Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×

“ဟိုင်း”
“ဘယ်သူလဲ”
“အန်မလီ လေ …ဂျွန်ရဲ့  ”


..အန်မရီ ရဲ့ အကောင့်ကို ဖွင့်ပြီး ကုတ်နံပါတ်တွေပြောင်းကြည့်တယ် မရဘူး စာတွေပို့ လာတွေ ပို့ နေဆဲပါဘဲ၊ ကျုပ်အရက်တွေမူးအောင်သောက်လိုက်တယ်…အန်မရီ အိမ်မက်ထဲမှာရောက်လာတယ် ပုံတွေကမသဲကွဲ …အပြာရောင်အနက်ရောင်လို လို မြင်ကွင်းတွေက……….ဟိုတုံးကလိုဘဲ အပြစ်တင်ပြီး ပြောနေတယ် ကိုယ်ပေါ်ကိုစောင်တထည်ခြုံပေးသေးတယ်,,,,,,နောက် အိမ်အောက်က ခွေး အူသံကြောင့် လန့် နိုးမိတော့ ကိုယ်ပေါ်မှာ အနွေးထည်ခြုံထားတာ သိရတယ်၊



ကျုပ် အခန်းကို အပြေးလေး သွားပြီး ပစ္စည်းတခုကို လိုက်ရှာလိုက်တယ် ဟုတ်ပါပြီ စောင်တထည်မရှိတော့ဘုးလေ ..ညကတကယ် အန်မရီ ကားတိုက်တဲ့နေရာကို ကျုပ်သွားလိုက်တာပါ။



Credit:  warwarsaw

#Unicode Version#
“ဟိုင်း”
“ဘယ်သူလဲ”
“အန်မလီ လေ …ဂျွန်ရဲ့ ”
ဒီမယ် …လာနောက်မနေနဲ့ ဆူဇံမဟုတ်လား (အန်မရီအမေ)
ပြောမယ် ငါခုနှင်းတောထဲမှာ အရမ်းချမ်းတယ် အခုလာခဲ့ဂျွန်…….
ကျုပ်ရီးစား မှမဟုတ်တာ ဘယ်သူက ..သူ့အကောင့်ထဲဝင်ပြီး နောက်နေသလဲဗျာ ..အန်မလီက ကားသုံး ဆင့်တိုက်ပြီး ဆုံးသွားခဲ့တာ သုံးလကျော်နေပြီ…သူနဲ့ကျုပ် ချစ်သူဘ၀ ငါးနှစ်သက်တန်းပြည့်တဲ့ သြဂုတ်လ ပေါ့ဗျာ၊ အရမ်းခံစားရတယ် မင်းကိုလက်ထပ်မယ်လို့ ပြောမဲ့စကားသူကြား မသွားရှာခဲ့ရဘူး၊
ခုသူ့အကောင့်ကနေ ကျုပ်ကို ခေါင်းစားနေတယ် တယောက်ယောက်ပေါ့…။
အစပိုင်းမှာ သူပို့တဲ့ စာတွေ မဖတ်ဘဲနေသေးတယ် ..မရဘူးဖွင့်ဖတ်မိပြန်ရော …သူတပါတ်တခါ ပို့ထားတဲ့ စာသားတွေ နှစ်ယောက်ထဲ သိနေတဲ့ အကြောင်း တခုရေးလာလို့ အကြောင်းပြန်လိုက်တော့၊သူရေးလာတယ်
ဥပမာ တောင်ပေါ် လေ့လာရေးခရီးသွာတုံးက ညပိုင်း နှစ် ယောက် သား တောင်ထိပ်ပေါ် တက်ပြီး “တို့ဘယ်တော့မှမခွဲပါ “ဆိုတဲ့ သစ္စာတိုင်ထားတဲ့ စာရွတ်ခေါက်လေးကို သံဘူးလေးထဲမှထည့်ပြီး ကျောက်တုံးနဲ့ဖိထားခဲ့တာ သူကိုအမှတ်တရ လော့ကက်သီးဆွဲကြိုးလေးပေးခဲ့တာ သူသိနေတယ်။
အန်မရီက တကယ်သွတ်လက်တဲ့မိန်းလေးပါ..၊ ကျုပ်မူးလာတဲ့အခါ အနားမှာ ပြုစုရင်း ပါးစပ်က ရန်တွေ့တတ်တယ် ညီမတယောက်လို ပါဘဲ.၊

..အန်မရီ ရဲ့အကောင့်ကို ဖွင့်ပြီး ကုတ်နံပါတ်တွေပြောင်းကြည့်တယ် မရဘူး စာတွေပို့လာတွေ ပို့နေဆဲပါဘဲ၊ ကျုပ်အရက်တွေမူးအောင်သောက်လိုက်တယ်…အန်မရီ အိမ်မက်ထဲမှာရောက်လာတယ် ပုံတွေကမသဲကွဲ …အပြာရောင်အနက်ရောင်လို လို မြင်ကွင်းတွေက……….ဟိုတုံးကလိုဘဲ အပြစ်တင်ပြီး ပြောနေတယ် ကိုယ်ပေါ်ကိုစောင်တထည်ခြုံပေးသေးတယ်,,,,,,နောက် အိမ်အောက်က ခွေး အူသံကြောင့် လန့်နိုးမိတော့ ကိုယ်ပေါ်မှာ အနွေးထည်ခြုံုထားတာ သိရတယ်၊

