ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

တ႐ုတ္ႏုိင္ငံ အေရွ႕ပုိင္းတြင္ မိခင္တစ္ဦးက လမ္းေပၚ၌ ကေလးငယ္ေမာင္ႏွမ သံုးဦးကုိစြန္႔ပစ္ခဲ့၍ လမ္းသြားလမ္းလာ မ်ားက ရဲစခန္းသုိ႔ ေခၚေဆာင္ခဲ့ ရေၾကာင္း ေဒသခံမီဒီယာမ်ားက ေဖာ္ျပသည္။

ဇီက်န္းျပည္နယ္ တုိင္ဇီၿမိဳ႕ ၌ ေသာၾကာေန႔ နံနက္ ၂ နာရီခန္႔ တြင္ လမ္းသြားလမ္းလာမ်ားက အသက္ (၇)ႏွစ္ႏွင့္ (၅)ႏွစ္အရြယ္ ေယာက်္ားေလးႏွစ္ဦးႏွင့္ အ သက္ (၂)ႏွစ္အရြယ္ မိန္းကေလးတစ္ဦးတုိ႔ကုိ ေတြ႕ရိွၿပီးေနာက္ရဲစခန္းတစ္ခုသုိ႔ ေခၚေဆာင္လာ ခဲ့ေၾကာင္း City Express သတင္း ဌာနက ေဖာ္ျပသည္။


အဆုိပါရဲတပ္ဖြဲ႕က ကေလး ငယ္မ်ားအား ေမးျမန္းၿပီးေနာက္ ၎တို႔၏ဖခင္သည္ တ႐ုတ္ႏုိင္ငံ အလယ္ပုိင္း ဟီနန္ျပည္နယ္မွ ဇီက်န္းျပည္နယ္ တုိင္ဇီၿမိဳ႕ရိွ ပင္မင္းကုမၸဏီတစ္ခု၌ လာေရာက္ အလုပ္လုပ္ကုိင္သူျဖစ္ေၾကာင္း သိခဲ့သည္။

အဆုိပါ ပင္မင္းကုမၸဏီပုိင္ ရွင္က လြန္ခဲ့ေသာ ရက္အနည္းအတြင္း ၎ထံသုိ႔ ထုိကေလးအေမ ေရာက္လာခဲ့ရာ ခင္ပြန္း ျဖစ္သူ အလုပ္ထြက္သြားသည့္အ ေၾကာင္း ေျပာခဲ့ေၾကာင္း ဆုိသည္။ရဲတပ္ဖြဲ႕က ထုိကေလးမ်ား ၏ ဖခင္ထံ ဖုန္းျဖင့္ ဆက္သြယ္ေသာ္လည္း မရခဲ့ဘဲ မိခင္ျဖစ္သူ ႏွင့္ ဖုန္းအဆက္အသြယ္ရရိွကာ ထုိအမ်ိဳးသမီးက ဘတ္စ္ကား ဂိတ္တစ္ခုတြင္ ရိွေနေၾကာင္းႏွင့္ ကေလးမ်ားကို  ပုိ႔ေပးရန္ ေျပာ ၾကားခဲ့သည္။

သို႔ေသာ္ ရဲတပ္ဖြဲ႕က ထုိကားဂိတ္သုိ႔ ေရာက္သြားေသာအခါ ထိုအမ်ိဳးသမီး မရိွေတာ့ဘဲ ၎၏ ဖုန္းလည္း စက္ပိတ္ထားသည္။

အေစာပုိင္းတြင္ ရဲတပ္ဖဲြ႕ႏွင့္ ဖုန္းေျပာစဥ္ ထိုအမ်ိဳးသမီးက ခင္ ပြန္းကုိရွာရန္ ဟီနန္ျပည္နယ္မွ လာေရာက္ခဲ့ေၾကာင္း သိရသည္။

ထိုအမ်ဳိးသမီးက ခင္ပြန္းျဖစ္ သူသည္ အနီးအနားတြင္ရိွၿပီး ၎ ကုိ ေရွာင္ဖယ္ရန္ ႀကိဳးစားေန သည္ဟု ယံုၾကည္ေသာေၾကာင့္ ခင္ပြန္းအား ဖခင္တစ္ဦး၏ တာ ဝန္ေက်ပြန္ေစရန္ သားသမီးမ်ားကုိ လမ္းေပၚ၌ ထားခဲ့ေၾကာင္း ေျပာသည္။

