လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ခ်င္းဟာ ခႏၶာကိုယ္တြင္း အဆိပ္အေတာက္မ်ားကို ဖယ္ရွင္းေပးျပီး ကိုယ္ခံအားေကာင္းမြန္ေစကာ က်န္းမာေရးအတြက္ အဖက္ဖက္မွ ေကာငး္က်ိုးမ်ားစြာရွိပါတယ္ ။ သို႔ေသာ္လည္း အခ်ိဳ႕အေျခအေနေတြမွာ စားသံုးမိရင္ေတာ့ အားမျဖစ္ဘဲ အဆိပ္အေတာက္ ျဖစ္ေစနိုင္ပါတယ္ ။

၁ ။ ကိုယ္အေလးခ်ိန္က်ေနခ်ိန္
ခ်င္းဟာ အမွ်င္ဓါတ္ၾကြယ္ဝတဲ့ အစားအစာျဖစ္ျပီး အစာအိမ္တြင္း pH levelမွ်ေျခကို ေျပာင္းလဲေစပါတယ္ ။ ဒိအတြက္ေၾကာင့္ ပိန္တဲ့သူေတြအတြက္ အစားစားခ်င္စိတ္ ေလ်ာ့က်ျခင္း ၊ ကိုယ္အေလးခ်ိန္က်ျခင္း ၊ ဆံပင္ကြ်တ္ျခင္း ၊ ၾကြက္သားမ်ားေလ်ာ့တြဲလာျခင္း စသည္တို႔ကို ျဖစ္ေစပါတယ္ ။ ကိုယ္အေလးခ်ိန္ နည္းလြန္းတဲ့ အမိ်ဳးသမီးမ်ားအေနျဖင့္ ရာသီစက္ဝန္းကာလကလြဲလွ်င္ အျခားအခ်ိန္ေတြမွာ ခ်င္းကို မသံုးစြဲ၊မေသာက္သံုးသင့္ပါဘူး။

၂။ေသြးေၾကာျပႆနာရွိတဲ့အခ်ိန္
ဆီးခ်ိဳသမားမ်ား ၊ အဝလြန္သူမ်ား ၊ ကိုယ္အေလးခ်ိန္က်လိုသူမ်ား နွင့္ ေသြးေၾကာဆိုင္ရာ ေရာဂါမ်ားအတြက္ ခ်င္းက ေကာင္းက်ိဳးမ်ာစြာ ရွိပါတယ္ ။ သို႔ေသာ္လည္း Hemophilia လို႔ေခၚတဲ့ ခႏၶာကိုယ္ အင္အားယုတ္ေလ်ာ့ေနခ်ိန္မွာ ေသြးထံုးျပီး ေကာင္းစြာမစီးဆင္းနိုင္တဲ့ ေရာဂါ ရွိေနခ်ိန္ေတာ့ ခ်င္းကို လံုးဝ မစားသင့္ပါဘူး ။ ထိုအခ်ိန္မွာ ခ်င္းစားသံုးမိလွ်င္ ဒဏ္ရာအနည္းငယ္ရရံုနဲ႕ ေသြးမ်ားပန္းထြက္ျပီး အသက္အႏၱရာယ္ရွိနို္င္ပါတယ္။

၃။ကိုယ္ဝန္ေဆာင္ခ်ိန္
ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးမ်ားအေနျဖင့္ ခ်င္းကို လံုးဝ ေရွာင္သင့္ပါတယ္ ။ ကိုယ္ဝန္ေဆာင္ခ်ိန္ စားသံုးျခင္းေၾကာင့္ ေရမႊာေပါက္မႈေစာနိုင္ျပီး လမေစ့ဘဲ ကေလးေမြးဖြားျခင္းမ်ိဳး ျဖစ္လာနိင္ပါတယ္ ။ အထူးသျဖင့္ ကုိယ္ဝန္ ၅လ၊၆လ ရွိေနခ်ိန္မွာ လံုးဝ လံုးဝ မသံုးစြဲသင့္ပါဘူး။

၄။အျခားေဆးဝါးမ်ားသံုးစြဲေနခ်ိန္
ဆီးခ်ိဳေဆးမ်ား (သို႔) ေသြးတိုးေဆးမ်ား ေသာက္သံုးေနရခ်ိန္မွာလည္း ခ်င္းကို မသံုးစြဲသင့္ပါဘူး ။ ခ်င္းဟာ ေသြးတြင္း အင္ဆူလင္ဓါတ္ ၊ beta-blocker ၊ anticoagulants ကို အေျပာင္းအလဲမ်ားစြာ ျဖစ္ေစနိုင္ျပီး ေသြးလည္ပတ္မႈေတြမွာ ခက္ခဲသြားေစနိုင္ပါတယ္။