ဒါနဲ့အိပ်မပျော်တဲ့ရက်တွေများနေပီ…စာရေးတိုင်း နောက်ဆုံးမှာ သူအရမ်းချမ်းတယ် သူ့ဆီလာခဲ့ ပါတဲ့ .တနေ့ တော့ အရက်သောက်နေရင်း အန်မရီကားတိုက်တဲ့နေရာကို တယောက်ထဲသွားဘို့ ဆုံးဖြတ်လိုက်တယ်၊ သူချမ်းနေတယ်ဆိုလို့ စောင်တထည်ပါယူလာခဲ့တယ်။
နှင်းတွေအရမ်းကျနေတဲ့နေ့ပါ၊ တောင်းဇောင်းမှာကားတိုက်ထားတဲ့နေရာလို့ သတိပေးထားတဲ့ အဝါရောင် ဖဲကြိုးတွေ ကားမီးရောင်နဲ့ အထင်သား၊
ကားတခါးကိုဖွင့်ပြီး “အန်မရီရေ ငါလာပြီလို့ “ရင်ထဲက အသံမထွက်ဘဲ ပြောလိုက်မိတယ်။ ကားမီးထွန်းထားလိုက်တယ် နောက် ဟိုဟိုဒီဒီကြည့်နေတုံးမှာ……တောင်ဇောင်းနားကနေ ဖြူုဖြူဖွေးဖွေး အရာတခုဆင်းလာပြီး ကျုပ်အနားကို တဖြေးဖြေးလာနေတယ် ..။

ဟာ….မင်းတကယ် ဘဲနော်…..တကယ်ပါ ကျုပ်ချစ်သူရယ်၊ ….. လက်ထဲကအရက်ပုလင်း ပြုတ်ကျသွားပြီး လမ်းမပေါ် ဒူးထောက်ထိုင်ချလိုက်ပါတယ် …။အနားမှာလာရပ်နေတဲ့ အန်မရီကို အားရပါရ ဖက်ပြီး ငိုလိုက်မိတယ်၊အင်မရီရဲ့ သင်းနေတဲ့ ကိုယ်နံ့ကို မှတ်မိတယ် သူ့မှသူ၊
လက်နှစ်ဖက်နဲ့ ကျုပ်ပါးကိုကိုင်ပြီးသူပြုံးပြီးကြည့်နေတယ် ပြီးတော့ အနားမှာထိုင်ပြီး ကျုပ်ကိုယ်လုံးကို အန်မရီ ဖက်ထားတယ် ယူလာတဲ့ စောင်ကို သူခြုံပေးလိုက်တော့ “နင်ခုယုံပြီမှလားတဲ့ ” ….အရက်ရှိန်ကြောင့် လား ခေါင်းထဲက တချက်တချက် မိုက်ခနဲ့ဖြစ်ပြီ သတိ လွတ်သွားသလိုဘဲ…။

ဖြတ်ကနဲ့လန့်နိုးလာတဲ့အချိန် ကျုပ်ကွန်ပြူတာ စာပွဲပေါ်မှာ မှောက်ရက်အိပ်ပျော်နေတာ ..ညက သောက်တာများသွားတာကိုး..။
အိမ်သာထဲဝင်ရင်း ညကအဖြစ်ကိုပြန်စဉ်းမိတယ် အိမ်မက်ထဲမှာ အန်မရီကားတိုက်တဲ့နေရာ သွားတွေ့သတဲ့ အော်တကယ်အတိုင်းပါလား၊သွားတိုက်ရင်း ကတွင်းပေါက်ကနေ အောက်ကိုကြည့်မိတော့ ကျုပ်ရဲ့ကားလေ ဂိုထောင်ထဲသွင်းထားတာ ခု အပြေင်ရောက်နေတယ်။
ကျုပ် အခန်းကို အပြေးလေး သွားပြီး ပစ္စည်းတခုကို လိုက်ရှာလိုက်တယ် ဟုတ်ပါပြီ စောင်တထည်မရှိတော့ဘုူးလေ ..ညကတကယ် အန်မရီ ကားတိုက်တဲ့နေရာကို ကျုပ်သွားလိုက်တာပါ။

ကွန်ပြူတာဖွင့်ပြီး မက်စေ့ကိုဖွင့်ကြည့်လိုက်တော့ အန်မရီ နောက်ဆုံးရေးတဲ့စာ
နုတ်ဆက်တယ်ဂျွန် …….နင့်ကြည့်ဘို့ နင့်ဖုန်းနဲ့ ပုံရိုက်ထားခဲ့တယ် . အရက်တွေသိတ်မသောက်နဲ့ ……..။


ဖိုးသူတော် (www.phothutaw.com)
Credit:  warwarsaw
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top