မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ဆဋ္ဌမအကြိမ်မြောက်)
×












Credit: PannPwint

#Unicode Version#
ရခိုင်ပြည်နယ်တွင် အကြမ်းဖက်သတ်ဖြတ်မှုများ ဖြစ်ပွားကာ ရခိုင်လူမျိုးတို့ ထိတ်လန့်ပုန်းခိုနေကြရသည်ကို ဒီတိုင်းတော့ ကြည့်မနေကြပါနဲ့ဗျာ လို့ မြန်မာအိုင်ဒေါဆုရရှိထားသူ ပြည်သူသိ သားငယ်က ရေးသားထားပါတယ်။

မြန်မာနိုင်ငံအတွက် သွေးတစ်စီးစီးနှင့် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီပြဿနာကြီးကတော့ ပိုပြီး ဆိုးရွားလာနေပါပြီ။ မြန်မာပြည်သည် အကြမ်းဖက်သမားတို့ စားသောက်ခြင်းကို ခံနေရပြီဖြစ်ပါသည်။

သြဂုတ်လ ၂၄ ရက် ညနက်ပိုင်းက စတင်ကာ ရခိုင်ပြည်နယ်ရှိ ရဲစခန်း ၁၉  ခုနှင့်စစ်တပ်တို့ကို ဘင်္ဂါလီအကြမ်းဖက်သမား ရာနှင့်ချီပြီး တိုက်ခိုက်သတ်ဖြတ်ခဲ့ကြသည်။

ရခိုင်လူမျိုးများသည် ကျီးလန့်စာ စားနေရသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

အဆိုတော်သားငယ်က လူမှုကွန်ယက်တွင် တက်လာသော ဒုက္ခရောက်နေသည့် ရခိုင်လူမျိုးများရဲ့ သတင်းဓာတ်ပုံကိုပြန်လည်မျှဝေရင်း

”ဒီအတိုင်းကြည့်မနေကြပါနဲ့ဗျာ

မြန်မြန်လေးကူညီကြပါအုံး

တစ်ယောက်ပြီးတစ်ယောက်သေနေကြတာ

အားလုံးသွေးချင်းတွေပါ” ဟု ရေးသားထားသည်။ #SaveRakhine, HelpRakhine စာသားများပါ သွေးစွန်းနေသည့် ရခိုင်အလံပုံကိုလည်း တင်ထားသည်ကိုတွေ့ရသည်။

အစိုးရအဆက်ဆက် ကိုင်တွယ်ပုံကို ပြည်သူများက အားမလိုအားမရ ဖြစ်လာခဲ့ရင်း ခုဆိုရင် ရခိုင်ပြည်နယ် လုံခြုံရေးတပ်ဖွဲ့ဝင်များ အသတ်ပေးရသည်မှာ များပြားလာခဲ့ပြီဖြစ်ပါတယ်။

မနေ့ညက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အတွင်း ခုချိန်ထိ ရဲတစ်ဖွဲ့ဝင်နှင့် စစ်သည် ၁ဝ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ရဲတပ်ဖွဲ့နှင့် စစ်သည်များပေါင်းကာ တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်နေရဆဲဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: PannPwint

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top