လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×






Local Celebrity: အထူးကြပ်မတ်ကုသဆောင်ထဲက ထွက်လာရပြီဆိုတဲ့ စုလင်းရှိန်



Credit: Duwun

#Unicode Version#
စုလင်းရှိန်ဟာ H1N1 တွေ့ရှိရသော လူနာ(၃)ဦးထဲက တစ်ဦးဖြစ်ပါတယ်။ကူးစက်ခံထားရတဲ့ သူမကတော့ ယခုလက်ရှိမှာ အထူးကြပ်မတ်ကုသခန်းထဲကနေ ထွက်ရှိလာပြီ ဖြစ်သလို အောက်စီဂျင် ပိုက်တွေလည်း ဖြုတ်လိုက်ရပြီလို့ ဆိုပါတယ်။

သူမရဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာ သတင်းကိုတော့ လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်လိုက်တာ ဖြစ်ပါတယ်။


သူမရဲ့ ကျန်းမာရေးအခြေအနေကို အမြဲတမ်း ပရိသတ်တွေကို အသိပေးနေသူလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ကျန်းမာရေး ပြန်ကောင်းလာတဲ့ သူမအတွက် ဝမ်းသာနေကြပါတယ်။

သူမရဲ့ ကျန်းမာရေး အခြေအနေလည်း ကောင်းလာပြီ ဖြစ်သလို မိသားစုတွေကိုလည်း ကူးစက်ခြင်း မရှိဘူးလို့လည်း သိရပါတယ်။


ရန်ကုန်အထွေထွေဆေးရုံကြီးမှာ ကုသမှုခံယူနေရတဲ့ စုလင်းရှိန်ဟာ နေပြည်တော်၊ ရေဆင်းက မွေးမြူရေး တက္ကသိုလ်က နောက်ဆုံးနှစ်ကျောင်းသူလေး ဖြစ်ပြီး အသက်(၂၂)နှစ်အရွယ် သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဇူလိုင်(၈)ရက်နေ့ကစပြီး ဖျားနေရာက နှာစေးချောင်းဆိုးဖြစ်ခဲ့တာကြောင့် ဆေးရုံသစ်ကြီးမှာ ကုသမှု ခံယူနေရပြီး ဆေးစစ်ချက်အရ Influenza Type A.A/ H1N1 Pdm-Positive ဖြစ်တယ်လို့ ဇူလိုင်လ ၂၄ ရက်က ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

Photo : စုလင်းရှိန် ဖေ့စ်ဘွတ်

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top