အားလံုးပဲ က်န္းမာေရးသတိေလးထားနိုင္ဖို႔ မွ်ေဝေပးလိုက္ပါတယ္ေန္ာ..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN (ေရႊအင္းေလး)

#Unicode version#
ချင်းဟာ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှင်းပေးပြီး ကိုယ်ခံအားကောင်းမွန်စေကာ ကျန်းမာရေးအတွက် အဖက်ဖက်မှ ကောင်းကျိုးများစွာရှိပါတယ် ။ သို့သော်လည်း အချို့အခြေအနေတွေမှာ စားသုံးမိရင်တော့ အားမဖြစ်ဘဲ အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ် ။

၁ ။ ကိုယ်အလေးချိန်ကျနေချိန်
ချင်းဟာ အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာဖြစ်ပြီး အစာအိမ်တွင်း pH levelမျှခြေကို ပြောင်းလဲစေပါတယ် ။ ဒိအတွက်ကြောင့် ပိန်တဲ့သူတွေအတွက် အစားစားချင်စိတ် လျော့ကျခြင်း ၊ ကိုယ်အလေးချိန်ကျခြင်း ၊ ဆံပင်ကျွတ်ခြင်း ၊ ကြွက်သားများလျော့တွဲလာခြင်း စသည်တို့ကို ဖြစ်စေပါတယ် ။ ကိုယ်အလေးချိန် နည်းလွန်းတဲ့ အမျိုးသမီးများအနေဖြင့် ရာသီစက်ဝန်းကာလကလွဲလျှင် အခြားအချိန်တွေမှာ ချင်းကို မသုံးစွဲ၊မသောက်သုံးသင့်ပါဘူး။

၂။သွေးကြောပြဿနာရှိတဲ့အချိန်
ဆီးချိုသမားများ ၊ အဝလွန်သူများ ၊ ကိုယ်အလေးချိန်ကျလိုသူများ နှင့် သွေးကြောဆိုင်ရာ ရောဂါများအတွက် ချင်းက ကောင်းကျိုးမျာစွာ ရှိပါတယ် ။ သို့သော်လည်း Hemophilia လို့ခေါ်တဲ့ ခန္ဓာကိုယ် အင်အားယုတ်လျော့နေချိန်မှာ သွေးထုံးပြီး ကောင်းစွာမစီးဆင်းနိုင်တဲ့ ရောဂါ ရှိနေချိန်တော့ ချင်းကို လုံးဝ မစားသင့်ပါဘူး ။ ထိုအချိန်မှာ ချင်းစားသုံးမိလျှင် ဒဏ်ရာအနည်းငယ်ရရုံနဲ့ သွေးများပန်းထွက်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။

၃။ကိုယ်ဝန်ဆောင်ချိန်
ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် ချင်းကို လုံးဝ ရှောင်သင့်ပါတယ် ။ ကိုယ်ဝန်ဆောင်ချိန် စားသုံးခြင်းကြောင့် ရေမွှာပေါက်မှုစောနိုင်ပြီး လမစေ့ဘဲ ကလေးမွေးဖွားခြင်းမျိုး ဖြစ်လာနိင်ပါတယ် ။ အထူးသဖြင့် ကိုယ်ဝန် ၅လ၊၆လ ရှိနေချိန်မှာ လုံးဝ လုံးဝ မသုံးစွဲသင့်ပါဘူး။

၄။အခြားဆေးဝါးများသုံးစွဲနေချိန်
ဆီးချိုဆေးများ (သို့) သွေးတိုးဆေးများ သောက်သုံးနေရချိန်မှာလည်း ချင်းကို မသုံးစွဲသင့်ပါဘူး ။ ချင်းဟာ သွေးတွင်း အင်ဆူလင်ဓါတ် ၊ beta-blocker ၊ anticoagulants ကို အပြောင်းအလဲများစွာ ဖြစ်စေနိုင်ပြီး သွေးလည်ပတ်မှုတွေမှာ ခက်ခဲသွားစေနိုင်ပါတယ်။

အားလုံးပဲ ကျန်းမာရေးသတိလေးထားနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နေ်ာ..

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN (ရွှေအင်းလေး)


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top