိုအရင်ဟားခိုင်းပါမယ်။ကျွန်တော့်ရုပ်ကိုကြည့်ပြီးတော့ သူတို့ပြောတာခံနိုင်ပြီဆိုမှ ပရိသတ်ဆီကိုပို့ပေးမှာပါ။ အဲ့ဒီအခါကျမှ ကျွန်တော့်ကိုမကြိုက်တဲ့သူတွေရဲ့ ပြောတဲ့စကားကိုပိုပြီးတော့ခံနိုင်သွားမှာပါ။ သူတို့ပြောတာ အရမ်းပက်စက်ပါတယ်" လို့ ရွှေထူးက ရယ်မောလို့ ပြောခဲ့ပါတယ်။

သရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းတာတွေရှိပေမဲ့ လက်ရှိလုပ်နေတဲ့ အခွေပြီးမှ သရုပ်ဆောင်အလုပ်ကို ပြန်ပြီးလုပ်ဖို့ စိတ်ကူးထားတဲ့ ရွှေထူးကတော့ သရုပ်ဆောင်ချင်တဲ့ ကာရိုက်တာပုံစံကို မေးမြန်းစဉ်မှာတော့ "ကျွန်တော် လူဆိုးပဲ လုပ်ချင်ပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top