အဆုိပါ အမ်ဳိးသမီးသည္ အေရးယူခံရဖြယ္ရိွေၾကာင္း သိရ သည္။

—Ref:South China Morning Post

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
တရုတ်နိုင်ငံ အရှေ့ ပိုင်းတွင် မိခင်တစ်ဦးက လမ်းပေါ် ၌ ကလေးငယ်မောင်နှမ သုံးဦးကိုစွန့်ပစ်ခဲ့၍ လမ်းသွားလမ်းလာ များက ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ ရကြောင်း ဒေသခံမီဒီယာများက ဖော်ပြသည်။

ဇီကျန်းပြည်နယ် တိုင်ဇီမြို့ ၌ သောကြာနေ့ နံနက် ၂ နာရီခန့် တွင် လမ်းသွားလမ်းလာများက အသက် (၇)နှစ်နှင့် (၅)နှစ်အရွယ် ယောကျ်ားလေးနှစ်ဦးနှင့် အ သက် (၂)နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ကို တွေ့ရှိပြီးနောက်ရဲစခန်းတစ်ခုသို့ ခေါ်ဆောင်လာ ခဲ့ကြောင်း City Express သတင်း ဌာနက ဖော်ပြသည်။


အဆိုပါရဲတပ်ဖွဲ့က ကလေး ငယ်များအား မေးမြန်းပြီးနောက် ၎င်းတို့၏ဖခင်သည် တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ်မှ ဇီကျန်းပြည်နယ် တိုင်ဇီမြို့ရှိ ပင်မင်းကုမ္ပဏီတစ်ခု၌ လာရောက် အလုပ်လုပ်ကိုင်သူဖြစ်ကြောင်း သိခဲ့သည်။

အဆိုပါ ပင်မင်းကုမ္ပဏီပိုင် ရှင်က လွန်ခဲ့သော ရက်အနည်းအတွင်း ၎င်းထံသို့ ထိုကလေးအမေ ရောက်လာခဲ့ရာ ခင်ပွန်း ဖြစ်သူ အလုပ်ထွက်သွားသည့်အ ကြောင်း ပြောခဲ့ကြောင်း ဆိုသည်။ရဲတပ်ဖွဲ့က ထိုကလေးများ ၏ ဖခင်ထံ ဖုန်းဖြင့် ဆက်သွယ်သော်လည်း မရခဲ့ဘဲ မိခင်ဖြစ်သူ နှင့် ဖုန်းအဆက်အသွယ်ရရှိကာ ထိုအမျိုးသမီးက ဘတ်စ်ကား ဂိတ်တစ်ခုတွင် ရှိနေကြောင်းနှင့် ကလေးများကို  ပို့ပေးရန် ပြော ကြားခဲ့သည်။

သို့သော် ရဲတပ်ဖွဲ့က ထိုကားဂိတ်သို့ ရောက်သွားသောအခါ ထိုအမျိုးသမီး မရှိတော့ဘဲ ၎င်း၏ ဖုန်းလည်း စက်ပိတ်ထားသည်။

အစောပိုင်းတွင် ရဲတပ်ဖွဲ့နှင့် ဖုန်းပြောစဉ် ထိုအမျိုးသမီးက ခင် ပွန်းကိုရှာရန် ဟီနန်ပြည်နယ်မှ လာရောက်ခဲ့ကြောင်း သိရသည်။

ထိုအမျိုးသမီးက ခင်ပွန်းဖြစ် သူသည် အနီးအနားတွင်ရှိပြီး ၎င်း ကို ရှောင်ဖယ်ရန် ကြိုးစားနေ သည်ဟု ယုံကြည်သောကြောင့် ခင်ပွန်းအား ဖခင်တစ်ဦး၏ တာ ဝန်ကျေပွန်စေရန် သားသမီးများကို လမ်းပေါ်၌ ထားခဲ့ကြောင်း ပြောသည်။

အဆိုပါ အမျိုးသမီးသည် အရေးယူခံရဖွယ်ရှိကြောင်း သိရ သည်။

—Ref:South China Morning Post

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top